← Chapters

ဘယ်သူကတောင်းပန်ရမှာ! ၁၀ ဘီလီယံလုပ်ငန်း!

Vol. 49 Ch. 724

ဘယ်သူကတောင်းပန်ရမှာ! ၁၀ ဘီလီယံလုပ်ငန်း!

Vol. 49 Ch. 724

ရုံချန်းလေအရည်အသွေးက ၅၈ ဆိုသော်လည်း ချင်းလင်စံအိမ်ထဲဝင်ပြီးနောက် ၃၀ ကျပြီး ၂၈ ဖြစ်သွားသည်။

ဝန်ကြီးကျင်းက လေသန့်စင်ရေးတာဝန်ခံဖြစ်၍ ဒီနံပါတ်ကဘယ်လောက်အံ့ဩစရာကောင်းလဲ သူသိသည်။

ထို့ကြောင့် ဝန်ကြီးလုအပြောကိုစောင့်နေသော်လည်း တစ်ဖက်ကထိမ်ချန်ထား၍ သူလည်းမတတ်နိုင်ပေ။

"ဘယ်လိုဖြစ်နိုင်မှာလဲ? ဝန်ကြီးကျင်း... ချင်းလင်အပန်းဖြေစံအိမ်ထဲရောက်မှပြောမယ်''

ဝန်ကြီးလုကပြုံးပြီး ချင်းလင်အပန်းဖြေစံအိမ်ဘက်လျှောက်လာသည်။

သိပ်မကြာခင် ဝန်ကြီးလုနှင့်ဝန်ကြီးကျင်း အပန်းဖြေစံအိမ်ထဲရောက်လာသည်။

ဝန်ကြီးကျင်းက အပန်းဖြေစံအိမ်ထဲဝင်ဝင်ချင်း အမှတ်တမဲ့ AQI စမ်းသပ်စက်ထုတ်ပြီးစစ်ကြည့်သည်။

အပန်းဖြေစံအိမ်ထဲဝင်ဝင်ချင်း ပြောမပြနိုင်သောလန်းဆန်းမှုက သူ့မျက်နှာကိုလာရိုက်ခတ်သည်။ သူ့တစ်ကိုယ်လုံးကမွေးညှင်းပေါက်အားလုံး အငမ်းမရလေစုပ်ယူနေကြသလိုပင်။

ခုန်တက်လာသောနံပါတ်ကြောင့် သူအံ့အားသင့်သွားသည်။

၃!

AQI တန်ဖိုးက ၃ ပဲရှိတယ်?

မယုံနိုင်စရာ။

နိုင်ငံထဲကဘယ်မြို့မှ၊ဘယ်ဖြေရှင်းနည်းမှ ဒီလိုလေအရည်အသွေးမျိုးမရမှန်း ဝန်ကြီးကျင်းသေချာသိသည်။



"ဝန်ကြီးကျင်း... အံ့ဩသွားလား? ဒီထက်ပိုအံ့ဩစရာရှိသေးတယ်... သွားစို့!''

ဝန်ကြီးလုက ရယ်သွမ်းသွေးလိုက်သည်။

ထိုသို့ပြောပြီး ဝန်ကြီးလုက ဝန်ကြီးကျင်းကို သန့်စင်မြက်ရွှေ့ပြောင်းစိုက်ထားသောအဝိုင်းထဲခေါ်သွားသည်။

ဝန်ကြီးကျင်းကသန့်စင်မြက်ကိုသတိထားမိပြီး_

"ဝန်ကြီးလု... မြက်ကဘာလို့စောင်းနေတာလဲ? ရွှေ့ပြောင်းစိုက်တာမကောင်းလို့လား?''

"စောင်းတာမစောင်းတာ စိတ်မပူသေးနဲ့ဦး''

ဝန်ကြီးလုပြုံးလိုက်သည်_

"ဒီမှာ နံပါတ်တိုင်းကြည့်''

ဝန်ကြီးကျင်းကခေါင်းညိမ့်ပြီး ကိရိယာဖွင့်ပြန်သည်။

နောက်ခဏတွင် သူ့ကိုပိုအံ့ဩစေသောနံပါတ်ထွက်လာ၏: ၁။

"ဒါ...''

ဝန်ကြီးကျင်းက နံပါတ်ကိုမယုံနိုင်။

ဝန်ကြီးလုကမေးလိုက်သည်_

"အံ့ဩသွားလား? ၁ ဆိုတာ ကိရိယာကအနိမ့်ဆုံးစမ်းသပ်နိုင်တဲ့ကိရိယာက ၁ မလို့... မဟုတ်ရင် တန်ဖိုးကပိုတောင်နည်းဦးမယ်''

အမှန်ပင်။

ပုံမှန်သုံးနေကျ AQI စမ်းသပ်စက်၏အနိမ့်ဆုံးတန်ဖိုးက ၁ ဖြစ်သည်။ ၁ အောက်တန်ဖိုးကိုမစမ်းသပ်နိုင်ခြင်းကြောင့်မဟုတ်သော်လည်း မလိုအပ်သောကြောင့်ပင်။

ဘာပဲဖြစ်ဖြစ် လေအရည်အသွေးကဒီလိုဖြစ်နေမှတော့ ဒီလောက်အသေးစိတ်ကျတဲ့စမ်းသပ်မှုဘယ်လိုတော့မလဲ?

နောက်ဆုံး ဝန်ကြီးကျင်းကတန်ဖိုးမြင်ပြီးမမေးဘဲမနေနိုင်တော့_

"ဝန်ကြီးလု... တောင်းပန်ပါတယ်... လျှိုမနေပါနဲ့တော့... ဘာဖြစ်နေလဲပြောစမ်းပါ''



"အားလုံး ခင်ဗျားရှေ့ကအဲဒီပန်းပွားမြက်ကြောင့်ပဲ''

ဝန်ကြီးလုက ဂုဏ်ယူသံနှင့်_

"ဒါနဲ့... အခုသန့်စင်မြက်လို့ခေါ်နေပြီ''

"ဒီမြက်တွေ? ဘယ်လိုဖြစ်နိုင်မှာလဲ?''

ဝန်ကြီးကျင်းက သန့်စင်မြက်ကိုအမှတ်တမဲ့ကြည့်လိုက်သည်။

သူကဒီအပိုင်းတာဝန်ခံဖြစ်၍ အဆင့်မြင့်လေသန့်စင်နည်းပညာတွေအများကြီးမြင်ဖူးသည်။ ဒီလိုလေသန့်စင်မှုအာနိသင်ကောင်းသောမြက်မျိုးလုံးဝမတွေ့ဖူး။

အပင်ကအလင်းအစာချက်ပြီး အောက်စီဂျင်ထုတ်နိုင်၍ လေထုအပေါ်အာနိသင်ရှိမှန်း သူသိသည်။ သို့သော် လေအရည်အသွေးညံ့သောသံမဏိမြို့တော်တွင် ထိုအာနိသင်ကမပြောပသလောက်ပင်။

ဒါပေမဲ့ အခုဝန်ကြီးလုက ဒီလန့်လောက်စရာလေအရည်အသွေးကိုပန်းပွားမြက်ကြောင့်လို့ပြောနေတာလား?

"ဝန်ကြီးကျင်း... ဒီသန့်စင်မြက်ကိုအထင်မသေးနဲ့... ဒါပါမောက္ခလီခိုင်ရဲ့နောက်ဆုံးသုတေသနရလဒ်''

ဝန်ကြီးလုကရှင်းပြသည်။

"အံ့ရော!''

ဝန်ကြီးကျင်းကရေရွတ်လိုက်သည်_

"အပင်အလင်းအစာချက်တာကနေပြီး ဒီလိုအာနိသင်မျိုးရအောင် ထုတ်လည်းထုတ်နိုင်တယ်... မယုံနိုင်စရာပဲ... ပါမောက္ခလီခိုင်က တကယ်အံ့ဩစရာ''

"ဝန်ကြီးလု''

သူကအလောတကြီးပြောသည်_

"သူဌေးချင်ဆီလိုက်ပို့စမ်းပါ... ဒီကမ္ဘာ့လေထုအစည်းအဝေးကျရင် မျက်နှာရလိမ့်မယ်''

"သွားစို့!''

ဝန်ကြီးလုခေါင်းညိမ့်လိုက်သည်။

ချင်လင်က ဝန်ကြီးလုနှင့်ဝန်ကြီးကျင်းကိုတွေ့ပြီး အံ့ဩသွားသည်။

သူ့ဆီကို ပိုပိုအရေးကြီးတဲ့ပုံရိပ်တွေရောက်ရောက်လာပြီ။

"သူဌေးချင်... ကျုပ် ဝန်ကြီးကျင်းကိုခေါ်လာတာ... သူ့မှာ မင်းဆီတောင်းဆိုစရာရှိတယ်တဲ့''

ဝန်ကြီးလုကရှင်းပြသည်။

"သူဌေးချင်... ကျုပ်ကကမ္ဘာ့လေထုအစည်းအဝေးမှာပါဝင်ဖို့ သန့်စင်မြက်တောင်းချင်လို့ပါ''

ဝန်ကြီးကျင်းကတန်းပြောသည်။

"ဝန်ကြီးကျင်း... အဲဒီကမ္ဘာ့လေထုအ​ခြေအနေစစ်တမ်းကဘယ်လိုလဲ?''

ချင်လင်နည်းနည်းသိချင်သွားသည်။

ဝန်ကြီးကျင်းကရှင်းပြသည်_

"လွန်ခဲ့တဲ့ ၁၅ နှစ်က ကမ္ဘာ့ပတ်ဝန်းကျင်အဖွဲ့အစည်းက လေထုအခြေအနေကိုစူးစမ်းဖို့အစည်းအဝေးကျင်းပခဲ့တယ်... အစက ကောင်းတဲ့ကိစ္စပါပဲ... လူတိုင်းက လေထုပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆွေးနွေးကြတယ်''

"ဒါပေမဲ့ ဒီနှစ်တွေကျ ရှင်းကျန့်တယ်ကောင်တွေကြောင့် အခြေအနေပြောင်းသွားပြီ... ဒီလိုအစည်းအဝေးမျိုးတောင် နည်းပညာပြိုင်ပွဲဖြစ်သွားတယ်''

"ရှင်းကျန့်တယ်က ဒီအပိုင်းမှာအရည်အချင်းလည်းရှိတယ်... နောက်ထပ်လေသန့်စင်တဲ့ကိရိယာအောင်မြင်ခဲ့ပုံရတယ်... ငါတို့သုတေသနနယ်ပယ်က ၅ နှစ်ကျော်နောက်ကျကျန်ခဲ့တယ်လို့တောင်ကြေညာထားသေးတယ်''

"အဓိကက ဒီတစ်ခေါက်အစည်းအဝေးကို ငါတို့မြို့မှာကျင်းပမှာ... သူတို့ကိုမျက်နှာသာခွင့်မပေးနိုင်ဘူး... အဲဒါကြောင့် သူဌေးချင်ဆီက သန့်စင်မြက်တောင်းချင်တာ''

"သန့်စင်မြက်ရဲ့အစွမ်းကို ငါမြင်ပြီးပြီ... ဒါနဲ့ယှဉ်ရင် တခြားအရည်အသွေးတွေက ဘာမှမဟုတ်ဘူး''

ချင်လင်က ထိုစကားကြားပြီး အကြမ်းဖျင်းသဘောပေါက်သွားသည်။

လေထုပြဿနာကြောင့် ကမ္ဘာ့ပတ်ဝန်းကျင်ကဦးဆောင်ပြီး လေထုအခြေအနေကိုဆွေးနွေးရန်အစည်းအဝေးကျင်းပခဲ့သည်။

အစက အားလုံးဒီရည်ရွယ်ချက်နှင့်အကောင်းဆုံးကြိုးစားခဲ့၍ ကိစ္စကောင်းဖြစ်ခဲ့သည်။ သို့ရာတွင် နှစ်ကြာသည်နှင့် နည်းပညာပြိုင်ပွဲအဖြစ်ပြောင်းလဲလာသည်။

ရှင်းကျန့်တယ်ကောင်အကြောင်းကြားပြီး အကြောင်းရင်းကိုသူခန့်မှန်းမိသည်။

လွန်ခဲ့သော ၁၅ နှစ်က နိုင်ငံမှာကစဉ့်ကလျားအခြေအနေဖြစ်နေသည်။ တစ်ဖက်ကနည်းပညာပိုင်းတွင်ရှေ့ပြေးနေ၍ ဂရုမစိုက်တာသဘာဝပင်။ တစ်ဖက်ကဆွေးနွေးခြင်းကို အမျှဝေသည်ဟုတောင်တွေးကောင်းတွေးနိုင်သည်။

သို့ရာတွင် လက်ရှိက ဘယ်သူပိုအားနည်းလဲမသေချာသောအခြေအနေဖြစ်နေသည်။ ဒီနှစ်များအတွင်း သူတို့ဘက်ပေါင်းစုံမှခက်ခက်ခဲခဲလုပ်ယူနေခြင်းက ထိတ်လန့်နေ၍ဖြစ်မည်။

ဒီလိုအစည်းအဝေးမျိုးမှာ ဒီလိုပြဿနာရှိလာမည်ဟုမထင်မိ။

နေရာတကာပစ်မှတ်ထားနေသည်။

"ဝန်ကြီးကျင်း... ပြဿနာမရှိပါဘူး''

ချင်လင်လည်းဇာတ်ကြောင်းတစ်ခုလုံးသိပြီး ပြတ်ပြတ်သားသားထောက်ခံလိုက်သည်။



All Chapters