LV 5
Vol. 4 Ch. 47
လေလံပွဲရှိလူများအားလုံးသည် လင်းဖန် နှင့် လီယွင်ဟိုင်တို့ရှိသည့် အခန်းကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
လူအတိုင်းကသူ့ကိုကြည့်နေသိကိုသိ့သည့်တိုင် သဘာဝအတိုင်း လူများ၏အကြည့်ကိုဂရုမစိုက်ပဲအေးအေးဆေးထိုင်နေသည်။
သို့သော် လီယွင်ဟိုင်လူတွေအားလုံးကသူ့ကိုကြည့်နေသည်ကိုမသိပေ။သူသည်အခုအချိန်တွင်လုံးဝအံ့အားသင့်နေခဲ့သည်။
လင်းဖန်သည် ရာစုနှစ်တစ်ခုရှိဂျင်ဆင်းကို ရှာဖွေနေမှန်းလည်း သူသိသည်။
ထို့ကြောင့် သူသည် ကျန်ပေ့ မှ မြို့တော်သို့ပင် အပြေးအလွှား လာခဲ့သည်။
သို့သော်လည်း လီယွင်ဟိုင်က လင်းဖန်သည် ကြမ်းခင်းစျေးနှုန်းထက်10 ဆ တိုးပြီး ယွမ် 5 သန်းနှင့် လေလံဆွဲမည်ဟု သူမမျှော်လင့်ထားပေ။
ခဏအကြာတွင် လီယွင်ဟိုင် က လက်မထောင်ပြလိုက်ပြီး “အစ်ကိုလင်း၊ မင်းကအရမ်းမိုက်တယ်”
လီယွင်ဟိုင်က လက်မထောင်ပြလိုက်သည်ကိုမျက်နာဝိုင်းတဲ့လူတွေသွားသောအခါသူ၏မျက်နှာသည် အနည်းငယ်မှောင်သွားကာ “ဒါကလီယွင်ဟိုင်မလား၊ ကောင်းတယ်! မင်းက ကစားချင်တာလား။ မင်းငါ့ကိုဘယ်လိုအနိုင်ယူမလဲဆိုတာငါစောင့်ကြည့်မယ်”
စကားလုံးတွေကျလာပြီးနောက် မျက်နှာဝိုင်းနဲ့လူက လေလံဈေးကို ထပ်မြှင့်တင်လိုက်သည်။
“၅.၂ သန်း!”
လီယွင်ဟိုင်သည် တစ်စုံတစ်ဦးကလင်းဖန်ထက်ပိုပေးသည်ကို ကြားသောအခါ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
လီမိသားစုသည် မျိုးဆက်ပေါင်းများစွာ ဆေးပညာကို ကျင့်သုံးလာခဲ့ပြီး အမျိုးမျိုးသော ဆေးဖက်ဝင်ပစ္စည်းများ၏စျေးကိုကောင်းစွာ နားလည်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ရာစုနှစ် သက်တမ်းရှိသော ဂျင်ဆင်းသည် အမှန်တကယ် အဖိုးတန်သော်လည်း ဈေးနှုန်းမှာ ၂ သန်းဝန်းကျင်သာရှိသည်။
၅သန်းဆိုတာ မူရင်းထက်တော်တော်စျေးကြီးနေပြီဖြစ်သည်။
ထို့အပြင် လင်းဖန်သည် ဂျင်စင်းအတွက်တိုက်ရိုက်လေလံ 5 သန်းဖြင့် အနိုင်ရရန် ဆုံးဖြတ်ထားခဲ့သည်မှာသေချာသည် ။
ဤကိစ္စတွင် လူအများစုသည် ဂျင်စင်းကိုစွန့်လွှတ်ရန်ရွေးချယ်ခဲ့ကြသည်။
ဒါပေမယ့် အခုအခြေအနေက ဘယ်လိုလဲ။
လီယွင်ဟိုင်သည် လေလံခေါ်တဲ့အခန်းကို သံသယ အရိပ်အယောင်ဖြင့် ကြည့်လိုက်သည်။
နောက်အခိုက်အတန့်တွင် လီယွင်ဟိုင် ၏မျက်နှာသည် အနည်းငယ်ရုပ်ဆိုးသွားခဲ့ပြီး “ဝမ်လင်း”
