← Chapters

အခန်း (၃၂၅)

Vol. 22 Ch. 325

အခန်း (၃၂၅)

Vol. 22 Ch. 325

ဟွာယန်နိုင်ငံတွင် မိုင်ရာချီ ကျယ်ဝန်းသော သားရဲတစ်ထောင် တောရှိသည်။ ထိုတောတန်းသည် သားရဲများ၏ နိဗ္ဗာန်ဘုံဖြစ်ပြီး လူသားတို့၏ သင်္ချီုင်းလည်း ဖြစ်သည်။

နာမည်ကို နားထောင်လိုက်သည်နှင့် အလွန်များပြားသော သားရဲများ ရှိနေမည်မှာ သေချာသည်။

သားရဲများ အလွန်ပေါများစွာ တည်ရှိနေသောကြောင့် လူသားများ ခြေချရဲသည့် နေရာမျိုးမဟုတ်ချေ။ ထို့ကြောင့် အထဲတွင် များပြားလှသော ကျောက်ရိုင်းနှင့် ဆေးပင်များ တည်ရှိနေသည်။ ကံကောင်းခြင်းများ လက်ဝယ်ပိုင်ဆိုင်မည့် ရတနာကုန်းမြေတစ်ခု ဟု ဆိုရမည်။

လွန်ခဲ့သောနှစ်တစ်ထောင်ခန့်က …

လူငယ်တစ်ယောက်သည် သားရဲတထောင် တော သို့ အမှတ်မထင် ဝင်ရောက်မိခဲ့သည်။ သူသည် သားရဲများ၏ လက်ချက်ဖြင့် မသေဆုံးခဲ့ရုံတင်မကဘဲ နှစ်တစ်သောင်း လင်ဇီးပင်ကိုပင် ရရှိခဲ့သေးသည်။

ထို့ကြောင့် ဟွာယန်နိုင်ငံမှ ကျင့်ကြံံသူများသည် ထိုတောထဲသို့ ဝင်ရောက် ရှာဖွေကြတော့သည်။

များပြားလှသော အဖွဲ့အစည်းများ ၊ လွတ်လပ်သော ကျင့်ကြံသူများသည် နေ့စဉ်တိုင်း သားရဲတထောင် တော ထဲသို့ ဝင်ရောက်နေကြ၏။

တောထဲသို့ ဝင်ရောက်ရာ လမ်းမှာ တစ်လမ်းတည်းသာ တည်ရှိသည်။

အချိန်တိုင်းဆိုသလိုပဲ များပြားလှသော ကျင့်ကြံသူများသည် အဖွဲ့ဖွဲ့၍ စုဝေးကာ တောထဲသို့ဝင်ရောက်ရန် ကြံစည်ကြသည်။ ထိုသို့ စုဝေးရာ နေရာသည် လူအလွန်များပြားလာပြီးနောက် ရွာတစ်ရွာ ကဲ့သို့ပင် ဖြစ်လာခဲ့၏။ ထိုရွာအား ဖုကွေ့ရွာဟုပင် အမည်မှည့်ခေါ်လာသည်။

အဘယ့်ကြောင့် ဖုကွေ့ရွာဟု ခေါ်ဆိုရသနည်း။

အဘယ့်ကြောင့် ဆိုသော် တောထဲသို့ ဝင်ရောက်သူများသည် ချမ်းသာမှုကို ရရှိမည်ဟု အဓိပ္ပာယ်ဖြင့် မည့်ခေါ်ခြင်း ဖြစ်၏။

ကံဆိုးစွာနှင့် အရာကိစ္စများသည် လူတို့ ထင်မှတ်ထားသလို ဖြစ်မလာခဲ့ချေ။

နှစ်စဉ်နှစ်တိုင်း သားရဲတစ်ထောင်တော ထဲသို့ ဝင်ရောက်သူမှာ တစ်သောင်းလောက် ရှိပြီး ချမ်းသာမှုနှင့် ပြန်လာသူ မဆိုနှင့် လက်ဗလာနှင့် ပြန်လာနိုင်သူပင် နှစ်ဆယ်၊ သုံးဆယ်ရာခိုင်နှုန်း မပြည့်ပေ။

ချမ်းသာမှုသည် အန္တရာယ်တောထဲမှ ထွက်လာခြင်း ဖြစ်သည်။

တော်တော်များများသော ကျင့်ကြံသူများသည် ချမ်းသာမှုကို မရှာတွေ့ခင်မှာပဲ သားရဲများ၏ ပါးစပ်ထဲ ရောက်ရှိသွားခဲ့ကြ၏။

