← Chapters

အံ့ဩစရာ ချင်းလင်အမဲသားနဲ့ချင်းလင်ဆန်! ၃

Vol. 49 Ch. 723

အံ့ဩစရာ ချင်းလင်အမဲသားနဲ့ချင်းလင်ဆန်! ၃

Vol. 49 Ch. 723

ထို့ကြောင့် ချင်းလင်ဆန်နှင့်ချင်းလင်အမဲသားမှာ မင်မြို့တော်လူချမ်းသာအသိုင်းအဝိုင်း၏မီးဖိုချောင်ထဲ မြန်မြန်ဆန်ဆန်ရောက်သွားလေသည်။

မင်မြို့တော်လူချမ်းသာအသိုင်းအဝိုင်းတွင် စားကြပြီးနောက် ချင်းလင်ဆန်နှင့်ချင်းလင်အမဲသားဒဏ္ဍာရီကစပြန့်သွားလေသည်။ ထိုအစားအစာများက ဆီးနှင်းအမဲသားနှင့်ရှန်းရွှေလက်ဆောင်ဆန်ထက်ပိုကောင်းသည်။

မျက်စိတစ်မှိတ်အတွင်း တစ်ပတ်ကုန်သွားပြန်သည်။

ချင်လင်အပန်းဖြေစံအိမ်ရောက်ရောက်ချင်း လီခိုင်ကလာရှာပြီး_

"ညီလေးချင်... သတင်းကောင်းနဲ့သတင်းဆိုးရှိတယ်... ဘယ်ဟာအရင်နားထောင်ချင်လဲ?''

"အစ်ကိုလီ... ဒီကစားနည်းတတ်ထားပြီပေါ့... သတင်းကောင်းကဘာလဲ?''

ချင်လင်ကပြုံးပြီးမေးလိုက်သည်။

လီခိုင်ကရှင်းပြသည်_

"သတင်းကောင်းက ငါတို့အရင်ကစိုက်ထားတဲ့သန့်စင်မြက်က ကောင်းကောင်းဖြစ်နေပြီ... အခြေအနေကြည့်ရတာ မကြာခင်မျိုးစေ့ရတော့မယ်... ဒီသန့်စင်မြက်တစ်သုတ်က မျိုးစေ့အလုံအလောက်ရရင် ကျယ်ကျယ်ပြန့်ပြန့်စိုက်နိုင်ပြီ''

"ကြီးနေပြီလား?''

ချင်လင်က ထိုသတင်းကြားပြီး နည်းနည်းအံ့ဩသွားသည်။ သန့်စင်မြက်ကအကြီးမြန်မှန်းသိသော်လည်း အရမ်းမြန်နေသည်။

"အစ်ကိုလီ... သတင်းဆိုးကရော?''

သူကမေးလိုက်သည်။

လီခိုင်က စိတ်ရှုပ်သွားပြီး_

"ညီလေးချင်... အဲဒါမင်းကြောင့်ပဲ... သန့်စင်မြက်မျိုးစိတ်ပြောင်းတာ မင်းမှသတိမထားမိဘဲ... မင်းအကုန်ရှင်းပစ်လို့ ဒီတစ်ခါသန့်စင်မြက်အသစ်ရဲ့အာနိသင်က အရင်လောက်မထက်တော့ဘူး''

ပျိုးထောင်ပြီးရင် အရည်အသွေးကျဆင်းသွားမည်မှန်း ချင်လင်သိသည်။

သို့ရာတွင် သူစောစောတွေ့ခဲ့သောဆင်​ခြေကိုသာ အပြစ်ပုံချရတော့မည်ထင်သည်။

"အစ်ကိုလီ... တစ်ချက်သွားကြည့်ရအောင်!''

