အံ့ဩဖို့ကောင်းလိုက်တဲ့လူငယ်! ရုံချန်းဘာလုပ်နေ?
Vol. 49 Ch. 729
(ဂုဏ်ယူပါတယ်... မဟော်ဂနီ ၃ ကတ်တီရပါတယ်!)
…
(ဂုဏ်ယူပါတယ်... ချူကီနှင်းဆီ ၃ ကတ်တီရပါတယ်!)
မနက်စောစောစီးစီး ဂိမ်းထဲဆက်တိုက်ပေါ်လာသောစာများကိုကြည့်ရင်း ချင်လင်ကစိတ်ခံစားချက်ကောင်းနေသည်။
ပစ္စည်းများရုံးပို့ပြီးနောက် သူ့ဂိမ်းဇာတ်ကောင်ကိုနတ်ဘုရားမတောင်သွားစေသည်။ ထိုနေရာတွင် မထင်မှတ်ထားတာရလာပြန်သည်။
ဒါနဲ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကတ်တီ ၁၀၀ စိမ်ရမည်။
ဒါမျိုးတွေဆို ဘယ်လောက်ရရ။
သစ်ပင်ခုတ်၊ငါးမျှားပြီး ထင်မထားတာမရတာတော့နှမြောစရာ။
သူကအချိန်ယူပြီး ချင်းလင်ဆေးဖက်ဝင်ဝိုင်ပြင်ဆင်လိုက်သည်။
ချင်လင်က ဂိမ်းထဲမှထွက်လိုက်သည်။ သန့်စင်မြက်အတွက်အစီအစဉ်ဆွဲမည်အပြုတွင် လင်းလန်ဇီထံမှဖုန်းဝင်လာသည်_
"သူဌေး... ရှင့်ကိုလူကြီးတစ်ယောက်ကတွေ့ချင်လို့တဲ့... မင်စီရင်စုကနာမည်ကြီးတရုတ်တိုင်းရင်းဆေးမိသားစု လျိုမိသားစုဝင်ဆိုပဲ''
"တရုတ်တိုင်းရင်းဆေးမိသားစုဝင်?''
ထိုစကားကြားပြီး ချင်လင်နည်းနည်းအံ့ဩသွားသည်။
မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုအကြောင်းကို လောင်ချန်ဆီကတစ်ကြိမ်မကကြားဖူးသည်။ သူ့ချင်းလင်ဆေးဖက်ဝင်ဝိုင်မတိုင်ခင်က တခြားတရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုမှာသာ ဒီလိုဝိုင်မျိုးရှိသည်။

ထိုမိသားစုနှစ်စု၏ဆေးဖက်ဝင်ဝိုင်က သူ့ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့်တော့မတူ။
သို့သော် ထိုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်စု၏ဆေးဖက်ဝင်ဝိုင်ကို သူတစ်ခါမှမတွေ့ဖူးချေ။
ကြည့်ရတာ လျိုမိသားစုကတစ်ခုဖြစ်မည်။
ထိုအကြောင်းတွေးပြီး ချင်လင်လည်းဖုန်းထဲမှညွှန်ကြားလိုက်သည်_
"မန်နေဂျာလင်း... ဒီခေါ်လာခဲ့ပါ!''
"ကောင်းပါပြီ သူဌေး!''
လင်းလန်ဇီကချက်ချင်းပြန်ဖြေသည်။
မကြာမီ လင်းလန်ဇီက ခေါင်းမွေးဖြူဖြူ၊အသားရဲဆတ်ဆတ်နှင့်လူကြီးတစ်ယောက်ကို သူ့ရုံးခန်းထဲခေါ်လာသည်။
လူကြီးက တရုတ်ရိုးရာဝတ်စုံကိုဆန်းသစ်ထားသောရှေးပုံစံဝတ်စားထားသည်။
ထိုလူကြီးနောက်တွင် သေတ္တာတစ်လုံးနှင့်လူငယ်တစ်ယောက်ပါလာသည်။
"လူကြီးမင်းလျို... ဒါကျွန်မတို့သူဌေး ဥက္ကဌချင်ပါ''
လင်းလန်ဇီက ဝင်ဝင်ချင်းမိတ်ဆက်ပေးသည်။
"လျိုစန်းဖုန်းပါ!''
