← Chapters

အခန်း (၃၂၄)

Vol. 22 Ch. 324

အခန်း (၃၂၄)

Vol. 22 Ch. 324

တည်နေရာပြင်ကြီးတစ်ခုထဲတွင် သီးခြားဖြစ်တည်ခြင်းအစီအရင်အား ဖန်တီးခြင်းသည် တခြားသူများ မြင်သွားနိုင်သည့် အန္တရာယ်ကို ကာကွယ်ဖြေရှင်းပြီး ဖြစ်စေသည်။

လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သံမဏိအရိုးတောင် တစ်ခုလုံး ပိုမိုတိုးတက်ပြီး စိတ်ဝိညာဉ်မျိုးစေ့ကို ပိုမိုအားကောင်းစေကာ စိတ်ဝိညာဉ်စွမ်းအင်သွေးကြော ဖြစ်တည်လာစေဖို့ စောင့်မျှော်ရုံသာ ကျန်ရှိတော့၏။

မည်မျှကြာမြင့်မည်နည်း ဆိုသည်ကိုတော့ သေချာမသိရှိပေ။

ထို့ကြောင့် သူ့အနေနှင့် လုပ်စရာရှိသည်များကို ပြုလုပ်ပြီးသည့်နောက် သူ၏ ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ထားလိုက်သည်။

ဆယ့်ငါးဆ ပိုမိုအားကောင်းသော ချီစုစည်းခြင်းဆေးလုံး၊ ဆယ်ဆပိုမို အားကောင်းသည့် စိတ်ဝိညာဉ်အစီအရင်၊ တစ်ခါတရံ စိတ်ဝိညာဉ်ကျောက်တုံးများအား အသုံးပြုခြင်း စသော အရာတွေကြောင့် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လွန်းနေ၏။

ထိုသို့ဆိုလျှင်တောင်မှ ဒုတိယအဆင့် သိုင်းစစ်သူကြီးမှသည် တတိယအဆင့်သို့ ရောက်ရှိရန် အနည်းဆုံး နှစ်လ မှ သုံးလကြား ကြာမြင့်မည်ဟု ကျွင်းချောင်ရှောင်း တွက်ချက်လိုက်မိသည်။

“ဟင်း …”

သူ အကူအညီ မဲ့စွာ ပြောလိုက်သည် “အဆင့်မြင့်လာလေ၊ ကျင့်ကြံရတာ ပိုပြီးခက်ခဲလာလေပဲ”

ကျွင်းချောင်ရှောင်းသည် ဖြည်းဖြည်းချင်း တိုးတက်လာနေသည်။ သူ၏ တပည့်များကတော့ မြန်မြန်ပဲ တိုးတက်လာနေ၏။

အထူးသဖြင့် တပည့်သစ်များဖြစ်သည်။ ကျင့်ကြံခြင်းနည်းစနစ် ၏ ထောက်ပံ့ပေးမှုနှင့်အတူ တပည့်သစ်များသည် နေ့စဉ်နေ့တိုင်း တစ်နေ့လျှင် တစ်ယောက် မရီဒန်တစ်ခုကို ဖွင့်လှစ်နေနိုင်သည်။

ဥပမာအားြ့ဖင့် အလယ်အလတ် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော ကျန်းရန် ဖြစ်သည်။

ဂိုဏ်းသို့ မဝင်လာခင်တုန်းက သူ၏ အဆင့်သည် အဆင့်ခြောက် မရီဒန်ဖွင့်ခြင်း ဖြစ်သည်။ ဂိုဏ်းထဲ၌ လဝက်လောက် ကျင့်ကြံပြီးနောက်တွင်တော့ သူသည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်သို့ ရောက်ရှိလာခဲ့၏။

အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော လီချင်းယန်သည်ပင် ၎င်း၏ ကျင့်ကြံခြင်းအမြန်နှုန်းကို လိုက်မမီ နိုင်ချေ။

“စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ်ကို တပည့်ငါးရာ ဝင်ရောက်နိုင်ဖို့ လိုအပ်တယ်။ ဒါဆိုရင် အဆင့်ခြောက် ဂိုဏ်းတစ်ခုဖြစ်အောင် စာရင်းပေးလို့ရပြီ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိသည်။

အဆင့်ခုနှစ် ဂိုဏ်းတစ်ခု အဖြစ် ရောက်ရှိခဲ့သည်မှာ နှစ်ဝက်ပင် မပြည့်သေးသော်လည်း သူတို့သည် အဆင့်ခြောက် ဂိုဏ်းတစ်ခု အဖြစ် တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ ဤအမြန်နှန်းမှာ လွန်လွန်းလှ၏။

မည်သို့ပင် ဆိုစေကာမူ ကျွင်းချောင်ရှောင်းသည် လီလိုရှုအား မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များအား နေရာအနှံ့မှနေ၍ ဂိုဏ်းအား စောင့်ကြပ်ထားရန် ခိုင်းစေထားသည်။

လှုပ်ရှားမှု တစ်စုံတစ်ရာ မြင်သည်နှင့် သူသည် ဂိုဏ်းအကာအကွယ် အစီအရင်အား အသက်သွင်းလိုက်မည် ဖြစ်၏။

နဂါးစိမ်းလခြမ်း ဓားမော့၏ သတင်းသည် ကျင့်ကြံခြင်းလောက တစ်ခုလုံးသို့ ပြန့်နှံ့နေပြီ ဖြစ်သောကြောင့် များပြားလှသော ကျွမ်းကျင်သူများ၏ အာရုံကို ဆွဲဆောင်နေပြီ ဖြစ်သည်။

သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း နှင့် တောင်ပြာဂိုဏ်းတို့သည် မဟာမိတ်ဖွဲ့ထားသောကြောင့် ထိုကျွမ်းကျင်သူများသည် မဟုတ်တာ လုပ်ရန် မစဉ်းစားရဲကြချေ။

လက်ရှိအချိန်မှာတော့ သံမဏိအရိုးဂိုဏ်း၏ တရားဝင် ရန်သူသည် နတ်ဆိုးမိစ္ဆာဂိုဏ်းတစ်ခုသာ ရှိသည်။

……

စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ထဲတွင် လေးနာရီကြာ ကျင့်ကြံပြီး နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းဆီ ပြန်လာလိုက်သည်။ ပြီးနောက် သူ စောနက သန့်စင်ခဲ့သော ပိုးမျှင် ချပ်ဝတ်အား ထုတ်ယူလိုက်၏။

ပိုးမျှင်များဖြင့် ရက်လုပ်ထားခြင်းကြောင့် နူးညံ့ကာ ပေါ့ပါးပြီး အတွင်းမှ ခံဝတ်ထားလျှင် သက်တောင့်သက်သာ ဖြစ်မှုကိုပါ ခံစားရသည်။

ကျွင်းချောင်ရှောင်း မေးလိုက်သည် “ဒီအကာအကွယ်က ဘယ်လိုလဲ”

သူသည် ပိုးမျှင်ချပ်ဝတ်အား စားပွဲပေါ်တင်ပြီး ကန္တာရ လင်းယုန်အား ထုတ်ယူကာ ပစ်ကြည့်လိုက်သည်။

ချပ်ဝတ်ပေါ်တွင်တော့ ခြစ်ရာတစ်ခုတောင် ဖြစ်ပေါ်မလာခဲ့ချေ။

“မဆိုးဘူး … မဆိုးဘူး”

ကျွင်းချောင်ရှောင်းသည် ချပ်ဝတ်အား ဝတ်ဆင်၍ သေနတ်ပြောင်းအား သူ၏ ရင်ခေါင်းဝသို့ ချိန်တွယ်လိုက်၏။

ဘုန်း ..။

ပြီးနောက် သူ နောက်ထပ် တစ်ချက် ပစ်ကြည့်လိုက်သည်။

ခြစ်ရာတစ်ခုတောင် မထင်သလို သူ၏ ခန္ဓာကိုယ်သည်လည် နာကျင်ခြင်းကို တစ်ချက်ကလေးတောင် မခံစားရချေ။

“အားကောင်းလိုက်တာ” ကျွင်းချောင်ရှောင်း ကြောင်သွားသည်။

ချပ်ဝတ်၏ အားအင်ကို စမ်းသပ်ကြည့်ရန် အတွက် သူသည် စုရှောင်မိုအားခေါ်ယူလိုက်သည် “ဒါကို ဝတ်ကြည့်လိုက်”

“ဂိုဏ်းချုပ်”

ချပ်ဝတ်အား ဝတ်ပြီးသည့်နောက် စုရှောင်မိုသည် ပြုံးကာ ပြောလိုက်သည် “ဝတ်လို့ကောင်းတယ်”

ဘုန်း …

သူ ပြောပြီးပြီးချင်းမှာပဲ ပေါင်ငါးသောင်း အားအင်ရှိသော လက်သီးချက် တစ်ခုသည် ဝမ်းဗိုက်ဆီသို့ ကျဆင်းလာသည်။ သူ ကြောင်သွားမိ၏။

“ဘယ်လိုလဲ” ကျွင်းချောင်ရှောင်း လက်သီးကို ပြန်ရုတ်ကာ မေးလိုက်သည်။

ဂိုဏ်ချူပ်အဘယ့်ကြောင့် ချပ်ဝတ်အား ဝတ်ဆင်ခိုင်းသနည်း ဆိုတာကို သိရှိသွားသောကြောင့် စုရှောင်မိုသည် မျက်ရည်တွေပင် ကျဆင်းလာမိ၏။ သို့ပေမဲ့ သူ လိုက်ရောညီထွေဖြစ်အောင် ပြောလိုက်သည် “မနာဘူး”

ဘုန်း..။

ဂျင်ခြောက်သောင်း အားအင်ရှိသော လက်သီးချက်သည် သူ၏ ဝမ်းဗိုက်ဆီသို့ ဝင်လာပြန်သည်။ “အခုရော ..”

“မနာဘူး”

ဘုန်း …။

“နည်းနည်းနာတယ်”

ဘုန်း..

“တော်တော်နာတယ်။”

ဘုန်း….

ကျွင်းချောင်ရှောင်သည် အားအင်ကို တစ်သိန်းထိ တိုးမြင့်လိုက်သည်။ စုရှောင်မိုသည် နောက်ဆုံးမှာတော့ လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ဝမ်းဗိုက်အား ကိုင်ကာ နာကျင်စွာ ပြောလိုက်၏ “ဂိုဏ်းချုပ် … တော်တော် နာတယ်”

သူ ဒဏ်ရာပင် ရသွားခဲ့သည်။

စမ်းသပ်မှု တော်တော်များများ ပြုလုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အနှစ်ချုပ်လိုက်မိ၏။

ပိုးမျှင်ချပ်ဝတ်သည် ပေါင်တစ်သိန်း အားအင်ထိ လက်ခံနိုင်သည်။ ထို့ထက်မြင့်မားပါက ဒဏ်ရာ ရရှိပေလိမ့်မည်။

“မဆိုးဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

သိုင်းစစသူ်ကြီး ပထမအဆင့်၏ တိုက်ခိုက်ချက်နှင့်မှ ဒဏ်ရာ ရရှိသည် ဆိုတော့ အဆင့်နိမ့် တပည့်များ ဝတ်ဆင်ထားလျှင် ကျိန်းသေပေါက် အန္တရာယ်ကင်းပေလိမ့်မည် ။

“လက်ခံသူ .. တွေးလွန်းနေပြီ”