ချင်လင်ကပြောပြီး ရုံးခန်းထဲမှထွက်ကာ သန့်စင်မြက်သီးသန့်စိုက်ခင်းထဲသို့ လီခိုင်နှင့်အတူသွားလိုက်သည်။

နီးလေလေ ပတ်ဝန်းကျင်လေကအရမ်းကောင်းလာမှန်း သူခံစားမိသည်။



ကားမောင်းဝင်လာသောအခါ ပန်းရောင်နှင့်အစိမ်းရောင်လောကကြီးက မြင်ကွင်းထဲရောက်လာသည်။ သန့်စင်မြက်ခင်းကျယ်ကြီးပင်။

သန့်စင်မြက်မျိုးစေ့အမြောက်အများထွက်ပြီး အကြီးအကျယ်စိုက်နိုင်လိမ့်မည်။

သန့်စင်မြက်ခင်းပြင်ထဲဝင်ပြီးနောက် လီခိုင်က_

"ဒါနဲ့... ဝန်ကြီးလုနဲ့ပါမောက္ခရန်လည်း သန့်စင်မြက်အကြောင်း အရမ်းသိချင်နေတယ်... မနေ့ကဖုန်းဆက်မေးတယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူကသူ့ရှေ့မှသန့်စင်မြက်ကိုစူးစမ်းပြီး တစ်အုံနှုတ်ကာ ချင်းလင်အပန်းဖြေစံအိမ်ပြန်ယူလာသည်။

ရုံးခန်းထဲပြန်ရောက်သောအခါ တစ်ခုခုတွေးမိပြီး သန့်စင်မြက်နှင့်ဂိမ်းထဲဝင်လိုက်သည်။

"သန့်စင်မြက်: အရည်အသွေး ၁''

(အထူးရွှေ့ပြောင်းမြက်တစ်မျိုးဖြစ်သည်။ အလင်းအစာချက်ပြီး အထူးအာနိသင်ရှိသည့်အထူးဓာတ်ငွေ့တစ်မျိုးထုတ်နိုင်သည်။ သန့်စင်မြက်မှာ ပတ်ဝန်းကျင်လေကိုသန့်စင်ပေးနိုင်ခြင်း +၁ အပြင် ကြည့်ပျော်ရှုပျော်လည်းရှိသည်:

အဆင်း +၁၊ ကြည့်ကောင်းခြင်း +၁၊ ဆွဲဆောင်မှု +၁၊ ဓာတ်ပုံစားခြင်း +၁!)

ထင်တဲ့အတိုင်း အာနိသင်ကပိုလျော့ပြီး အရည်အသွေးကျသွားသည်။

သို့ရာတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်နိုင်သရွေ့ လေသန့်စင်ပေးနိုင်သောအရည်အသွေး +၁ ရှိရင် အချိန်နှင့်အမျှ အာနိသင်ကလုံးဝကောင်းလာလိမ့်မည်။

အရည်အသွေး ၁ သန့်စင်မြက်တစ်ပင်က အရည်အသွေး ၂ သန့်စင်မြက်တစ်ပင်ထက်ပိုမကောင်းနိုင်ပေမဲ့ ၁၀ ပင်ထက်ပိုကောင်းဖို့တော့ မဖြစ်နိုင်ဘူးမလား?

ချင်လင်လည်း ဂိမ်းထဲမှထွက်လိုက်သည်။

တစ်ချိန်တည်းတွင်_

ရုံချန်းကလည်း ထူးခြားသောလူတစ်ဦးကိုကြိုဆိုနေသည်။

ကားထဲမှသက်လတ်ပိုင်းလူတစ်ဦးက ရုံချန်းထဲဝင်သောအချိန်တွင် ကိရိယာတစ်ခုကိုဖွင့်လိုက်သည်။



နောက်ဆုံးပေါ် AQI စမ်းသပ်ကိရိယာဖြစ်ပြီး ပတ်ဝန်းကျင်လေအရည်အသွေးကို တိတိကျကျစမ်းသပ်နိုင်သည်။