လူကြီးက ချင်လင်ကိုတအံ့တဩကြည့်ရင်း သူ့ကိုယ်သူမိတ်ဆက်သည်။
အံ့ဩလည်းအံ့ဩစရာ။ ဘာပဲဖြစ်ဖြစ် ချင်လင်ကိုတွေ့သူတိုင်း ချင်းလင်စံအိမ်ပိုင်ရှင်မှန်းသိပြီးရင် အံ့ဩကုန်ကြသည်။
သူကငယ်လွန်းနေသည်။
"လူကြီးမင်းလျို''
ချင်လင်လည်းပြုံး၍နှုတ်ဆက်ပြီး မေးသည်_
"ဘာကိစ္စကြောင့်ရောက်လာတာလဲ မသိပါလား?''

လျိုစန်းဖုန်းကအံ့ဩနေရင်း_
"ခင်ဗျားတို့စံအိမ်ရဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုကြားဖူးတာကြာပါပြီ... ဝယ်ချင်တာလည်းကြာပြီ... ဒါပေမဲ့ စျေးကွက်ထဲမှာမရှိဘူး... ကျုပ်ဒီနေ့လာတာ နှစ်ပုလင်းလဲချင်လို့ပါ... လက်ခံပေးပါ''
လျိုစန်းဖုန်းပြောနေစဉ် နောက်မှလူငယ်က သူ့လက်ထဲကသေတ္တာဖွင့်လိုက်သည်။ အထဲတွင် ရှေးကျကျထုပ်ပိုးထားသောဝိုင်ပုလင်းများရှိသည်။ ဆေးဖက်ဝင်ဝိုင်များပင်။
စုစုပေါင်း ၅ ပုလင်းပါပြီး တစ်ဖက်က ၅ ပုလင်းနှင့် ၂ ပုလင်းလဲချင်ပုံရသည်။
လျိုစန်းဖုန်းအတွက်တော့ သူ့မိသားစုဆေးဖက်ဝင်ဝိုင် ၅ ပုလင်းနှင့် နှစ်ပုလင်းလဲချင်တာ စိတ်ရင်းပေါ်လွင်နေပြီ။
ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်း ပိုသိချင်ပုံရသည်။
သူ့မိသားစုက ဒီဆေးဖက်ဝင်ဝိုင်နှင့် မင်စီရင်စုတွင်အဆက်အသွယ်အများကြီးရခဲ့သည်ဟုဆိုနိုင်သည်။
အခုချင်းလင်ဆေးဖက်ဝင်ဝိုင်ရုတ်တရက်ပေါ်လာတော့ သူတို့ဘာမှမတတ်နိုင်ရင်တောင် ဝိုင်အကြောင်းသိထားရမည်။
အနည်းဆုံးတော့ သူ့မိသားစုဆေးဖက်ဝင်ဝိုင်နှင့်ယှဉ်ကြည့်ရမည်။ ဒါမှမဟုတ် တစ်ခုခုရအောင်စမ်းကြည့်နိုင်သည်။
တကယ်တော့ ချင်လင်လည်း ထိုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်စု၏ဝိုင်ကိုသိချင်နေခဲ့သည်။ အရည်အသွေးကိုသိချင်သောကြောင့် သူမငြင်း။
သူ့ဝိုင်သိုလှောင်ခန်းထဲမှာ တခြားတရုတ်တိုင်းရင်းဆေးမိသားစုကဝိုင်နည်းနည်းလောက်သိမ်းထားရလည်းကိစ္စမရှိပေ။
တစ်ဖက်က သူ့ဆေးဖက်ဝင်ဝိုင်ကိုစမ်းကြည့်မှာ လုံးဝစိတ်မပူ။ စနစ်အရည်အသွေးက စမ်းချင်သလိုစမ်းယူနိုင်တာမျိုးမဟုတ်ချေ။
တစ်ဖက်က အရည်အသွေး ၂ ရှိတဲ့ချူကီနှင်းဆီနဲ့ပျဉ်းမကိုရှာမတွေ့မချင်းပေါ့။
လျိုစန်းဖုန်းကိုခဏစောင့်ခိုင်းပြီး သူကရုံးခန်းထဲမှထွက်ကာ ဝိုင်သိုလှောင်ခန်းထဲမှချင်းလင်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းထုတ်လာသည်။
ရုံးခန်းထဲပြန်ရောက်သောအခါ ဂန္တဝင်ကြေးညိုဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းကိုစားပွဲပေါ်တင်ပြီး_
"လူကြီးမင်းလျို... ဒါကျွန်တော်တို့ချင်းလင်စံအိမ်ရဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်ပါ''
လျိုစန်းဖုန်းကခေါင်းညိမ့်ပြီး ဝိုင်ချင်းလဲကြသည်။
သူတို့နှစ်ဦးကဝိုင်အကြောင်း စကားစမြည်ပြောပြီးနောက် လျိုစန်းဖုန်းနှင့်လူငယ်ကပြန်ထွက်သွားသည်။
ချင်လင်လည်း လင်းလန်ဇီကိုစံအိမ်ပြန်ခိုင်းပြီးနောက် လျိုစန်းဖုန်းယူလာသောဆေးဖက်ဝင်ဝိုင် ၅ ပုလင်းကို ဝိုင်သိုလှောင်ခန်းထဲယူလာသည်။
ချင်းလင်အပန်းဖြေစံအိမ်အပြင်၌_
လျိုစန်းဖုန်းကအပြင်ရောက်ရောက်ချင်း သူ့ဘေးမှလူငယ်ကိုမေးသည်_
"ဒီဥက္ကဌချင်ကိုဘယ်လိုမြင်လဲ?''
