← Chapters

အံ့ဩဖို့ကောင်းလိုက်တဲ့လူငယ်! ရုံချန်းဘာလုပ်နေ? ၃

Vol. 49 Ch. 731

အံ့ဩဖို့ကောင်းလိုက်တဲ့လူငယ်! ရုံချန်းဘာလုပ်နေ? ၃

Vol. 49 Ch. 731

သန့်စင်မြက်ကိုကြာရှည်မစိုက်နိုင်။ မည်သည့်အပင်သက်တမ်းမဆို အကန့်အသတ်ရှိသည်။

သန့်စင်မြက်က စနစ်ထုတ်ကုန်ဆိုရင်တောင်အတူတူပင်။

ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ သန့်စင်မြက်သက်တမ်းက ၃ နှစ်မှ ၄ နှစ်ရှိသည်။ အဲဒီအချိန်ကျရင် သူတို့ကပြန်စိုက်ပျိုးမည်။ ရုံချန်းကအော်ဒါထပ်မှာမည်။

နောက်ပြီး ချင်းလင်ဓာတ်ခွဲခန်းက မျိုးစေ့ကိုကျယ်ကျယ်ပြန့်ပြန့်စိုက်သည်နှင့် မျိုးစေ့မယူနိုင်အောင်လုံခြုံရေးအင်အားတိုးမြှင့်ရမည်။

နောက်ဆုံး ရက်ပိုင်းအကြာတွင် နှစ်ဦးနှစ်ဖက်အားလုံးဆွေးနွေးပြီးစီးသွားသည်။

ရုံချန်းနှင့်ချင်းလင်ဓာတ်ခွဲခန်းက အမြဲတစေရင်းရင်းနှီးနှီးရှိသောကြောင့် ချင်းလင်ကုမ္ပဏီက တချို့အကျိုးအမြတ်များကိုအဆုံးရှုံးခံပြီး ဝင်ငွေမဖန်တီးခဲ့။

မဟုတ်ရင် ဆွေးနွေးချိန်လုံလောက်မည်မဟုတ်ပေ။

…

နေ့သစ်စတင်လာသည်။

ရုံချန်းတွင် ခရီးသည်များဝင်လာပြန်သည်။ ယွီလင်းက ရထားဘူတာမှ သူ့ကောင်မလေးနှင့်အတူထွက်လာသည်။ ၁၀ မိနစ်ကျော်တန်းစီပြီး တက္ကစီကားပေါ်တက်ကာ ချင်းလင်စံအိမ်တန်းသွားသည်။

နှစ်သစ်ကူးပြီးမှ တမင်လာခဲ့ခြင်းပင်။

သူ့စိတ်ထဲတွင် နှစ်သစ်ကူးနေ့နှင့်အမျိုးသားနေ့ခရီးသွားသူများကို အရူးဟုထင်သည်။

သို့သော် ဒီလူတွေက ခရီးထွက်ဖို့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိတာလည်းဖြစ်ကောင်းဖြစ်မည်။

ထိုအတွေးကြောင့် ရုတ်တရက်ဘဝင်မြင့်မိသလိုလို။

အနည်းဆုံးတော့ သူက အားလပ်ရက်ကို သူ့စိတ်တိုင်းကျဆုံးဖြတ်နိုင်သည်။ ဒီအချိန်အပြင်ထွက်လည်ပတ်ရင် ကားလမ်းပိတ်တာမျိုးဒုက္ခတွေမရှိနိုင်။

ယွီလင်းတွေးတောနေစဉ် ကားရပ်သွားပြီး လုံးဝရှေ့ဆက်မတိုးတော့ချေ။

"ကားဆရာ... ရှေ့မှာဘာဖြစ်နေတာလဲ?''

ယွီလင်းကမေးသည်။

"ကားပိတ်တာထင်တယ်''

ကားဆရာကမျက်မှောင်ကြုတ်ကာပြောသည်။

"ဟင်း ဟင်း''

ယွီလင်း ချက်ချင်းစိတ်ပျက်သွားသည်။

သော*က်ပြဿနာ?

