← Chapters

အခန်း (၃၂၂)

Vol. 22 Ch. 322

အခန်း (၃၂၂)

Vol. 22 Ch. 322

အစီအရင်ဆရာတစ်ယောက် အခုမှ ဖြစ်လာခဲ့သော ကျွင်းချောင်ရှောင်းသည် အလယ်အလတ်စတိုးကို refresh လုပ်ပြီး‌နောက် အစီအရင်နှင့် ပတ်သက်သည့် ကျမ်းစာအုပ်တစ်အုပ်အား ထပ်မံတွေ့ရှိခဲ့သည်။ သူ၏ ကံတရားသည် အလွန်အမင်း ကောင်းမွန်နေသည်ဟု ဆိုရမည်။

အလယ်အလတ်အဆင့်စတိုးမှ အအေးဓားဖော်မြူလာကို ဝယ်ယူပြီးသည့်နောက် သူ့တွင် ဂိုဏ်းစုဆောင်းမှတ်မှာ ၈၃၀ သာ ကျန်ရှိတော့၏။

ထို့ကြောင့် သူ့အနေနှင့် ကြည့်ရုံသာ ကြည့်နိုင်သည်။ ထပ်မံဝယ်ယူရန် မတတ်နိုင်တော့ချေ။

"ကိစ္စမရှိဘူး … ကိစ္စမရှိဘူး။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "တပည့်တွေက ဂိုဏ်းတာဝန်တွေကို လက်ခံပြီးသွားပြီ။ဒါကြောင့် ရက်အနည်းငယ်အတွင်း ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ကို ထပ်ပြီးတော့ ရမှာပဲ။"

စတိုးအား ပြန်လည်ပိတ်လိုက်ပြီးနောက် သူသည် ဆယ့်ငါးဆ ပိုကောင်းသော ချီစုစည်းခြင်း ဆေးလုံးကို အသုံးပြု၍ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို အသက်သွင်း ကာ စတင်၍ ကျင့်ကြံတော့သည်။

ဆိုးရွားသည်မှာ ကျန့်ရာသည် ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ်အား သင်ယူ၍မရပေ။ အဘယ့်ကြောင့်ဆိုသော် ကျန့်ရာသည် သိုင်းဘုရင်တစ်ယောက်ဖြစ်နေသောကြောင့် ဖြစ်၏။

မဟုတ်ပါက သူ၏ ခန္ဓာကိုယ်အားအင်သည် ဆထက်ထမ်းပိုး တိုးပွားသွားမှာ သေချာသည်။

သို့ပေမဲ့ အချက်အလက်အားဖြင့် ကြွက်သား တည်ဆောက်ခြင်း အခန်းထဲသို့ ဝင်ရောက်ခြင်းသည် နေ့စဉ်နေ့တိုင်း သူ၏ အားအင်ကို တိုးပွားစေ၏။

ထိုအရာသည် သူ့အား အလွန်အမင်း စိတ်ချမ်းသာစေသည်။ သို့ပေမဲ့ အစသာရှိသေး၏။ ကျန့်ရာသည် သံမဏိအရိုးဂိုဏ်း၏ နည်းစနစ်များနှင့် ထိတွေ့မိချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ ထိပ်လန့်တုန်လှုပ်သွားမိသည်။

သူ့စိတ်ထဲမှ ကြိတ်ကာ ပြောလိုက်မိ၏။ “ပေါက်ကွဲလက်သီးနဲ့ တောင်ဖြိုလက်ဝါးဆိုတာက ကျင့်ကြံခြင်း သတ်မှတ်ချက်အရ ကြည့်မယ်ဆိုရင် မမြင့်မားဘူးဆိုပေမဲ့ တကယ့်ကို အဆင့်မြင့် သိုင်းနည်းစနစ်တွေနဲ့ နှိုင်းယှဉ်လို့ ရတဲ့ အရာတွေပဲ။”

အထူးသဖြင့် လခြမ်းနည်းစနစ်ကို ကျင့်ကြံပြီးသည့်နောက်မှာတော့ သူ၏ ထိပ်လန့်တုန်လှုပ်မှုများသည် ပိုမို၍ အားကောင်းလာသည်။

ဤကဲ့သို့ စိတ်ဝိညာဉ်စွမ်းရည်များကို မကုန်ခမ်းစေနိုင်သော စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်ကို သူတစ်ခါမှ မမြင်ဖူးချေ။

