← Chapters

သန့်စင်မြက်နဲ့ မြို့ကိုအသွင်ပြောင်း! ၂

Vol. 49 Ch. 735

သန့်စင်မြက်နဲ့ မြို့ကိုအသွင်ပြောင်း! ၂

Vol. 49 Ch. 735

နောက်ပြီး ထိုဗီဒီယိုများကြောင့် သန့်စင်မြက်၏အခန်းကဏ္ဍကို အားလုံးရှင်းရှင်းလင်းလင်းသိသွားသည်။

တချို့က စမ်းတောင်စမ်းသပ်ကြသည်။

၉၀ စတုရန်းမီတာအိမ်တစ်လုံး၏ဧည့်ခန်းမှာ ၁၇ စတုရန်းမီတာခန့်ရှိမည်။ သန့်စင်မြက်အိုးရှိနေသရွေ့ ဧည့်ခန်းတစ်ခန်းလုံးလေအရည်အသွေးမြင့်အောင် သန့်စင်ပေးလိမ့်မည်။

နောက်ပြီး သူ့အရည်အသွေးက အွန်လိုင်းပေါ်မှယွမ်ထောင်ချီတန်လေသန့်စင်စက်များထက်ပိုကောင်းသေးသည်။

၉၀ စတုရန်းမီတာအကျယ်အဝန်းရှိသောအိမ်တစ်လုံးအတွက် အိုးစိုက်ပင် ၈ ပင်မှ ၁၀ ပင်ထားလျှင် တစ်အိမ်လုံးလေအရည်အသွေးက ဂဏန်းတစ်လုံးတည်းရှိသည်အထိသန့်စင်ပေးနိုင်သည်။

ကုန်ကျစရိတ်က ယွမ် ၂၄၀၀ မှ ၃၀၀၀ သာရှိမည်။

တန်ဖိုးချင်းတူလေသန့်စင်ကိရိယာမှာ သန့်စင်နှုန်းမများဘဲ အာနိသင်ဒီလောက်မကောင်းချေ။

ထိုသို့နှိုင်းယှဉ်ကြည့်ပြီး ဘယ်ဟာပိုကောင်းမှန်း အားလုံးသိကြသည်။

သန့်စက်မြက်ဝယ်ပြီး အိမ်ကလေသန့်စင်စက်ကိုရိုက်ခွဲပစ်သည်ဟုဗီဒီယိုတင်ထားသူတောင်ရှိသည်။

လူအာရုံစိုက်ခံရသော်လည်း အပြုအမူကောင်းမဟုတ်။ သန့်စင်မြက်နှင့်ပွဲဖြစ်သွားနိုင်သည်။

ချင်းလင်ဓာတ်ခွဲခန်းကတော့ ဒီလိုဖြစ်မှာမကြောက်။

သန့်စင်မြက်အကြောင်းသတင်းက အင်တာနက်ပေါ်ပိုနာမည်ကြီးလာသည်။ အိမ်တွင်လေသန့်စင်စက်သုံးရန်လိုအပ်သူများကလည်း သန့်စင်မြက်သုံးလေးပင်ဝယ်ချင်သောကြောင့် မျှော်လင့်စောင့်စားနေကြသည်။

အထူးသဖြင့် လေအရည်အသွေးအလွန်ညံ့သောပေကျင်းတွင်နေသူများအတွက်ဆို ပိုမှန်သည်။

ဖြစ်ချင်တော့ အခုသန့်စင်မြက်ဝယ်နိုင်မည့်နေရာမရှိသေး။

တစ်ချိန်တည်းတွင် သန့်စင်မြက်နာမည်ကြီးသည်နှင့် ရုံချန်းလည်း အဓိကအာရုံစိုက်စရာဖြစ်လာသည်။

မည်သို့ဆိုစေ ရုံချန်းမှာသန့်စင်မြက်စိုက်ပြီး မြို့ကိုအသွင်ပြောင်းနေသည်။

သန့်စင်မြက်နှင့်မြို့ပုံစံပြောင်းခြင်းပင်။



ဒါဘယ်လောက်ထိရောက်မလဲ အားလုံးသိချင်ကြသည်။

ရုံချန်းလေအရည်အသွေးက သန့်စင်မြက်စိုက်ပြီးအကြီးအကျယ်တိုးတက်လာရင် လူမျိုးအားလုံးအတွက် ထူးခြားသောဝိသေသဖြစ်လာမည်။ အထူးသဖြင့် ကမ္ဘာ့လေထုပြဿနာကဆိုးဆိုးလာသည်။

ဒါကစွန်းရှန်နှင့်ချန်လီအတွက်ပြဿနာပင်။

ဘာပဲဖြစ်ဖြစ် သူတို့ကသူများသတိမထားမိစေချင်။ သေးသေးကိုကြီးအောင်လုပ်ဖို့လွယ်သည်။ အင်တာနက်ပေါ်တွင် အလုပ်မရှိအလုပ်ရှာသောပြဿနာကောင်များက တစ်နေကုန်ရှိနေသည်။

ဆောက်လုပ်ရေးနေရာတွင် နေ့လယ်စာစားပြီး ပုံမှန်အနားယူသောအလုပ်သမားတချို့ရှိသည်။ သူတို့ကိုဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်ကာ ရုံချန်းမှာပြဿနာရှိကြောင်း၊ ဒါမှမဟုတ် ကြီးကြပ်သူမရှိကြောင်း၊ နောက်ဆုံး အတွင်းရေးလာဘ်စားမှုနှင့်ဆက်စပ်နေကြောင်းအထိ လုပ်ငန်းကိုပယ်ပယ်နယ်နယ်ဝေဖန်ထားသည်။

တကယ်ခေါင်းကိုက်စရာ။

ဆောက်လုပ်ရေးဆိုရင်တောင် ၂၄ နာရီလုံးမလုပ်နိုင်။ အနားယူဖို့လိုသည်။

ထို့ကြောင့် သာမန်လူမဆိုထားနှင့် စီရင်စုအရာရှိများတောင် အင်တာနက်ပေါ်အတင်ခံရမှာကြောက်သည်။

အင်တာနက်ပေါ်အတင်ခံရခြင်းက လုံးဝကြောက်စရာကောင်းသည်။ အထူးသဖြင့် အကြောင်းအရင်းမရှိ အတင်ခံရသူများပင်။ စိတ်ဓာတ်ကျသူများ၊တိုက်ပေါ်မှခုန်ချသူများကို တွေ့ရလေ့ရှိသည်။

ကီးဘုတ်သမား၏အညှာအတာမရှိသောကီးဘုတ်ကိုသာ အပြစ်တင်ရပေမည်။

အဓိကက နာမည်ကြီးလွန်း၍ ရုံချန်းမှာအာရုံစိုက်ခံနေရပြီး လျစ်လျူရှုထားဖို့ခက်သည်။

ထိုအခြေအနေကြောင့် ရုံချန်းက အဖွဲ့အစည်းများနှင့်ဆက်သွယ်ပြီး ဆောက်လုပ်ရေးကုန်ကျစရိတ်တိုးမြှင့်ရသည်။ စီရင်စုတစ်ခုလုံးအသွင်ပြောင်းခြင်းကို တစ်ပတ်အတွင်းပြီးရန် ၂၄ နာရီတစ်ရက်လုံးအလှည့်ကျလုပ်သားများငှားရသည်။

ထိုဗီဒီယိုကြောင့် ရုံချန်းဆောက်လုပ်ရေးရံပုံငွေကိုအများကြီးတိုးမြှင့်လိုက်ရသည်။

ထို့ကြောင့် နောက်ထပ်လာသောခရီးသည်များက ရုံချန်းလမ်းများပုံမှန်ပြန်ဖြစ်ပြီး လှလှပပသန့်စင်မြက်များနေရာအနှံ့စိုက်ထားသည်ကိုတွေ့ရလေသည်။

