← Chapters

နည်းပညာမပြည့်စုံရင် ခွင့်ပြုချက်မရနိုင်!

Vol. 49 Ch. 727

နည်းပညာမပြည့်စုံရင် ခွင့်ပြုချက်မရနိုင်!

Vol. 49 Ch. 727

"ဘာဖြစ်တာလဲ?''

ကမ္ဘာ့ပတ်ဝန်းကျင်အဖွဲ့အစည်းမှနောက်တစ်ယောက်ကဇဝေဇဝါနှင့်လျှောက်လာသည်။

ထိုလူက အလုံပိတ်အခန်းထဲမှ AQI စမ်းသပ်စက်ကိုညွှန်ပြပြီး_

"AQI စက်တန်ဖိုးကိုကြည့်လိုက်''

နောက်တစ်ယောက်လည်းလှမ်းကြည့်ပြီး မယုံနိုင်ပုံနှင့်_

"အိုး... မယုံနိုင်စရာပဲ... ၁၀၀ အောက်ကျနေပြီ''

AQI စမ်းသပ်စက်တန်ဖိုးက ၁၀၀ အောက်ကျပြီး ဟိုရှီနိုမှဒေါက်တာ Abo ကိရိယာထက်တောင်ပိုမြန်နေသည်။

ဒါပေမဲ့ ဒေါက်တာ Abo ရဲ့စက်က ကမ္ဘာ့နည်းပညာပိုင်းမှာ ၅ နှစ်ကျော်ဦးဆောင်နေတာမလား?

အခု အရှေ့တိုင်းကမြက်ပင် ၅ ပင်က ဒေါက်တာ Abo ရဲ့သုတေသနထက်ပိုကောင်းနေတယ်တဲ့လား?

မယုံချင်စရာကောင်းနေသေးတော့။

တခြားနိုင်ငံကလူများလည်း စိတ်ဝင်စားပြီးလျှောက်လာသည်။

အီဗန်နှင့်ဒေါက်တာ Abo လည်းအတူတူပင်။

အလုံပိတ်အခန်းထဲမှ AQI စမ်းသပ်စက်တန်ဖိုးကိုမြင်ပြီး သူတို့နှစ်ယောက်ရှုံ့မဲ့သွားသည်။

"မဖြစ်နိုင်တာ... မဟုတ်ဘူး''

ဒေါက်တာ Abo ကခေါင်းခါပြီး_

"ဘယ်လိုဖြစ်ပြီး မြက်က ငါလုပ်ထားတဲ့ကိရိယာထက်ပိုကောင်းနေတာလဲ?''

"မပူပါနဲ့ ဒေါက်တာ Abo''

အီဗန်က အလောတကြီးပြောသည်_

"အဖြေမထွက်သေးပါဘူး... ခင်ဗျားရဲ့ကိရိယာက မြက်ပင် ၅ ပင်ကိုမရှုံးနိုင်ပါဘူး''

သို့ရာတွင် အချိန်လွန်သည်နှင့် အီဗန်ကသူ့စကားသူမယုံချင်တော့။ AQI စမ်းသပ်စက်တန်ဖိုးက တောက်လျှောက်ကျနေသည်။

ပတ်ပတ်လည်မှလူများက မြက်ပင် ၅ ပင်ကိုကြည့်ပြီး မယုံသင်္ကာဖြစ်လာသည်။



သန့်စင်မြက်အရှိန်က ကမ္ဘာ့အဆင့်မြင့်ကိရိယာအားလုံးထက်ပိုမြန်နေသည်။

၇၀...၅၀...၃၀...၂၀...၁၀...၉...

နံပါတ် ၁၀ အောက်ကျလာသောအခါ နိုင်ငံအသီးသီးမှလူများ အောင့်မထားနိုင်တော့။

နောက်ဆုံးတန်ဖိုးက ၃ မှာရပ်သွားသည်။

ထိုနံပါတ်ကြောင့် အားလုံးတအံ့တဩအော်လိုက်ကြသည်။

"ဒီအပင် ၅ ပင်မှာ ဒီလိုအစွမ်းရှိတာ မယုံနိုင်စရာ''

"အိုးမိုင်ဂေါ့... အံ့ရော''

"ဒီအပင်ကို ဘယ်လိုများဖန်တီးထားလဲ?''

“…”

အီဗန်ကမျက်နှာပျက်နေသည်။ ဒါသူထင်ထားတာနဲ့ လုံးဝတခြားစီ။

ဒေါက်တာ Abo ရဲ့နည်းပညာက တခြားအရာတွေထက်ရှေ့ရောက်နေသော်လည်း ဒီအပင် ၅ ပင်ရှေ့မှာ လူပျက်ပမာပင်။

ထို့ကြောင့် နိုင်ငံအသီးသီးမှကိုယ်စားလှယ်များက ထိုမြက်တန်ဖိုးကိုသိသွားကြသည်။

သူတို့နိုင်ငံမြို့တော်များတွင် လေအရည်အသွေးကဆိုးဆိုးလာသည်။ သူတို့ကိုယ်ပိုင်နည်းပညာအရ တစ်နှစ်တစ်နှစ် ဘီလီယံချီ၊ဆယ်ဘီလီယံချီသုံးစွဲသော်လည်း အာနိသင်ကဟုတ်တိပတ်တိမရှိ။

အကြောင်းမှာ ကိရိယာတစ်ခုချင်း၏ကုန်ကျစရိတ်ကမြင့်လွန်းပြီး အခန်းပြင်ပသန့်စင်ရေးကိရိယာတည်ဆောက်ခြင်းက အလွန်ကြီးမားသည်။ စွမ်းအင်ပြုန်းတီးရုံသာမက အထူးသန့်စင်ရည်လည်းကုန်သည်။



သို့ရာတွင် ဒီလိုအပင်မျိုးဖြစ်ပါက အသုတ်ခွဲစိုက်နိုင်သရွေ့ လေကိုတစ်ချိန်လုံးသန့်စင်နိုင်မည်။ ထပ်ခါထပ်ခါပြုန်းတီးမှုမရှိ။

အပင်အားကိုးပြီး ဒါမျိုးလုပ်နိုင်မည်ဟု ဘယ်သူမှမတွေးမိချေ။ ထို့ကြောင့် ဒီအပိုင်းမှာ သူတို့အတွေ့အကြုံက သုညနီးနီးပင်။

အဆင့်မြင့်သန့်စင်ရေးကိရိယာကိုသာ ဦးတည်ချက်ထားခဲ့ကြသည်။

နောက်ဆုံး တစ်ယောက်က ဝန်ကြီးကျင်းကိုမမေးဘဲမနေနိုင်တော့_

"မစ္စတာကျင်း... ဒီအပင်ရဲ့ကုန်ကျစရိတ်ကိုသိပါရစေ?''

ထိုမေးခွန်းကို ကျန်လူများလည်းစိတ်ဝင်စားသည်။

အီဗန်လည်းလှမ်းကြည့်သည်။

လေထုပြဿနာက ကမ္ဘာတစ်ဝှမ်းပိုပိုဆိုးလာနေသော ပြဿနာတစ်ခုပင်။

နိုင်ငံအားလုံးက လေထုပြဿနာအတွက် ပိုမိုကောင်းမွန်သောဖြေရှင်းနည်းတွေ့ချင်ကြသည်။

အခု ဒီအံ့ဖွယ်မြက်က လေထုပြဿနာကိုဖြေရှင်းနိုင်မည့်ပုံရှိသည်။

ဝန်ကြီးကျင်းကပြုံးပြီး ရှင်းပြသည်_

"ဒီအပင်ကိုသန့်စင်မြက်လို့ခေါ်ပါတယ်... မျိုးစေ့ရှိရင် အပင်စိုက်ဖို့သိပ်မကုန်ပါဘူး... ပြီးတော့ စိုက်ထားသရွေ့ တစ်ချိန်လုံးလေသန့်စင်ပေးလိမ့်မယ်... ဘာမှအပိုကုန်ကျစရိတ်မရှိဘူး''

ထိုစကားကြောင့် လုံးဝဩချသွားသည်။

ဒီလိုဆိုရင် သူတို့နိုင်ငံရဲ့နှစ်စဉ်လေထုစီမံရေးအသုံးစရိတ်က လေထုပြဿနာကိုလုံးဝဖြေရှင်းနိုင်ပြီ။

နောက်ဆုံး အီဗန်ကမပြောဘဲမနေနိုင်တော့_

"မစ္စတာကျင်း... ဒီမြက်အတွက်နည်းပညာခွင့်ပြုချက်ပေးချင်လား?''

တစ်ဖက်က ဒီလိုပစ္စည်းမျိုးဖန်တီးနိုင်မှတော့ သူတို့က လိုင်စင်အရင်ယူရမည်။

လိုင်စင်ယူနိုင်ရင် သူတို့သိပ္ပံသုတေသနအင်အားအရ အနှေးနဲ့အမြန်ဆိုသလို သူများထက်သာတဲ့ထုတ်ကုန်အသစ်ထုတ်နိုင်လိမ့်မည်။

ဝန်ကြီးကျင်းကပြုံးပြုံးနှင့် အီဗန်ကိုကြည့်ပြီး_

"မစ္စတာအီဗန်... အားနာလိုက်တာ... ဒီသန့်စင်မြက်ကိုပျိုးထောင်တဲ့နည်းကမပြည့်စုံသေးပါဘူး... ကြော်ငြာလို့မရသေးဘူး... အခုခွင့်ပြုချက်မပေးနိုင်သေးပါဘူး''

ထိုစကားကြောင့် အီဗန်ရုတ်တရက်ကြောင်သွားသည်။

အကြောင်းမှာ ထိုစကားများကိုသူကြားဖူးသောကြောင့်ပင်။

"မစ္စတာအီဗန်... ကျုပ်တို့နည်းပညာပြည့်စုံပြီးကြော်ငြာနိုင်တဲ့အခါ လာဆွေးနွေးဖို့ကြိုဆိုပါတယ်''

ဝန်ကြီးကျင်းက အီဗန်၏ပုံစံကိုကြည့်ရင်း ကြိတ်ဝမ်းသာနေသည်။

နည်းပညာလိုင်စင်ရချင်တာလား?

မဖြစ်နိုင်!

နောက်ပြီး ဒီနည်းပညာအတွက် သူတို့ဆုံးဖြတ်ချက်လည်းမပေးနိုင်။ ပစ္စည်းက ချင်းလင်ဓာတ်ခွဲခန်းအပိုင်ဖြစ်သည်။

အီဗန်ကအတော်ဒေါသထွက်နေသည်။

တစ်ဖက်ကစကားမှာ သရော်သံပါတာမသိဘဲနေမလား?

အမြင်မကျယ်ဘဲ ဘယ်လိုပါဝင်ဆောင်ရွက်ရမလဲမသိသူတွေက နည်းပညာခွင့်ပြုချက်မလိုချင်ကြ။

အီဗန်ကတွေးရင်းတွေးရင်း စိတ်ရှုပ်လာသည်။

ဒီလောက်အံ့ဩစရာကောင်းတဲ့မြက်မျိုးကို သူဘယ်လိုလုပ်ပြီးလေ့လာနိုင်တာလဲ?

…

ချင်လင်က ဒီအကြောင်းတွေသိပ်မသိ။

ဒီရက်ပိုင်း သန့်စင်မြက်နှင့်အလုပ်ရှုပ်နေသည်။

ချင်းလင်ဓာတ်ခွဲခန်းအရှေ့ဘက်ရှိ အဆုံးမဲ့မြေလွတ်ပိုင်းဆီ ချန်လီနှင့်ဦးတည်သွားနေသည်။

ထိုမြေလွတ်မှာ ဧကတစ်သောင်းကျော်သည်။ ချင်းလင်ဓာတ်ခွဲခန်းက မြေစာချုပ်ချုပ်ပြီး သန့်စင်မြက်စိုက်ရန်ဆုံးဖြတ်ထားသည်။

သန့်စင်မြက်စိုက်ပြီးမှတော့ ပျိုးထောင်ပြီးကြော်ငြာချိန်ကျပြီ။

စမ်းသပ်စိုက်ခင်းမှမျိုးစေ့အသုတ်ရိတ်သိမ်းပြီးနောက် ဧကတစ်သောင်းအပြည့်စိုက်ရန်လုံလောက်သည်။ ဧကတစ်သောင်းမျိုးစေ့ရိတ်သိမ်းပြီးလျှင် အကြီးအကျယ်ထုတ်လုပ်မြှင့်တင်နိုင်သည်။



All Chapters