ထို့နောက် လင်းဖန်အား “ဝမ်လင်း နဲ့ ကျွန်တော် မကျေမနပ်မှုတွေရှိတယ်။ သူက တမင်တကာစျေးမြှင့်နေတာ ဖြစ်မယ်။ နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဂျင်ဆင်းက၂ သန်းလောက်နဲ့ လုံလောက်ပါတယ်။ ဆက်ပြီး လေလံဆွဲဖို့ ကမထိုက်တန်တော့ဘူး”
“ငါတို့ အရင်လက်လျှော့လိုက်ရအောင်။ငါ ငါ့ လူတွေကို ပိုအာရုံစိုက်ပြီးရှာခိုင်းလိုက်မယ်။ရာစုနှစ်ရှိဂျင်ဆင်းအသစ်ကို ရှာတွေ့ဖို့ဆိုတာ သိပ်မကြာဘူးလို့ကျွန်တော်ယုံကြည်တယ်။”
လင်းဖန် က “ဒါက ပိုက်ဆံပဲလေ၊ ကိစ္စမရှိပဘူး”
စကားလုံးတွေ ကျသွားပြီးနောက်လင်းဖန်သည် “၁၀ သန်း!”ကိုတိုက်ရိုက်လေလံတင်ခဲ့သည်။
လင်းဖန်စျေးပေးပြီးသည်နှင့်တပြိုင်နက်လေလံပွဲရှိလူများအားလုံးတိတ်ဆိတ်ကုန်ကြသည်။
လီယွင်ဟိုင်ကလဲထပ်မံအံ့အားသင့်သွားပြန်သည်။
လင်းဖန်၏မိသားစုသည် အလွန်ချမ်းသာကြောင်း သူသိသည်။
ဒါပေမယ့် လင်းဖန် က 10 သန်းနဲ့ လေလံဆွဲမယ်လို့ သူလုံးဝမမျှော်လင့်ထားခဲ့ပေ။
လေလံပွဲရှိလူများအားလုံး၏ခံစားချက်သည် လင်းဖန်လေလံတင်တာက 10 သန်းမဟုတ်ပဲ။ယွမ် 1,000 ကဲ့သို့ပေါ့ပေါ့တန်တန်ပြောနေသည်နှင့်တူသည်။
တကယ်တန်းလဲလင်းဖန်ဟာ အခုအချိန်မှာ ပိုက်ဆံကိုဂရုမစိုက်ပေ။
လင်းဖန်သည် လီမိသားစု၏ စွမ်းအားဖြင့် ရာစုနှစ် သက်တမ်းရှိ ဂျင်ဆင်းကို ထပ်မံတွေ့ရှိနိုင်မည်ဟု သူယုံကြည်သည်။
ဒါပေမယ့် သူသည်ထပ်မံမစောင့်ချင်တော့ပေ။
ဘာလို့လဲဆိုတော့ သူစောင့်လိုက်တိုင်း သူ့အဖေ လင်းတန်ဟာ နာကျင်မှုကိုခံစားရမည်စိုး၍ဖြစ်သည်။
မှန်ခန်းရှေ့တွင်ထိုင်နေသော ဝမ်လင်းသည် လင်းဖန်၏ကမ်းလှမ်းချက်ကို ကြားလိုက်ရာ သူ့မျက်နှာတစ်ခုလုံး မဲမှောင်သွားတော့သည်။
ပထမအကြိမ်က 500,000 နဲ့ တိုက်ရိုက် 10 ဆနဲ့ 5 သန်းနဲ့လေလံတင်သည်။
အခု သူက 5.2 သန်းတန်ပေးတော့သူသည် 10 သန်းပေးသည်။
ဒါကသူသူ့ကိုတမင်သပ်သပ်ရန်စသည်ဟုသူခံစားမိသည်။
ဝမ်လင်းသည်သူ့သည်လက်သီးတင်းတင်းဆုပ်လိုက်ပြီးဆက်၍လေလံမဆွဲတော့ပေ။
ဝမ်လင်းမိသားစုက ငွေကြေးချမ်းသာသည်။
သို့သော် ဝမ်လင်း၏ တစ်နှစ်လျှင် မုန့်ဖိုးသည် သန်းဆယ်ဂဏန်းမျှသာရရှိသည်။
တစ်ချိန်တည်းမှာ သန်းအနည်းငယ်သာဆိုရင် အဆင်ပြေသည်။
သန်းဆယ်ဂဏန်းဆိုရင်တော့သူ့အတွက်နည်းနည်းခက်သည်။
သူသည်၁၀ သန်းဈေးမြင့်ပြီးကာမှ တစ်ဖက်လူက ဆက်မတိုးရင် ဘယ်လိုလုပ်မလဲ။
ဝမ်လင်းသည် လင်းဖန်အား အေးစက်သော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်ကာ “ကောင်းတယ်၊မင်းအရမ်းကောင်းတယ်!”
...