ထိုသို့ဆိုလျှင်တောင်မှ လူတို့၏ အလိုလောဘ သည် မရပ်တန့်သွားချေ။

တစ်ခါတရံဆိုသလို ကောင်းကင်ဘုံရတနာဟု သတ်မှတ်ရမည့် အရာမျိုးကို အန္တရာယ်တောထဲမှ ရရှိခဲ့သူများ ပေါ်လာတတ်သည်။

ဂိမ်းထဲမှ ရတနာရှိရာ တည်နေရာလိုပင် သေမည်မှန်းသိသိကြီးနှင့် တိုးဝင်သွားတတ်ကြသည်မှာ လူသားတို့၏ သဘာဝပင် ဖြစ်တော့၏။

သို့ပေမဲ့ ဂိမ်းထဲတွင် သေဆုံးလျှင် အချိန်ကာလ တစ်ခု၌ ပြန်ရှင်လာတတ်သော်လည်း အပြင်လောကတွင်တော့ အသက်ပြန်ရှင်မလာနိုင်ခဲ့ချေ

……..

ဖုကွေ့ရွာ အဝင်ဝတွင်တော့ …

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လာသည်။ များပြားလှသော သိုင်းကျင့်ကြံသူများသည် လက်နက်ကိုယ်စီနှင့် အဓိက လမ်းမပေါ်တွင် ရပ်လျှက်ရှိနေသည်ကို မြင်တော့ သူ တီးတိုးရေရွတ်လိုက်သည် “တော်တော် စည်ကားတာပဲ”

သူ ပထမဆုံး နေထိုင်ရန် စားသောက်ဆိုင်တစ်ခုဆီ သွား၍စာရင်းပေးသွင်းပြီးနောက် အဓိက လမ်းမပေါ်သွား၍ စနည်းနာကြည့်လိုက်သည်။ သားရဲတစ်ထောင်တော ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေသူများအား သူ သေချာလိုက်ကြည့်နေမိ၏။

ကျွင်းချောင်ရှောင်းသည် လက်ရှိတွင် သိုင်းစစ်သူကြီး တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် အဆင့်နိမ့် နိုင်ငံတစ်ခုတွင် အားအကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။

သို့ပေမဲ့ အန္တရာယ်တောထဲ သွားရောက်ရန် အတွက် သတင်းအချက်အလက်များ ရယူရန် လိုအပ်သည် မဟုတ်လား။ မေးမြန်းခြင်းက အကျိုးမယုတ်ချေ။

သေချာမေးမြန်းကြည့်ပြီးနောက်

ကျွင်းချောင်ရှောင်းသည် သားရဲတစ်ထောင်တောထဲသို့ ဝင်ရောက်ရန် မြေပုံတစ်ခု လိုအပ်ကြောင်း နားလည်လိုက်မိသည်။ ထို့ကြောင့် ကုန်စုံဆိုင် တစ်ခုထဲ ဝင်ရောက်ကာ မြေပုံတစ်ခုကို ဝယ်ယူလိုက်သည်။

မြေပုံမှာမကြီးမားသော်လည်း သေချာအသေးစိတ် ဆွဲထားသည်။ တော၏ တည်နေရာအား မတူညီသော တည်နေရာတွင် မတူညီသော အရောင်များဖြင့် ခွဲခြမ်းထားသည်။ အရောင်ပိုမို ရင့်လာလေ ပို၍ အန္တရာယ်ရှိလာလေဖြစ်သည်။

ဟုတ်ပေသည်။

ဘာမှန်းမသိသော တည်နေရာများလည်း ရှိနေသေး၏။

ကုန်စုံဆိုင်ပိုင်ရှင်သည် သူ မရင်းနှီးသော လူငယ်လေးတစ်ယောက်ကို မြင်တော့ ကြင်နာစွာဖြင့် သတိပေးလိုက်သည် “လူငယ်လေး … မင်းဆီမှာ အားတောင့်တဲ့ အဖွဲ့တစ်ခုခု မရှိရင် ဘာမှန်းမသိတဲ့ နေရာထဲ တိုးဝင်မသွားနဲ့။ မဟုတ်ရင် စောစော သေသွားလိမ့်မယ်”

……

နောက်တစ်ရက် မနက်ခင်းမှာတော့ …

ကျွင်းချောင်ရှောင်းသည် အခန်းထဲမှ ထွက်လာပြီး အဓိက လမ်းမကြီးမှ တဆင့် သားရဲတထောင်တော ၏ အဝင်ဝဆီ ဦးတည် သွားလာလိုက်သည်။

