← Chapters

အံ့ဩစရာ ချင်းလင်အမဲသားနဲ့ချင်းလင်ဆန်!

Vol. 49 Ch. 721

အံ့ဩစရာ ချင်းလင်အမဲသားနဲ့ချင်းလင်ဆန်!

Vol. 49 Ch. 721

ညပိုင်းကုန်လွန်သွားသည်။

လီဖေးက ချင်းလင်စံအိမ်သတို့သမီးခန်းထဲတွင် မျှော်လင့်ချက်အပြည့်နှင့်နိုးထလာသည်။

မနေ့က ဥက္ကဌချင်လေးကိုလာရှာပြီး ကုန်လိုချင်သည့်အကြောင်းပြောခဲ့သည်။ တစ်ဖက်ကအတိအလင်းမငြင်းဆိုဘဲ နေဖို့တောင်စီစဉ်ပေးသည်။ ဒီနေ့လာရှာမည်ဟုလည်းပြောသည်။

ထို့ကြောင့် သူစောင့်မျှော်နေသည်။ သူဌေးကြီးကဒီလိုစီစဉ်ပေးရင် မျှော်လင့်ချက်ရှိသည်ဆိုသောသဘော။

တောတောင်ထဲငှားထားသောဂိုဒေါင်တစ်ခုအတွင်း_

ချင်လင်က အမဲသားကိုင်လျက်ပေါ်လာသည်။

အမဲသားကိုကားထဲထားလိုက်သည်။

အားလုံးဆီးနှင်းအမဲသားချည်းပင်။ အပြင်လောကတွင် ဆီးနှင်းအမဲသား ၅၀၀ ဂရမ်ကို ယွမ် ၁၀၀၀၀ ပေးရသည်။

ကားထဲတွင် ဆီးနှင်းအမဲသားကတ်တီ ၂၀၀ ကျော်ထည့်ထားသည်ကိုတွေ့နိုင်သည်။ လက်ရှိစျေးကွက်ပေါက်စျေးအရ ယွမ် ၂ သန်းကျော်ရှိနိုင်သည်။

အားလုံး အရည်အသွေး ၁ ချည်း။

နောက်ပြီး ကားထဲတွင်ဆန်အိတ်များလည်းရှိသည်။

အားလုံးရှန်းရွှေလက်ဆောင်ဆန်များဖြစ်ပြီး အရည်အသွေး ၁ ဖြစ်သည်။

သို့သော် ထိုအိတ်ကိုသာမန်ဆန်အိတ်နှင့်အစားထိုးလဲလှယ်ပြီး စနစ်ဆန်အိတ်ပေါ်တွင်ရေးထားသလို'ရှန်းရွှေလက်ဆောင်ဆန်'ဟူသောစာလုံးမပါချေ။



ထို့အပြင် အရည်အသွေး ၂ ဖရဲသီး၊ အရည်အသွေး ၂ အလှအပသခွားသီးနှင့် အရည်အသွေး ၁ ဟင်းသီးဟင်းရွက်များလည်းပါသည်။

ဒါတွေအားလုံး လီဖေးအတွက်ပြင်ထားခြင်းပင်။

မနေ့ကလီဖေးရောက်လာပြီး ကုန်ထောက်ပံ့ပေးဖို့တောင်းဆိုစဉ်က သူ့ကိုမငြင်းဘဲအတွေးများအောင်လုပ်ထားခဲ့သည်။

ပထမဆုံးအနေနှင့် လီဖေးကိုကိုယ်ချင်းစာသည်။

ဘာပဲဖြစ်ဖြစ် လီဖေးအကြောင်းကောလာဟလတွေက အနည်းနဲ့အများဆိုသလို သူနဲ့ဆိုင်နေသည်။ လောင်ချန်တို့ပြောတိုင်း သူမှားနေသလိုခံစားရသည်။

ဒုတိယအနေနှင့် သူလည်းပုံစံအသစ်စမ်းကြည့်ချင်သည်။

ချင်းလင်ဓာတ်ခွဲခန်းစမ်းသပ်စိုက်ခင်းတွင် အထူးမြေကြီးသုံးပြီး မျိူးစိတ်ပြောင်းသီးနှံများတိုးတိုးလာသည်။ အများစုကိုမြှင့်တင်မည့်အစား ချင်းလင်စံအိမ်တွင်တန်းစိုက်ပျိုးသည်။

