← Chapters

သန့်စင်မြက်အကြောင်းသိကုန်ပြီ! သန့်စင်မြက်ကိုမျက်စိကျ!

Vol. 49 Ch. 732

သန့်စင်မြက်အကြောင်းသိကုန်ပြီ! သန့်စင်မြက်ကိုမျက်စိကျ!

Vol. 49 Ch. 732

ချန်လီမှာ ကြောင်တောင်တောင်၊ရှက်တတ်တတ်ဖြစ်သွားသည်။

မြို့တော်က စွန်းရှန်ကိုဖုန်းဆက်လာသောကြောင့်ပင်။

ခေတ်က သတင်းမီဒီယာခေတ်ဖြစ်နေသည်။ အင်တာနက်မှာရေပန်းစားသည်နှင့် လျစ်လျူရှုမရတော့။ အထူးသဖြင့် ဘယ်သူ့ဘယ်သူဘယ်သူကိုစုံစမ်းစစ်ဆေးပါဟူသော ခေါင်းစဉ်များဖြစ်လေသည်။ သက်ဆိုင်ရာဌာနများက မဖြစ်မနေဖြေရှင်းချက်ပေးရသည်။

ထို့ကြောင့် မြို့တော်ကလူများဖုန်းဆက်လာသည်။

အားလုံးထက်ပိုပြီး သူကအပြစ်ရှိသလိုခံစားနေရသည်။ အင်တာနက်ပေါ်ကလူတွေ ဘယ်သိပါ့မလဲ? သန့်စင်မြက်အကြောင်းသေချာသိမှ ပါးစပ်အဟောင်းသားဖြစ်ကုန်လိမ့်မည်။

စွန်းရှန်လည်း ဒီလိုဖြစ်မည်ဟုမျှော်လင့်မထား။ သူကဖုန်းကိုင်ပြီး_

"ခေါင်းဆောင်... အဲလိုကိစ္စမျိုးမရှိပါဘူး... ဒီတစ်ခါကျွန်တော်တို့ရုံချန်းမှာစိုက်တဲ့အပင်က ချင်းလင်ဓာတ်ခွဲခန်းနဲ့ပူးပေါင်းလုပ်တာပါ''

အကြာကြီးကြာပြီးမှ စွန်းရှန်ကဖုန်းချပြီး ချန်လီအား_

"ရပြီ... ဒီအတိုင်းမေးတာပဲ... ငါတို့ကြေညာချက်ထုတ်ပြန်ပြီး ရှင်းပြရမယ်''

ချန်လီက သက်ပြင်းရှည်ကြီးချလိုက်သည်။

သို့သော် အင်တာနက်ပေါ်တွင် ဆဲမြဲဆဲနေကြဆဲ။

ယွီလင်း ချင်းလင်စံအိမ်ရောက်ကတည်းက ဒီကိစ္စကိုအာရုံစိုက်နေသည်။ သူ့ဗီဒီယိုမှတ်ချက်များမှ အဖြေရနိုးနိုးနှင့် တစ်ယောက်ချင်းစီကိုတောင်စာပြန်ဖြေထားသည်။

သူ့ဒေါသမပြေသောကြောင့်ပင်။

တစ်မနက်လုံးကားလမ်းပိတ်ပြီး နေ့ခင်းမှချင်းလင်စံအိမ်ရောက်သည်။ အချိန်ပုပ်သည်။ ပြီးတော့ အကြည်ဓာတ်ပျက်သည်။

ထို့ကြောင့် မီးလောင်ရာလေပင့်ပစ်သည်။ ပြဿနာရှိနေရင် သက်ဆိုင်ရာဌာနတွေက ဒီမြက်ကိစ္စကိုစုံစမ်းစစ်ဆေးတာအကောင်းဆုံး။ ပြဿနာမရှိရင်တော့ သူ့ဒေါသထွက်ပေါက်ရသည်။

ထိုအချိန်တွင် ယွီလင်းကောင်မလေးက_

"ကြည့်... ရုံချန်းက ကြေညာထားတယ်''

ယွီလင်းလည်း သူ့ကောင်မလေးဖုန်းယူကြည့်လိုက်သည်။ အမှန်ပင် ရုံချန်းမှတရားဝင်ကြေညာချက်ဖြစ်သည်:



"အင်တာနက်ပေါ်က ကျုပ်တို့ရုံချန်းရဲ့ပြောင်းလဲမှုအကြောင်းအဆင့်မြင့်မြင့်ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ကျုပ်တို့ရုံချန်းက အများပြည်သူကိုအသိပေးပါမယ်... ဒီအသွင်ပြောင်းတဲ့လုပ်ငန်းအကြောင်းကိုရှင်းပြချင်ပါတယ်!''