သူသည် မြေပုံကို ကြိုတင်ပြင်ဆင်ခဲ့သလို လိုအပ်သည့် ရိက္ခာများကိုလည်း ပြင်ဆင်ခဲ့သည်။ နဂါးလေးအတွက် အစားအစာများကိုလည်း သိုလှောင်လက်စွပ်ထဲ ထည့်ကာ ယူလာ၏။

“ဟားဟား …”

“ဟိုကောင်လေးရဲ့ ပခုံးပေါ်မှာ ကင်းလိပ်ချော တစ်ကောင်ပါလား”

“ကျုပ်အထင်တော့ မြွေနဲ့ ဆင်တူတယ် ထင်တယ်”

ကျွင်းချောင်ရှောင်း၏ ပခုံးပေါ်တွင် လှဲလျောင်းနေသော နဂါးလေး ကို မြင်တော့ လမ်းပေါ်ရှိ ကျင့်ကြံသူများသည် တီးတိုးပြောဆိုနေကြသည်။ တစ်ချို့ဆိုလျှင် လှောင်ပြောင်မှုကိုပင် ပြုလုပ်နေကြသည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတော့ ကြမ်းတမ်းလှသော သားရဲရိုင်းများသည်သာ လေးစားမှုနှင့် ထိုက်တန်သည်။ အန္တရာယ်ပေးနိုင်ပုံ မပေါ်သော သတ္တဝါများသည် လှောင်ပြောင်စရာပင် ဖြစ်နေ၏။

“ဟူး …။”

အားလုံး၏ လှောင်ပြောင်မှုကို ကြားရတော့ နဂါးလေး၏ မျက်လုံးထဲတွင် ဒေါသတွေ ဖြစ်တည်လာသည်။

ကျွင်းချောင်ရှောင်းသည် နဂါးလေး၏ ခေါင်းအား အသာပွတ်သပ်ပြီး နှစ်သိမ့်လိုက်၏ “ဒီလူတွေနဲ့ ရန်ဖြစ်ပြီး မင်းကိုယ်မင်း အောက်ကျမခံနဲ့လေ။ သူတို့က အဆင့်နိမ့် ကျင့်ကြံသူတွေလေ”

သူတို့သည် များပြားလှသော အရင်းအမြစ်များအား ရယူရန် သားရဲတစ်ထောင် တောထဲသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

မဟုတ်ပါက နဂါးလေးအား မီးဖြင့် မှုတ်ခိုင်းတာကြာနေလောက်လေပြီ။

မကြာမီမှာပဲ ကျွင်းချောင်ရှောင်းသည် တော၏ အစပ်ဆီသို့ရောက်ရှိလာခဲ့သည်။

ထိုအချိန်မှာတော့ ကျင့်ကြံသူရာကျော်တို့သည် စုဝေးလျက် ရှိနေကြသည်။ တော်တော်များများ၏ လက်ထဲတွင် အဖွဲ့သားအသစ် ခေါ်ယူသော စာတမ်းအား ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရ၏။

“အဖွဲ့ဖွဲ့ပြီး နယ်မြေသုံး ဆီ သွားမယ်။ တစ်ယောက်လို …”

“အဖွဲ့ဖွဲ့ပြီး နယ်မြေခြောက် ဆီ သွားမယ်။ နှစ်ယောက်လို .. ပြန်လည်ကုစားခြင်းကို ကျွမ်းကျင်သူ ဆိုရင် ပိုကောင်းသည်”

“အသစ်ရောက်လာသူတွေ အတွေ့အကြုံရှိသူတွေနဲ့ ပူးပေါင်းပြီးသွားပါ။ အန္တရာယ်တောထဲ မသွားနဲ့”

ကျွင်းချောင်ရှောင်းသည် နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ရင်သွားသည်။ “ဒါက ဘာကြီးလဲ။ ဒီလိုမျိုး လူခေါ်လို့ရတယ်လား”

“ဟေး ..”

ထိုအချိန်မှာပဲ အရပ်ပုပု နှင့် လူတစ်ယောက်က သွားဖြီးကာ ပြောလိုက်သည် “ရောင်းရင်း .. အဖွဲ့ရှိလား။ ကျုပ်နဲ့အတူ နယ်မြေလေး ထိ သွားကြမလား”

“စိတ်မဝင်စားပါဘူး” ကျွင်းချောင်ရှောင်း ပြုံးကာ ငြင်းပယ်လိုက်သည်။

လူငယ်သည် အလျော့မပေးချေ။ တီးတိုးပြောလိုက်သည် “ရောင်းရင်းလေး .. ကျုပ် နယ်မြေလေးမှ နေရာကောင်းတစ်ခုတွေ့ထားတယ်နော်။ စိတ်မဝင်စားဘူးလား”

