အံ့ဩစရာ ချင်းလင်အမဲသားနဲ့ချင်းလင်ဆန်! ၂
Vol. 49 Ch. 722
ဒီတော့ အခုကစပြီး သူ့ဂုဏ်သတင်းကအပြင်လောကကိုပြန့်ပြီ။
နောက်ပြီး ဟင်းသီးဟင်းရွက်လည်းအတူတူပင်။ မော်ဒန်နည်းပညာနှင့် ဂိမ်းထဲမှယူလာသောဟင်းသီးဟင်းရွက်တစ်သုတ်မှာ နှစ်အကုန်တွင်မျိုးစေ့ချနိုင်တော့မည်။
လီဖေး ဘာပြောရမှန်းလုံးဝမသိတော့။
အံ့ဩစရာကောင်းလွန်းသည်။
ဆီးနှင်းအမဲသား၊ ရှန်းရွှေလက်ဆောင်ဆန်၊ ဘယ်ဟာဖြစ်ဖြစ် အဆင့်မြင့်စားသောက်ကုန်လုပ်ငန်းမှာ ရှားပါးပြီးခေါင်ခိုက်နေတဲ့စျေးနဲ့ရောင်းကြတာမလား?
ဘယ်အဆင့်မြင့်စားသောက်ကုန်ဆိုင်မှ ဒီပစ္စည်းတွေကို ၁၀၀% အာမခံရနိုင်သည်ဟုမပြောနိုင်သလောက်ပင်။
သူဌေးတွေစားချင်ရင်တောင် စျေးကွက်ထဲမှာပစ္စည်းရှိမရှိကြည့်ရဦးမည်။
အခုဒီဥက္ကဌချင်က ဘာလုပ်နေတာလဲ? ဒီပစ္စည်းနှစ်မျိုးကိုကိုယ်တိုင်ဖန်တီးပြီး ကိုယ်ပိုင်ဘရန်းတောင်တပ်ချင်သတဲ့။
ဒါဘယ်လောက်အံ့ဩစရာကောင်းမှန်း သူအသိ။
ရှန်းရွှေလက်ဆောင်ဆန်အကြောင်းက ပြောစရာမလိုတော့။ သုတေသနတက္ကသိုလ်အတော်များများ ပျိုးထောင်ဖို့ကြိုးစားခဲ့ပြီး လောင်ယွမ်ကိုယ်တိုင်အဖွဲ့ကိုဦးဆောင်ခဲ့သော်လည်း ကျရှူံးခဲ့သည်။
အမဲသားအကြောင်းကရှင်းနေပြီ။ ဂျပန်နိုင်ငံကထိန်းချုပ်ထားခြင်းကြောင့် သူတို့နိုင်ငံတွင် ဒီလိုပစ္စည်းမျိုးမရှိချေ။

အခုတော့ ဥက္ကဌချင်မှာ နှစ်ခုလုံးရှိနေသည်။ ဒီပစ္စည်းနှစ်မျိုးလုံးကိုအမှန်တကယ်ဖန်တီးနိုင်ခဲ့သည်။
နောက်ဆုံး ချင်းလင်စံအိမ်ကဘယ်လိုပြန်လာမှန်း လီဖေးမမှတ်မိတော့။ သူ့စိတ်ထဲမှာအံ့ဩလွန်း၍ကြောင်နေသည်။ သို့သော် သူ့ပစ္စည်းများကိုအပါသယ်လာနိုင်သေးသည်။
အမဲသားနှင့်ဆန်ကို စျေးကွက်ထဲကဆီးနှင်းအမဲသားနှင့်ရှန်းရွှေလက်ဆောင်ဆန်ဝယ်စျေးအတိုင်းပေးရသည်။
မင်မြို့တော်ပြန်ရောက်ရောက်ချင်း လီဖေးကအရင်ဆုံး ကျင်းယွမ်ကုန်သည်အဆောက်အဦးဆီသွားလိုက်သည်။
ကျင်းယွမ်ကုန်သည်အဆောက်အဦးမှာ မင်မြို့တော်တွင်အကြီးဆုံးကုန်သည်အဆောက်အဦးဖြစ်သည်။ သူ့ဇိမ်ခံပစ္စည်းများကလည်း မင်မြို့တော်တွင်အကြီးဆုံးအဆင့်မြင့်စားသောက်ကုန်ဆိုင်ဖြစ်သည်။
သူ့စားသောက်ဆိုင်သို့ VIP ဧည့်သည်များသာဝင်နိုင်ပြီး လူတိုင်းလူတိုင်းက မင်မြို့တော်မှလူချမ်းသာများဖြစ်လေသည်။
လီဖေးကဇိမ်ခံပစ္စည်းဆိုင်ပြန်ရောက်သောအခါ ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်အမျိုးသမီးတစ်ဦးက သူ့အနားရောက်လာပြီး_
"ယောက်ျား... ပစ္စည်းတွေရော?''