ဟုတ်ပေသည်။ ပြီးနောက် စည်းအကာအကွယ် ၊ တိမ်ခြေလှမ်းနှင့် အသံပို့ လွှတ်ခြင်း နည်းစနစ်များလည်း ရှိနေသေးသည်။

ကျန့်ရာသည် တစ်ခုပြီးတစ်ခုကို လေ့ကျင့်ပြီးသည့်နောက်မှာတော့ သူသည် ကြိတ်ကာ တွေးမိသည်။

ဂိုဏ်းချုပ် သည် ဤမျှနက်နဲလှသော သိုင်းနည်းစနစ်များကို မည်သည့်နေရာတွင်သွား၍ ရှာဖွေရယူခဲ့သနည်း။

ဤအရာသည် သိုင်းကျင့်ကြံခြင်း နည်းစနစ် အပိုင်းမျှသာ ဖြစ်၏။

ဆေးခန်းမဆောင်သို့ ‌ဝင်ရောက်ပြီးသည့်နောက်မှာတော့ အကြီးအကဲများ လစဉ်ရရှိနိုင်သော ဆေးများကို ရယူနိုင်သည်။

သူသည် အဆင့်မြင့် ချီစုစည်းခြင်း ဆေးလုံး၏ အစွမ်းကို ခံစားပြီးသည့်နောက်မှာတော့ လေးလေးနက်နက် ပြောလိုက်မိသည်။ "နတ်စမ်းချောင်းဂိုဏ်းက တစ်ပွဲမှ မနိုင်ဘူးဆိုတာ သာမန်ပဲ။ အံ့အားသင့်စရာ မဟုတ်တော့ဘူး။"

အကြီးအကဲကျန့်၏ ထိပ်လန့်တုန်လှုပ်မှုသည် အရှိန်မသေသေးပေ။ ထပ်မံ၍ အံ့အားသင့်စရာ ရှိနေသေးသည်။ အဘယ့်ကြောင့်ဆိုသော် အလွန်တရာ အံ့ဩဖွယ်ရာကောင်းလှသော စမ်းသပ်မှုမျှော်စင်ကို သူ မတွေ့ကြုံရသေးသောကြောင့်ပင် ဖြစ်သည်။

နောက်တော့ သံမဏိအရိုးဂိုဏ်း၏ တပည့်သစ်များသည် နာကျင်စဖွယ်ရာကောင်းလှသော စဦးကျင့်ကြံခြင်းအခြေအနေများကို ရင်ဆိုင်နေရ၏။

သို့ပေမဲ့ သူတို့သည် ဂိုဏ်းထဲ၌ ပျော်ရွင်သည့်ဘဝကို ဖြတ်သန်းနေရ၏။ သူတို့သည် ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံနေတုန်းမှာပဲ ဆေးလုံးများကို ရရှိခဲ့ပြီး ကြွက်သားတည်ဆောက်ခြင်းအခန်းကို အထဲသို့ ဝင်ရောက်ခွင့် ရခဲ့သည်။

အနာဂတ်တွင် ပိုမို သန်မာလာမည်ဟူသော မျှော်လင့်ချက်များကို ခံစားမိကြ၏။

တစ်ခြားဂိုဏ်းများသာဆိုလျှင် ထိုသို့သော အရာများကို ရရှိဖို့အတွက် အလွန်အမင်း ကြိုးစား၍ တိုက်ခိုက်နေရပေလိမ့်မည်။

သံမဏိအရိုးဂိုဏ်းထဲမှာတော့ စိတ်ပူစရာ မလိုအပ်ပေ။ အဓိကတာဝန်တစ်ခု သာ ရှိသည်။။ ပိုမိုအားကောင်းလာစေရန် မိမိဘာသာ ကြိုးစားရန် ဖြစ်သည်။

လက်ကမ်းလိုက်သည်နှင့် အဝတ်အစားများ ရရှိပြီး ပါးစပ်ဟလိုက်သည်နှင့် စားဖို့ အဆင်သင့်ဖြစ်နေသည်။ အားလုံးသည် အဆင့်သင့်ဖြင့် ရရှိနေသောကြောင့် အဘယ်မှာ စိတ်မချမ်းသာစရာ ရှိလိမ့်မည်နည်း။

သို့ပေမဲ့ လစဉ်စမ်းသပ်မှုများနှင့် လိုအပ်ချက်နှင့် မကိုက်ညီသောလူများမှာ အပြစ်ပေးခြင်းကို ခံရသည်။

