ဘယ်သူကတောင်းပန်ရမှာ! ၁၀ ဘီလီယံလုပ်ငန်း! ၃
Vol. 49 Ch. 726
"ကောင်းတယ်''
အီဗန်ကကျေကျေနပ်နပ်ခေါင်းညိမ့်ပြီး ပြုံးလိုက်သည်။ ဆွေးနွေးပွဲပြီးရင် အဲဒီအရှေ့တိုင်းနိုင်ငံကလူတွေ သေချာပေါက်လာမေးကြလိမ့်မည်။ သူတို့မြို့ရဲ့လေထုအခြေအနေက ကမ္ဘာ့နာမည်ကျော်လေ။
"ဟား ဟား ဟား! မပူပါနဲ့ မစ္စတာအီဗန်''
ပါမောက္ခ Abo က ခေါင်းညိမ့်ပြီးပြုံးကာ_
"သူတို့လာမေးတယ်ဆိုတဲ့သဘောက သူတို့နည်းပညာမပြည့်စုံလို့... မတိုးတက်လောက်ပါဘူး''
အီဗန်ကပိုပြုံးလာသည်။
အမှန်ပင်။ သူတို့တစ်ဖက်ကို နည်းပညာချပေးမည်မဟုတ်။
သူတို့ခေတ်ရေစီးကြောင်းအရအမြင်လည်းရှိသည်။
တစ်ဖက်ကလိုင်စင်လိုချင်ရင် နည်းပညာအစ်ဖွံ့ဖြိုးတဲ့အချိန်အထိစောင့်ရမည်။
အဲဒီအချိန်ကျရင် တစ်ဖက်ကခေတ်နောက်ကျနေတဲ့နည်းပညာကိုယူသုံးလည်းကိစ္စမရှိ။ တန်ဖိုးက နည်းပညာအသစ်တန်ဖိုးအတိုင်းဖြစ်မည်။
သူတို့သုတေသနကုမ္ပဏီက ဒီအပိုင်းမှာသိပ်အခြေအနေမကောင်းသောကြောင့် ဒီဆုံးရှုံးမှုကိုသာခံရမည်။
ကမ္ဘာတစ်ဝှမ်းကသုတေသနသမားများပြင်ဆင်နေကြစဉ် ကမ္ဘာ့ပတ်ဝန်းကျင်အဖွဲ့အစည်းက ကမ္ဘာ့အရပ်ရပ်ကလူများကို နည်းပညာသရုပ်ပြခြင်းအဆင်သင့်ဖြစ်မဖြစ်စတင်ဆက်သွယ်သည်။
အစည်းအဝေး၏အဓိကရည်ရွယ်ချက်မှာ အလုံပိတ်နေရာတွင် သူတို့နည်းပညာကိုပြသရန်ပင်။
အီဗန်နှင့်ဒေါက်တာ Abo က အသိပေးခံရပြီး အလယ်နေရာသို့ကိရိယာတချို့ယူလာသည်။
ကိရိယာတစ်ခုစီက သန့်ရှင်းရေးစက်ရုပ်အရွယ်စားသာရှိပြီး သယ်ဆောင်ရလွယ်ကူသည်။
"ရှင်းထောင်''ဟုရေးထားသောအလုံပိတ်အခန်းထဲရောက်သောအခါ သူတို့ရှေ့တွင် AQI စမ်းသပ်စက်ကိုတွေ့ရပြီး လတ်တလောတန်ဖိုးမရှိသေးချေ။
လေဆိုးလေညစ်ထည့်ပြီးမှသာ AQI စမ်းသပ်စက်ကိုစတင်မည်။
အီဗန်ရောက်သောအခါ တခြားနိုင်ငံမှလူများလည်း အလုံပိတ်နေရာရှေ့အသီးသီးရောက်နေကြသည်။
သူကအမှတ်တမဲ့ဝန်ကြီးကျင်းကိုကြည့်လိုက်သော်လည်း ဝန်ကြီးကျင်းနှင့်သူ့လူများသယ်လာသောပစ္စည်းကိုကြည့်ပြီး ကြောင်သွားသည်။
တကယ် အိုးစိုက်မြက်တွေပဲ။
"အိုးစိုက်ပင်? ဘာလဲဟ?''
အီဗန်နည်းနည်းကြောင်သွားသည်။
ဒီမြက်ပင်တွေက သူတို့နည်းပညာမြင့်ထုတ်ကုန်လောက်အစွမ်းထက်ပါ့မလား?
တခြားနိုင်ငံကလူတွေလည်း 'Twilight'ကိုစိတ်ဝင်စားကြတာပဲ။ ဒီလိုမြင်ကွင်းမျိုးမြင်ဖူးတာ ဒါပထမဆုံး။
ကမ္ဘာ့ပတ်ဝန်းကျင်အဖွဲ့အစည်းတောင် စိတ်ထွေသွားသည်။
တစ်ယောက်ကအမှတ်တမဲ့ ဝန်ကြီးကျင်းကိုမေးလိုက်သည်_
"ဝန်ကြီးကျင်း... ဒီအပင်တွေကိုပြမှာဟုတ်လား?''
"အင်း... စရအောင်!''
ဝန်ကြီးကျင်းခေါင်းညိမ့်လိုက်သည်။
"ဟုတ်ပြီ''
တစ်ဖက်က ဘာမှမပြောတော့။ ထို့နောက် အလုံပိတ်မှန်ခန်းကို တစ်နေရာချင်းဖွင့်လိုက်သည်။
မီတာ ၅၀ ပတ်လည်နေရာတွင် နိုင်ငံအသီးသီးက သူတို့နည်းပညာပစ္စည်းများထားလိုက်သည်။
ဝန်ကြီးကျင်းလည်း သန့်စင်မြက် ၅ ပင်ကိုထည့်ခိုင်းလိုက်သည်။ တစ်ချိန်တည်းတွင် သန့်စင်မြက်အလင်းအစာချက်ရန် အထူးမီးချောင်းတစ်ချောင်းထည့်လိုက်သည်!
ထိုမြင်ကွင်းကို အီဗန်နှင့်တခြားလူများစိတ်ဝင်စားသွားကြသည်။
သူတို့ရဲ့နည်းပညာမြင့်ကိရိယာကို အိုးစိုက်ပင်နဲ့ တကယ်ယှဉ်ကြည့်ချင်တယ်ပေါ့။
နောက်နေတာလား?
ထို့နောက် အလုံပိတ်နေရာပြန်ပိတ်ပြီး လေဆိုးလေညစ်များထည့်လိုက်သည်။
အထဲမှ AQI လေအရည်အသွေးစမ်းသပ်စက်လည်း စတင်အလုပ်လုပ်သည်။
အလုံပိတ်နေရာအသီးသီးမှ AQI စမ်းသပ်စက်ကို ကြောက်စရာကောင်းသောလေထုအခြေအနေမှ ၁၅၀ စတင်ကြောင်းတွေ့နိုင်သည်။
နောက်တစ်ဆင့်က ဘယ်နိုင်ငံရဲ့နည်းပညာနဲ့ကိရိယာမှာ အကောင်းဆုံးသန့်စင်နိုင်စွမ်းရှိလဲကြည့်ရမည်။
ကိရိယာစတင်အလုပ်လုပ်ပြီး လေသန့်စင်သောအခါ အများစုကရှင်းကျန့်တယ်ကိုအာရုံစိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့နည်းပညာကအောင်မြင်ထား၍ အစိုးရကိုဘယ်လိုအကျိုးပြုမလဲကြည့်ရမည်။
ရှင်းကျန့်တယ်မှဒေါက်တာ Abo တီထွင်ထားသောသန့်စင်စက်ကြောင့် AQI စမ်းသပ်စက်တန်ဖိုး ၁၅၀ မှာ မကြာခင်ကျသွားလေသည်။
ကိရိယာ၏သက်ရောက်မှုပင်။
၁၀ မိနစ်မပြည့်ခင် ၁၅၀ က ၁၂၀ ဖြစ်သွားသည်။
ထို့ကြောင့် အားလုံးအံ့ဩပြီးရေရွတ်လိုက်ကြသည်။
"ဒီအရှိန်က တကယ်မြန်တာပဲ!''
"အင်း... အရင်ထက်ပိုမြန်တယ်... ငါတို့မယှဉ်နိုင်ဘူး''
"ဒေါက်တာ Abo က အံ့ဩစရာ... ဒီသုတေသနပိုင်းမှာ ဆရာတစ်ဆူပဲ''
“……”
ဒေါက်တာ Abo နှင့်အီဗန်က ကျဆင်းလာသောတန်ဖိုးကို ပြုံးပြုံးကြီးကြည့်နေကြသည်။
ထိုအချိန်တွင် ရုတ်တရက်အော်သံထွက်လာသည်_
"အိုးမိုင်ဂေါ့!''
ထိုအသံကြောင့် အားလုံးစိတ်ဝင်စားသွားသည်။ အီဗန်နှင့်ဒေါက်တာ Abo ကလှမ်းကြည့်လိုက်ရာ ကမ္ဘာ့ပတ်ဝန်းကျင်အဖွဲ့အစည်းမှလူက မြက်ပင်ကိုတအံ့တဩကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။