သန့်စင်မြက်နဲ့ မြို့ကိုအသွင်ပြောင်း!
Vol. 49 Ch. 734
အီဗန်စိတ်လောနေသည်။
မစ္စတာလျိုက သူပြောတဲ့အတိုင်းလုပ်ထားသည်။
ပစ္စည်းလက်ခံရန် ID ကတ်လို၍ သူကသန့်စင်မြက်သုံးအိုးရသောဝန်ထမ်းကိုလှမ်းခေါ်ပြီး ပစ္စည်းအတူတူသွားပို့သည်။
မကြာမီ အီဗန်ဆီ သန့်စင်မြက်သုံးအိုးရလာသည်။
အီဗန်က စားပွဲပေါ်မှသန့်စင်မြက်သုံးအိုးကိုဝမ်းသာအားရကြည့်နေသည်။
ဒီပစ္စည်းရဖို့ သူ့အားသူကိုးခဲ့ရတာမလား?
တစ်ဖက်ကပေါ့ဆလွန်းသည်ဟုသာ ဆိုရတော့မည်။
ဒီလိုပစ္စည်းမျိုးကိုကြပ်ကြပ်မတ်မတ်မထားပေ။ ရှင်းကျန့်တယ်သာဆိုရင် ဒီပစ္စည်းကိုကန့်သတ်ထားလောက်ပြီ။
"မစ္စတာအီဗန်... အရင်ဆုံးစမ်းကြည့်ရအောင်''
ဒေါက်တာ Abo ကမျက်မှောင်ကြုတ်ပြောသည်။ သူစိတ်ကြည်နေပုံမရ။ မည်သို့ဆိုစေ သန့်စင်မြက်ရုတ်တရက်ပေါ်လာခြင်းက သူ့သုတေသနကိုရယ်စရာဖြစ်သွားစေသည်။
အီဗန်ကတုံ့ဆိုင်းမနေ။ AQI စမ်းသပ်စက်ယူခိုင်းပြီး သန့်စင်မြက်အလယ်တွင်ထားလိုက်သည်။ ထို့နောက် လိုက်ကာဆွဲပြီး မီးဖွင့်လိုက်သည်။
တခဏချင်း သန့်စင်မြက်သုံးအိုးက အလင်းအစာချက်သဖြင့် ပတ်ဝန်းကျင်လေကသန့်စင်လာသည်။
AQI စမ်းသပ်စက်တန်ဖိုးလည်း ကျလာသည်။
အရှိန်က လေသန့်စက်များထက်ပိုမြန်သည်။
အီဗန်နှင့်မစ္စတာလျိုက ဝမ်းသာအားရဖြစ်သွားသည်။

ဒီတော့ ပစ္စည်းကအစစ်ပေါ့။
ဒေါက်တာ Abo သာ စိတ်ပျက်နေသည်။ သူရှုံးနိမ့်သွားသလိုပင်။
သန့်စင်မြက်ပင်သုံးပင်ကြား AQI စမ်းသပ်စက်တန်ဖိုးက ဂဏန်းတစ်လုံးတည်းဖြစ်သွားသည်။ နောက်ဆုံး အီဗန်က ဒေါက်တာ Abo ကိုမမေးဘဲမနေနိုင်တော့_
"ဒေါက်တာ Abo... ကျွန်တော်တို့ရှာနေတဲ့သူ ဘယ်အချိန်ရောက်မလဲ?''