သက်လတ်ပိုင်းအမျိုးသားက လမ်းဘေးမှလူတစ်ယောက်ကြောင့် ကားရပ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်အပြင် ကိရိယာလှမ်းပေးပြီး စတင်စမ်းသပ်လိုက်သည်။

ခဏအကြာ ကိရိယာပေါ်မှနံပါတ်ကခုန်တက်ပြီး နောက်ဆုံး ၅၈ တွင်ရပ်သွားသည်။

"လေကကောင်းလိုက်တာ''

သက်လတ်ပိုင်းအမျိုးသားက နံပါတ်ကြည့်ပြီး မျက်မှောင်နည်းနည်းကြုတ်ကာ ဝန်ကြီးလုကိုပြောလိုက်သည်_

"ဝန်ကြီးလု... ရုံချန်းမှာ ကျုပ်တို့လိုအပ်တာရှိပါ့မလား? ကမ္ဘာလုံးဆိုင်ရာလေဂေဟစနစ်နည်းပညာအစည်းအဝေးက စတော့မှာ''

ဘေးမှဝန်ကြီးလုကပြုံးပြီး_

"ဝန်ကြီးကျင်း... မပူပါနဲ့... ချင်းလင်အပန်းဖြေစံအိမ်ကိုသွားရအောင်... ခင်ဗျားအဲဒီရောက်ရင်သိမှာပေါ့''

"ခင်ဗျားကတော့ သိချင်စိတ်ဖြစ်အောင်လုပ်ဖို့တတ်တယ်နော်''

ဝန်ကြီးကျင်းက သူ့လူများကိုကားဆက်မောင်းခိုင်းလိုက်သည်။

သူက ပေကျင်းလေထုထိန်းသိမ်းရေးတာဝန်ခံဖြစ်ပြီး လေသန့်စင်ရေးကတစ်ခုအပါအဝင်ဖြစ်သည်။ ယခုနှစ်ပေကျင်းလေသန့်စင်ရေးကုန်ကျစရိတ်က ဘီလီယံ ၁၀ သန်းအထိရှိပြီး ယခင်နှစ်ထက်စာလျှင် ၃ သန်းတိုးလာသည်။

သို့ရာတွင် ယခင်နှစ်အောင်မြင်မှုကအနည်းဆုံးဖြစ်ကြောင်းရှင်းနေပြီ။

ကုမ္ပဏီအသီးသီးကပေးသောအရည်အသွေးမြင့်လေသန့်စင်စက်များမှာ သိပ်ထိရောက်ပုံမပေါ်။ ငွေအကုန်အကျခံသော်လည်း လေထုအခြေအနေကိုတည်ငြိမ်ရုံသာထားနိုင်ပြီး တိုးတက်မလာချေ။

လုပ်ငန်းလေလံဆွဲမည့်ရက်ရောက်တော့မည်ဖြစ်သော်လည်း ဒီကုမ္ပဏီတွေလေလံပြန်ဆွဲရင် အရင်နှစ်များလို ရလဒ်ကအလွန်ဆုံးတူရုံသာရှိမည်။

အထူးသဖြင့် ယခုနှစ်ကမ္ဘာလုံးဆိုင်ရာလေဂေဟစနစ်နည်းပညာအစည်းအဝေးကို ပေကျင်းတွင်ကျင်းပတော့မည်။

ထိုအစည်းအဝေးကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းက လေအရည်အသွေးဆိုင်ရာပြဿနာများဆွေးနွေးရန်၊ဖြေရှင်းရန်အဆိုပြုခဲ့ခြင်းဖြစ်သည်။

မည်သို့ဆိုစေ ကမ္ဘာတစ်ဝှမ်းလေအရည်အသွေးက ဆိုးသည်ထက်ဆိုးလာပြီး မြို့ကြီးအတော်များများတွင် မှုန်မှိုင်းမှိုင်းဖြစ်နေသည်။

