← Chapters

နည်းပညာမပြည့်စုံရင် ခွင့်ပြုချက်မရနိုင်! ၂

Vol. 49 Ch. 728

နည်းပညာမပြည့်စုံရင် ခွင့်ပြုချက်မရနိုင်! ၂

Vol. 49 Ch. 728

အခု ချင်းလင်ဓာတ်ခွဲခန်းက အပြင်လူအတွက်မျိုးစေ့မကျန်အောင် ပြဿနာဖြေရှင်းရမည်။

မဟုတ်ရင် တစ်ဖက်ကပြန်စိုက်ဖို့ဝယ်သိမ်းထားနိုင်သည်။ လူတိုင်းမျိုးစေ့ရပြီးလိုက်စိုက်ကုန်ရင် ဒီပစ္စည်းကဒီလောက်တန်ဖိုးရှိတော့မည်မဟုတ်။

နိုင်ငံခြားသားတွေက မျိုးစေ့ပျိုးထောင်ဖို့အသုံးချကုန်ရင် အမျှဝေတာနဲ့မတူဘူးလား?

တခြားနိုင်ငံတွေကိုနည်းပညာလိုင်စင်ချပေးဖို့အစီအစဉ်မရှိ။ အထူးသဖြင့် ဟိုနှစ်နိုင်ငံ။

"ဒီပြဿနာ အစ်ကိုလီကိုလွှဲပေးလိုက်မယ်... သူအဖြေရမှာသေချာတယ်''

အခု ချင်းလင်ဓာတ်ခွဲခန်းအဖို့ ​မြေစာချုပ်ချုပ်ရန်လွယ်သည်။ ရုံချန်း၏ပုံမှန်ဆောက်လုပ်ရေးအစီအစဉ်များအပေါ်သက်ရောက်မှုမရှိသရွေ့ အမြန်ဆုံးရနိုင်သည်။ သို့သော် ဒီမတိုင်ခင် ရုံချန်းကလုပ်ငန်းစဉ်ဖြတ်ပြီးမေးမြန်းရသည်။

"သူဌေးချင်''

ချန်လီကစူးစမ်းသည်_

"မင်းအဆင်ပြေရင် ပြောပြနိုင်မလား? ချင်းလင်ဓာတ်ခွဲခန်းက ဒီမြေမှာဘာစိုက်ချင်တာလဲ?''

ဒီနေ့ ဒီလာခြင်းက အလုပ်သဘောအရပင်။ သူပြန်သွားရင် စာချုပ်အတွက်ထောက်ခံခိုင်းရဦးမည်။

"လေသန့်စင်နိုင်တဲ့အပင်ပါ လက်ထောက်ချန်... ခင်ဗျားကိုအဲဒီခေါ်သွားမယ်''

ချင်လင်ကပြုံးပြီး ချန်လီကိုသန့်စင်မြက်စမ်းသပ်စိုက်ခင်းဆီခေါ်သွားသည်။

သန့်စင်မြက်အကြောင်းပေါ်တော့မည်​ဖြစ်၍ ဖုံးကွယ်စရာမလိုတော့။

သူလည်း ရုံချန်းကိုစမ်းသပ်အသုံးချချင်သည်။

ဝန်ကြီးလုကဘာလို့သန့်စင်မြက်ကိုအရမ်းစိတ်ဝင်စားတာလဲ? မြို့တော်လေထုအခြေအနေကိုသန့်စင်စေတဲ့ သန့်စင်မြက်ရဲ့အကြီးဆုံးလုပ်ဆောင်ချက်ကြောင့်ပင်။

မြို့တော်မှာသန့်စင်မြက်အလုံအလောက်စိုက်နိုင်သရွေ့ တစ်မြို့လုံး၏လေထုအရည်အသွေးက တိုးတက်နိုင်သည်။