ပိုဆိုးတာက ယဉ်လမ်းပိတ်တာအတော်ကြာသွားသည်။

နောက်ဆုံးကားရှေ့တိုးနိုင်သောအခါ ယွီလင်းကကားလမ်းပိတ်ရသောအကြောင်းကိုတွေ့သွားသည်။ ရှေ့လမ်းကဆောက်လုပ်နေဆဲဖြစ်ပြီး ခြံစည်းရိုးကာထားသောလမ်းဘေးတွင် ပန်းခင်းနှင့်စိမ်းစိမ်းစိုစိုအပင်များစိုက်နေသောကြောင့် ယာဉ်လမ်းပိတ်နေသည်။

ပန်းရောင်အမွေးဖွားဖွားနှင့်ပန်းပွားမြက်ကိုလည်း အလုပ်သမားများမြင်နိုင်သည်။

ထိုမြင်ကွင်းကြောင့် ယွီလင်းဆဲချင်သွားသည်။ ရုံချန်းက ချင်းလင်စံအိမ်ကိုနောက်ပြန်ဆွဲနေတယ်ဆိုတဲ့အကြောင်း အင်တာနက်ပေါ်မှာ သူသတင်းတွေဖတ်ဖူးသည်။ အမှန်ဖြစ်နေမည်ဟု သူမထင်မိ။

"ရုံချန်းလမ်းတွေက လမ်းပိတ်ဖို့လွယ်တယ်ကြားတယ်... ရုံချန်းသားတွေဘာမှမလုပ်ကြဘူးလို့ ခရီးသည်တွေညည်းတွားနေကြတာ... အခုတောင် လမ်းမပိတ်ပိတ်အောင်လုပ်နေတယ်''

ကားဆရာရှက်သွားသည်။

ရုံချန်းသားဖြစ်၍ ရုံချန်းအကြောင်းမကောင်းမပြောစေချင်။ ကိုယ့်မိသားစုဘယ်လောက်ဆိုးဆိုး တခြားလူကဆိုးတယ်ပြောတာမကြိုက်။

သို့ရာတွင် ရုံချန်းကချင်းလင်စံအိမ်ကိုနောက်ပြန်ဆွဲနေသည်ဟုခရီးသည်များပြောသောစကားကိုကြားကြားချင်း သူကပြုံးပြီးသံယောင်လိုက်သည်_

"အင်း... ဒီလမ်းပိတ်တာ အတော်စိတ်ရှုပ်စရာကောင်းတယ်... စီရင်စုကမတိုးတက်ဘူး''

ချင်းလင်စံအိမ်နှင့်ယှဉ်ပြီး ရုံချန်းကိုဘေးပို့လိုက်သည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်က ထမင်းအိုးဖြစ်နေသည်။

အထူးသဖြင့် ယာဉ်လမ်းကြောင်းပိတ်သောအခါ အခေါက်ရေနည်းပြီးဝင်ငွေလျော့သည်။

ထို့ကြောင့် ဒီရှုထောင့်မှကြည့်လျှင် ခရီးသည်များကိုထောက်ခံရမည်။

ကားဆရာထောက်ခံသောကြောင့် ယွီလင်းကပိုအားတက်သွားပြီး_

"ခင်ဗျားတို့တွေတိုင်သင့်တယ်... ရုံချန်းက ဒီပန်းတွေအပင်တွေစိုက်ပြီး ပုံပန်းကိုထိန်းသိမ်းနေတာ... ကိုယ့်နေရာကိုယ်တောင်မသိဘူး''

"ခရီးသည်တွေရုံချန်းလာတာ ဒီပတ်ဝန်းကျင်ကြည့်ဖို့မဟုတ်ဘူး... ချင်းလင်စံအိမ်နဲ့ချင်းလင်မွေးမြူရေးခြံကြည့်ဖို့... ရုံချန်းရဲ့ပန်းတွေအပင်တွေကိုမကြည့်ဘူး... ခင်ဗျားတို့က လမ်းကြောကောင်းအောင်လုပ်ရုံပဲ''

