← Chapters

လေလံပွဲ စတင်ခြင်း

Vol. 4 Ch. 46

လေလံပွဲ စတင်ခြင်း

Vol. 4 Ch. 46

လင်းဖန်သည် လီယွင်ဟိုင်တွေးနေသည်များကိုမသိပေ။

ဇောင်လိုက ဝိုင်တစ်ခွက်ကိုထည့်လိုက်ပြီး “အဘိုးကြီး၊ သောက်လိုက်မယ်နော်” လို့ပြောလိုက်သည်။

လင်းဖန်ကခေါင်းညိတ်ပြလိုက်သည်နှင့်

ဇောင်လို သည် မယဉ်ကျေးတော့ဘဲ ဝိုင်ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး နှာခေါင်းပေါ်ကို ဦးစွာ နမ်းလိုက်ပြီး အနံ့ခံလိုက်သည်။

ထို့နောက် ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။

လောင်းထည့်ပြီးသည်နှင့်ဇောင်လို ၏ မျက်နှာဟောင်းသည် ပျော်ရွှင်မှုအပြည့်ရှိသည်။

“ဟုတ်တယ်၊ ဒါက အရသာ၊ အဆိမ့်၊ ချိုမြိန်တဲ့ အရသာ၊ အဆုံးမရှိတဲ့ အရသာ၊ မော်တိုင်ဖြစ်ထိုက်တယ်။” ဇောင်လိုက ပြောလိုက်သည် ။

လင်းဖန် က “အဖိုးဇောင်ကအရမ်းကြိုက်ပုံရတယ်။ ဒီပုလင်းထဲမှာ မော်တိုင်ကျန်သေးတယ်၊ မင်းကို ငါပေးလိုက်မယ်လေ။”

“အို.... မင်းငါ့ကို ဒီဝိုင်ပေးချင်တာလား’’ ဇောင်လို က အံ့အားသင့်သွားပြီး “ဒါက ကမ္ဘာပေါ်မှာ နောက်ဆုံး မော်တိုင်ပုလင်းနော်’’

ဇောင်လို သည် လင်းဖန်းကို တိတ်တဆိတ် ကြည့်နေရုံမျှဖြင့် သူ၏ အရက်သောက်ခြင်း လုပ်ဆောင်ချက်များသည် လိုက်လျောညီထွေရှိပြီး သဘာဝကျကြောင်း တွေ့ရှိခဲ့ရပြီး သူ၏စုဆောင်းမှုတွင် မော်တိုင်ဝိုင်လဲရှိသည်။

သေချာသည်ကတော့ လင်းဖန်သည် အရက်/ဝိုင်ကိုနှစ်သက်သောသူဖြစ်သည်။

အဘိုးကြီး ကောင်းကောင်းသိတယ်၊ အရက်ကိုနှစ်သက်သောသူသည် မော်တိုင်ကို လက်လွှတ်လိုက်ရတာ ဘယ်လောက် နာကျင်ရတယ်ဆိုတာ သူကောင်းကောင်းသိပါတယ်၊ အသားများကိုလှီးဖြတ်တာနဲ့ လုံးဝကို နှိုင်းယှဥ်နိုင်သည်။

လင်းဖန်က “မော်တိုင် က ဝိုင်ရဲ့ အစိတ်အပိုင်းအားလုံးနီးပါးကို ပြီးပြည့်စုံစေတယ်!”

“ဒါပေမယ့် တစ်ခါတလေမှာ၊ ပြီးပြည့်စုံမှုက အကောင်းဆုံးလို့ မဆိုလိုဘူး။ တစ်ခါတလေမှာ မပြည့်စုံသည်ဟာလဲအကောင်းဆုံးလဲဖြစ်နိုင်တယ်”

“အမြင်အရပြောရရင်ကြယ်၅ပွင့်ဟိုတယ် နဲ့ သာမန်ဟိုတယ်နှင့်တူတယ်၊အရေးကြီးတာကစိတ်ပင်ဖြစ်သည်။ကိုယ့်စိတ်ကကြယ်၅ပွင့်ဟိုတယ်ကောင်းရင်ကောင်းတယ်၊မကောင်းရင်မကောင်းဘူးအဲ့သဘောအတိုင်းပဲသာမန်ဟိုတယ်လဲအတူတူပင်ဖြစ်သည်။”

“မော်တိုင်ဝိုင်ကို ငါသိပ်မကြိုက်ဘူး၊ ဒါကြောင့် သူ့ကိုတန်ဖိုးထားတဲ့သူတွေဆီ သွားသင့်တယ်။”