သူမကလီဖေးရဲ့ဇနီး လင်းဟိုင်ရန်ပင်။
ပုံမှန်အတိုင်းဆို လီဖေးက ရွှေနှင့်မြဇိမ်ခံပစ္စည်းများလိုက်လံဝယ်ယူသူဖြစ်ပြီး သူမကစီမံရေးမန်နေဂျာလုပ်သည်။
လီဖေးဖုန်းဆက်ထား၍ သူမယောက်ျားကပစ္စည်းကောင်းတွေအများကြီးပါလာမှန်းသိသည်။
"ကားနောက်ဖုံးထဲမှာ''
လီဖေးကပြောသည်_
"ပစ္စည်းသယ်ခိုင်းထားတယ်''
ခဏအကြာ_

ဟင်းသီးဟင်းရွက်အများကြီးရောက်လာသည်။
သေချာထုပ်ပိုးထားသောအမဲသားများ၊ ဆန်အိတ်များလည်းပါသည်။
လီဖေးက လင်းဟိုင်ရန်အား_
"အချစ်... အမဲသားနဲ့ဆန်ကိုကြည့်ပါဦး''
လင်းဟိုင်ရန်ကရှေ့တိုးပြီးစူးစမ်းလိုက်သည်။ ဒီအလုပ်မှာ သူမယောက်ျားနှင့်အတူတူလုပ်ခဲ့သဖြင့် ကောင်းကောင်းကြည့်တတ်သည်_
"ဒါတွေအကုန် ဆီးနှင်းအမဲသားနဲ့ရှန်းရွှေလက်ဆောင်ဆန်လား?''
လီဖေးကချက်ချင်းခေါင်းခါလိုက်ပြီး_
"ချင်းလင်မွေးမြူရေးခြံက... အမဲသားက ချင်းလင်အမဲသား... ဆန်က ချင်းလင်ဆန်''
"ရှင်ပြောတာ အမှန်ပဲလား?''
လင်းဟိုင်ရန်ကမသေချာသလိုမေးသည်။
တစ်ချိန်တည်းမှာ ဆီးနှင်းအမဲသားနှင့်ရှန်းရွှေလက်ဆောင်ဆန်ကိုထုတ်နိုင်သူရှိသူဟုကြားဖူးတာ ဒါပထမဆုံးပင်။ ကိုယ်ပိုင်ဘရန်းနှင့်အော်ဒါပေးသည်တဲ့။
"အင်း.. အမှန်ပဲ''
လီဖေးက အသေအချာပြောလိုက်ပြီး_
"အရင်ဆုံး အမဲသားနဲ့ဆန်ကိုချက်လိုက်... တို့ကိုယ်တိုင်မြည်းကြည့်ရအောင်''
လင်းဟိုင်ရန်ကခေါင်းညိမ့်ပြီး ချက်ချင်းဓားတစ်ချောင်းယူကာ အမဲသားကိုလှီး၍ ဆန်နည်းနည်းယူလိုက်သည်။ ထို့နောက် စတင်လုပ်ကိုင်တော့သည်။
သူမကိုယ်တိုင်ကလည်း လက်ရာအရမ်းကောင်းသူဖြစ်သည်။ ဇိမ်ခံပစ္စည်းဆိုင်ထဲတွင် အထူးဆောက်ထားသောစားဖိုဆောင်လေးရှိသည်။

ချင်းလင်အမဲသားနဲ့ချင်းလင်ဆန်ချက်ဖို့သိပ်မကြာလိုက်။
လီဖေးနဲ့လင်းဟိုင်ရန်က လက်နှေးမနေဘဲ ပြင်ဆင်ထားသောဓားနှင့်ခက်ရင်းကိုင်ပြီး အမဲသားစလှီးသည်။
သူတို့နှစ်ဦးက အမဲသားကိုအစိတ်စိတ်လှီးပြီး ပါးစပ်ထဲထည့်လိုက်သည်။
အရည်အသွေး ၁ ဆီးနှင်းအမဲသားဆိုသော်လည်း အရသာ +၁ နှင့် စားကောင်းခြင်း +၁ အရည်အသွေးရှိ၍ သာမန်ဆီးနှင်းအမဲသားမယှဉ်နိုင်ပေ။
တစ်တုံးစားပြီးနောက် သူတို့လင်မယားကအမှတ်တမဲ့နောက်တစ်တုံးကောက်ပြီး ပါးစပ်ထဲထည့်လိုက်ပြန်သည်။
"ယောက်ျား... ဒီချင်းလင်အမဲသားက ဆီးနှင်းအမဲသားထက်ပိုပြီးအရသာရှိနေပါလား''
လင်းဟိုင်ရန်က ပလုတ်ပလောင်းစားပြီး မပြောဘဲမနေနိုင်တော့။
လီဖေးကခေါင်းညိမ့်လိုက်ပြီး_
"အင်း... အဲဒီဥက္ကဌချင်က အံ့ဩဖို့ကောင်းလိုက်တာ... သူတို့မွေးတဲ့ချင်းလင်အမဲသားက တို့ရတဲ့အမဲသားထက်တောင်ပိုကောင်းတယ်... သူတို့သာအကြီးအကျယ်မွေးနိုင်ရင် ရှေ့လျှောက်ဂျပန်နိုင်ငံက ဆီးနှင်းအမဲသားရှိတော့မှာမဟုတ်ဘူး''
"ချင်းလင်ဆန်စားကြည့်ရအောင်''
လီဖေးကပြောပြောဆိုဆို ထမင်းအိုးဖွင့်လိုက်သည်။ အငွေ့ထွက်လာပြီး အမွှေးနံ့ပါပြန့်လာသည်။
ဆန်အမွှေးနံ့ကြောင့် ချင်းလင်ဆန်ကရှန်းရွှေလက်ဆောင်ဆန်ထက် ပိုအရသာရှိမည်မှန်းသဘောပေါက်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်မှာ ဒီလိုအမွှေးနံ့မျိုးမရှိ။
စားကြည့်ပြီးနောက် ချင်းလင်ဆန်ကရှန်းရွှေလက်ဆောင်ဆန်ထက်ပိုအရသာရှိကြောင်းသိသွားသည်။ တစ်လုတ်စားပြီး နောက်တစ်လုတ်မစားဘဲမနေနိုင်။
နှစ်ယောက်လုံးရှန်းရွှေလက်ဆောင်ဆန်စားဖူးသည်။ အရသာကောင်းသော်လည်း ချင်းလင်ဆန်ကိုမမီချေ။
ချင်းလင်ဆန်နှင့်အမဲသားကိုမြည်းကြည့်ပြီးနောက် နှစ်ယောက်သားကချက်ချင်းလက်ငင်းပင် စင်ပေါ်ပစ္စည်းအားလုံးတင်ပြီး တံဆိပ်တပ်ခိုင်းသည်။ နောက်ဆုံး ဟင်းသီးဟင်းရွက်များ၊ ချင်းလင်ဆန်နှင့်ချင်းလင်အမဲသားကိုဓာတ်ပုံရိုက်ရန် ဓာတ်ပုံဆရာရှာလိုက်သည်။
ထို့နောက် လီဖေးကစကြော်ငြာသည်။
စားသောက်ကုန်ရောက်လာသည်နှင့်ရောင်းရမည်။ နောက်ပြီး ဇိမ်ခံပစ္စည်းလုပ်ငန်းကြာပြီဖြစ်၍ သူ့နည်းသူ့ဟန်ကြော်ငြာနည်းရှိသည်။ ထို့ကြောင့် အချိန်လွန်သည်နှင့် မင်မြို့တော်လူချမ်းသာအသိုင်းအဝိုင်းက သူယူလာသောအဆင့်အတန်းမြင့်ကုန်များအကြောင်း သိသွားကြသည်။
ထိုလူချမ်းသာများစိတ်အဝင်စားဆုံးက ချင်းလင်ဆန်နှင့်ချင်းလင်အမဲသားပင်။ မင်မြို့သားများက 'ချင်းလင်'ဆိုသောနာမည်မှာသာမန်မဟုတ်ကြောင်း သဘောပေါက်သည်။
ချင်းလင်အမဲသားက တစ်ဂရမ်ယွမ် ၃၀၊ ချင်းလင်ဆန်က ၅၀၀ ဂရမ်ယွမ် ၁၅၀၀ နှင့် သာမန်ဆီးနှင်းအမဲသား၊ရှန်းရွှေလက်ဆောင်ဆန်ထက်စျေးကြီးမှန်းသိပြီးနောက် အံ့ဩကုန်သည်။
သို့ရာတွင် လူချမ်းသာများက စျေးကြီးမှန်းသိရင်တောင်စမ်းကြည့်ဦးမည်။ ဇိမ်ခံပစ္စည်းဝယ်နိုင်သူများက ငွေမရှားပေ။