ချင်းလင်စံအိမ်ရဲ့ရှုခင်းနေရာကောင်းက ရုံချန်းမှာဖြစ်နေတာ လုံးဝနှမြောစရာ။

ကားကပန်းခင်းဖြတ်ပြီးနောက် ယွီလင်းကဖုန်းထုတ်ပြီး ဗီဒီယိုရိုက်ကာတင်လိုက်သည်။

ခေါင်းစဉ်: ''ရုံချန်းက ချင်းလင်စံအိမ်ကိုဆွဲချနေပြန်ပြီ!''

ယွီလင်းဗီဒီယိုလိုင်းပေါ်တင်တင်ချင်း like တွေ၊မှတ်ချက်တွေအများကြီးရသည်။

ဗီဒီယိုတင်သူက သူတစ်ယောက်တည်းမဟုတ်။

ရုံချန်းတွင်အပင်များစိုက်သောနေ့၌ ခရီးသည်များကဓာတ်ပုံများရိုက်တင်ကြ၍ နာမည်ကြီးချင်းလင်စံအိမ်မှာ အလွန်ရေပန်းစားလာပြန်သည်။

ရေပန်းစားခေါင်းစဉ်က ရုံချန်းကိုဦးတည်ထားသည်။

"ရုံချန်းက တုံးပြန်ပြီ... ပွဲမပျက်ခင် ကတ်ကောင်းချနေတယ်!''

"ဟုတ်ပါ့... ချင်းလင်စံအိမ်လိုကတ်ကောင်းကို ဆွဲချနေတယ်''

"ခရီးသည်တွေက ရုံချန်းမှာဘာပန်းမှမကြည့်ချင်ဘူး... ချင်းလင်စံအိမ်ကြောင့်လာတာ... ခင်ဗျားတို့က လမ်းပန်းဆက်သွယ်ရေးကောင်းအောင်လုပ်ပေးရုံပဲ''

"ရုံချန်းရဲ့လူကြီးတွေကိုစစ်ကြည့်သင့်ပြီထင်တယ်... လမ်းပန်းဆက်သွယ်ရေးမကောင်းမှန်းသိရက်နဲ့ ဒီပန်းပွားမြက်တွေစိုက်နေသေးတယ်... ဒီလိုအသွင်ပြောင်းလုပ်ငန်းမျိုးက အညှီအဟောက်အများဆုံးဆိုတာ အားလုံးအသိ''

"ဟုတ်တယ်... စစ်ကြည့်ဖို့ထောက်ခံတယ်... ဒီကိစ္စမှာပါဝင်ပတ်သက်နေတဲ့လူတွေအကုန်စုံစမ်းသင့်တယ်''

"မှောင်ရိပ်ခိုအပေးအယူတွေရှိမရှိ စုံစမ်းစစ်ဆေးဖို့ပြင်းပြင်းထန်ထန်တောင်းဆိုတယ်!''

“……”

ဤသည်က ယာဉ်လမ်းကြောင်းပိတ်ဆို့နေ၍ သန့်စင်မြက်အကြောင်းမသိသေးသော ခရီးသည်များ၏ဒေါသပင်။ ထို့ကြောင့် ဘယ်အခြေအနေကိုလိုက်ရမှန်းမသိဖြစ်ကုန်သည်။ စုံစမ်းစစ်ဆေးပေးရန်တောင်းဆိုသူများများလာပြီး ပြည်သူ့အမြင်လိုဖြစ်လာသည်။

ချန်လီကထိုသတင်းတွေ့ပြီး မျက်စိမျက်နှာပျက်သွားသည်။ ဒီကိစ္စကိုင်တွယ်သူက သူမဟုတ်ပါလော။

All Chapters