ဇောင်လိုသည် လင်းဖန် ၏ စကားကို နားထောင်ပြီးသည်နှင့်သူ၏မျက်နှာဟောင်း၏မျက်လုံးများသည်အရောင်တောက်နေသည်။

အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်အတွက် ဒီလိုအကြောင်းများပြောသည်မှာရှားသည်။

ခဏကြာတော့ ဇောင်လို က ရယ်ပြီး “ဒီလိုဆိုရင် ငါက မယဉ်ကျေးတော့ဘူးနော်” လို့ပြောလိုက်သည်။

ခေတ္တရပ်လိုက်ပြီး “ငါ့ကိုယ်ငါ မမိတ်ဆက်ရသေးဘူး။ ငါ့နာမည်က ဇောင်လို ပါ။ ညီငယ်လေးက ဒါကိုမကြိုက်ရင် ငါ့ကို အဘိုးဇောင်လို့ခေါ်နိုင်တယ်၊ဘယ်လိုလဲ”

ဘေးတွင်ရပ်နေသော လှပသောအမျိုးသမီးသည် ဇောင်လို၏စကားကိုကြားသောအခါအံသြသွားသည်။

သူ့အဘိုးက လူငယ်တစ်ယောက်နဲ့ ကိုယ့်ကိုယ်မိတ်ဆက်တာကို သူမ မမြင်ဖူးသလောက်ရှိပြီး သူ့ကိုယ်သူ အဘိုးဇောင်လို့တောင် ခေါ်လို့ရတယ်ပြောသည်။

မော်တိုင်ဝိုင်သည် ဈေးကြီးသော်လည်း၊

အဘိုးတွင်မော်တိုင်ဝိုင်ထက်သာလွန်လက်ဆောင်များကိုကို ရရှိဖူးသည်။

အဲ့အချိန်အခါတွင်အဘိုးသည်ဒီလိုမျိုးမဟုတ်ဘဲနည်းနည်းသူစိမ်းဆန်ဆန်ပြောသည်။

ဒီလူငယ်လေးတွင်ထူးခြားမှုတစ်ခု ရှိပါသလား။

အလှလေးက ဒါကိုတွေးပြီး လင်းဖန်ကို အပေါ်ကနေ အောက်ကို မကြည့်ဘဲ မနေနိုင်ပေ။

“မင်္ဂလာပါ အဖိုး ဇောင်၊ ကျွန်တော့်နာမည် လင်းဖန်ပါ” လင်းဖန်က ပြောလိုက်သည်။

“ကောင်းပြီ ဟားဟား!” ဇောင်လိုကပြောပြီးရယ်လိုက်သည်။

ထိုအချိန်တွင်၊ ရှောင်ရီဟိုတယ်တွင် ဂီတသံများ ထွက်ပေါ်လာကြသည်။

ဇောင်လိုက “လေလံပွဲစတော့မယ်ဆိုတော့၊ လင်းဖန်ငါတို့နောက်မှတွေ့မယ်”

“ဟုတ်ကဲ့ပါ အဘိုး ဇောင်” လင်းဖန်က ပြောလိုက်သည်။

လီယွင်ဟိုင်သည်လည်း “နှုတ်ဆက်ပါတယ်အကြီးကဲဇောင်”

ဇောင်လို နှင့် အလှလေးတို့ ထွက်ခွာသွားပြီးနောက် လီယွင်ဟိုင် က သူ့ကို မနာလိုသောပုံစံဖြစ် “အစ်ကိုလင်း၊ မင်းကအဘိုးဇောင်လို့ တိုက်ရိုက်ခေါ်လို့ရတယ်!”

လင်းဖန် က ‘’အဘိုးဇောင်ကအသက်ရှစ်ဆယ်နီးပါးရှိနေပြီမဟုတ်လား? အဘိုးလို့မခေါ်ရင်ဘယ်လိုခေါ်ရမှာလဲ”

“ဇောင် မိသားစုက ဇောင်လိုကြောင့် တရုတ်နိုင်ငံရဲ့ ထိပ်တန်းမိသားစု ဖြစ်လာတာ၊သူ့ကို အဘိုးဇောင် လို့ခေါ်ခိုင်းသသည်ကိုတခြားသူတွေ သိရင် ကျိန်းသေပေါက်ထိပ်လန့်သွားမည်ဖြစ်သည်!” လီယွင်ဟိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လင်းဖန်သည် ပြုံးနေသောလီယွင်ဟိုင်ကို စိုက်ကြည့်လိုက်သည်။

ထို့နောက် လီယွင်ဟိုင် သည် ရေဘူးကိုဖွင့်ကာဖန်ခွက်ထဲထည့်သည်ကိုမစောင့်နိုင်တော့ဘဲတိုက်ရိုက်သောက်လိုက်သည်။

...