ဒုတိယအဆင့် အားအင်စမ်းသပ်ခြင်းတွင် ထပ်မံမတိုးတက်ဘူးဆိုပါက ဂိုဏ်းအတွင်းမှ ထုတ်ပယ်ခံရပေလိမ့်မည်။

"အားလုံးပဲ မှတ်ထားကြ။"

အဓိက ဟောခန်းအတွင်းမှာရှိသော ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းအတွင်းကို ဝင်လာတာ မောက်မာဖို့၊ ရိုင်းစိုင်းဖို့အတွက် မဟုတ်ဘူး။မင်းတို့အနေနဲ့ မင်းတို့အားအင်တွေကို သက်သေမပြနိုင်ဘူးဆိုရင် ဂိုဏ်းထဲကနေ ထုတ်ပယ်ခြင်းကို ခံရမယ်။"

"ကောင်းပါပြီ။"

တပည့်သစ် တစ်ထောင်ကျော်တို့သည် သံပြိုင်အော်ဟစ်လိုက်ကြသည်။

ဂိုဏ်းသည် သူတို့အား အရင်းအမြစ်များနှင့် ပတ်သက်၍ လွတ်လွတ်လပ်လပ် ပေးအပ်ထား၏။ ထိုသို့ ရရှိနေသည်ကိုတောင်မှ အားကောင်းအောင် မပြုနိုင်ဘူးဆိုလျှင် မြည်း တစ်ကောင်အား ဂိုဏ်းထဲတွင် လက်ခံထားခြင်းနှင့် ဘာထူးမည်နည်း။

အရာအားလုံး စီစဉ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထား၏။

သို့ပေမဲ့ အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးများ၏ ထောက်ပံ့မှုနှင့် ဆိုလျှင်တောင်မှ သူသည် သိုင်းစစ်သူကြီးအဆင့် သုံး သို့ ချိုးဖြတ်ရောက်ရှိရန် အချိန်အတော်ကြာ လိုအပ်နေသေး၏။

ဂိုဏ်း၏ တာဝန်ခွဲဝေဆောင်သည် တာဝန်များကို ခွဲဝေပေးသည်။

တပည့်များသည် ဝင်ရောက်ပြီး နေ့စဉ်ဆိုသလို တာဝန်များကို လက်ခံပြီး ရယူနေသည်။

နေ့စဉ်နေ့တိုင်းဆိုသလို ကျွင်းချောင်ရှောင်းသည် တာဝန်ပြီးမြောက်သည့် အသိပေးချက်များအား လက်ခံ ရရှိနေသည်။

ဟုတ်ပေသည်။

ဂိုဏ်း၏ အဆောက်အအုံ အဆင့် တိုးတက်လာသည်နှင့် အမျှ များပြားလှသော ကြယ်ပွင့်အဆင့် တာဝန်များသည်လည်း တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ဤတာဝန်အများအပြားသည် အတွင်းစည်းတပည့်များ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ‌သာမန်တာဝန်များကိုတော့ အပြင်စည်းတပည့်နှင့် တပည့်သစ်များက ပြုလုပ်ကြ၏။

တာဝန်များ ပြီးဆုံးပြီးနောက်မှာတော့ တပည့်များသည် ရရှိ‌ထားသော ဂိုဏ်းစုဆောင်းမှတ်များနှင့် ချီစုစည်းခြင်း ဆေးလုံးများကို ဝယ်ယူ၍ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်အောင် ပြုလုပ်ကြတော့သည်။

ဂိုဏ်း၏ တာဝန်ခွဲဝေမှု ဘုတ်ပြားနှင့် ပစ္စည်း‌လဲလှယ်ရေးစက် ရှိနေသောကြောင့် ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုမှ ပြုလုပ်စရာ မလိုပေ။

တပည့်များသည် ပြုလုပ်စရာရှိသည့်ကိစ္စများကို ပြုလုပ်ပြီး လဲလှယ်စရာရှိသည်များကို ကိုယ့်ဘာသာ လဲလှယ်နေနိုင်၏။

ကံဆိုးသည်မှာ ဂိုဏ်းသားသစ် စုဆောင်းပြီးသည့်နောက်မှ ဂိုဏ်း၏ တာဝန် ပေါ်လာခြင်းပင် ဖြစ်၏။