ကျွင်းချောင်ရှောင်း ဘာမှ ဆက်မပြောဘဲ ထိုသူအား လျစ်လျူရှုထားလိုက်၏။

လူငယ်၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားသည် “မင်းက သတ္တိမရှိတဲ့ လူသစ်လေးပဲ ဖြစ်ရမယ်”

ကျွင်းချောင်ရှောင်းသည် တော၏ အစပ်ဆီသို့ လျှောက်ဝင်သွားတော့၏။

ဤအတောအတွင်း သူ့အား ကျင့်ကြံသူတော်တော်များများက ဆွဲဆောင်ခဲ့သည်။ အလွန်လှပသည့် မိန်းကလေး များပင် ပါဝင်သည်။ သို့ပေမဲ့ သူ အားလုံးကို ငြင်းပယ်ခဲ့သည်။

အဖွဲ့လိုက်သွားခြင်းသည် အန္တရာယ်ကင်းသည်။ သို့ပေမဲ့ ဤသို့သော သူများနှင့် ခရီးသွားခြင်းသည် သူ့အတွက် ဝန်ထုတ်ဝန်ပိုးသာ ဖြစ်စေလိမ်မည်။

“အားလုံးပဲ”

ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် အဝင်ဝတွင် မတ်တပ်ရပ်၍ ပြောလိုက်သည် “သွားကြစို့”

ပြောပြီးနောက် ထိုသူသည် လျှောက်ဝင်သွားသည်။

လူ ရှစ်ယောက်၊ ကိုးယောက်တို့သည် သူ၏ နောက်မှ လိုက်လျှောက်ဝင်သွားကြ၏။

ဤခရီးသည် အလွန်အန္တရာယ်များမှန်း သူတို့သိသည်။ သို့ပေမဲ့ ကျင့်ကြံခြင်းအရင်းအမြစ် ရရှိရန် သူသည် အစောကတည်းက ကြိုတင်ပြင်ဆင်ပြီး ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ မနှောင့်နှေးဘဲ လျှောက်ဝင်လိုက်သည်။

“ချီးတဲ့မှ …”

“ဒီကောင်လေး တစ်ယောက်တည်း ဝင်မလို့လား”

“သားရဲတစ်ထောင်တော ထဲ တစ်ယောက်တည်း ဝင်ဖို့ ဆိုတာ ဘယ်လောက် သတ္တိရှိဖို့ လိုလဲ”

“ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရမယ်”

“သူ့ရဲ့ အော်ရာတွေကို ကြည့်ရတာ အရမ်းအားကောင်းပုံလည်းမပေါ်ဘူး”

“ပြောနေစရာမလိုဘူး။ လောကကြီးရဲ့ ကြီးမြတ်မှုကို လုံဝမသိတဲ့ ဂျူနီယာလေးပဲ ဖြစ်ရမယ်။ သေလမ်းရှာတဲ့သူပဲ”

“သားရဲတစ်ထောင်တော ရဲ့ သားရဲတွေက တစ်ယောက်တည်းလာတဲ့ လူသားတွေကို တိုက်ခိုက်ရတာ ပိုနှစ်သက်ကြတယ်။ သူကတော့ အတွင်းပိုင်းကို ရောက်ရင် သေမှာပဲ”

ကျွင်းချောင်ရှောင်း မြင်ကွင်းမှ ပျောက်ကွယ်သွားတော့ အားလုံးသည် ပြောဆိုဆွေးနွေးနေမိကြသည်။

သူတို့ လူသစ်ခေါ်ဖို့ စည်းရုံးခဲ့စဉ်က တစ်ဖက်လူအဘယ့်ကြောင့် ငြင်းခဲ့မှန်း သူတို့ သိရှိခဲ့ပြီ ဖြစ်သည်။ ထိုလူငယ်သည် တစ်ယောက်တည်း သွားချင်နေသော အရူးတစ်ယောက် ဖြစ်လို့နေ၏။

…….