တစ်နည်းဆိုရသော် ချင်းလင်စံအိမ်မှာသာ ဒီပစ္စည်းတွေရှိသည်။ ရှေ့လျှောက်ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်သည်။ စံအိမ်လိုအပ်ချက်ထက်ပိုသည့်အပြင် အကြွင်းအကျန်တွေရှိလိမ့်မည်။

အရည်အသွေး ၁ ဟင်းသီးဟင်းရွက်ကို သာမန်ဟင်းသီးဟင်းရွက်အဖြစ်မရောင်းနိုင်။ တန်ဖိုးအရ သာမန်လူတွေမကြာခဏမစားနိုင်၍ လီဖေး၏ဇိမ်ခံပစ္စည်းများလိုအဆင့်မြင့်စားသောက်ကုန်ဆိုင်ကိုဖြည့်ဆည်းပေးနိုင်သည်။

ဒီလိုနှင့် ဒီဟင်းသီးဟင်းရွက်တွေ အထက်တန်းအသိုင်းအဝိုင်းမှာပြန့်နှံ့ပြီး ချင်းလင်စံအိမ်ဂုဏ်သတင်းကိုတခြားနည်းနှင့်တက်စေလိမ့်မည်။

အထာကျအောင် အဆင့်မြင့်အစားအစာပမာဏအရမ်းများလို့မဖြစ်။ မြို့ကြီးတွင်ရှိရမည်ဖြစ်ပြီး တစ်မြို့စီ၏အဆင့်မြင့်စားသောက်ကုန်ဆိုင်တစ်ဆိုင်တွင်သာထားမည်။

အခုလီဖေး၏ဇိမ်ခံပစ္စည်းများကိုအစမ်းသဘောအသုံးချရမည်။

ချင်လင်က ပစ္စည်းကားတစ်စီးတိုက်ကို ချင်းလင်စံအိမ်ကားပါကင်ဟောင်းဆီမောင်းလာပြီး လီဖေးကိုဖုန်းဆက်ခေါ်လိုက်သည်။

ချင်လင်ဖုန်းဆက်သည်နှင့် လီဖေးကကားပါကင်အပြေးရောက်လာသည်။



"လူကြီးမင်းလီ... ကားထဲမှာခင်ဗျားအတွက်ပြင်ထားပါတယ်... အထဲသွားကြည့်လိုက်ပါ''

ချင်လင်ကပြောသည်။

လီဖေးကပြုံးရွှင်ပြီး ကားထဲဝင်ကြည့်သည်။

ကားထဲဝင်ဝင်ချင်း သူအံ့ဩသွားသည်။

အဆင့်မြင့်စားသောက်ကုန်ရောင်းသူဖြစ်၍ ကားထဲမှဟင်းသီးဟင်းရွက်အရည်အသွေးက အရမ်းမြင့်ကြောင်း သူသိသည်။ သူ့ဆိုင်တွင် ၅၀၀ ဂရမ်ယွမ် ၅၀ ထက်နည်းတာမရှိ။

သူစိတ်အဝင်စားဆုံးက ဆီးနှင်းရောင်ထွက်နေသောအမဲသားပင်။

မဖြစ်နိုင်တာ?

"ဥက္ကဌချင်... ဒါတွေအကုန် ဆီးနှင်းအမဲသားလား?''

လီဖေးကသေချာသိသော်လည်း ကားအပြင်ခေါင်းပြူပြီး ချင်လင်ကိုမေးလိုက်သည်။

"အင်း!''

ချင်လင်ကမငြင်းဘဲခေါင်းညိမ့်ပြသည်။

"ဒီအမဲသားက ပေါင် ၂၀၀ ကျော်တယ်မလား?''

လီဖေးကမယုံနိုင်ပုံနှင့်မေးသည်။

ဒါတွေအားလုံး ဆီးနှင်းအမဲသား။ ဒါတွေရဖို့ဘယ်လောက်ခက်လဲ သူသိသည်။ ကုန်များများရအောင် သူ့အဆက်အသွယ်တွေကိုအားကိုးသော်လည်း နည်းနည်းလေးသာရသည်။

အခုတော့ သူ့ရှေ့မှာအများကြီးရှိနေပါလား?

တစ်ခါတည်း ဆီးနှင်းအမဲသားကတ်တီ ၂၀၀ ကျော်တဲ့။ ဘယ်အဆင့်မြင့်စားသောက်ကုန်ဆိုင်မဆို ပါးစပ်အဟောင်းသားနှင့်အံဩကုန်လိမ့်မည်။

လီဖေးအံ့ဩနေစဉ် ချင်လင်က_

"ဆန်ကိုတစ်ချက်ကြည့်လိုက်ပါဦး!''

လီဖေးကအမှတ်တမဲ့ဆန်အိတ်နားသွားပြီး တစ်အိတ်ဖွင့်လိုက်သည်။ လက်တစ်ဆုပ်စာယူကြည့်ပြီးနောက် သူ့မျက်လုံးများပြူးကျယ်သွားကာ_

"ဒါရှန်းရွှေလက်ဆောင်ဆန်လား?''

သူမမှားနိုင်။ သူတစ်သုတ်ရထားတာမကြာသေး။ တစ်ထပ်တည်းတူနေသည်။

ဒါပေမဲ့ အကုန်ရှန်းရွှေလက်ဆောင်ဆန်သာဆိုရင် ဒီလိုအိတ်လိုက်တွေမြင်ပြီး အသက်ရှူမှားသွားနိုင်သည်။

ရှန်းရွှေလက်ဆောင်ဆန်က ဆီးနှင်းအမဲသားရဖို့လောက်မလွယ်။

တစ်ကြိမ်တစ်ကြိမ် နည်းနည်းသာရသည်။ ဒါပေမဲ့ အခုတော့ ဆယ်အိတ်ကျော်ပုံထပ်နေသည်။

ကုန်ပြန်ဖြည့်နေရသလိုပင်။

ဒါပေမဲ့ ဘယ်တုန်းကစပြီး ရှန်းရွှေလက်ဆောင်ဆန်ကို ဒီလိုဝယ်နိုင်သွားတာလဲ?

လီဖေးမယုံနိုင်။ သူကတစ်အိတ်ချင်းဖွင့်ကြည့်ရာ အားလုံးရှန်းရွှေလက်ဆောင်ဆန်များဖြစ်နေလေသည်။

သူ့တစ်ကိုယ်လုံးကျောက်ရုပ်ဖြစ်သွားသည်။

သူက အဆင့်မြင့်စားသောက်ကုန်လုပ်ငန်းလုပ်တဲ့သူ။ ဒါသူရဖို့ခက်တဲ့ပစ္စည်းတွေဆိုပေမဲ့ ဥက္ကဌချင်ကအလကားရနေသလိုပင်။

ထို့နောက် သူကအသက်ရှူမှားနေသည့်ကြားက_

"ဥက္ကဌချင်... ဒါတွေက.. ဘုရား ဘုရား?''

ချင်လင်ကပြုံးပြီး_

"လူကြီးမင်းလီ... ကျွန်တော်ဒါတွေဖြည့်ပေးမှာပါ... ရှေ့လျှောက်ထပ်ရရင် အသိပေးမယ်... ဒါပေမဲ့ တောင်းဆိုစရာရှိတယ်''

"ဥက္ကဌချင် ပြောပါ... ဥက္ကဌချင်ပြောတဲ့အတိုင်းလုပ်မယ်''

လီဖေးက လေးစားသံနှင့်အမြန်ပြောလိုက်သည်။

"ဆီးနှင်းအမဲသားရောင်းရင် ချင်းလင်အမဲသား... ရှန်းရွှေလက်ဆောင်ဆန်ရောင်းရင် ချင်းလင်ဆန်ဆိုပြီးဘရန်းတပ်မယ်''

ချင်လင်ကပြောသည်။

လီဖေးအံ့ဩသွားသည်။ သူကတစ်ခုခုတွေးမိပြီး တအံ့တဩမေးသည်_

"ဥက္ကဌချင်... အမဲသားနဲ့ဆန်ကို ဥက္ကဌချင်ထုတ်ထားတာလား?''

"လူကြီးမင်းလီမှန်ပါတယ်''

ချင်လင်ကမငြင်း။

ရှန်းရွှေလက်ဆောင်ဆန်ကို ကျယ်ကျယ်ပြန့်ပြန့်စိုက်နေပြီ။ ရိတ်သိမ်းပြီးရင် ရှန်းရွှေလက်ဆောင်ဆန်ဟုမခေါ်တော့ဘဲ ချင်းလင်ဆန်ဟုခေါ်မည်။

အထက်လူတွေကအထူးအော်ဒါမှာရင် ချင်းလင်လက်ဆောင်ဆန်ဖြစ်သွားမည်။



All Chapters