နေ့စဉ်နေ့တိုင်း ဂိုဏ်းတာဝန်များ ပေါ်မလာခဲ့ချေ။

"ဂိုဏ်းတာဝန်ဘုတ်ပြားက နေ့စဉ်နေ့တိုင်း ဂိုဏ်းရဲ့ တာဝန်ကို ဖော်ပြပေးနိုင်တယ်။ဒီဟာကသာ နေ့စဉ်နေ့တိုင်း တာဝန်တွေကို ပေါ်နေစေမယ်ဆိုရင် တပည့်တွေအတွက် ပိုပြီး အဆင်ပြေလိမ့်မယ်။"

ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်မိ၏။

စနစ်က ပြောလိုက်သည်။ "လက်ခံသူက ဂိုဏ်းတာဝန် ထုတ်လုပ်တဲ့ အရာကို လိုအပ်နေတာကို။အဲ့အရာက နေ့စဉ်နေ့တိုင်း တာဝန်တွေကို ထုတ်ဖော်ပေးနိုင်တယ်။ ပြည့်စုံသွားပြီဆိုရင် တပည့်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကို ရလိမ့်မယ်။"

"နားထောင်လို့တော့ကောင်းတယ်။ဒါကို ငါ အလယ်အလတ်စတိုးထဲမှာ ဝယ်လို့ ရနိုင်တာလား။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

စနစ်မှ ပြောလိုက်သည်။

"ဟုတ်ပါတယ်။"

"...." ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။

သူ၏ လက်ရှိ ဂိုဏ်းစုဆောင်းမှတ်နှင့် ဆိုလျှင် စဦးအဆင့်စတိုးကိုသာ refresh လုပ်၍ ဝယ်ယူနိုင်သည်။

အလယ်အလတ်စတိုးသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူ၏ ဂိုဏ်းစုဆောင်းမှတ်များသည် မလုံ လောက်သေးကြောင်း ခံစားမိလိုက်၏။

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာ တပည့်များသည် တာဝန်များကို ပြည့်စုံပြီး သူ၏ ဂိုဏ်းစုဆောင်မှတ်သည်လည်း ၈၃၀ မှ ၁၂၀၀ သို့ တိုးတက်သွားခဲ့သည်။

သူတို့၏ ဂိုဏ်းအောင်မြင်မှု အမှတ်သည်လည်း ၈၇၀ သို့ ရောက်ရှိသွားသည်။

ကျွင်းချောင်ရှောင်းသည် ဆန်းကြယ်ဂိတ် အစီအရင် သုံးဆယ့်နစ်ခု ကို ဝယ်ယူလိုက်၏။

အဝါရောင်အဖုံး ဖုံးထားပြီး ထူထဲလှသော ရှေးစာအုပ်တစ်အုပ်အား သူယူကြည့်လိုက်သည့် အချိန်မှာတော့ အလွန်အမင်း အားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်နေသည်ကို ခံစားမိလိုက်သည်။

"ဒီအစီအရင် ကျမ်းစာက နည်းနည်းဟောင်းနေပြီပဲ။ ရှေးကျလွန်တယ်လို့ ဆိုရမယ်"

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်၍ ပထမဦးဆုံးစာမျက်နှာအား လှန်ကြည့်လိုက်တော့သည်။

ဤအစီအရင်စာအုပ်အား ဖန်တီးခဲ့သူမှာ အင်ပါယာရှောင်ယုံဖြစ်ပြီး ပြန်လည်ပြုပြင်၍ အဆင့်မြှင့်တင်ထားသူမှာ နတ်အင်ပါယာ ဖေးရန်ဖြစ်၏။

"နတ်အင်ပါယာဟုတ်လား။"

ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်မိသည်။ "ဒါက သိုင်းအင်ပါယာနဲ့ အတူတူပဲလား။"

စနစ်မှ ပြောလိုက်သည်။ "ကျယ်ပြောလှတဲ့ စကြာဝဠာကြီးထဲမှာ သိုင်းကျင့်ကြံသူတွေ နေထိုင်တဲ့ ဂြိုလ်တွေက အများကြီး ရှိတယ်လေ။ဂြိုလ်တစ်ခုချင်းစီမှာ လွတ်လပ်တဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေ ထားရှိကြတယ်လေ။ဒါ့ကြောင့် နတ်အင်ပါယာဆိုတာက အဆင့်တစ်ခုလို ဖြစ်လိမ့်မယ်။ဒါမှ မဟုတ်လည်း ဘွဲ့ထူးတစ်ခု ဖြစ်လိမ့်မယ်။"