"ဒီလုပ်ငန်းက ကျုပ်တို့ရုံချန်းနဲ့ချင်းလင်ဓာတ်ခွဲခန်းပူးပေါင်းတဲ့အသွင်ပြောင်းလုပ်ငန်းပါ... အဲဒါထက် ကျုပ်တို့ကအလှစိုက်ပန်းပွားမြက်စိုက်နေတာမဟုတ်ပါဘူး... ပါမောက္ခလီခိုင်ဖန်တီးထားတဲ့ သန့်စင်မြက်ဆိုတဲ့မျိုးစိတ်အသစ်ပါ''

"သန့်စင်မြက်ဆိုတာက နေရောင် ဒါမှမဟုတ် မီးအလင်းရောင်နဲ့အစာချက်ပြီး လေသန့်စင်ပေးနိုင်တဲ့အပင်တစ်မျိုးပါ... ချင်းလင်စံအိမ်ရဲ့လေထုက အပြင်မှာထက်ပိုကောင်းတယ်ဆိုတာ အားလုံးသိမယ်ထင်ပါတယ်... အဲဒီမှာ သန့်စင်မြက်တွေစိုက်ထားလို့ပါ''

"ဒီသန့်စင်မြက်ကိုရုံချန်းမှာစိုက်ပြီးရင် ရုံချန်းရဲ့လေအရည်အသွေးကိုလုံးဝပြောင်းလဲပေးနိုင်ပါလိမ့်မယ်!''

ထိုကြေညာချက်အပြီး အင်တာနက်ပေါ်မှသံသယဗီဒီယိုများအားလုံး ပွက်လောရိုက်သွားသည်။

ပါမောက္ခလီခိုင်ပါနေသောကြောင့်ပင်။

ပါမောက္ခလီခိုင်က အံ့ဩစရာကောင်းမှန်း အားလုံးအသိ။

ဒီပုဂ္ဂိုလ်က ဒုတိယမျိုးဆက်သူဌေးသားဘဝကိုမခံယူဘဲ ရွှံ့ထဲဒူးထောက်ကာသုတေသနလုပ်သည်ဟု အတော်များများသိထားကြသည်။

ပါမောက္ခလီခိုင်က အချစ်အတွက် SMA ရောဂါကိုကုသနိုင်မည့် ဒိုနာစီမြက်ရင်းကိုသုတေသနလုပ်ခဲ့သောကြောင့် အားလုံးကလေးစားကြသည်။

လူငယ်မျိုးဆက်သစ်များက ပါမောက္ခလီခိုင်ကိုစံပြထားသည်ဟုဆိုနိုင်သည်။

အခုပါမောက္ခလီခိုင်ကအသစ်ဖန်တီးထားပြီး သန့်စင်မြက်၏လေသန့်စင်နိုင်သောအာနိသင်က အံ့ဩစရာကောင်းသည်။

တခဏချင်း အင်တာနက်ပေါ်တွင်လေသံပြောင်းသွားသည်။ အားလုံးက သန့်စင်မြက်ဆိုတာဘာလဲစူးစမ်းဆွေးနွေးနေကြပြီ။

အစပ်စုဆုံးသူများက ချင်းလင်စံအိမ်ရောက်နေသောခရီးသည်များဖြစ်သည်။ စံအိမ်လေထုက အရမ်းကောင်းမှန်းသိသောကြောင့်ပင်။

ချင်းလင်စံအိမ်က သန့်စင်မြက်စိုက်ထားသည်ဆိုသောသတင်းကြားပြီး ခရီးသည်များကရှာဖွေစူးစမ်းကြတော့သည်။

ယွီလင်းနှင့်သူ့ကောင်မလေးလည်း အတူတူပင်။ ထိုရုတ်တရက်အပြောင်းအလဲကြောင့် သူ့ဒေါသပျောက်သွားပြီး သူ့ကောင်မလေးကိုဆွဲခေါ်ကာ_

"သန့်စင်မြက်ကိုသွားကြည့်ရအောင်''



ကောင်မလေးကခေါင်းညိမ့်ပြီး ယွီလင်းနောက်လိုက်ကာ စံအိမ်ပတ်သည်။

ချင်းလင်စံအိမ်အနှံ့တွင် သန့်စင်မြက်စိုက်ထားသောကြောင့် နှစ်ယောက်သားမြန်မြန်ဆန်ဆန်တွေ့သွားကြသည်။ ပန်းခင်းတစ်ခင်းလုံးပတ်ပတ်လည်တွင် သန့်စင်မြက်များဝန်းပတ်စိုက်ထားသည်။