ဒေါက်တာ Abo ကချက်ချင်းပင်_
"မကြာခင်ရောက်မယ်... ပါမောက္ခ Dade ရဲ့ကျောင်းသား... နိုင်ငံခြားမှာလေ့လာနေတာ... သူတို့နိုင်ငံလစာနဲ့မတင်းတိမ်လို့ ရှင်းကျန့်တယ်ကိုပြန်ချင်တာ... လက်ရှိလစာနဲ့မတင်းတိမ်လို့ ရှင်းကျန့်တယ်မှာလေ့လာနေတဲ့သူတွေကိုဆွဲဆောင်ရတာအရမ်းလွယ်တာပဲ''
အီဗန်ခေါင်းညိမ့်လိုက်သည်။
ဒေါက်တာ Dade လေ့လာပြီး မျိုးစိတ်အသစ်ပျိုးထောင်နိုင်အောင် ပြန်ယူသွားရမည်။ အရင်ဆုံးသန့်စင်မြက်အခြေအနေကိုကြည့်ပြီး ပုံမှန်ပျိုးထောင်ရမရ သေချာအောင်လုပ်ရမည်။
မကြာမီ အသက် ၃၀ အရွယ်တရုတ်လူငယ်တစ်ဦးရောက်လာသည်။
ဒေါက်တာ Abo က ချက်ချင်းကြိုဆိုပြီး အီဗန်အား_
"မစ္စတာအီဗန်... သူ့နာမည်က စွန်းချီတဲ့!''
"မစ္စတာစွန်း ဒုက္ခပေးရဦးမယ်''
အီဗန်လည်းပြုံးပြီး စွန်းချီကိုနှုတ်ဆက်သည်_
"ဒါကိုသေချာလုပ်နိုင်ရင် ဒေါက်တာ Dade နားမှာအလုပ်စီစဉ်ပေးမယ်... ဟိုရှီနိုမှာလေ့လာတဲ့အတွက်အသိအမှတ်ပြုမယ်''
တစ်ချိန်တည်းတွင်_
သန့်စင်မြက်ယူနိုင်သောတခြားပြည်သူများလည်း လက်ခံရရှိသည်။
ပစ္စည်းပို့သူရောက်ရောက်ချင်း ကျူးယွင်ယွင်ကကုမ္ပဏီမှထွက်လာသည်။ ကုန်သည်အဆောက်အဦးတွင်သန့်စင်မြက်ယူပြီး သူမစားပွဲဆီဝမ်းသာအားရပြန်လာသည်။
ပါဆယ်ဖွင့်လိုက်ရာ သန့်စင်မြက်ကိုမြင်ပြီး သူမစားပွဲပေါ်ချက်ချင်းတင်လိုက်သည်။
သူမစားပွဲပေါ်တွင် တခြားအိုးစိုက်ပင်လေးများလည်းရှိသည်။
သူမကရ*င်သားကြီးကြီးနှင့် မိန်းကလေးတစ်ဦးဖြစ်သောကြောင့်ပင်။
ကုမ္ပဏီမီးအလင်းရောင်အောက်တွင် ထိုအိုးစိုက်ပင်များကလည်း အလင်းအစာချက်ပြီး အောက်စီဂျင်ထုတ်နိုင်သည်။
ကျူးယွင်ယွင်က သန့်စင်မြက်ကိုစားပွဲပေါ်တင်ပြီး အာနိသင်ပြမည့်အချိန်စောင့်နေသည်။
မကြာမီ ပုံမှန်မဟုတ်သည်ကို သူမခံစားမိသည်။ သူမနားဝန်းကျင်လေက အများကြီးပိုကောင်းလာသည်။
သူမအတော်အံ့ဩသွားသည်။
သန့်စင်မြက်က အရည်အသွေး ၁ သာရှိသော်လည်း သူမစားပွဲလေးပေါ်တွင် အာနိသင်ကသိသာနေသည်။
လေအရည်အသွေးကမြန်မြန်ဆန်ဆန်တက်လာသောကြောင့် ကျုးယွင်ယွင်စိတ်ချမ်းသာသွားသည်။
သူမတွေးတောရင်း သူမနားမှချင်းလင်ဆေးဖျော်ရည်ကိုတစ်ငုံသောက်လိုက်သည်။ ချင်းလင်ဆေးဖျော်ရည်ကလည်း လန်းဆန်းသွားစေသည်။ လုံးဝပြီးပြည့်စုံသည်။
အဲဒီနောက် အလုပ်လုပ်ရတာအဆင်ချောသလို စိတ်ခံစားချက်ပိုကောင်းလာသည်။
မသိလိုက်မသိဘာသာနှင့် ကျူးယွင်ယွင်ကနောက်မှတစ်ခုခုမဟုတ်သလိုခံစားရသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ ဝဝတုတ်တုတ်အမျိုးသမီးတစ်ဦးရပ်နေသည်ကိုတွေ့ရသည်။
"မန်နေဂျာ!''
