← Chapters

အံ့ဩဖို့ကောင်းလိုက်တဲ့လူငယ်! ရုံချန်းဘာလုပ်နေ? ၂

Vol. 49 Ch. 730

အံ့ဩဖို့ကောင်းလိုက်တဲ့လူငယ်! ရုံချန်းဘာလုပ်နေ? ၂

Vol. 49 Ch. 730

သို့ရာတွင် တစ်ငုံသောက်ပြီးသည်နှင့် သူအံ့အားသင့်သွားသည်။ သူ့ခါးတဝိုက်တွင် အနွေးစီးကြောင်းကိုခံစားမိသောကြောင့်ပင်။ သူ့ခန္ဓာကိုယ်ထဲကသွေးတောင် ချောချောမွေ့မွေ့စီးဆင်းပြီး အလွန်သက်သောင့်သက်သာဖြစ်သွားသည်။

ဤသည်က ယန်ဓာတ်နှင့်ကျောက်ကပ်အားဖြည့်ပေးခြင်း +၂၊ သွေးနှင့်ချီဓာတ်အားဖြည့်ပေးခြင်း +၂ အာနိသင်ကြောင့်ဖြစ်သည်။

ထိုအာနိသင်ကြောင့် အံ့အားသင့်နေသောသူ့မျက်နှာမှာ အရှုံးသမားပုံပေါက်လာသည်။

"အဘိုး... ဘယ်လိုလဲ?''

လျိုဖေးကမေးသည်။

လျိုစန်းဖုန်းကသက်ပြင်းချပြီး_

"မေးနေသေးတယ်... ၅ ပုလင်းနဲ့ ၂ ပုလင်းလဲခဲ့တာရှင်းနေပြီ... ဒါပေမဲ့ သူတို့ရဲ့နှစ် ၂၀ သက်တမ်းဆေးဖက်ဝင်ဝိုင်က ငါတို့ထက်ပိုကောင်းတယ်... နည်းနည်းကောင်းရုံတင်မဟုတ်ဘူး''

"ငါအံ့ဩမိတာက ဒီဆေးဖက်ဝင်ဝိုင်မှာ ချူကီနှင်းဆီနဲ့ပျဉ်းမပါပုံရတယ်... ဒါပေမဲ့ ဘယ်ချူကီနှင်းဆီနဲ့ပျဉ်းမမှာမှ ဒီလိုအာနိသင်မျိုးမရှိနိုင်ဘူး''

နောက်ဆုံး လျိုစန်းဖုန်းသက်ပြင်းချလိုက်သည်။

ဒီဆေးဖက်ဝင်ဝိုင်ရဲ့အဓိကပါဝင်ပစ္စည်းက ချူကီနှင်းဆီနဲ့ပျဉ်းမဆိုတာ သူမယုံချင်။

ဆေးဖက်ဝင်ဝိုင်လုပ်ငန်းမှာအံတိုနေပြီဖြစ်၍ သူ့ကောက်ချက်သူယုံသည်။

သို့ရာတွင် ဝိုင်ထဲမှတခြားဆေးပင်အရသာကို ချူကီနှင်းဆီနှင့်ပျဉ်းမပါဝင်ပစ္စည်းနှစ်မျိုးက လွှမ်းမိုးထားပုံရသည်။ သူလုံးဝအရသာမခံနိုင်။

ဤသူခိုးဆန့်ကျင်ရေးနည်းလမ်းက ဆေးဖက်ဝင်ဝိုင်၏အာနိသင်အပေါ်သက်ရောက်မှုမရှိ။ လုံးဝအံ့ဩစရာ။

ဆေးဖက်ဝင်ဝိုင်လုပ်နည်းရှိမှန်းသိကြသည်။ အသုံးမတည့်သောဆေးပင်များထည့်လွန်းရင် ဆေးအာနိသင်အပေါ် အတော်အတန်သက်ရောက်တတ်သည်။

ချင်းလင်ဆေးဖက်ဝင်ဝိုင်က သူဌေးချင်အတိုင်းပင်။ တကယ့်အစစ်အမှန်ကိုဖုံးထားပြီး အပေါ်ယံကြည့်ရင်မမြင်နိုင်ချေ။

တော်လိုက်တဲ့လူငယ်။ ကောင်းလိုက်တဲ့ဝိုင်!