ယွီလင်းကသူ့ကောင်မလေးနှင့် ပန်းခင်းရှေ့ရောက်လာသည်။ ထိုနေရာတွင် လူများရုတ်ရုတ်ရုတ်ရုတ်နှင့် တစ်ယောက်ပြီးတစ်ယောက်ဖုန်းထုတ်ကာ သန့်စင်မြက်ကိုဓာတ်ပုံများရိုက်နေကြသည်။

"သန့်စင်မြက်ဘေးနားနေရတာ တခြားနေရာတွေထက်လေပိုကောင်းသလိုပဲ!''

"ဟုတ်ပါ့... အခုအသက်ရှူလို့ကောင်းလာပြီ... သေသေချာချာခံစားမိတယ်''

"အဓိကက ဒီသန့်စင်မြက်အရမ်းလှတာပဲ... ရုံးမှာအိုးနဲ့ထားလိုက်ရင် ပြည့်စုံသွားပြီ''

"ပါမောက္ခလီခိုင်က အံ့ဩစရာ... ဒီလိုပစ္စည်းမျိုးတကယ်ဖန်တီးနိုင်တယ်''

“……”

လေပိုကောင်းမှန်းသိသာသောကြောင့် ယွီလင်းကချက်ချင်းပင် သူ့ကောင်မလေးကိုဆွဲပြီး သန့်စင်မြက်နှင့်ဗီဒီယိုရိုက်သည်။

သန့်စင်မြက်စိုက်ထားသောချင်းလင်စံအိမ်အနှံ့တွင် ဤအတိုင်းဖြစ်ပျက်သွားသည်။

ဗီဒီယိုရိုက်ပြီး ဝဘ်ဆိုဒ်တင်သောခရီးသည်များပိုပိုများလာသည်။

စံအိမ်သန့်စင်မြက်က အရည်အသွေး ၂ ရှိသည်။ လေသန့်စင်ပေးသောအရည်အသွေး +၂ ရှိရုံသာမက အဆင်းလှခြင်း +၂၊ ဆွဲဆောင်မှုရှိခြင်း +၂ နှင့် ဓာတ်ပုံစားခြင်း +၂ ရှိသည်။

ထိုအရည်အသွေးများက သာမန်မျက်စိနှင့်ကြည့်လျှင်လှရုံသာမက ဖုန်းနှင့်ဗီဒီယိုရိုက်ချက်ကလည်းအနုပညာဆန်ပြီး အရည်အသွေးမြင့်ဗီဒီယိုဖြစ်လာသည်။

ဒီလိုဗီဒီယိုမျိုးကပေါက်လွယ်သည်။

ထို့ကြောင့် ယာဉ်လမ်းကြောင်းတွက်ဆချက်များအောက်တွင် သန့်စင်မြက်ဗီဒီယိုများကနာမည်ကြီးလာသည်။ အချိန်တိုအတွင်း သန့်စင်မြက်လည်းရေပန်းစားရှာဖွေမှုထဲဝင်သွားပြီး ထိပ်တန်းသုံးခုထဲတောင်ဝင်သွားသည်။

ရေပန်းအစားဆုံးခရီးသည်တစ်ဦး၏ဗီဒီယိုရှိသည်။ ထိုခရီးသည်မှာ AQI အရည်အသွေးစမ်းသပ်စက်ဆောင်ထားသော ခရီးသွားဘလော့ဂါတစ်ဦးပင်။

တစ်နေရာရောက်တိုင်း ဒေသဆိုင်ရာခရီးသွားမှတ်ချက်များချရေးပြီး လေအရည်အသွေးစစ်ဆေးကာ မှတ်တမ်းတင်တတ်သည်။

ရုံချန်း၏လေအရည်အသွေးကိုစမ်းသပ်ပြီးမှ ချင်းလင်စံအိမ်သွားကာ သန့်စင်မြက်နားတွင်စမ်းသပ်သည်။

လေအရည်အသွေးက ရုံချန်းတွင် ၅၅၊ ချင်းလင်စံအိမ်တွင် ၂၈ ဖြစ်ပြီး သန့်စင်မြက်စိုက်ထားသောနေရာနှင့်သုံးလေးမီတာအကွာတွင် ဂဏန်းတစ်လုံးတည်းဖြစ်သွားပြီး ၅ အထိရောက်သည်။



All Chapters