အခြား အခန်းတွင်။

အလှလေးသည် ဇောင်လိုအတွက် လက်ဖက်ရည်တစ်ခွက်ကို ဦးစွာ လောင်းချပြီးနောက် သူမသည် မထိန်းနိုင်တော့ဘဲ “အဘိုး၊ လင်းဖန် အမည်ရှိတဲ့ သူနဲ့ ဘာလို့ ဒီလောက်ရင်းနှီးချင်ရတာလဲ”

ဇောင်လိုက လက်ဖက်ရည်တစ်ငုံသောက်ပြီး အရသာခံကာ “ဒီကောင်လေးက အရမ်းနက်နဲပီးအသိပညာကြွယ်ဝတယ်သူ့အနာဂတ်က အကန့်အသတ်မရှိဘူး!”

ချောမောလှပသော မိန်းကလေး၏မျက်ဝန်းများသည် အနည်းငယ် ကျ​ဉ်းသွားကာ သူမ၏ အဘိုးသည် လင်းဖန်အား ဤမျှ မြင့်မားသော အကဲဖြတ်မှု ရှိကြောင်း သူမ မသိခဲ့ပေ။

သူမသည်မထိန်းနိုင်ဘဲလင်းဖန်၏နေရာကိုလှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင်၊ အနီရောင်ဝတ်စုံဖြင့် လှပတင့်တယ်ပြီး ကျက်သရေရှိသော လှပသောအမျိုးသမီးသည် လှပသောမီးပုံးများကိုင်ဆောင်ထားကာရှောင်ရီ ဟိုတယ်၏ဧည့်ခန်းအလယ်သို့ ဖြည်းညှင်းစွာလျှောက်လာခဲ့သည်။

လှပအလှသည် ပြုံးလိုက်ပြီး “ရှောင်ရီဟိုတယ်မှ အားလုံးကို ကြိုဆိုပါတယ်။ ဒီလေလံပွဲအတွက် ပြင်ဆင်ထားတဲ့ ရတနာတွေ အများကြီးရှိပါတယ်။ လူတိုင်းကကြိုက်တာကို ဝယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

“ဒါ့အပြင်၊ လေလံပွဲမှရရှိသော 20% ကိုလဲလှူဒါန်းသွားပါမယ်။”

“ဒါဆို ဒီနေ့လေလံပွဲစပါမယ်။”

ကျက်သရေရှိသော အလှလေး၏ အသံသည် သံလိုက်ဓာတ်ဖြင့် ပြည့်နှက်နေပြီး ခန်းမအလယ်၌ ခဏလောက် စကားပြောနေလျှင်ပင် လူတိုင်းကို စက်ဆုပ်ရွံရှာဖွယ် မှုများမရှိခဲ့ပေ။

ဆန့်ကျင်ဘက်အနေနှင့်၊ ၎င်းသည် လူတို့အား အလွန်နှစ်သက်ဖွယ်ကောင်းသော ချိုမြိန်သောသီချင်းကို နားထောင်ခြင်းသလိုမျိုး ထင်ယောင်ထင်မှားဖြစ်စေသည်။

မကြာမီတွင် နူးညံ့သောအသွင်အပြင်နှင့် လှပသောပုံစံများရှိသော ကျောက်စိမ်းပန်းကန်လုံးကြီးသည် တဖြည်းဖြည်း ပေါ်လာခဲ့သည်။

“မင်မင်းဆက်၏ချင်ဂန္ဓမာပန်းကန်လုံး” ဟူသော လှပသောအလှကို မိတ်ဆက်ပေးခဲ့သည်။ ဤပန်းကန်လုံးသည် တစ်ချိန်က မင်မင်းဆက်တွင် ပြုလုပ်ထားသည်။ လက်ရာ၊ ထွင်းထုမှု၊ ရုပ်ပိုင်းဆိုင်ရာ မည်သို့ပင်ဖြစ်စေ ၎င်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ “

“မင်မင်းဆက်ရဲ့အထွတ်အထိပ်ကို ကိုယ်စားပြုတယ်လို့တောင် ပြောလို့ရပါတယ်... စျေးနှုန်းက 300,000”

အသံကျသွားသည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက်သည် ဆိုင်းဘုတ်ကို လွှင့်ထူလိုက်သည်။

“500000!”

“800 000!”

...