…



လျိုစန်းဖုန်းနှင့်သူ့မြေးဘာတွေးနေလဲ ချင်လင်မသိ။ သူကဝိုင်တစ်ပုလင်းနှင့်ဂိမ်းထဲဝင်ပြီး မှတ်ချက်ကြည့်လိုက်သည်:

(လျိုမိသားစုဆေးဖက်ဝင်ဝိုင်: အရည်အသွေး ၁)

(တရုတ်တိုင်းရင်းဆေးမိသားစုမှလက်ဆင့်ကမ်းလာသောဆေးဖက်ဝင်ဝိုင်ဖြစ်သည်။ အထူးကျန်းမာရေးကောင်းစေသောအာနိသင်ရှိသည်:

သွေးနှင့်ချီဓာတ်အားဖြည့်ပေးခြင်း +၁၊ ခန္ဓာကိုယ်အားရှိစေခြင်း +၁၊ သွေးနှင့်ချီဓာတ်ကျဆင်းခြင်းကိုသက်သာစေခြင်း +၁၊ အသည်းအားဖြည့်ပေးပြီး အမြင်ကောင်းစေခြင်း +၁၊ ချောင်းဆိုး၊သလိပ်ကပ်သက်သာခြင်း +၁!)

လျိုမိသားစုဆေးဖက်ဝင်ဝိုင်က အမှန်ပင်အရည်အသွေးကောင်းသည်။ အရည်အသွေး ၁ ရှိရုံသာမက အာနိသင်အများကြီးပါပြီး အားလုံးအရည်အသွေး ၁ ရှိသည်။ ဒီဝိုင်ကနာမည်ကြီးလည်းကြီးလောက်စရာ။

သို့သော် သူ့အရည်အသွေး ၂ ချင်းလင်ဆေးဖက်ဝင်ဝိုင်လောက်မကောင်းသေး။

သူ့ချင်းလင်ဆေးဖက်ဝင်ဝိုင်အရည်အသွေးက တခြားလောက်မများသော်လည်း အာနိသင်ပိုထက်ပြီးအံ့ဩဖို့ကောင်းသည်။ ချီနှင့်သွေးဓာတ်အားဖြည့်ပေးခြင်း +၂၊ ယန်ဓာတ်နှင့်ကျောက်ကပ်အားဖြည့်ပေးခြင်း +၂ အာနိသင်နှစ်ခုတင် အားလုံးကိုတောက်ချပစ်နိုင်သည်။

တခြား +၂ အာနိသင်များက တစ်ဆင့်ခံလောက်သာ။

ဂိမ်းထဲမှထွက်ပြီးနောက် ချင်လင်က လျိုမိသားစုဆေးဖက်ဝင်ဝိုင် ၅ ပုလင်းကို ဝိုင်စင်ပေါ်တင်လိုက်သည်။ ဆေးဖက်ဝင်ဝိုင်အာနိသင်ကိုသိပြီးနောက် သူ့သဘောထားပြောင်းသွားသည်။

ဘာပဲဖြစ်​ဖြစ် အရင်ကဒီအကြောင်းကြားဖူးရုံသာရှိပြီး သူ့ဆေးဖက်ဝင်ဝိုင်လောက်ကောင်းမကောင်း သူမသိခဲ့။

သူကနံပါတ်တစ်ဟုသိထားခြင်းနှင့် သူကနံပါတ်တစ်ဟုထင်ခြင်းနှစ်ခုက လားလားမှမတူ။

ချင်လင်က ဝိုင်သိုလှောင်ခန်းမှသူ့ရုံးခန်းထဲပြန်ရောက်ရုံရှိသေး၊ ချန်လီက စာဖိုင်တစ်ခုနှင့်အလောတကြီးရောက်လာပြီး_

"သူဌေးချင်... စီရင်စုက မင်းနဲ့သန့်စင်မြက်အကြောင်းပြောချင်လို့... သူတို့ကအော်ဒါမှာချင်တာ...''

ထိုစကားကြောင့် ချင်လင်ပြုံးလိုက်သည်။

ချိတ်မိပြီ။

"လက်ထောက်ချန်''

သူကဟန်ထုတ်လိုက်ပြီး_

"သန့်စင်မြက်ကို ချင်းလင်ဓာတ်ခွဲခန်းကဘယ်လိုလုပ်နိုင်မလဲကြည့်ရပါဦးမယ်... အသေးစိတ်ဆွေးနွေးဖို့ ဥက္ကဌရှန်ကိုခေါ်လိုက်ပါမယ်''



ထို့နောက် သူကဖုန်းထုတ်ပြီး ရှန်လီကိုဖုန်းဆက်ပြောပြလိုက်သည်။

ချင်လင်စကားအရ ဥက္ကဌချင်က ရုံချန်းကိုစံပြအဖြစ်အသုံးချချင်ကြောင်း ရှန်လီသိသည်။ သူကမကြာခင်အရောက်လာမည်ဟုချက်ချင်းပြောပြီး ပြုံးပြုံးနှင့်ဖုန်းချလိုက်သည်။

"လက်ထောက်ချန်... လက်ဖက်ရည်သောက်ရင်း ဥက္ကဌရှန်အလာကိုစောင့်ကြတာပေါ့''

ချင်လင်လည်း ချန်လီကိုဖိတ်ပြီး အရည်အသွေး ၂ အူလုံလက်ဖက်ခြောက်နှင့်ဧည့်ခံသည်။

ချင်လင်ရဲ့လက်ဖက်ရည်ကအရသာရှိမှန်း ချန်လီသိသည်။ တစ်ကြိမ်မက အရသာခံဖူးသည်။ ဒီလိုအခွင့်အရေးမျိုးကို သူလက်လွတ်မခံ။

ရှန်လီလည်း မြန်မြန်ဆန်ဆန်ရောက်လာသည်။ သူကရုံးခန်းထဲဝင်ပြီး သူတို့နှစ်ဦးကိုနှုတ်ဆက်သည်_

"ဥက္ကဌချင်... လက်ထောက်ချန်''

"ဥက္ကဌရှန် ထပ်ဆုံပြီနော်''

ချန်လီလည်းမတ်တပ်ရပ်ပြီး ပြုံးပြုံးနှင့်ရှန်လီကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။

ချင်းလင်ဖရဲသီးမြှင့်တင်ရေးကြောင့် တချို့အထွေထွေကိစ္စများကို ရှန်လီနှင့်စီရင်စုကဆွေးနွေးရသည်။ သူတို့နှစ်ဦး အရင်ကမကြာခဏဆုံဖူးသည်။

ချင်လင်လည်း ချန်လီယူလာသောစာဖိုင်များလှမ်းပေးပြီး_

"ဥက္ကဌရှန်... ကျွန်တော်တို့စမ်းသပ်စိုက်ခင်းထဲက သန့်စင်မြက်မျိုးစေ့တွေသိမ်းပြီး ရောင်းနိုင်ပြီလား?''

"စီရင်စုက အော်ဒါမှာချင်တယ်တဲ့... သူတို့က သန့်စင်မြက်နဲ့ ရုံချန်းရဲ့လေထုအခြေအနေကိုပြောင်းလဲပေးစေချင်တယ်... ခင်ဗျားစီစဉ်ပြီးရင် စီရင်စုကိုသွားပြီး လက်ထောက်ချန်နဲ့အသေးစိတ်ဆွေးနွေးလိုက်ပါ''

ရှန်လီခေါင်းညိမ့်လိုက်သည်။ လက်ဖက်ရည်ခဏသောက်ပြီးနောက် ချန်လီနှင့်စီရင်စုထဲလိုက်သွားသည်။

သန့်စင်မြက်စိုက်ပြီး ရုံချန်းကိုပြောင်းလဲမည့်ကိစ္စက စကားနည်းနည်းနှင့်ပြီးမည့်ကိစ္စမဟုတ်။ အသေးစိတ်ဆွေးနွေးစရာအများကြီးရှိသည်။

ပထမဆုံးစံပြအနေနှင့် ချင်းလင်ဓာတ်ခွဲခန်းက ရုံချန်းကိုလျှော့စျေးများများပေးရမည်။ ရုံချန်းမှအမြတ်မယူသော်လည်း စီးပွားရေးကစီးပွားရေးပင်။ တချို့ကိစ္စများကို ရှင်းရှင်းလင်းလင်းဆွေးနွေးရမည်။

ထို့အပြင် ဤကဲ့သို့မြို့တစ်မြို့ကိုအကြီးအကျယ်ပြောင်းလဲခြင်းမျိုးက တစ်မြို့လုံးဖွဲ့စည်းပုံနှင့်လမ်းအစီအစဉ်မြေပုံလိုအပ်သည်။

ဘာပဲဖြစ်ဖြစ် သန့်စင်မြက်စိုက်ဖို့နေရာပဲရှာလို့မဖြစ်ဘူးမလား?

ဒီလိုဆို အဓိပ္ပါယ်မရှိ။

ထို့ကြောင့် နောက်ရက်များတွင် ရှန်လီကနေ့တိုင်းလိုလိုရုံချန်းကိုသွားပြီးဆက်သွယ်သည်။ ဒီအတွက်စိုက်မည့်နေရာကိုပုံစံချရန် ရှန်လီက နိုင်ငံထဲမှနာမည်ကြီးစီစဉ်သူဒီဇိုင်နာကိုတောင်ငှားထားသည်။

တစ်ဖက်လူ၏အသားတင်အမြတ်ကမနည်း။ ငွေအများကြီးသုံးထားပြီး ချင်းလင်စံအိမ်၏ဂုဏ်သတင်းကြောင့် တခြားအလုပ်များဘေးပို့ကာ ချက်ချင်းရောက်လာသည်။

ထို့အပြင် မြို့ကိုပြောင်းလဲပြီးနောက်ပိုင်း ဝန်ဆောင်မှုရှိသည်။



All Chapters