ဒီသန့်စင်မြက်က ချင်းလင်ဓာတ်ခွဲခန်းကိုအကျိုးအမြတ်ကြီးကြီးပေးနိုင်လိမ့်မည်။

ထို့ကြောင့် ရုံချန်းအနှံ့အပြားတွင်သန့်စင်မြက်စိုက်နိုင်သရွေ့ လေအရည်အသွေးတိုးတက်ပြီး ရုံချန်းကစံပြဖြစ်လာလိမ့်မည်။

ချင်လင်စကားကြောင့် ချန်လီမျက်လုံးများအရောင်တောက်သွားသည်။

စီရင်စုက ချင်းလင်စံအိမ်ကိုအနီးကပ်စောင့်ကြည့်နေ၍ ချင်းလင်စံအိမ်လေထုအရည်အသွေးပြောင်းလဲမှုကို စီရင်စုကသတိထားမိသည်။ လူလွှတ်ပြီးတောင် စမ်းသပ်ခိုင်းသည်။

ဒီမတိုင်ခင်က ချင်းလင်စံအိမ်မှာဘာကြောင့်လေထုဒီလောက်ကောင်းလာသလဲဆိုသောအကြောင်းရင်းကို စီရင်စုကလူများစူးစမ်းနေခဲ့သည်။



ကြည့်ရတာ အကြောင်းရင်းတွေ့ပြီထင်သည်။

ချင်လင်ကချန်လီအား သန့်စင်မြက်စမ်းသပ်စိုက်ခင်းထဲခေါ်သွားသည်။

စမ်းသပ်စိုက်ခင်းထဲတွင် ယွီရွှေ့က လီခိုင်၏ညွှန်ကြားချက်အတိုင်း ချင်းလင်စံအိမ်စိုက်ပျိုးရေးဌာနကိုဦးဆောင်ပြီး သန့်စင်မြက်များနှင့်အလုပ်ရှုပ်နေသည်။

သူတို့ကမျိုးစေ့သိမ်းနေခြင်းပင်။

ဝန်ကြီးကျင်းမရောက်ခင် သန့်စင်မြက်များကိုထူထပ်စွာစိုက်ထားသည်။

သန့်စင်မြက်မှာစိုက်ပျိုးချိန်တိုတောင်းသောကြောင့် ရက်ပိုင်းအတွင်းမျိုးစေ့သိမ်းနိုင်သည်။

ချန်လီက ထူထပ်ကျယ်ပြောသောသန့်စင်မြက်စိုက်ခင်းကိုကြည့်ပြီး တအံ့တဩနှင့်_

"သူဌေးချင်... ဒါတွေအကုန်မြက်တွေလား?''

သူ့နားဝန်းကျင်မှလေအရည်အသွေးကို သူလုံးဝခံစားမိသည်။ ရှုသွင်းလိုက်စဉ် သူ့ခန္ဓာကိုယ်မွေးညှင်းပေါက်များပျော့ပြောင်းပြီး လုံးဝသက်သောင့်သက်သာဖြစ်သွားသည်။

ဒီလိုပတ်ဝန်းကျင်မှာသာနေရရင် အသက်ရှည်နိုင်သည်။

ချင်လင်ကခေါင်းညိမ့်ပြီး_

"ဒါသန့်စင်မြက်ပါ... လေသန့်စင်ပေးနိုင်တယ်... အသုတ်ခွဲပြီးစိုက်ထားရင် တစ်မြို့လုံးကလေကိုတောင် သန့်စင်ပေးနိုင်တယ်''

ထိုစကားကြောင့် ချန်လီမျက်လုံးများဝင်းလက်သွားပြီး အလောတကြီးမေးသည်_

"သူဌေးချင်... ဒီသန့်စင်မြက်နှစ်ပင်ပြန်ယူသွားလို့ရလား?''

"ရတာပေါ့!''

ချင်လင်ကပြုံးပြီးဖြေသည်။

ငါးစာမိပြီ။

ရုံချန်းကိုစံပြအဖြစ်အသုံးချချင်ရင် သူ့ကိုယ်သူမြှင့်တင်ရမည်။ သူ့ကိုယ်သူမြှင့်တင်ရင် အစနည်းနည်းကွာသွားမည်။

ကိုယ်ကသူများကိုတောင်းဆိုရတာနှင့်သူများကကိုယ့်ကိုတောင်းဆိုရတာကွာမှန်း အားလုံးအသိ။

သူလည်းချန်လီအတွက်သန့်စင်မြက်နှစ်ပင်တူးခိုင်းပြီး သန့်စင်မြက်အကြောင်းအသေးစိတ်ပြောပြသည်။

ချန်လီကပစ္စည်းရပြီး နှုတ်ဆက်ကာ စီရင်စုကိုတင်ပြရန်အလောတကြီးပြန်သွားသည်။

ထို့နောက် ချင်လင်ကလီခိုင်ကိုရှာပြီးမေးသည်_

"အစ်ကိုလီ... သန့်စင်မြက်ကိုမျိုးစေ့ယူမရအောင်လုပ်နိုင်နည်းရှိလား?''



ဒါသူအသိချင်ဆုံးမေးခွန်းပင်။

လီခိုင်ကသူစုထားသောမျိုးစေ့များအိတ်ထဲထည့်ရင်း_

"ရှိတယ်... သန့်စင်မြက်ကိုပျိုးမထောင်နိုင်အောင်လုပ်တဲ့နိုက်ထရိုဂျင်ဓာတ်ပေါင်းဆေးရည်တစ်မျိုးတွေ့ထားတယ်... မျိုးစေ့စိမ်ပြီးရင်လည်း ပျိုးထောင်နိုင်တယ်... အစေ့လွတ်ဖရဲသီးအကြောင်းတွေးကြည့်... လုပ်နည်းမတူပေမဲ့ အားလုံးမျိုးတုံးထားတာ... တိတိကျကျသိပ္ပံလုပ်ထုံးကိုပြောပြလည်း မင်းနားလည်မှာမဟုတ်တော့ အသေးစိတ်မပြောတော့ဘူး''

ချင်လင်က အစ်ကိုလီအထင်သေးတာခံရသလိုလို။

"သန့်စင်မြက်ကြီးထွားချိန်က အရမ်းတိုတောင်းတယ်''

လီခိုင်ကဆက်ပြောသည်_

"ပြီးတော့ စံအိမ်မှာမျိုးစေ့ဖွဲ့စည်းတဲ့ပုံစံအရ မျိုးစေ့ဒုတိယအသုတ်ဖွဲ့တာစောင့်ဖို့မတန်ဘူး''

"အဲဒါကြောင့် မျိုးစေ့အသစ်စိုက်တာပိုကောင်းတယ်... မျိုးစေ့အသစ်ချတာက ဒုတိယအသုတ်ထက်ပိုမြန်မယ်''

"ဒီသန့်စင်မြက်မျိုးစေ့တစ်သုတ်ရိတ်သိမ်းပြီးရင် မျိုးစေ့မဖြစ်အောင် နိုက်ထရိုဂျင်ဆေးရည်ချလိုက်... ပြီးရင် ရောင်းလို့ရပြီ''

ချင်လင်ခေါင်းညိမ့်လိုက်ပြီး_

"ကောင်းသားပဲ... ဒီသန့်စင်မြက်တစ်သုတ်ကို မကြာခင်အသုံးချမယ်... ပြီးတော့ ကြော်ငြာလို့လည်းရတယ်''

တစ်ဖက်တွင်_

ချန်လီကချက်ချင်းရုံချန်းပြန်ပြီး စွန်းရှန်ရုံးခန်းထဲတန်းသွားသည်။

အခုတလော စွန်းရှန်စိတ်ကြည်နေသည်။

နှစ်သစ်ကူးပြီး စီရင်စုကစတင်တွက်ချက်တော့မည်။

ချင်းလင်စံအိမ်၊ ချင်းလင်မွေးမြူရေးခြံ၊ ချင်းလင်အစားအသောက်ကုမ္ပဏီမှခရမ်းချဉ်ဆော့၊ ချင်းလင်ဆေးဖျော်ရည်စက်ရုံမှအကျိုးအမြတ်များနှင့် ချင်းလင်ဓာတ်ခွဲခန်းမှချင်းလင်ဖရဲသီး၏အကျိုးအမြတ်များကြောင့်ပင်။