သူမက ပြာပြာသလဲခေါ်လိုက်သည်။
မန်နေဂျာကခေါင်းညိမ့်ပြီး_
"ယွင်ယွင်... မင်းဆီက ငှားစရာရှိလို့!''
"မန်နေဂျာ ဘာလိုလို့လဲ?''
ရုတ်တရက် ကျူးယွင်ယွင်အချဉ်ပေါက်သွားသည်။ သူမသိနေသလိုပင်။

"ဒီအိုးစိုက်ပင်ကမဆိုးဘူး... ငါ့ရုံးခန်းထဲတစ်ပင်ထားဖို့စဉ်းစားနေတာ''
မန်နေဂျာကပြောပြာဆိုဆို သန့်စင်မြက်ကိုကြည့်နေသည်။
"ဟဲ ဟဲ''
ကျူးယွင်ယွင်ရင်နာသွားသည်။ နောက်ဆုံး သူမစားပွဲပေါ်မှသန့်စင်မြက်အိုးအား မန်နေဂျာငှားသွားသည်ကို အံကြိတ်ပြီးသာကြည့်နေရလေသည်။
ပြန်ပေးမည်မဟုတ်မှန်းလည်း သေချာသိသည်။
ထို့ကြောင့် ဆောင့်ကြီးအောင့်ကြီးနှင့် ချင်းလင်ဆေးဖျော်ရည်ကိုထပ်သောက်လိုက်ပြန်သည်။
ဒေါသထွက်လွန်းပြီးပေါက်ကွဲမတတ်ဖြစ်နေ၍ အသိဝင်ရဦးမည်။
ချင်းလင်ဆေးဖျော်ရည်ကိုလတ်စသတ်ပြီး တစ်နာရီအနားယူရန်ဆုံးဖြတ်လိုက်သည်။ သူမဖုန်းထုတ်ပြီး ဗီဒီယိုအတိုများလျှောက်ကြည့်သည်။
မန်နေဂျာက အခုပဲသန့်စက်မြက်ကို မသွားပြီ။ သူ့ကိုပြန်ပြောနိုင်ရဲ့လား?
သို့ရာတွင် ဗီဒီယိုနှစ်ပုဒ်ဆွဲကြည့်ပြီးနောက် သူမမိတ်ဆွေစာရင်းထဲမှ'ဖက်တီးမ'တင်ထားသောဗီဒီယိုတစ်ပုဒ်တွေ့သည်။ သူမမန်နေဂျာပင်။
'ကံကောင်းလိုက်တာ! သန့်စင်မြက်အိုးရပြီ!'ဆိုသောဗီဒီယိုကိုကြည့်ရင်း ထပ်ပေါက်ကွဲတော့မတတ်ပင်။
သူက လုသွားတာမလား?
ရာထူးအားကိုးနဲ့လုသွားတာ။
အားကျတယ်ဆိုသောမှတ်ချက်များကိုကြည့်ရင်း သူမနောင်တရမိသည်။
စောစောက ဗီဒီယိုရိုက်ဖို့မေ့သွားလေခြင်း။
အာ!
သူရူးနေပြီ!
…
အင်တာနက်ပေါ်တွင်_
သန့်စင်မြက်ရသူများက ဗီဒီယိုချက်ချင်းတင်ကြသည်။ သန့်စင်မြက်နာမည်ကြီးနေသောကြောင့် သူတို့ဗီဒီယိုများ တခဏချင်းရေပန်းစားလာသည်။
ဒီလိုရေပန်းစားနေ၍ ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးနောက် သန့်စင်မြက်အကြောင်းဗီဒီယိုတွေ့ရမည်ဖြစ်လေသည်။