မူလရည်ရွယ်ချက်ကကောင်းသော်လည်း ဟိုရှီနိုကောင်များကဦးနှောက်ကြောင်နေ၍ တမင်သက်သက်ပြဿနာဖန်တီးကြရာ တဖြည်းဖြည်းအရည်အချင်းပြိုင်ပွဲတစ်ခုဖြစ်လာသည်။

အတူတူဆွေးနွေး၊ အချက်အလက်ပြောင်းလဲပြီး လေကိုထိန်းသိမ်းကြရင် ပိုမကောင်းဘူးလား?

ယခုအခါ သုတေသနရလဒ်တစ်ခုထွက်တိုင်း ဘယ်သူမဆိုဖုံးကွယ်ထားကြလိမ့်မည်။ အစည်းအဝေးလုပ်မှထုတ်ကြွားပြီး ဒီအပိုင်းမှာသူတို့နိုင်ငံကပိုတော်ကြောင်းသက်သေပြကြမည်။

ဒီတစ်ကြိမ် ရှင်းကျန့်တယ်က နည်းပညာပိုင်းအောင်မြင်မှုရထားပြီး သူတို့ကိုအရှက်ခွဲချင်ကြောင်း ကိုယ်စားလှယ်အဖွဲ့ထံမှကြားထားသည်။

ဆွေးနွေးပွဲကဒီလိုဖြစ်နေရင် ဒီတည်ရှိမှုကအဓိပ္ပါယ်မရှိတော့သလိုခံစားလာရမည်။

တချို့ရည်ရွယ်ချက်ကောင်းကောင်းတွေကိုအရှုပ်ထုပ်တွေနှင့်ရောမမွှေသင့်။

ဝန်ကြီးကျင်းကတွေးရင်း သက်ပြင်းချလိုက်သည်။

ဝန်ကြီးလုပြောသလို ဒီခရီးကနေတချို့တလေရပါစေဟုသာမျှော်လင့်မိသည်။

ကားကလျင်လျင်မြန်မြန်ပင် ချင်းလင်းစံအိမ်ကားပါကင်ရောက်လာသည်။

ကားထဲမှထွက်ပြီးနောက် ဝန်ကြီးလုကဝန်ကြီးကျင်းကိုစံအိမ်ထဲလမ်းပြသည်။ သို့ရာတွင် စံအိမ်ထဲဝင်ဝင်ချင်း ဝန်ကြီးကျင်းကအမှတ်တမဲ့ရပ်လိုက်ပြီး_

"လေကဒီမှာပဲ''

"ခံစားမိလား?''

ဝန်ကြီးလုကပြုံးပြီးမေးသည်။

ဝန်ကြီးကျင်းခေါင်းညိမ့်လိုက်သည်။ လေပိုကောင်းလာတာ သူသိသိသာသာခံစားမိသည်။

ချင်လင်က ဂိမ်းထဲမှသန့်စင်မြက်ယူလာပြီး ချင်းလင်စံအိမ်တွင်ယွီရွှေ့တို့ကိုစိုက်ခိုင်းထားသောကြောင့်ပင်။

သန့်စင်မြက်က စံအိမ်မှလေကိုတချိန်လုံးသန့်စင်ပေးနေသည်။

ဝန်ကြီးလုကချက်ချင်း AQI စမ်းသပ်စက်ထုတ်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တက်လာသောနံပါတ်က သူ့ကိုအံ့ဩစေသည်။

၂၈!

တကယ့်လေအရည်အသွေးပဲ။

ဝန်ကြီးကျင်းက ဝန်ကြီးလုဘက်လှည့်ကာတအံ့တဩမေးလိုက်သည်_

"ချင်းလင်စံအိမ်ဝင်ကတည်းက ပြောင်းလဲသွားတာ... ဒါခင်ဗျားပြောတဲ့ဟာလား?''

…



All Chapters