“ဪ။”

ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်၏။

ပြီးနောက် သူသည် ဒုတိယစာမျက်နှာအား လှန်ကြည့်ကာ ပြောလိုက်၏။

"စဦးအဆင့်အစီအရင်ဆရာများအတွက် စဦးအဆင့်အစီအရင်ဆယ်မျိုး။"

သူသည် နောက်စာမျက်နှာကို လှန်ကြည့်သည့်နောက်မှာတော့ အစီအရင်ဆယ်မျိုး ဖန်တီးပုံအသေးစိတ်များ ပေါ်လာတော့သည်။

များပြားလှသည့် အနီရောင် အမှတ်အသားများသည် အစီအရင် ချမှတ်ရမည့် တည်နေရာများအား ဖော်ညွှန်းထားသည်။ အလွန်တရာ ရှုပ်ထွေးလှ၏။

အရင်တုန်းကသာ ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထိုအရာများကို နားလည်မည် မဟုတ်ပေ။

သို့ပေမဲ့ အစီအရင် ပင်ကိုယ်စွမ်းရည်ဆေးရည်ကို သောက်သုံးပြီး စဦးအဆင့် အစီအရင်ဆရာ ဖြစ်လာပြီးသည့်နောက်မှာတော့ သူသည် ထိုအရာများကီု ရှင်းရှင်းလင်းလင်း နားလည်နေ၏။

ပထမဦးဆုံး အစီအရင်မှာ စဦးအဆင့် စိတ်ဝိညာဉ်စွမ်းအင် အစီအရင်ဖြစ်သည်။

မိတ်ဆက်အရဆိုလျှင် မည်သည့် ကုန်းမြေတိုက်ကြီးမဆို ကောင်းကင်နှင့် မြေကြီး စိတ်ဝိညာဉ်စွမ်းအင်များ ရှိသည်ဆိုပါက ဤအရာသည် မြန်မြန်ဆန်ဆန် စုစည်းအောင် ဖန်တီးပေးနိုင်၏။ အပြင်ဘက်ကမ္ဘာထက် ဆယ်ဆပို၍ အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်အစီအရင်ဟုလည်း ဆိုနိုင်သည်။

"'ဆယ်ဆ ဟုတ်လား "

ကျွင်းချောင်ရှောင်း တုန်လှုပ်သွားမိ၏။ "ဒီလောက်ကောင်းတာလား။"

သူ စတိုးဆီမှ ဝယ်ယူခဲ့‌သော စိတ်ဝိညာဉ်စွမ်းအင် အစီအရင်သည် အပြင်လောကထက် နှစ်ဆသာ ပိုမို အားကောင်း၏။

"သင်ယူရမယ် ငါ ဒါကို ကျိန်းသေပေါက် သင်ယူရမယ်။"

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် စတင်၍ လေ့လာတော့သည်။

အစီအရင်သည် အလွန်တရာ ရှုပ်ထွေးပုံပေါ်၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ အပိုင်းနှစ်ပိုင်းသာ ခွဲခြားထား၏။

ပထမတစ်ခုမှာ အစီအရင် ရေးဆွဲခြင်းနှင့် ဒုတိယတစ်ခုမှာ အစီအရင် အသက်သွင်းခြင်းသာ ဖြစ်သည်။

အစီအရင်ရေးဆွဲခြင်းကို ပြုလုပ်သည့် အချိန်တွင် ကန့်သတ်ထားသော အရာများ အပြင် တည်နေရာချမှတ်ခြင်းသည် အစီအရင်ဆရာများအတွက် အလွန်ခက်ခဲသောအရာဖြစ်၏။

တစ်ချက်ကလေး လွဲမှားသွားသည်နှင့် နောက်ဆုံး ရလာဒ်မှာ အလုံးစုံပြောင်းလဲပြီး ပေါက်ကွဲမှုတွေ ဖြစ်ပေါ်သွားနိုင်သည်။

တစ်နာရီလောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အစီအရင်အား မည်သို့ ဖန်တီးရမည်ဆိုသည်ကို သိပြီးပြီဖြစ်၏။

မြန်ဆန်လှပေသည်။

သူသည်စဦးအဆင့် အစီအရင်ဆရာဖြစ်နေသောကြောင့် ဤသို့သော အချိန်ကာလအတွင်း နားလည်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဆန်းကြယ်ဂိတ် အစီအရင်သုံးဆယ့်နစ်ခု သည် အလွန်တရာ ရိုးရှင်းလှပြီး ဖန်တီးပြုလုပ်ရလွယ်ကူစေရန် ပြုပြင် ထားသော အရာတစ်ခုလည်း ဖြစ်၏။

"စမ်းကြည့်ရမယ်။"

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ပွတ်သပ်ကာ ခြံဝန်းအပြင်ဘက်ဆီသို့ ဖြတ်လျှောက်လာသည်။

ပြီးနောက် သူသည် တောင်၏နောက်ဘက်ရှိ နေရာလွတ်တစ်ခုဆီသို့ သွားလိုက်၏။

သူသည် သေးငယ်သောကျောက်တုံးများကို ပုံ၍ အစီအရင်ကို စတင်ကာ ဖန်တီးတော့သည်။ မကြာမီ မှာပဲ ကျောက်တုံးများသည် အစီအရင်၏ အဓိက နေရာများကို ကိုယ်စားပြုကာ တည်ရှိနေတော့သည်။

ကျွင်းချောင်ရှောင်းသည် သေးငယ်လှသော အလံတိုင်လေးကို ထုတ်ယူ၍ အစီအရင်တစ်ခုချင်းစီ၏ အဓိကနေရာများအား စတင်၍ ထည့်သွင်းတော့၏။

သူ၏ အစီအရင်ရေးဆွဲခြင်းနည်းစနစ်သည် အလွန်တရာ တည်ငြိမ်လှပြီး တစ်ချက်ကြည့်လိုက်သည်နှင့် အလွန်ကျွမ်းကျင်လှသော အစီအရင်ဆရာတစ်ယောက်ဖြစ်မှန်း သိသာလှစေသည်။

နောက်ဆုံး အစီအရင်မျဉ်းအား ချိတ်ဆက်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင် ဖြစ်တည်သွားခဲ့ပြီဖြစ်သည်။ အစီအရင်၏ အလင်းများသည် တောက်ပလာ၏။

ဝှစ်။

ရုတ်တရက်ဆိုသလိုပဲ အစီအရင်သည် ပေါ်လာသည်။

"ပြီးသွားပြီ။" ကျွင်းချောင်ရှောင်းသည် အသာပြုံးလိုက်၏။

ပြီးနောက် သူသည် စိတ်ဝိညာဉ်အစီအရင်နှင့် ဂိုဏ်းအကာအကွယ် အစီအရင်များအား စိုက်ထူခဲ့ဖူး၏။ သို့ပေမဲ့ ထိုအရာများကို အသက်သွင်းခဲ့သည်မှာ ဘာမှမဟုတ်သလို ခံစားမိနေသည်။။

အဘယ့်ကြောင့် ဆိုသော် လက်ရှိအချိန်မှာတော့ သူကိုယ်တိုင် ဖန်တီးထားသည့် အစီအရင် ရှိနေသည် မဟုတ်လော။

"ကြည့်လိုက် ဒါက တစ်ခြားကမ္ဘာမှာ ငါ ကိုယ်တိုင်ဖန်တီးခဲ့တဲ့ အစီအရင်ပဲ။"

ဝှစ် …. ဝှစ်။

ထိုအချိန်မှာပဲ အစီအရင်၏ ပုံရိပ်ယောင်သည် အသံတွေ ထွက်ပေါ်လာ၏။ ပြီးနောက် တစ်လက်လက်တောက်ပလှသော အလင်းတန်းများနှင့် ပြည့်နက်သွားသည်။

ထို့နောက် မကောင်းသော အငေ့ွအသက်များ ထွက်ပေါ်လာသည်ကို သူ ခံစားမိလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အမြန်ဆုံးသောနှုန်းဖြင့် အနောက်ဘက်သို့ လှည့်ပြေးတော့၏။

ဘုန်း။

တောင်၏နောက်ဘက်ဆီမှ ကျယ်လောင်လှသော အသံကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

"...."

"မကောင်းတော့ဘူး။ဂိုဏ်းချုပ်က ပေါက်ကွဲမှုကြောင့် မေ့သွားပြီ။မြန်မြန် ….. မြန်မြန် …. သူ့ကို ကုသဖို့အတွက် ဆေးခန်းမဆောင်ဆီ ခေါ်ခဲ့ကြ။"

All Chapters