ဘယ်သူကတောင်းပန်ရမှာ! ၁၀ ဘီလီယံလုပ်ငန်း! ၂
Vol. 49 Ch. 725
ကိုယ့်နယ်မြေမှာလာပြီးထောင်လွှားခွင့်ဘယ်ပေးနိုင်မလဲ? သူတို့နယ်ပယ်တစ်ခုလုံးကို ၅ နှစ်ကြိုဦးဆောင်နိုင်တယ်တောင် ခြိမ်းခြောက်သေးတယ်ပေါ့!
ချင်လင်က ဝန်ကြီးလုနှင့်ဝန်ကြီးကျင်းကို သန့်စင်မြက်စိုက်ထားသောစမ်းသပ်စိုက်ခင်းထဲခေါ်သွားသည်။
ကားရပ်လိုက်သောအခါ ကျယ်ပြောထူထပ်သောသန့်စင်မြက်ခင်းကိုမြင်ပြီး ဝန်ကြီးကျင်းနှင့်ဝန်ကြီးလုနည်းနည်းအံ့ဩသွားသည်။
ဒီစမ်းသပ်စိုက်ခင်းကြောင့် ပတ်ဝန်းကျင်လေက မယုံနိုင်အောင်ကောင်းမှန်း သူတို့ခံစားမိသည်။
ဝန်ကြီးကျင်းက AQI စမ်းသပ်စက်ကိုထုတ်လိုက်ပြန်သည်။ ခဏအကြာ ကိရိယာတွင်ပေါ်လာသောတန်ဖိုးက: ၁။
ချင်လင်ခန့်မှန်းထားတဲ့အတိုင်း အရည်အသွေး ၁ သန့်စင်မြက်က အရည်အသွေး ၂ လောက်အာနိသင်မရှိချေ။ သို့ရာတွင် အလုံအလောက်ရှိနေသရွေ့ အရည်အသွေး ၁ သန့်စင်မြက်အာနိသင်က အရည်အသွေး ၂ ထက်ညံ့မည်မဟုတ်ချေ။
"သူဌေးချင်... မီတာ ၅၀ ပတ်လည်အခန်းအတွက် သန့်စင်မြက်ဘယ်လောက်လိုလဲ?''
ဝန်ကြီးကျင်းက အလောတကြီးမေးသည်။
အကြောင်းမှာ ကမ္ဘာ့လေထုနည်းပညာအစည်းအဝေးတွင် မီတာ ၅၀ ပတ်လည်အတွင်းလေထုအခြေအနေကိုသရုပ်ပြရမည်ဖြစ်ပြီး နည်းပညာနှင့်လေသန့်စင်ကာ သူတို့နည်းပညာအင်အားကိုပြသရမည်။
လေအရည်အသွေးအသန့်စင်နိုင်ဆုံးနည်းပညာက အကောင်းဆုံးပင်။
"မီတာ ၅၀ ပတ်လည်အခန်း''
ချင်လင်ကတွေးဆပြီး_
"ဝရံတာမှာ ၅ ပင်လောက်ထားရင်ရပြီ''
အရည်အသွေး ၁ ကိုလျှော့မပြောရဲ။

သူ့အတွေ့အကြုံအရ အရည်အသွေး ၁ ငါးပင်ဆို လုံးဝအလုပ်ဖြစ်သည်။
"ငါးပင်ဆိုရပြီ?''
ဝန်ကြီးကျင်းအံ့ဩသွားသည်။
သူ့ရှေ့မှကျယ်ပြောသောသန့်စင်မြက်စိုက်ခင်းကိုကြည့်ရင်း အတွေးပေါက်ကာ အစီအစဉ်ရလာသည်။
ဒီနှစ် ပေကျင်းရဲ့ပတ်ဝန်းကျင်စီမံရေးရံပုံငွေက ယွမ် ၁၀ ဘီလီယံ။ ဒီအစည်းအဝေးအပြီးမှာ ချင်းလင်ဓာတ်ခွဲခန်းက ပေကျင်းလေထုစီမံရေးတာဝန်ခံဖြစ်လာလိမ့်မည်။ ပေကျင်း၏လေထုအခြေအနေကိုအကြီးအကျယ်တိုးတက်စေမှာ သေချာသည်။
နောက်ဆုံးတော့...
ဝန်ကြီးကျင်းက အရည်အသွေး ၁ သန့်စက်မြက် ၁၀ ပင်နှင့် မြို့တော်သို့အမြန်ဆုံးထွက်လာသည်။
ဒီသန့်စင်မြက်နဲ့ ကမ္ဘာ့လေထုအခြေအနေအစည်းအဝေးအတွက်ပြင်ဆင်ထားနိုင်ပြီ။
ရှင်းကျန့်တယ်ကဟိုဉာဏ်ကြီးရှင်က သူ့အရည်အချင်းကိုကြွားလုံးထုတ်ပြီး သူတို့ကိုအရှက်ခွဲချင်နေတာ။ သူတို့ကစောင့်နေရုံသာ။
ပြီးတော့ တစ်ဖက်လူကိုဉာဏ်ကြီးရှင်လို့ပြောရင် ပါမောက္ခလီခိုင်ကိုဘယ်လိုခေါ်ရမလဲ?
……
ရက်ပိုင်းကြာပြီးနောက်...
ယခုနှစ်လေထုသုတေသနအစည်းအဝေးစတော့မည်ဖြစ်သည်။ ကျင်းပနေရာမှာ ပေကျင်းနိုင်ငံတကာပြပွဲခန်းမတွင်ဖြစ်သည်။

ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးများ၏ကိုယ်စားလှယ်များတက်ရောက်သည်ဟုဆိုနိုင်သည်။ အထူးသဖြင့် ဟိုရှီနိုနှင့်အင်္ဂလန်ကဲ့သို့ အမှုန်အမှိုင်းပြဿနာများရှိသောနိုင်ငံများပင်။
သို့ရာတွင် ထိုအစည်းအဝေး၏သဘောသဘာဝက ပြောင်းလဲလာလေသည်။ နောက်ပြီး ဒီအစည်းအဝေး၏အဓိကအာရုံစိုက်စရာမှာ ဟိုရှီနို၏နည်းပညာဖြစ်လိမ့်မည်ဟု နိုင်ငံအားလုံးကသတင်းရထားကြသည်။
ရှင်းကျန့်တယ်သားက လေထုနည်းပညာတွင်ထပ်ပြီးအောင်မြင်ခဲ့ပြီဖြစ်၍ သူတို့ကိုမျက်နှာပျက်အောင်လာလုပ်ခြင်းဖြစ်သည်။
သူတို့လုပ်မှာက ရှင်းကျန့်တယ်ရဲ့နည်းပညာဘယ်လောက်ကောင်းလဲ၊ ပြီးရင် ဘယ်လိုညှိနှိုင်းမလဲ၊ နည်းပညာကိုဘယ်လိုယူသုံးမလဲ၊ ဒါမှမဟုတ် နိုင်ငံရဲ့လေထုအခြေအနေကိုကူညီစီမံဖို့ သူတို့ကဘယ်လိုထိန်းချုပ်ခွင့်ရမလဲဆိုတာပင်။
နိုင်ငံတကာပြပွဲခန်းမအလယ်တွင် လေဟာပြင်နေရာထားထားသည်။ တစ်နေရာကို မီတာ ၅၀ ပတ်လည်ကျယ်ပြီး မှန်အလုံပိတ်ထား၍ အထဲကအခြေအနေကိုဘယ်သူမှမသိနိုင်ချေ။
ထို့နောက် လေဆိုးလေညစ်များသွင်းပြီး အထဲကလေဆိုးကို နိုင်ငံအသီးသီးက နည်းပညာနှင့်သန့်စင်ရပေမည်။
AQI စမ်းသပ်စက်ကိုကြိုတပ်ထားသောကြောင့် သန့်စင်နေသည့်အတောအတွင်း ရလဒ်များကိုမြင်နိုင်သည်။
မကြာမီ ဝန်ကြီးကျင်းကသူ့လူများနှင့်ရောက်လာသည်။
နိုင်ငံအသီးသီးမှလူများလည်း ပြပွဲခန်းမအတွင်းရောက်လာကြသည်။ သို့သော် သိပ်ပြီးစည်ကားမနေ။ နိုင်ငံအသီးသီး၏ကိုယ်စားလှယ်များ၊ သိပ္ပံသုတေသနသမားများ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းမှလူများသာရှိသည်။
မည်သို့ဆိုစေ ဤကဲ့သို့ဖိုရမ်မျိုးကိုစိတ်ဝင်စားသူနည်းပါးသည်။ နောက်ပြီး ပြည်သူလူထုကိုချပြခြင်းမရှိ။
"အိုး... ဒါ ကျင်းလား?''
အံ့ဩသံကြားရသည်။
ဝန်ကြီးကျင်းကလှမ်းကြည့်လိုက်ရာ တစ်ဖက်လူကမျက်မှောင်အရင်ကြုတ်သွားပြီးမှ ချက်ချင်းပြုံးကာ လက်ဆွဲနှုတ်ဆက်သည်_
"ဒီတော့ မစ္စတာအီဗန်ပေါ့''
သူကရှင်းကျန့်တယ်လေထုနှင့်စီမံရေးဌာနမှဖြစ်ပြီး သူတို့ကိုယ်စားလှယ်လည်းဖြစ်သည်။ သူတို့မကြာခဏဆုံဖူးသည်။
အီဗန်ကပြုံးပြီး_
"ကျင်း... ခင်ဗျားရဲ့လေထုစီမံရေးနည်းပညာက သိပ်မတိုးတက်ဘူးကြားတယ်... ကျုပ်တို့ Abo နည်းပညာဓာတ်ခွဲခန်းကုမ္ပဏီက ဒီနှစ်ထပ်အောင်မြင်ပြန်ပြီ... ဒေါက်တာ Abo ရဲ့သုတေသနက အနည်းဆုံး ၅ နှစ်လောက်တော့ ခင်ဗျားတို့ရှေ့ရောက်နေတယ်... ခင်ဗျားတို့ ဒီအခွင့်အရေးကိုယူပြီး ဒေါက်တာ Abo ဆီလူလွှတ်ဆွေးနွေးသင့်တယ်...''
"ခင်ဗျားပြောတာမှန်တယ် မစ္စတာအီဗန်... ဒါဆိုအနှောင့်အယှက်မပေးတော့ပါဘူး... ကျုပ်သွားပြီးပြင်ဆင်လိုက်ဦးမယ်''
ဝန်ကြီးကျင်းက ပြုံးပြုံးနှင့်ပြောလိုက်သည်။
"ကောင်းပါပြီ ကျင်း!''
အီဗန်လည်းပြုံးရွှင်နေသည်။
သူတို့နှစ်ဦးကစကားပြောပြီးလှည့်ထွက်ကာ ကိုယ့်နေရာကိုယ်ဦးတည်သွားကြသည်။ သို့ရာတွင် မျက်စိတစ်မှိတ်အတွင်း သူတို့မျက်နှာပေါ်မှအပြုံးက အေးစက်သွားလေသည်။
ဝန်ကြီးကျင်းက အေးစက်စက်မဲ့လိုက်သည်။
ဒီကောင် သူတို့နည်းပညာက ၅ နှစ်လောက်ဦးနေတယ်ဆိုတဲ့အကြောင်းပြောပြီး ကြွားလုံးထုတ်မယ်ဆိုတာ သိသားပဲ။
ဆွေးနွေးမယ်?
ဘယ်သူကဆွေးနွေးပေးရမှာလဲ မသေချာ။
အီဗန်လည်းထေ့ပြီး ရှင်းကျန့်တယ်ဘက်ပြန်လာသည်။ သူ့ထေ့ငေါ့ခြင်းက မာနတခွဲသားနှင့်။
သူဒီလာတာ သူ့နည်းပညာရလဒ်ကိုကြွားလုံးထုတ်ဖို့။
အခု သူများထက် ၅ နှစ်ဦးဆောင်နေပြီ။ မကြာခင် ၁၀ နှစ်လောက်ကြိုဦးဆောင်နိုင်မည်ဟု သူယုံကြည်ထားသည်။
ဘယ်သုတေသနနယ်ပယ်မှာဖြစ်ဖြစ် အောင်မြင်ပြီဆိုတာနှင့် ဦးဆောင်သူသာကြီးထွားနိုင်သည်။
အီဗန်က ကိရိယာတစ်ခုတပ်ဆင်နေသောသက်လတ်ပိုင်းလူဖြူတစ်ဦးဆီလျှောက်သွားပြီး_
"ပြင်ဆင်တာဘယ်လိုလဲ ဒေါက်တာ Abo?''
"မပူပါနဲ့ မစ္စတာအီဗန်... ပြဿနာမရှိပါဘူး''
ဒေါက်တာ Abo ကပြုံးပြုံးနှင့်_
"တခြားနိုင်ငံကသတင်းလာမေးတဲ့သူတွေရှိတယ်... ဒါသူတို့နည်းပညာကသိပ်မတိုးတက်ဘူးဆိုတဲ့သက်သေပဲ''