စနစ်မှ ပြောလိုက်သည် “စုရှောင်မို ရဲ့ ခန္ဓာကိုယ်အားအင်ကို စဉ်းစားကြည့်လေ။ သာမာန်တပည့်ဆိုရင် ဒီလောက် ကြမ်းတဲ့ တိုက်ခိုက်ချက်ကို ခံနိုင်ပါ့မလား”

“ဟုတ်သားပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ဤသို့ ဆိုလျှင်တောင်မှ သူ သဘောကျနေတုန်းပင် ။

“င့ါဆီမှာ ပိုးမျှင်တော်တော်များများ ရှိနေသေးတယ်။ ဒီတော့ ဒါဇင် အနည်းငယ်လောက် သွန်းလုပ်ထားရမယ်။” ကျွင်းချောင်ရှောင်းသည် ပန်းပဲခန်းမဆောင်ကို ဖွင့်လှစ်ကာ စတင်သွန်းလုပ်တော့၏။

နောက်တစ်ရက်မှာတော့ ….

သူသည် အတွင်းစည်း တပည့်များအား ဆင့်ခေါ်၍ ပိုးမျှင်ချပ်ဝတ်များ ပေးအပ်လိုက်သည်။

ငါ အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ၊ အဆောင်နဲ့ အအေးဓားကို ဖန်တီးရအုံးမှာပဲ။

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည် “ငါ့ဆီမှ ပစ္စည်းတွေ ရှိနှင့်နေပြီ”

နတ်ဆိုးမိစ္ဆာဂိုဏ်း၏ အန္တရာယ်လောလောဆယ် ကင်းလွတ်နေသေးသည်မို့ သူသည် စိတ်ရှိသလို ကျင့်ကြံနေနိုင်သည်။ သူသည် မုန်းတိုင်းကျဆင်းလာမည့် အချိန်အခါအတွက် ပြင်ဆင်နေမိသည်။

အထူးသဖြင့် အဆောင်ခန်းမဆောင်တွင် အဆောင်များ ဖန်တီးနေသည်။ အန္တရာယ်ကျရောက်လာရင် အဆောင်များသည် အသုံးဝင်လာလိမ့်မည်။

“လေဓာတ်အမျိုးအစား သလင်းအမြူတေကို ဝယ်ယူဖို့က ခက်ခဲတာပဲ”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ခဏလောက် စဉ်းစားလိုက်သည် “သားရဲတွေ များများရှိတဲ့ နေရာဆီသွားပြီး အမဲလိုက်မှ ဖြစ်မယ်”

သေမင်းတောင်ကြားရှိ သားရဲများသည် သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့် တခြားနေရာအား ရှာဖွေရမည်။

“ချင်းယန် …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ချင်းယန်နိုင်ငံမှာ သားရဲတွေ ပေါလွန်းလို့ တားမြစ်ထာတဲ့နေရာ ရှိသေးလား”

လီချင်းယန်သည် ခဏလောက် စဉ်းစားလိုက်သည် “သေမင်းတောင်ကြားက လွဲရင် တခြားမရှိဘူး”

“တခြားနိုင်ငံမှာ ဆိုရင်ရော” ကျွင်းချောင်ရှောင်း မေးလိုက်၏။

လီချင်းယန် ပြောလိုက်သည် “ဟွာယန် နိုင်ငံမှာတော့ သားရဲတစ်ထောင် တောင်ကြားရှိတယ်။ သိုင်းဘုရင် အဆင့် သားရဲတွေတောင် ရှိတယ်လို့ ပြောကြတာပဲ”

“ဟုတ်လား”

အဆောင်များ ဖန်တီးရန် သလင်းအမြူတေများ လိုအပ်သည်။ လက်နက် ဖန်တီးရန် ကျောက်ရိုင်းလိုအပ်သည်။ အရာတော်တော်မျာများသည် အန္တရာယ်များပြားသည့် တောထဲတွင် တည်ရှိသော အရာများဖြစ်သည်။ ထို့ကြောင့် သူ သွားရှာမှ ဖြစ်မည်။

“ဂိုဏ်းထဲမှာ ကျင့်ကြံရတာပျင်းလာပြီး သားရဲတစ်ထောင်တောင်ကြားဆီ သွားမှပဲ” သူ တီးတိုးရေရွတ်လိုက်မိသည်။

လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည် “ဂိုဏ်းချုပ် … သားရဲတစ်ထောင်တောင်ကြားက သေမင်းတောင်ကြားထက်ပိုပြီး အန္တရာယ်များတယ်”

“အန္တရာယ်များမှ စိန်ခေါ်မှုဖြစ်တော့မှာပေါ့”

ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ချက် ချလိုက်သည်။ လီချင်းယန်နှင့် လီလိုရှုတို့ ဂိုဏ်း၏ တာဝန်များ ပေးအပ်ရာ ဟွာယန်နိုင်ငံသို့ သွားရောက် လေ့ကျင့်ရန် သူဆုံးဖြတ်လိုက်သည်။

သူသည် သံမဏိအရိုးတောင်၏ အနောက်ဘက်တောထဲသွာ၍ နဂါးလေးအား ဆင့်ခေါ်လိုက်သည်။ သားရဲတစ်ထောင်တောင် သည် နဂါးလေးအတွက် အစားအသောက်များ ရရှိနိုင်မည့် နေရာလည်း ဖြစ်သည်မဟုတ်လား။

နဂါးလေးသည် တောထဲမှ ထွက်လာသည်။ သူ၏ ပါးစပ်ထဲတွင်တော့ တောယုန်ရိုင်းတစ်ကောင် ပါလာသည်။

ဤအကောင်လေး၏ ခန္ဓာကိုယ်အရွယ်အစားသည် မပြောင်းလဲသေးချ။ သို့ပေမဲ့ ခန္ဓာကိုယ်မှာ ပိုမိုကြမ်းတမ်းလာသည်။ မျက်လုံးထဲမှ အေးစက်မှုများသည် ပို၍ အားကောင်းလာ၏။

သားရဲရိုင်းများသည် တောရိုင်းထဲတွင် နေထိုင်ပါမှ ပို၍ အားကောင်းလာမှ ဖြစ်သည်။ အိမ်ထဲမှာ ထားထားလျှင် အိမ်မွေးသတ္တဝါတစ်ကောင် နှင့် ဘာခြားတော့မည်နည်း။

“သွားစို့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

နဂါးလေး၏ မျက်လုံးများသည် တောက်ပလာသည်။ သူသည် သူ့သခင်၏ ပခုံးထကို့ ခုန်တက်ကာ နဂါးတစ်ကောင် ကဲ့သို့ ဟိန်းလိုက်၏။

ကျွင်းချောင်ရှောင်းသည် သားကောင်ဖမ်းဘောလုံးအား ထုတ်ယူ၍ ခရမ်းရောင်လျှပ်စီး ကျားသားပေါက် အား ဆင့်ခေါ်ကာ စီးနင်းရင်း ဟွာယန်နိုင်ငံသို့ ဦးတည်လိုက်သည်။

မကြာခင်တွင် မြောင်ဟွာခန်းမသည် သူ၏ ဂိုဏ်းသို့ လာရောက်လည်ပတ်လိမ့်မည်။

ထို့ကြောင့် တစ်လလောက် လေ့ကျင့်မည်ဟု သူ သတ်မှတ်လိုက်၏။

ဟွာယန်နိုင်ငံသို့ မသွားခင်တွင် သူသည် ဂိုဏ်း၏ အကာအကွယ် အစီအရင်အား အသက်သွင်းထားခဲ့သည်။ ပြီးနောက် မလိုအပ်လျှင် ဂိုဏ်းအပြင်သို့ မထွက်ရန်လည်း မှာကြားထားသည်။

ခရမ်းရောင်လျှပ်စီးကျားသားပေါက်သည် တစ်ရက်အတွင်း ဟွာယန်နိုင်ငံသို့ပို့ဆောင်ပေးခဲ့သည်။

All Chapters