လူငယ်က သူ့မြေးလျိုဖေးဖြစ်ပြီး သင်ကြားပေးရန်ခေါ်လာခြင်းပင်။
လျိုဖေးကမျက်မှောင်ကြုတ်ပြီး_
"ဒီဥက္ကဌချင်က သိပ်လိမ္မာပါးနပ်ပုံမရဘူး... အရင်က သူဌေးကြီးတွေလိုအရှိန်အဝါမျိုးမရှိဘူး... ဒါပေမဲ့ ချင်းလင်ဘရန်းနဲ့လုပ်ငန်းထောင်ထားတာတဲ့... အဲလိုမထင်ရဘူး''
"အဲလိုမဟုတ်ဘူး''
လျိုစန်းဖုန်းကပြောသည်_
"ဥက္ကဌချင်သာမပါးနပ်ရင် ဒီလိုလုပ်ငန်းမျိုးထောင်နိုင်မှာမဟုတ်ဘူး... ဒီတော့ သူကအရမ်းသိုသိုသိပ်သိပ်နေတတ်တယ်ဆိုတဲ့သဘောပဲ''
"မင်းအရင်ကမြင်ဖူးတဲ့သူဌေးကြီးတွေက ပါးနပ်တယ် အရှိန်အဝါကြီးတယ်... မင်းမြင်နိုင်တယ်... ဒါပေမဲ့ ဒီလူတွေနဲ့ယှဉ်ရင် ဥက္ကဌချင်က သူ့မျက်နှာမှာအပျော်မတွေ့ရဘူး... သူကလုံးဝပါးနပ်ပုံမပေါ်တဲ့ကြောက်စရာအကောင်းဆုံးသူပဲ''
"ဒီလိုပုဂ္ဂိုလ်မျိုးကိုမမြင်နိုင်တာနဲ့ မပါးနပ်ဘူး.. အရှိန်အဝါမရှိဘူးထင်ပြီးရန်စရင် မင်းဒုက္ခရောက်လိမ့်မယ်''
"လူငယ်တစ်ယောက်ဒီလိုလုပ်နိုင်တာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲတွေးကြည့်... မင်းသာဒီလိုလူမျိုးနဲ့မိတ်ဆွေဖြစ်ခွင့်ရရင် မင်းအတွက်ကောင်းတဲ့ကိစ္စပဲ''
"အဘိုးပြောတာမှန်တယ်''
လျိုဖေးခေါင်းညိမ့်လိုက်သည်။ သူ့မှာသာအရှိန်အဝါမရှိရင် ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုနိုင်ငံခြားကိုယ်စားလှယ်တွေကိုမပေးဟူ၍ကြေညာမည်မဟုတ်။ ဒီကိစ္စကတင် အတော်ကျေနပ်စရာကောင်းလွန်းနေပြီ။
လျိုစန်းဖုန်းဘာမှထပ်မပြောတော့။
ကားထဲဝင်ပြီးလျှင် အရင်ဆုံးချင်းလင်ဆေးဖက်ဝင်ဝိုင်ပုလင်းဖွင့်သည်။
ဒီတစ်ခေါက် သူ့လာရင်းကိစ္စကိုမမေ့။ သူ့မိသားစုဝိုင်နှင့် ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုနှိုင်းယှဉ်ကြည့်ဖို့ပင်။