သားရဲတစ်ထောင်တော သည် ကြီးမားပြီး မြင့်မားလွန်းသော သစ်ပင်များနှင့် အုပ်မိုးနေပြီး နေပျောက်ပင် မထိုးချေ။ တောထဲ၌ မှောင်မဲလျက်ရှိသည်။

ကျွင်းချောင်ရှောင်း အထဲသို့ ဝင်လိုက်တော့ ရှေ့မှ ဝင်ရောက်သွားသော အဖွဲ့တစ်ဖွဲ့အား မြင်လိုက်ရသည်။ အားလုံးသည် ရုတ်တရက် ဖြစ်ပျက်လာနိုင်သော အပြောင်းအလဲတွေအတွက် အဆင်သင့် ပြင်ဆင်ထား၏။

ထိုသူတို့၏ ကျင့်ကြံခြင်းသည် အားမကောင်းလှချေ။ ထို့ကြောင့် သတိရှိနေမှ ပို၍ အဆင်ပြေပေလိမ့်မည်။

သိုင်းစစ်သူကြီးဖြစ်သော ဂိုဏ်းချုပ်ကျွင်းမှာတော့ မြေပုံ၏ အကူအညီဖြင့် တစ်ချက်ကလေးမှ မတွေဝေဘဲ အန္တရာယ်တော ထဲသို့ ဦးတည်သွားသည်။

“ညီငယ်လေး”

ထိုအဖွဲ့၏ခေါင်းဆောင်က အော်လိုက်သည် “မင်း တစ်ယောက်တည်း လာတာလား”

“ဟုတ်ပါတယ်”

ထိုအဖွဲ့သားများသည် ကြောင်သွားကြ၏ “တစ်ယောက်တည်း လာတယ် ဟုတ်လား။ သေချင်နေတာလား”

ခေါင်းဆောင်က ကြင်နာစွာ သတိပေးလိုက်သည် “ညီငယ်လေး .. ဒီထဲက သားရဲတွေက တစ်ယောက်တည်း လာတဲ့ လူသားတွေကို ပိုပြီး ပစ်မှတ်ထားကြတယ်။ တစ်ယောက်တည်း သွားရင် ဒုက္ခတွေ့လိမ့်မယ်။ ကျုပ်တို့နဲ့ လိုက်ခဲ့ပါလား”

“အစ်ကိုချင်”

ထိုသူ၏ ဘောရှိ လူသည် ကျွင်းချောင်ရှောင်းအား မနှစ်မြို့သလို ကြည့်ရှုကာ ပြောလိုက်သည် “ကျုပ်တို့က နယ်မြေခြောက် ကို သွားမှာ မဟုတ်လား ဝန်ထုတ်ဝန်ပိုး ဖြစ်နေအုံးမယ်”

“ဟုတ်တယ်။”

ခပ်ဝဝ လူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “ခေါင်းဆောင် ဒီခရီးက အန္တရာယ်များတယ်။ တခြားသူကို ကြုံသလိုအဖွဲ့ထဲ ဝင်စေလို့မဖြစ်ဘူး”

ဝန်ထုတ်ဝန်ပိုး ဟုတ်လား။

ကျွင်းချောင်ရှောင်းသည် ထိုသူတို့အား ဂရုမသိုက်သလို ပြောလိုက်သည် “တစ်ယောက်တည်း သွားရတာ ပိုနှစ်သက်ပါတယ်။ အဖွဲ့ထဲ ဝင်ရတာ မကြိုက်လို့ပါ”

ပြောပြီးနောက် ရှေ့သို့ တိုးသွားလိုက်သည်။

ကျွတ် ..။

အဖွဲ့သားတစ်ယောက်က ပြောလိုက်သည် “မောက်မာလိုက်တာ”

ခေါင်းဆောင်သည် ခေါင်းကို ခါယမ်းလိုက်၏ “သွားစို့”

ထိုအချိန်မှာပဲ သစ်ပင်တစ်ပင်ပေါ်မှ ကျားသစ်တစ်ကောင်သည် လျှပ်တပြက် ခုန်ဆင်းလာပြီး ရှေ့မှ သွားနေသော ကျွင်းချောင်ရှောင်းအား ဆင်းသက် တိုက်ခိုက်တော့သည်။

“သတိထား” ခေါင်းဆောင်က အော်ဟစ် သတိပေးလိုက်၏။

ဘုန်း …

သူ၏ အသံ ထွက်ပေါ်လာချင်းချင်းမှာပဲ ကျယ်လောင်လှသော အသံကြီးတစ်ခု ဖြစ်တည်လာသည်။

ကျားသစ်သည် ကျွင်းချောင်ရှောင်း၏ လက်သီးချက်ကြောင့် ဦးခေါင်းတစ်ခုလုံး ကြေမွပြီး ဦးနှောက်များသည် နေရာအနှံ့သို့ပြန့်နှံ့သွားသည်။

“ဒါ …”

ခေါင်းဆောင် နှင့် သူ၏ အဖွဲ့သား အားလုံးတို့သည် မျက်လုံးအပြူးသားဖြင့် ဆွံ့အနေမိကြ၏။

All Chapters