လေလံပွဲ သည်ဆက်၍ကျင်းပနေသည်။
ဂျင်းစင်းပြီးတော့နောက်တစ်ခုသည် ရှေးဟောင်းလက်ရေးလှပန်းချီနဲ့ တခြားပန်းချီကားတွေဖြစ်သောကြောင့်လင်းဖန်က ဒါတွေကို စိတ်မဝင်စားပေ။
ဒါကြောင့် သူသည်လေလံမတင်တော့ပေ။
နောက်ဆုံးပစ္စည်းကို ယွမ် ၄၈ သန်းဖြင့် မြင့်မားသောဈေးဖြင့် ရောင်းချပြီးသောအခါ ရှောင်ရီဟိုတယ်၏လေလံပွဲသည်လဲပြီးဆုံးသွားခဲ့လေသည်။
ချောမောလှပသော အလှမယ်နှစ်ဦးသည်သစ်သားသေတ္တာကို ကိုင်ဆောင်ကာအခန်းထဲသို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။
အလှမယ်တစ်ယောက်က ပြုံးလိုက်ပြီး “ဟဲလို ဆရာ၊ ဒါက မင်းဝယ်လဲ့တဲ့ ရာစုနှစ်ဟောင်း ရှိတဲ့ဂျင်ဆင်းပါ၊ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ!”
လီယွင်ဟိုင်သည် အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းများအများအပြားကိုတွေ့မြင်ဖူးသော်လည်း ယခုအချိန်တွင် စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်ဘဲ ရှေ့သို့တိုးကာ “ဒါကယွမ်၁၀သန်းတန်တဲ့ ဂျင်စင်းလား?”
လင်းဖန်သည် ရာစုနှစ် သက်တမ်းရှိ ဂျင်ဆင်းကို ကောက်ယူပြီးနောက်တွင်စနစ်၏အသံသည်ချက်ချင်းထွက်ပေါ်လာခဲ့သည်။
【ဒင်း! ရာစုနှစ် ဂျင်ဆင်းကို ကောက်ခံပါသလား။ 】
လင်းဖန်က ဒါကိုမြင်တော့ သူ့မျက်လုံးတွေ အနည်းငယ် တောက်ပလာတော့သည်။
၎င်းသည် ရာစုနှစ်တစ်ခုကြာ ဂျင်ဆင်းအစစ်ဖြစ်ကြောင်း သူနားလည်လိုက်သည်။
လင်းဖန်က “ဘယ်လိုငွေပေးချေရမှာလဲ” ဟု မေးလိုက်သည်။
ရာစုနှစ် သက်တမ်းရှိ ဂျင်ဆင်းကို ယခု ထုတ်ယူရန် မစောင့်နိုင်တော့ပေ။
“သင့်ဘဏ်ကတ်ကို ဒီမှာ ပွတ်ဆွဲလိုက်ပါ။” နောက်မိန်းမလှလေးတစ်ယောက်က POS စက်ကို လက်နှစ်ဘက်နဲ့ ကိုင်ပြီး ပြောလိုက်သည်။
“ကောင်းပြီ။” လင်းဖန်က ခေါင်းညိတ်ပြပြီး ဘဏ်ကတ်ကို ထုတ်ပြီးပွတ်ဆွဲလိုက်သည်။
စက်သံသံနှင့်အတူ 10 သန်းကိုအောင်မြင်စွာပေးချေခဲ့ကြောင်းစာတန်းပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လင်းဖန်၏ စိတ်ထဲတွင် သတိပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
【ဒင်း! စနစ်အဆင့်မြှင့်တင်မှု၊ LV5။ 】
[LV5 ဆု- LV4 ဆု- ထွက်သက်တိုင်းအတွက် ယွမ် 20 ရယူပါ။ အိပ်ချိန် 1 စက္ကန့်တိုင်းအတွက် ယွမ် 20 ရယူပါ။ သင်ခြေလှမ်းတိုင်းအတွက် ယွမ် 20 ရယူပါ။ ဆုလက်ဆောင်များကို နေ့စဉ် 24 နာရီတွင် အကောင့်ထဲသို့ ထည့်သွင်းပေးမည်ဖြစ်သည်။ 】
[အဆင့်မြှင့်သုံးစွဲမှုပမာဏ- 3.02 သန်း / 50 သန်း (အခြားသူများအား လက်ဆောင်၊ လောင်းကစား စသည်ဖြင့် မပါဝင်ပါ။ ထို့အပြင်၊ စနစ်မှရရှိသော ပစ္စည်းများအားလုံးကို ရောင်းဝယ်ဖောက်ကားခြင်းမှ တားမြစ်ထားသည်)]
【ဒင်း! LV5၊ မစ်ရှင်စနစ်ကိုဖွင့်လိုက်ပါပြီ ။】
LV5 ၏ဆုကြေးသည် LV4 ၏နှစ်ဆဖြစ်သည်။
တစ်နည်းဆိုရသော် ယခု လင်းဖန်သည် တစ်နေ့လျှင် အနည်းဆုံးငွေ 1.4 သန်း ရနိုင်သည်။
ထို့နောက် လင်းဖန်သည် မစ်ရှင်စနစ်ဆီသို့ ကြည့်လိုက်သည်။
[မစ်ရှင်စနစ်- အိမ်ရှင်သည် အရာတစ်ခု သို့မဟုတ် ဖြစ်ရပ်တစ်ခုကို ထိတွေ့သောအခါတွင်လုပ်ဆောင်စရာတစ်ခုကို ကျပန်းလုပ်ဆောင်ပြီးဆုလာဘ်ကို ရရှိမည်ဖြစ်သည်။ 】
အလှမယ် နှစ်ယောက်က ရာစုနှစ် ဂျင်ဆင်းကို ပေးလိုက်ကာ “ရှောင်ရီဟိုတယ်မှာ ပျော်ရွှင်စွာ နေနိုင်ပါစေလို့ ဆုတောင်းပါတယ်” လို့ ပြောလိုက်သည်။
စကားတွေပြောပြီး အပြင်ကို ဖြည်းညှင်းစွာ ထွက်သွားတော့သည်ယာ
လီယွင်ဟိုင်က “အစ်ကိုလင်း၊ မင်း အရမ်းပျော်နေပုံပဲ?”
“ကျွန်တော် ရာစုနှစ်တစ်ခုကြာ ဂျင်ဆင်းကို ဝယ်လို့ရတော့ဝမ်းသာတာပေါ့” လင်းဖန်က ပြောလိုက်သည်။
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် ခြေသံများထွက်ပေါ်လာခဲ့သည်။
ဝမ်လင်းသည်သူ့လူနှစ်ယောက်နှင့်အတူ ဝင်လာခဲ့သည်။
လီယွင်ဟိုင်က မျက်မှောင်ကြုတ်ပြီး “ဝမ်လင်း၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ”
သို့သော်လည်း ဝမ်လင်းသည် လီယွင်ဟိုင်၏ မေးခွန်းများကို မကြားသကဲ့သို့နေ နေသည်။ အေးစက်သော မျက်လုံးတစ်စုံဖြင့် လင်းဖန်ကို စိုက်ကြည့်ကာ “ကောင်လေး၊ မင်း ကငါ့ကိုရန်စတာလား။”
လင်းဖန်က ခဏလောက်စဉ်းစားပြီး တစ်ဖက်သားကို ရည်ညွှန်းတာကို သိပြီး “မင်းမှာ ပိုက်ဆံမရှိရင် လေလံပွဲမှာ မပါနဲ့လေ။ မင်းဘာလို့ အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ”
“မင်း....ယီးကိုပိုက်ဆံမရှိတာလား.” ဝမ်လင်းက ချက်ချင်းဆိုသလို မီးတောက်လောင်သွားပြီး သူ့နောက်က လူနှစ်ယောက်က လင်းဖန်ကို သငခန်းစာ်ပေးဖို့ ကြိုးစားနေပုံရပြီး ရှေ့သို့တစ်လှမ်းတိုးလာလိုက်သည်။
“ဒီမှာ နည်းနည်းဆူညံနေပုံရတယ်။ ညီလေးလင်းဖန်၊ ငါ့အကူအညီလိုသေးလား” ဇောင်လို ၏ အသံသည် စင်္ကြံမှ ထွက်ပေါ်လာခဲ့သည်။
လင်းဖန် က “ဒါက အသေးအမွှားကိစ္စပဲ၊ အဘိုး ဇောင်၊ နဲ့ပြောဖို့မထိုက်တနဘူးလေ”
“အင်း၊ မင်းမှာ တစ်ခုခုရှိရင် ငါ့ကို အချိန်မရွေးပြောလို့ရတယ်။” ဇောင်လိုက ပြောပြီးသည်နှင့် သူသည် ရှေ့တည့်တည့်သို့ လျှောက်သွားသော်လည်း မထွက်မီတွင် ဝမ်လင်းကိုဖျတ်ခနဲ ငုံ့ကြည့်လိုက်သည်။
ဤအကြည့်သည် ဝမ်လင်းတစ်ကိုယ်လုံးကို တုန်လှုပ်သွားစေပြီး သူ၏နဖူးတွငပင်် အေးစက်သော ချွေးမျညးထွက်လာသည်။
ဇောင် မိသားစု၏အဓိကတောင့်တိုင်ဇောင်လိုဖြစ်သည်။
ပြီးတော် သူ့ရှေ့က လူငယ်ကို ခေါ်လိုက်တာက....ညီလေးလင်းဖန်’’
ဘုရားရေ!
သူသည်အဘယ်မျှ ကြောက်စရာကောင်းသော တည်ရှိမှုကို သူ သကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး