အခန်း (၃၂၇)
Vol. 22 Ch. 327
ကျွင်းချောင်ရှောင်းသည် လူသူ ကင်းရှင်းသော သစ်တောထဲသို့ ပြန်လှည့်လာခဲ့သည်။
သူသည် တစ်ခြားသူများကို လုယူလျက်ရှိသော ကျင့်ကြံသူများအား ပြန်လည်လုယက်၍ ထိုသူတို့၏ သိုလှောင်လက်စွပ်များကို ယူရန် စဉ်းစားလိုက်၏။
ထိုသူတို့သည်တောင်မှ တစ်ခြားသူများအား ကြင်နာမှုကင်းမဲ့စွာလုပ်ဆောင်နေသည်မို့ သူသည်လည်း ထိုသူတို့အပေါ်တွင် မမျှမတ ဆက်ဆံသည်မှာ ထိုက်တန်သည်ဟု ဆိုရမည်။
ဟမ်။
တည်နေရာတစ်ခုမှာတော့ လူတစ်ချို့သည် အဖွဲ့ငယ်လေးတစ်ခုကို တိုက်ခိုက်လျက်ရှိကြသည်။
ထိုသူတို့၏ အားအင်အဆင့်မှာ မြင့်မားလှသောကြောင့် အဖွဲ့ငယ်လေးမှ လူတို့သည် တိုက်ခိုက်ပွဲတွင် အောက်စည်းသို့ ရောက်ရှိလျက်ရှိ၏။
ရွှီ။
ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းအား အသုံးပြု၍ ရှေ့သို့ တိုးသွားလိုက်၏။ ထို့နောက် သူသည် လက်ဗလာနှင့် လုယက်သူ ကျင့်ကြံသူများ၏ လက်နက်များကို လုယူလိုက်၏။
ပြီးနောက် ထိုသူတို့အား တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ ကန်ချလိုက်သည်။
ကျန်သည့် သူများမှာ သိုင်းတပည့်အဆင့်များသာ ဖြစ်သောကြောင့် သူ့အနေနှင့် ထိုသူတို့အား လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်သည်။
ရုတ်တရက်ဆိုသလိုပဲ ကျွမ်းကျင်သူတစ်ယောက်ရောက်ရှိလာပြီး သူတို့အား ဝင်ရောက်ကူညီသည်ကို မြင်လိုက်ရတော့ အဖွဲ့ငယ်လေးမှ ကျင့်ကြံသူတို့၏ မျက်လုံးများတွင် ကျေးဇူးတင်သည့် အရိပ်အယောင်များနှင့် ပြည့်နက်သွား၏။
"ရောင်းရင်းလေး"
ခေါင်းဆောင်က လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ကူညီတဲ့ အတွက် ကျေးဇူးတင်ပါတယ်။"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"မမျှမတဆက်ဆံနေတဲ့ လူတွေကို မြင်နေရတော့ ဓားထုတ်ပြီး ကူညီခဲ့မိတာပါ။ဒါက ကျင့်ကြံခြင်းလောကက လုပ်သင့်တဲ့ အရာပဲ မဟုတ်လား"
အားလုံးက အံ့အားသင့်မိသွားကြသည်။
ဤဘက်ခေတ်တွင် ထိုကဲ့သို့ မြင့်မြတ်ပြီး စိတ်ထားကောင်းမွန်လှသည့် လူမျိုးမှာ ရှားပါးနေပြီဖြစ်၏။
ခေါင်းဆောင်သည် တစ်စုံတစ်ခုကို ပြောချင်သည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းက ဖြတ်၍ ပြောလိုက်သည်။ "ဒီမှာ သားရဲရိုင်းတွေ ရှိတယ်။ဒီမှာ မနေနဲ့ မြန်မြန် သွားကြတော့။"
"ကြင်နာမှု အတွက် ကျေးဇူးတင်ပါတယ်။နှုတ်ဆက်ပါတယ်။" ခေါင်းဆောင်သည် နှုတ်ဆက်၍ သူ၏ အဖွဲ့ဝင်များကို ခေါ်ဆောင်ကာ အလောတကြီးနှင့် ပြန်လှည့် သွားတော့သည်။
သူတို့ထွက်ခွာပြီးသည့်နောက်တော့ သူတို့သည် သေဟန်ဆောင်နေသော ဓားပြ၏ ခန္ဓာကိုယ်ပေါ်သို့ ခြေတင် လိုက်၏။ "မင်းရဲ့ သိုလှောင်လက်စွပ်တွေကို ငါ့ကိုပေး။ဒါဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်။"
ထွက်ခွာသွားသော ကျင့်ကြံသူများသာ ထိုစကားကို ကြားမည်ဆိုပါက မြေပေါ်သို့ တစ်ခါတည်း လဲပြိုသွားလိမ့်မည်။
အစ်ကိုကြီး … ခင်ဗျား သူတို့ကို လုယက်ချင်လို့ လာတိုက်ခိုက်တာလား။ကျုပ်တို့ကို ကူညီဖို့ လာတိုက်ခိုက်တာလား။
"ကျုပ်… ကျုပ် အကုန်လုံးကို ပေးပါ့မယ်။"
သူတို့၏ အသက်သည် အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သိရှိသွားလိုက်ချိန်မှာတော့ ထိုလုယက်သူ ကျင့်ကြံသူများသည် သူတို့၏ သိုလှောင်လက်စွပ်များကို ကမ်းပေးလိုက်ကြသည်။
ဤကျင့်ကြံသူများသည် အရေအတွက် အနည်းငယ် များပြားသောကြောင့် တစ်ခြားသောသူများအား အထက်စီးမှ လုယက်နေကြခြင်းဖြစ်၏။
"လူဆိုးတွေ။"
ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်များကို လိုချင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သိုလှောင်လက်စွပ်များကို ယူဆောင်ပြီးသည့်နောက် အညှာအတာကင်းမဲ့စွာဖြင့် အားလုံးကို မသတ်ဖြတ်ချင်ပေ။
……..
"ချီးထဲမှ။"
လုယက်သော ကျင့်ကြံသူ အနည်းငယ်တို့သည် သူတို့ ၏ ဝမ်းဗိုက်ကို ဖိကိုင်ကာ ထွက်ပြေးလိုက်ကြသည်။ ပြီးနောက် သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်ကာ ပြောလိုက်သည်။ "အစ်ကိုကြီး။"
ထိုသူတွေထဲမှ တစ်ယောက်သည် "ဒီအတိုင်း ငြိမ်မခံနိုင်ဘူး။"
လူတစ်ယောက်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "ကျုပ်တို့ သွေးဝံပုလွေကြေးစားအဖွဲဆီက လုယူရဲတယ်ဆိုတော့ ဒီကောင် အသက်ရှင်ရတာ ပင်ပန်းနေလို့ပဲ ဖြစ်ရမယ်။"
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် များပြားလှသော အင်အားစုများ ရှိကြ၏။
ကလန်များ ၊ ဂိုဏ်းများ ၊ ထို့အပြင် ကြေးစားအဖွဲ့များဟု ခေါ်သော အဖွဲ့အစည်းများလည်း ရှိနေသေး၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ကြေးစားအဖွဲ့များသည် အမိကမ္ဘာမြေ၏ ကြေးစားအဖွဲ့များနှင့် ဆင်တူလှသည်။
သို့ပေမယ့် သူတို့သည် များပြားလှသော အဖွဲ့ဝင်များ ရှိသည်မို များပြားလှသော သိုင်းပညာအရင်းအမြစ်များ လိုအပ်လာ၏။
ထို့ကြောင့် သစ်တောထဲရှိ ကြမ်းတမ်းလှသော သားရဲများကို သတ်ဖြတ်ရုံတင်မက လာရောက်ကျင့်ကြံသူများအား လုယက်ခြင်းကိုပါ ပြုလုပ်ကြတော့သည်။
ထိုကြေးစားအဖွဲ့မှ အဖွဲ့ဝင်တော်တော်များများသည် ကြမ်းတမ်းလှသော လူများ ဖြစ်သည်။
သူတို့သည် ဂိုဏ်းများမှ ဂိုဏ်းသားများကဲ့သို့ စည်းဘောင် ရှိသောသူများ မဟုတ်ပေ။ သို့ပေမဲ့ ၎င်းတို့၏ အလုံးစုံသော အားအင်သည် မမြင့်မားလှချေ။
လက်ရှိအချိန်တွင် ထိုသူတို့ ပြောနေသော ကြေးစားအဖွဲဆို့သည်မှာ အဆင့်ငါးဂိုဏ်းတစ်ခုနှင့် ယှဉ်ပြိုင်၍ ရနိုင်သော ကြေးစားအဖွဲ့ဖြစ်၏။
ကြေးစားအဖွဲ့ဆိုသော်လည်း အလွန်တရာ အားကောင်းလှ၏။ အဖွဲ့ဝင်မှာ တစ်ထောင် နည်းပါးခန့်ရှိပြီး အထက်ပိုင်း အကြီးအကဲများ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်တရာ အားကောင်းလှသည်။
ထို့ကြောင့် သူတို့သည် သားရဲတစ်ထောင် တောလမ်းထဲတွင် တစ်နှစ်ပတ်လုံး လှည့်လည် သွားလာနေကြခြင်းဖြစ်၏။
၎င်းတို့အား သားရဲတစ်ထောင်တောင်တန်း၏ အရှင်သခင်များဟုပင် ခေါ်ဆိုကြသည်။
"ခွေးကောင်။"
ခေါင်းဆောင်က မုန်းတီးစွာဖြင့် ပြောလိုက်သည်။ "အနားမှာရှိတဲ့လူတွေကို စုစည်းလိုက်။ ပြီးတော့ ဆက်သွယ်ထား။ဒီကောင့်ကို လွတ်သွားစေလို့ မဖြစ်ဘူး။"
"ကောင်းပါပြီ။"
တပည့်တစ်ယောက်သည် ဗောျက်အိုးနှင့် တူသော အရာတစ်ခုကို ဆွဲထုတ်၍ အမြင့်သို့ လွတ်လိုက်၏။
ပြီးနောက် အလင်းတန်းတစ်ခုသည် မိုးပေါ်သို့ တက်သွားတော့သည်။
ဟမ်။
ယခုမှ ထွက်ခွာလာခဲ့သော ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကို ကြည့်လိုက်တော့ သစ်ပင်တွေ ကြားထဲမှ တစ်ဆင့် အလင်းတန်းများ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရ၏။ သူ တီးတိုးရေရွတ်လိုက်မိ၏။ "တိမ်ခေါ်မြှားပဲ။ဒါက လူအင်အား စုစည်းဖို အချက်ပြတာပဲ ဖြစ်ရမယ်။ဒီလိုနည်းနဲ့ ငါ့ဆီ လာချင်တာကို။"
သူသည် ထိုအရာကို လျစ်လျူရှု၍ သူ ရရှိခဲ့သော သိုလှောင်လက်စွပ်များကို ဆက်လက်၍ ကြည့်ရှုလိုက်သည်။
ဂိုဏ်းချုပ်ကျွင်းသည် ယခုမှ တောထဲသို့ ရောက်ရှိသည် ဆိုသော်လည်း သလင်းအမြုတေများ ၊ ကျောက်ရိုင်းတော်တော်များများကို ရရှိခဲ့ပြီးဖြစ်၏။
မည်သည့် နေရာမှ ရရှိခဲ့သနည်းဆိုသော် ဓားပြများဆီမှ ရရှိခြင်းဖြစ်သည်။ ကံဆိုးစွာနှင့် သလင်းအမြူတေများထဲတွင် လေဓာတ်သဘာဝ သလင်းအမြုတေ တော့ မရသေးချေ။
ထို့အပြင် ဆေးလုံးနှင့် လိုအပ်သည့် အရာများကို ဖော်စပ်နိုင်ရန် သင့်တော်သည့် ဆေးပင်နှင့် ကျောက်ရိုင်းများလည်း မရသေးပေ။
ဟင်း။
ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "ငါ့ဘာငါ ရှာမှပဲ ရမယ်နဲ့တူတယ်"
........
အခြားတစ်နေရာမှ သွေးဝံပုလွေ ကြေးစားအဖွဲ့များသည် အချက်ပြသည်ကို မြင်ရောက်ပြီးသည့်နောက် စုစည်းလာကြသည်။
ခဏအတွင်းမှပဲ လူငါးဆယ်မှ ခြောက်ဆယ်အတွင်းသို့ ရောက်ရှိသွားကြတော့သည်။
"တင်းကလေး။"
တစ်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။
"ဘာဖြစ်ခဲ့တာလဲ။"
"ဒုခေါင်းဆောင်ကျန်း။"
တင်းကလေးဟုခေါ်သော လူသည် သူ၏ ဝမ်းဗိုက်ကို ကိုင်ကာ ပြောလိုက်သည်။ "လူတစ်ယောက်က ကျုပ်တို့ကို လုယက်ခဲ့တယ်။"
ကြေးစားအဖွဲ့တွင် အဓိက အားဖြင့် အဖွဲ့များ ခွဲခြားထား၏။ အဖွဲ့တစ်ခုတိုင်းတွင် ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ဟူ၍ ရှိကြသည်။ ပြီးနောက် သတ်မှတ်ထားသည့် အဖွဲ့သား အရေအတွက်လည်း ရှိကြ၏။
ဒုခေါင်းဆောင်ကျန်း သည် သွေးဝံပုလွေ ကြေးစားအဖွဲ့ တတိယအဖွဲ့၏ ဒုခေါင်းဆောင်လည်း ဖြစ်၏။ ထိုသူသည် အနည်းငယ်အားကောင်းလှပြီး သိုင်းဆရာ တတိယအဆင့်သို့ ရောက်ရှိနေသူလည်း ဖြစ်သည်။
ကျွင်းချောင်ရှောင်း လုယက်ခဲ့သော လူများသည် တတိယအဖွဲ့မှ အဖွဲ့ဝင်များပင် ဖြစ်တော့၏။
ဒုခေါင်းဆောင်ကျန်း သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "သူက ဘယ်လိုဖြစ်ပြီး ငါတို့လို သွေးဝံပုလွေ ကြေးစားအဖွဲ့ဆီကတောင် လုယက်ရဲတာလဲ ။ရှေ့က လမ်းပြစမ်း။"
သူ အေးစက်စက် ပြောလိုက်သည်။ "အဲကောင်ကို ရှာရအောင်။"
တင်းကလေးက ပြောလိုက်သည်။ "ခေါင်းဆောင်၊ တတိယအစ်ကိုနဲ့ ဒုတိယအစ်ကိုတို့ မရောက်သေးဘူး။ သူတို့ကို မစောင့်တော့ဘူးလား။"
ထိုကောင်လေးသည် အလွန်တရာ အားကောင်းလှ၏။ ထို့ကြောင့် သူသည် လူများများ ခေါ်ဆောင်သွားပြီးတော့မှ ပြန်လည်ကလဲ့စားချေရန် စဉ်းစားထားမိသည်။
"သူတို့တွေ အတွင်းပိုင်း တည်နေရာထဲသို့ ဝင်သွားကြတယ်။ ငါတို့ ဒီကောင့်ကိစ္စကို အရင်ရှင်းပြီးမှ သူတို့နောက်ကို လိုက်သွားရမယ်။"
ဒုခေါင်းဆောင်ကျန်း က ပြောလိုက်သည်။
ပြီးနောက် သူတို့သည် ကျွင်းချောင်ရှောင်း သွားရာနေရာနောက်သို့ လိုက်တော့၏။
"ဒါက သွေးဝံပုလွေအဖွဲ့ပဲ။ ဘာလို့ ဒီလောက် လူစုနေတာလဲ ။တစ်ယောက်ချင်းစီကို ကြည့်ရတာ အရမ်းကို ခက်ထန် ကြမ်းတန်းလွန်းတယ်။တစ်စုံတစ်ယောက်က သူတို့ကို ပြဿနာရှာခဲ့လို့ နေမှာ။"
သစ်တောထဲမှ ဒုခေါင်းဆောင်ကျန်း နှင့် တစ်ခြားသော သူများကို မြင်တော့ အဖွဲ့ငယ်များရှိ ကျင့်ကြံသူများသည် အလန့်တကြားနှင့် ဖြစ်မိသွားကြသည်။
ကျွင်းချောင်ရှောင်းသည် သူ လာခဲ့သော နေရာဆီသို့ ပြန်လှည့်ကာ တော၏အတွင်းဘက်ဆီသို့ ဆက်လက် ရွေ့လျားသွားတော့သည်။ သားရဲများ ဝင်ရောက်လာသည် ဆိုသည်နှင် သူသည် တစ်ခါတည်း သတ်ဖြတ်ပြီး သလင်းအမြုတေကို ယူဆောင်လိုက်၏။
မကြာခင်မှာပဲ သူသည် စောနက လူသုံးယောက်အား သတ်ဖြတ်ခဲ့သော နေရာဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ဤအချိန်မှာတော့ ဒုခေါင်းဆောက်ကျန်း နှင့် ကျန်သည့်လူများအားလုံးသည် လိုက်မီလာခဲ့ပြီဖြစ်သည်။
တင်းကလေးသည် ကျွင်းချောင်ရှောင်းအား လက်ညိုးထိုး၍ ဒေါသတကြီး ပြောလိုက်သည်။ "သူပဲ။"
ကြေးစားအဖွဲ့မှ လူများသည် အရှေ့သို့ တိုးလာခဲ့ပြီး ကျွင်းချောင်ရှောင်းအား ဝိုင်းပတ်ထားကြ၏။
တစ်ယောက်ချင်းဆီတိုင်းသည် အလွန်တရာ ကြမ်းတမ်းလှသော အကြည့် ရိုင်းများဖြင့် ကျွင်းချောင်ရှောင်းအား ကြည့်လျက်ရှိကြသည်။
"ဒုခေါင်းဆောင်ကျန်း။"
ထိုအချိန်မှာတော့ လူတစ်ယောက်သည် သူ၏ အနားတွင်ရှိသော အလောင်းတစ်ခုအား လက်ညိုးညွှန်ကာ ပြောလိုက်၏။ "ဒါ … ဒါက ခေါင်းဆောင်ပဲ။"
"ဘာ။"
သူ ရှေ့ကို အသာလျှောက်၍ ကြည့်လိုက်တော့ ထိုအလောင်းမှာ သူတို့၏ ခေါင်းဆောင်ဖြစ်မှန်း သတိပြုမိသွား၏။
ဂိုဏ်းချုပ်ကျွင်း အစောကတည်းက သတ်ဖြတ်ခဲ့သောလူသုံးယောက်မှာ သွေးဝံပုလွေ ကြေးစားအဖွဲ့ တတိယအဖွဲ့၏ ခေါင်းဆောင် ဖြစ်လို့နေ၏။ ပြောရလျှင် ရေစက်ပါသည်ဟုပင် ဆိုရမည်။
"ကောင်လေး"
ဒုခေါင်းဆောင်ကျန်း သည် ဒေါသတကြီးဖြင့် အော်လိုက်သည်။ "မင်း သူတို့ကို သတ်ခဲ့တာလား။"
"အမှန်ပါပဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဤစကားထွက်ပေါ်လာချင်းချင်းမှာပဲ တတိယအဖွဲ့၏ လူငါးဆယ်နှင့် ခြောက်ဆယ်ကျော်တို့သည် ဒေါသထွက်သွားကြ၏။
ဒုခေါင်းဆောင်ကျန်း သည် သူ၏ ပုဆိန်လက်နက်အား ထုတ်ယူ၍ ခက်ထန်စွာ ပြောလိုက်သည်။ "မင်းကို သတ်မယ်။အကြွေးကို တစ်ခါတည်း ဆပ်ရမယ်။"
ထိုသို့ပြောလိုက်သည်ဆိုသော်လည်း သူ၏ စိတ်ထဲမှာ အလွန်တရာ ပျော်ရွင်လျက်ရှိသည်။
ခေါင်းဆောင် သေဆုံးသွားပြီဆိုမှတော့ သူသည် ရာထူးတက်ပြီမဟုတ်လား။ ထို့အပြင် ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သော လူကိုသတ်ဖြတ်နိုင်သည်ဆိုလျှင် ကျိန်းသေပေါက် ဆုလာဘ် များလည်း ရရှိပေလိမ့်မည်။
“ဟား ဟား ဟား … ကောင်လေး မင်းက ငါ့ကို ကူညီခဲ့တယ်လို ပြောရမယ်။ဒါပေမဲ့ အခုလို ကူညီတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ မင်းကို သတ်ပစ်ရမယ်။"
တစ်ဖက်လူ ဘာတွေ တွေးနေသည်ဆိုသည်ကို ကျွင်းချောင်ရှောင်း မသိပေ။သို့ပေမဲ့ ထူးမခြားနားသလို ပြောဆိုလိုက်သည်။ "ခင်ဗျားက အားကောင်းတာလည်း မဟုတ်ဘူး။သေသွားလိမ့်မယ်။"
ထိုစကားနှင့် ပတ်သတ်၍ မည်သည့် အမှားအယွင်းမှ မရှိပေ။ တောထဲတွင် တောသဘာဝကို လိုက်နာသင့်သည် မဟုတ်လား။
“ပေါက်ကရ ပြောတာတွေကို ရပ်လိုက်စမ်း။"
ဒုခေါင်းဆောင်ကျန်း သည် ဒေါသတကြီးဖြင့် ရှေ့သို့လှမ်းတက်လာပြီး သူ၏ ပုဆိန်နှစ်လက်ကို မြှောက်ကာ အော်ဟစ်လိုက်သည်။ "မင်း အသက် ငါ့ကို ပေးစမ်း။"