အရည်အသွေး ၁ သန့်စင်မြက်တွင် ကြည့်ကောင်းခြင်း +၁၊ အဆင်းလှခြင်း +၁၊ ဆွဲဆောင်မှုရှိခြင်း +၁ အရည်အသွေးများရှိ၍ မြို့ပြစိမ်းစိုရေးအတွက်အမှန်ပင်လှသည်။

ဖြတ်သွားဖြတ်လာခရီးသည်များက သန့်စက်မြက်ကိုဓာတ်ပုံမရိုက်ဘဲမနေနိုင်။ ရုံချန်းလမ်းမအားလုံး အရင်ထက်အများကြီးပိုလှသွားသလိုပင်။

စွန်းရှန်တို့လည်း သတိထားမိသည်။ အထူးသဖြင့် ခရီးသည်များရိုက်ထားသော ရုံချန်းလမ်းမပေါ်မှသန့်စက်မြက်ဗီဒီယိုများမှာ ရေပန်းစားလာပြန်သည်။



ဒါကြောင့်လည်း စွန်းရှန်နှင့်ချန်လီတို့အဖွဲ့ နေ့တိုင်းပြုံးရွှင်နေသည်။

သူဌေးချင်ကိုရှာပြီး သန့်စင်မြက်စိုက်ပျိုးရန်ပူးပေါင်းဆွေးနွေးခဲ့ခြင်းက အကောင်းဆုံးလှုပ်ရှားမှုပင်။

သန့်စင်မြက်များအလှဆင်ထားသောကြောင့် ရုံချန်းလမ်းမများက အများကြီးပိုလှလာသည်။ ရေပန်းစားရှာဖွေခံရပြီး ရုံချန်းနာမည်တက်လာခြင်းက ကောင်းသောကိစ္စဖြစ်လေသည်။

လူတိုင်းက သန့်စင်မြက်လှသည်ထက် ရုံချန်းလေထုအပေါ် သန့်စင်မြက်၏အာနိသင်ကို ပိုပြီးဂရုပြုကြသည်။

ဆောက်လုပ်ရေးပြီးသောအခါ စွန်းရှန်ကလူလွှတ်ပြီး ရုံချန်းလေထုအရည်အသွေးကိုစမ်းသပ်ခိုင်းသည်။ တချို့ရုံချန်းဒေသခံများကလည်း ရိုးရိုး AQI စမ်းသပ်စက်များယူလာကြသည်။

ပေါ်ပင်လိုက်ချင်သောခရီးသည်များလည်းရှိသည်။

ပြုပြင်ပြောင်းလဲစိုက်ပျိုးပြီး ပထမနေ့တွင် ရုံချန်း AQI တန်ဖိုးက ၄၅။

ထိုတန်ဖိုးကြောင့် စွန်းရှန်နှင့်ချန်လီကထိရောက်မှန်းသိသည်။ အရင်က ရုံချန်းတန်ဖိုးမှာ ၅၃ နှင့် ၅၈ ကြားရှိကြောင်း သူတို့သိသည်။

နည်းနည်းပဲလျော့သွားရင်တောင် လေအရည်အသွေးက ကောင်းရာမှကောင်းသွားသည်။ ဒါမြို့တော်အတွက် အကြီးအကျယ်တိုးတက်မှုဖြစ်သည်။

လေထုအရည်အသွေးကောင်းခြင်းနှင့်​အရည်အသွေးမြင့်ခြင်းက အခြေခံအားဖြင့်ကွာသည်။ လေထုအရည်အသွေးမြင့်ခြင်းက လူ့ခန္ဓာကိုယ်ကိုသက်ရောက်မှုရှိသောပစ္စည်းအများစုမရှိတော့ခြင်းပင်။

နောက်ပြီး ပြင်ဆင်သည့်အတောအတွင်း သန့်စင်မြက်များကိုဝန်းကာထားသည်။ အများစုက နေရောင်မရ၍ အလင်းအစာမချက်နိုင်။ ထို့ကြောင့် ဆောက်လုပ်ရေးအပြီးတွင် သန့်စင်မြက်က ရုံချန်းတစ်မြို့လုံးကိုစတင်သန့်စင်ပေးနိုင်သည်။

ဒါက အစသာ။

နောက်တစ်နေ့_

ရုံချန်းလေအရည်အသွေးစမ်းသပ်ချက်က အင်တာနက်ပေါ်တွင် တန်ဖိုး ၃၈ ဟုနာမည်ကျော်သွားသည်။

ထိုနံပါတ်က ထပ်ကျသွားပြန်သည်။

ဒေသခံနေထိုင်သူများက ရုံချန်းလေထုအခြေအနေထူးခြားမှုကို သိသိသာသာခံစားရသည်။ အရင်ထက်အများကြီးပိုကောင်းလာသည်။



တတိယမြောက်နေ့_

ရုံချန်းလေအရည်အသွေးထပ်ကျပြီး ချင်းလင်စံအိမ်မှနေရာအတော်များများ၏လေအရည်အသွေးနှင့်နီးစပ်သောတန်ဖိုး ၃၃ ထိရှိလာသည်။

နောက်ပြီး သန့်စင်မြက်နားပတ်ဝန်းကျင်တွင် လန့်စရာကောင်းလောက်အောင် ၂၀ ဝန်းကျင်သာရှိသည်။

အနီးအနားအိမ်များတွင်တောင် နည်းနည်းပြောင်းလဲသွားသည်။

သို့ရာတွင် ထိုတန်ဖိုးမှာကန့်သတ်ချက်ရောက်နေလေပြီ။ နောက်အချိန်များတွင်လည်း ထိုတန်ဖိုးမှာတန့်နေသည်။

ပထမချက်အနေနှင့် ရုံချန်းကကျယ်ပြီး စိုက်ပျိုးထားသောသန့်စင်မြက်ပမာဏက ဒီအတိုင်းအတာအထိသာသန့်စင်နိုင်သည်။

ဒုတိယအနေနှင့် မြို့နေရာအတော်များများလေထုအရည်အသွေးက ဒီလောက်ဆိုလုံလောက်ပြီ။ နောက်ထပ်တိုးရင် ငွေကုန်ကြေးကျများပြီး မြို့ကိုကျယ်ကျယ်ပြန့်ပြန့်ပြန်လည်တည်ဆောက်ရမည်။ မဟုတ်ရင် အပင်စိုက်စရာနေရာမရှိတော့။

၅၅ မှ အနည်းဆုံး ၂၀ ရောက်ခြင်းက ပြုပြင်ပြောင်းလဲမှုအောင်မြင်ကြောင်းသက်သေပြနိုင်သည်။

လေထုပြဿနာကြုံတွေ့နေရသောမြို့ကြီးများမှာ လေအရည်အသွေး ၂၀ မပြောနှင့်၊ ၄၉ ရောက်ရင်အလုပ်ဖြစ်ပြီ။

မည်သို့ဆိုစေ နှစ်ပေါင်းများစွာအုပ်ချုပ်ပြီး ရံပုံငွေများစွာသုံးလာခဲ့သော်လည်း လေအရည်အသွေးကို ၅၀ အောက်ရောက်အောင်မလျှော့နိုင်ခဲ့။

စက်မှုဇုံမြို့များတွင် လေအရည်အသွေးကောင်းအောင် နှစ်စဉ်အကုန်အကျခံသော်လည်း တန်ဖိုးက ၇၀၊၈၀ ဝန်းကျင်သာရှိဆဲ။

ရုံချန်းပြန်လည်ပြင်ဆင်ခြင်းရလဒ်ကို ကျေးလက်ဖွံ့ဖြိုးရေးဌာနအသီးသီး၏ရုံးများသို့ အမြန်ဆုံးပို့ပေးလိုက်သည်။

မြို့တော်တွင်ရှိနေသောဝန်ကြီးကျင်းက ဒီကိစ္စကိုအာရုံစိုက်နေသဖြင့် အရင်ဆုံးသတင်းရသည်။

သူကချက်ချင်းခေါင်းဆောင်ကိုရှာပြီး ရလဒ်ကိုအစီရင်ခံသည်_

"ခေါင်းဆောင်... ဒီနှစ်ပေကျင်းလေထုသန့်စင်စရိတ် ယွမ် ၁၀ ဘီလီယံကို ချင်းလင်ဓာတ်ခွဲခန်းကိုပေးရလိမ့်မယ်... ရုံချန်းရဲ့အောင်မြင်မှုက သန့်စင်မြက်ရဲ့အာနိသင်ကိုသရုပ်ပြလိုက်တာပဲ''

ခေါင်းဆောင်ကခေါင်းညိမ့်ပြီး_

"ဒီကိစ္စမင်းဆီအပ်လိုက်မယ်... ပြီးတော့ အရင်ကမင်းတင်ထားတဲ့သန့်စင်မြက်အထူးကန့်သတ်ချက်နဲ့ပတ်သက်တဲ့အဆိုပြုလွှာကို ခွင့်ပြုလိုက်ပြီ... ဒါပေမဲ့ ဒီမတိုင်ခင် ချင်းလင်ဓာတ်ခွဲခန်းနဲ့အရင်ဆက်သွယ်ရမယ်''

"နားလည်ပါပြီ!''

ဝန်ကြီးကျင်းက ချက်ချင်းခေါင်းညိမ့်လိုက်သည်။

ဒီအထူးကန့်သတ်ချက်က ချင်းလင်ဓာတ်ခွဲခန်းရဲ့အကျိုးအမြတ်ကိုခြိမ်းခြောက်နေမှန်း သူသိသည်။ ဘာပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးက ဒီသန့်စက်မြက်ကိုလိုအပ်နေသည်။ တင်ပို့နိုင်မည်ဆိုရင် အကျိုးအမြတ်ကမခန့်မှန်းနိုင်လောက်အောင်ပင်။

သို့ရာတွင် အထူးကန့်သတ်ချက်များရှိသည်။ ဒီလိုပစ္စည်းက အစွမ်းထက်လက်နက်မျိုးဖြစ်၍ တစ်ခါတရံ အဓိကသော့ချက်တစ်ခုဖြစ်လာနိုင်သည်။

အီဗန်က သန့်စင်မြက်နှင့်မြို့အသွင်ပြောင်းသည့်ကိစ္စကိုအာရုံစိုက်နေသည်။ ရုံချန်းလေအရည်အသွေးပြောင်းလဲမှုအောင်မြင်သောကြောင့် ရှင်းကျန့်တယ်ဆီသန့်စင်မြက်ယူသွားရန်စိတ်အားထက်သန်နေသည်။

အီဗန်က အခန်းတစ်ခန်းထဲတန်းလျှောက်သွားသည်။ သူရှာထားသောစွန်းချီက စမ်းသပ်နေသည်။ ဒီရက်ပိုင်းသူ့ကိုကူပြီး သန့်စင်မြက်များစမ်းသပ်ပေးသည်။

နောက်ပြီး သန့်စင်မြက်အရေအတွက်က ၃ ပင်မှ ၁၀ ပင်ကျော်ဖြစ်သွားသည်။ အပင်ခွဲ၊ကိုင်းဆက်နည်းနှင့်ပွားထားခြင်းပင်။

သန့်စင်မြက်မျိုးစေ့များကို သူရှင်းကျန့်တယ်ပြန်ယူသွားရမည်။

All Chapters