မနှစ်က ရုံချန်းအခွန်ငွေအတော်အတန်တိုးလာရုံသာမက GDP နှင့်တစ်ဦးချင်းဝင်ငွေလည်း အများကြီးတိုးတက်လာသည်။

မြို့တော်အဆင့်မြှင့်ရန်အခွင့်အရေးအတွက်ပြိုင်ဆိုင်နေသောစီရင်စုများထဲတွင် ထိပ်တန်းစာရင်းဝင်နေပြီ။

ဒါချင်းလင်ကုမ္ပဏီက ရုံချန်းကိုဘယ်လောက်အထောက်အကူဖြစ်လဲသိနိုင်သည်။

ရုံးခန်းတံခါးပွင့်လာသည်။ ချန်လီဝင်ဝင်လာချင်း စွန်းရှန်ကမေးသည်_

"သေချာစုံစမ်းခဲ့လား? ချင်းလင်ဓာတ်ခွဲခန်းက အဲဒီမြေမှာဘာလုပ်ချင်တာလဲ?''

ချင်းလင်ဓာတ်ခွဲခန်းဘာဖြစ်နေလဲသိချင်လွန်း၍မဟုတ်။ မဖြစ်မနေလုပ်ရသည်။



အစပိုင်း ချင်းလင်အားဖြည့်လက်ဖက်ရည်စက်ရုံကိုနင်းမြို့တော်ကလုယူသွားပြီးနောက်ပိုင်း စီရင်စုအားလုံးက ရုံချန်းအသားစားချင်သလို ချင်းလင်ကုမ္ပဏီကိုအာသာငမ်းငမ်းစောင့်ကြည့်နေကြသည်။

အခုရှန်းရွှေလက်ဆောင်ဆန်ကို စီရင်စုအားလုံးမှာစိုက်ပြီးနောက်ပိုင်း စီရင်စုများအခွင့်အရေးရလာသည်။ မြေခွေးက မိန်းမလှကိုမျက်စိကျသလို ရွှန်းရွှန်းစားစားအကြည့်နှင့်။ ချင်းလင်ဓာတ်ခွဲခန်းကလှုပ်ရှားတိုင်းခုန်အုပ်ဖို့စိတ်အားထက်သန်နေကြသည်။

ထို့ကြောင့် ချင်းလင်ဓာတ်ခွဲခန်းဘယ်ခြေလှမ်းလှမ်းလဲ ရုံချန်းကသိမှဖြစ်မည်။ မဟုတ်ရင် တခြားစီရင်စုကအမြတ်ထုတ်သွားနိုင်သည်။

……

ချန်လီကသန့်စင်မြက်ပင်နှစ်ပင်ကို စွန်းရှန်စားပွဲပေါ်ရတနာလိုတင်လိုက်သည်။

"ဒါက?''

စွန်းရှန်ကဇဝေဇဝါနှင့်မေးသည်။

"စွမ်းရှန်... ခဏနေသိလိမ့်မယ်''

ချန်လီကခေါင်းမော့ပြီး ရုံးခန်းထဲမှအလင်းရောင်ကိုကြည့်လိုက်သည်။ အလင်းက မဝင်တချက်ဝင်တချက်။ သူကချက်ချင်း ရုံးခန်းလိုက်ကာကိုဆွဲပြီး အလင်းဖွင့်လိုက်သည်။

စွန်းရှန်ကကြောင်ကြည့်နေသည်။ သို့သော် တဖြည်းဖြည်းနှင့် တစ်ခုခုမဟုတ်တော့။ သူ့အသက်ရှူရတာ ပိုပိုကောင်းလာသည်။

အလင်းရောင်အောက်တွင် သန့်စင်မြက်ပင်နှစ်ပင်က လေသန့်စင်နေပြီ။

အချိန်ကြာလေလေ သန့်စင်မှုပိုကောင်းလာလေလေ။ အထူးသဖြင့် ရုံးခန်းစားပွဲနားတဝိုက်ပင်။

"စွန်းရှန်... ခံစားမိလား? ဘယ်လိုလဲ?''

ချန်လီကလေအရည်အသွေးကိုခံစားမိပြီး မေးလိုက်သည်။

စွန်းရှန်ကကြောင်နေပြီးမှ_

"ချင်းလင်စံအိမ်မှာလေထုပိုကောင်းလာတာ ဒီမြက်ကြောင့်လား?''

တလောက ချင်းလင်စံအိမ်မှာလေထုပိုကောင်းလာသည်။ သူတို့ဒီကိစ္စကိုအာရုံစိုက်နေသော်လည်း အကြောင်းရင်းကိုမသိချေ။

အခု သူ့ရှေ့ကအပင်နှစ်ပင်ကြောင့်မှန်းသိပြီ။

မယုံနိုင်စရာဆိုသော်လည်း ပါမောက္ခလီခိုင်ရှိသည်။ သူကအချိန်မရွေး အံ့ဩစရာဖန်တီးနိုင်သည်။

ဝန်ကြီးလုက ချင်းလင်စံအိမ်ကိုမကြာခဏလာမှန်း သူသိသည်။ တရုတ်သိပ္ပံအကယ်ဒမီတာဝန်ခံဖြစ်ပြီး ပါမောက္ခလီခိုင်စွမ်းလွန်းသောကြောင့် ခဏခဏရောက်လာခြင်းပင်။

ချန်လီကခေါင်းညိမ့်ပြီးရှင်းပြသည်_

"စွန်းရှန်... ဒါချင်းလင်စံအိမ်မှာလေပိုကောင်းလာတဲ့အကြောင်းရင်းပဲ... ဒီမြက်ကိုသန့်စင်မြက်ခေါ်တယ်... လေသန့်စင်ပေးနိုင်တယ်... ငါ ချင်းလင်ဓာတ်ခွဲခန်းကလက်ရှိစိုက်နေတဲ့စမ်းသပ်စိုက်ခင်းထဲရောက်ပြီးပြီ... လေအရည်အသွေးက လုံးဝထင်မထားလောက်အောင်ပဲ''

"ချင်းလင်ဓာတ်ခွဲခန်းက မြေဧကတစ်သောင်းစာချုပ်ချုပ်တာ သန့်စင်မြက်စိုက်ဖို့... သူတို့သေချာပေါက်မြှင့်တင်လိမ့်မယ်... ဒါကိုရုံချန်းမှာအနှံ့စိုက်လိုက်ရင် ဘယ်လိုဖြစ်မယ်ထင်လဲ?''

"ပြောစရာမလိုတော့ဘူး... မြန်မြန် အစည်းအဝေးစ''

စွန်းရှန်ကနားထောင်ရင်း ချက်ချင်းမတ်တပ်ရပ်ကာညွှန်ကြားသည်။ ဒီနောက်ကွယ်ကအဓိပ္ပါယ်ကို သူသိသည်။

နောက်ပြီး ဒီအံ့ဖွယ်သန့်စင်မြက်ကိုမြှင့်တင်ပြီဆိုတာနှင့် တစ်ခေတ်ထမှာကျိန်း​သေသည်။

နိုင်ငံထဲကလေထုပြဿနာဘယ်လောက်ဆိုးလဲ သူအသိ။ ရုံချန်းလိုမြို့ငယ်လေးတောင် လေထုပြဿနာရှိသည်။

ဒီတော့ ရုံချန်းကပထမဆုံးဘဲစားပြရင် အားလုံးကလုံးဝသတိထားမိပြီး အကျိုးအမြတ်ကြီးလိမ့်မည်။

ဒီအခွင့်အရေးကို သူအရယူရမည်။

All Chapters