စျေးက ၂၀သိန်းပြောင်းတဲ့အခါ စျေးက အရမ်းနှေးသွားတယ်။

နောက်ဆုံးတွင် မင်မင်းဆက်ချင်ဂန္ဓမာပန်းကန်လုံး ၂.၃ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

ထို့နောက် လှပသော အလှလေးသည် နောက်ထပ်လံပွဲများတွင်ကြွေထည်နှစ်ထည်၊ လက်ရေးလှနှင့် ပန်းချီကားတစ်ချပ်တို့ကိုလေလံတင်ခဲ့သည်။

လီယွင်ဟိုင်နှင့်လင်းဖန်တို့သည်ဒါတွေကို စိတ်မဝင်စားတဲ့အတွက် လေလံဆွဲတာမျိုး မရှိသေးပေယ

နှစ်ယောက်သာ အဆာပြေစားပြီး၊လက်ဖက်ရည်သောက်ပြီး ခဏခဏ စကားစမြည်ပြောကြရင်း အေးအေးဆေးဆေး သက်တောင့်သက်သာနေနေသည်။

ယခုအချိန်တွင် နောက်ထပ် လေလံတင်ရောင်းချသည့် ပစ္စည်းတစ်ခု ဖြစ်သည်။

လှပသောအလှလေးက “ဆေးပညာစာအုပ်များနှင့် ဒဏ္ဍာရီများတွင် ရာစုနှစ်ရှိဂျင်ဆင်းနှင့်ပတ်သက်သော မှော်ဆန်သောနိဒါန်းများ ရှိတတ်သည်” ဟု ဆိုသည်။

“ဒါကြောင့် လူတော်တော်များများက ရာစုနှစ် သက်တမ်းရှိတဲ့ ဂျင်ဆင်းရဲ့ နေရာမနှံ့ရှာဖွေနေကြသည်။ ရာစုနှစ် သက်တမ်းရှိတဲ့ ဂျင်ဆင်းအစစ်သည်တွေ့ရခဲသည်။”

“ဒီနေ့မှာတော့ ယွမ် ၄၀၀၀၀၀ နဲ့ စတင်ရောင်းချတဲ့ သက်တမ်း ၁၀၀ သက်တမ်းရှိတဲ့ ဂျင်ဆင်းတစ်ခုကို ဒီနေ့မှာ ရရှိထားတယ်။”

အသံကျသွားပြီး ဂျင်ဆင်းအပင်ကို ခန်းမအလယ်သို့ ယူဆောင်လာခဲ့သည်။

“၅၀၀၀၀၀!” မျက်နှာဝိုင်းဝိုင်းနဲ့လူက ဆိုင်းဘုတ်ကို မြှောက်ပြီး ပြောလိုက်သည်။

မျက်နှာဝိုင်းတဲ့ အမျိုးသားတစ်ယောက်ရဲ့ အသံ ကျဆင်းသွားချိန်မှာပဲ လင်းဖန်က သူ့လက်ထဲမှာ စျေးနှုန်းတံဆိပ်ကို ကိုင်မြှောက်လိုက်ပြီး “၅သန်း!”

တိုက်ရိုက်စျေးနှုန်း 10 ဆတိုး။

လင်းဖန်သည် ရာစုနှစ် သက်တမ်းရှိ ဂျင်ဆင်းကို အရယူရန် ဆုံးဖြတ်ထားသည်။

သူက လူတွေနဲ့ ဖြည်းညင်းစွာဖြင့်စျေးမတက်ချင်ပေ။

မူလက ကမ်းလှမ်းချက်ကို ကြားပြီးနောက် ရာစုနှစ် သက်တမ်းရှိ ဂျင်ဆင်းကို လေလံဆွဲလိုသူ အချို့က လေလံဈေးကို ထုတ်ပြန်ခဲ့ကြသည်။

ရှောင်ရီဟိုတယ်၏လေလံတွင်ပါဝင်ရန်အရည်အချင်းမပြည့်မီသောလူများမရှိပေ။

5 သန်း သည်လုံးဝမတန်ပေ။

ထို့အပြင်၊ တစ်စုံတစ်ဦးသည် 5 သန်းကိုတိုက်ရိုက်လေလံဆွဲသည်ကို​ကြည့်​ခြင်းအားဖြင့်တစ်ဖက်လူသည် ၎င်းသည်အနိုင်ရရန်ဆုံးဖြတ်ထားသည်မှာသေချာသည်။သူနဲ့ပြိုင်ပြီးလေလံဆွဲမကြေမနပ်ဖြစ်သည်မှာသေချာသည်။

ရှောင်ရီဟိုတယ်မှာ လူတွေကို စော်ကားတာဟာ ပညာရှိမဟုတ်ပေ။

နှစ်ပိုင်းပါ😁😁။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters