← Chapters

အဘိုးဇောင်သတိလစ်ခြင်း

Vol. 4 Ch. 48

အဘိုးဇောင်သတိလစ်ခြင်း

Vol. 4 Ch. 48

ဝမ်လင်းမိသားစုသည် ကျန်ပေ့တစ်ခုလုံးတွင်စွမ်းအားကောင်းမိသားစုအဖြစ် မှတ်ယူနိုင်ပါသည်။

ဒါပေမယ့် ဇောင်မိသားစု ရဲ့ မိသားစုရှေ့မှာတော့ သူတို့ဟာပုရွက်ဆိတ်ကြီးတစ်ကောင်သာသာပဲရှိသည်။

ဇောင်မိသားစုမှ ဇောင်လိုသည်ဝမ် မိသားစုကို ဖျက်ဆီးလိုလျှင် သူသည် စကားအနည်းငယ်ပြောလိုက်ရုံသာဖြစ်သည်။

သူကိုယ်တိုင်က ဇောင်လို လို့ခေါ်တဲ့လူကို နှောင့်ယှက်လိုက်တာလား။

ဒီ……

ဒီ……

ဝမ်လင်းသည်အဲ့ အကြောင်းကို ပိုတွေးလေလေ သူ့နှလုံးသားကပိုမိုထိတ်လန့်လာလေလေဖြစ်သည်။

နောက်ဆုံးတွင် သူသည် ခေါင်းငုံ့ကာ “ဒါ... အစ်ကိုလင်း၊ နားလည်မှုလွဲတာပါ... ဟုတ်တယ်... ငါတောင်းပန်ပါတယ်...”

ဝမ်လင်း ကဲ့သို့သော ချမ်းသာသော ဒုတိယမျိုးဆက်များ၏မျက်နှာမပျက်ရအောင်ဂရုစိုနေရသည်။

ခေါင်းငုံ့ပြီးတောင်းပန်တာက သူ့အတွက် လုံးဝအဆင်မပြေပေ။

ဒါပေမယ့် သူဘယ်လောက်ပဲ အဆင်မပြေသည်ဖြစ်စေလုပ်ရမည်ဖြစ်သည်။

လင်းဖန်သည် ယနေ့တွင်မကျေနပ်ပါကသူ၏မိသားစုသည်မနက်ဖြန်တွင် ဆိုးရွားသော ဘေးဥပဒ်တစ်ခုသို့ ရောက်ရှိလာမည်ဟုနားလည်လိုက်သည်။

လင်းဖန် က ဝမ်လင်း ကို တစ်ချက်ကြည့်လိုက်ပြီး “လူတစ်ယောက်ကအရမ်း​မောက်မာ​ပြီး​နေလို့မရဘူး။အဲ့လိုမှမဟုတ်ရင် အဲ့အခါကျရင်တောင်းပန်ရုံနဲ့ ဖြေရှင်းလို့ရမှာမဟုတ်တော့ဘူး။အဲ့ကြောင့်သိပ့်မမောက်မာနဲ့”

“ဟုတ်ပါတယ်... အစ်ကိုလင်းပြောတာအမှန်ပဲ” ဝမ်လင်းကအလျင်အမြန်ပြန်ဖြေလိုက်သည်။

လင်းဖန် က “ဒါ့အပြင် မင်းကို ရန်စဖို့ ငါမရည်ရွယ်ခဲ့ဘူး၊ လွန်ခဲ့တဲ့ရက်ကထဲကငါ ရာစုနှစ်ရှိတဲ့ ဂျင်ဆင်းကိုရဖို့ ငါတကယ် စိတ်ပိုင်းဖြတ်ထားခဲ့တာပါ၊ တခြားသူတွေနဲ့ လေလံပြိုင်ဖို့ဆိုတာကပျင်းလွန်းတယ်” လို့ လင်းဖန်က ဆိုလိုက်သည်။

လင်းဖန်စကားကိုဝမ်းလင်းကြားတော့မေးမိတဲ့သူပါးစပ်ကိုရိုက်သတ်ချင်လိုက်တော်သည်။ဘာလေလံဆွဲဖို့ကိုပျင်းလို့ သန်းဆယ်ဂဏန်းတိုးလိုက်တာလား။

သို့သော် ယခုအချိန်တွင် ဝမ်လင်းသည် ထိုသို့သော စကားမျိုးပေါ်တင်မပြောရဲပေ။

ဇောင်မိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသူတစ်ဦးသည် ဤသို့သောစကားမျိုးဖြင့် နှောင့်ယှက်ခြင်းမပြုလိုပေ။

ဝမ်လင်းထွက်သွားပြီးနောက် လီယွင်ဟိုင် က ရယ်မောလိုက်သည်။

“အစ်ကိုလင်း မင်းသိလား ဝမ်လင်းရဲ့ အခုအသွင်အပြင်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ အဲဒါ မြေးကအဘိုးကိုတွေ့တာနဲ့တူသည်။ အရမ်းမိုက်တယ်။”

လင်းဖန်သည် ပြုံးလိုက်ပြီးခေါင်းခါကာ အပြင်သို့ ထွက်လာခဲ့သည်။

သူတို့ နှစ်ယောက်သည်Mercedes-Benz S500 ပေါ်တက်သွားပြီး ထွက်ပေါက်သို့ ဦးစွာ မောင်းလာသောအခါတွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အဘိုးအိုတစ်ဦးနှင့်အချောအလှလေးတစ်ဦးကိုတွေ့လိုက်သည်။

လင်းဖန်သေချာကြည့်လိုက်နော့ဇောင်လိုနှင့်သူ့ရဲ့မြေးလေးတို့ဖြစ်နေသည်ကိုတွေ့လိုက်သည်။ Guotao နှင့် သူ့မြေးဖြစ်ခဲ့သည်။

“ရပ်!” လင်းဖန်က အော်​ပြောလိုက်သည်။

လီယွင်ဟိုင်သည် ဘရိတ်ကို ဆောင့်နင်းလိုက်ပြီးလင်းဖန်နှင့်အတူကားပေါ်မှဆင်းလာကြသည်။

“အဘိုးကို ဆေးရုံကို အမြန်ပို့​ပေးပါ။” အလှ​လေးက အော်ပြောလိုက်သည်။

လီယွင်ဟိုင် နှင့် လင်းဖန်တို့သည် တုံ့ဆိုင်းမနေဘဲ ဇောင်လို ကို ကားပေါ်သို့ အမြန်တင်ကာ အနီးစပ်ဆုံးဆေးရုံသို့ ဦးတည်သွားကြသည်။

လမ်းခရီးတွင် လှပသောအမျိုးသမီးသည် ဇောင်လို ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူမမျက်လုံးမှ မျက်ရည်များအဆက်မပြတ်စီးကျနေသည်။

“အဘိုး၊ အဘိုး... မင်းဘာမှမဖြစ်ရဘူး။ မင်းသိပ့်မကြာခင်ကောင်းသွားပါမှာ..”

ထိုအချိန်တွင် သူမသည် ကြောက်ရွံ့ထိတ်လန့်နေသည့် သမင်တစ်ကောင်ကဲ့သို့ဖြစ်ပြီး ယခင်ကလိုငြိမ်သက်မှုမရှိတော့ပေ။

“မြန်မြန် မြန်မြန်မောင်းစမ်းပါ!”

လီယွင်ဟိုင် လည်း မြန်မြန်မောင်းချင်ပေမယ့် ကျန်ပေ့မြို့မှာ ကားတွေများလွန်းတော့ အရှိန်မြှင့်ဖို့ ကသိပ်ပြီးမဖြစ်နိုင်ပေ။

လင်းဖန် က “ငါမောင်းလိုက်မယ်”

လီယွင်ဟိုင်သည် လင်းဖန်၏ လွန်ကဲသော မောင်းနှင်မှုစွမ်းရည်ကို ချက်ခြင်းစဉ်းစားလိုက်မိပြီး လင်းဖန်နှင့် ထိုင်ခုံများကို လဲလှယ်ခဲ့သည်။

လင်းဖန်က “ယာဉ်စည်းကမ်းဖောက်ဖျက်တာအဆင်ပြေလား”

“ရတယ် ကိစ္စမရှိပါဘူး!” လီယွင်ဟိုင် က ပြောသည်။

“ဗွမ်း!”

လီယွင်ဟိုင်၏ အဖြေကို ရရှိပြီးနောက် လင်းဖန်သည် အရှိန်မြှင့်စက်ကို တိုက်ရိုက်နင်းကာ ကျဉ်းမြောင်းသော လမ်းကြားများ၊ ကားနှစ်စီးကြား စသည်တို့ကို အမြန်ဖြတ်ကာ သူ့ရှေ့တွင် မည်သို့ပင်ရှိစေကာမူ အရှိန်အဟုန်ဖြင့် သာအမြဲမောင်းနှင်ခဲ့သည်။

ဆယ်မိနစ်မပြည့်ခင်မှာပဲ Mercedes-Benz S500 ဟာ ဆေးရုံအ၀င်ဝမှာ ရပ်တန့်သွားခဲ့သည်။

ကားထဲမှာရှိတုန်းက အလှမယ်သည်ဖုန်းများကိုတစ်ခုပြီးတစ်ခုခေါ်နေသည်။

ထိုအချိန်တွင် ဆရာဝန်နှင့် သူနာပြုအုပ်စုကြီးသည် စောစောစီးစီး တံခါးဝတွင် စောင့်နေကြသည်။

Mercedes-Benz S500 ကိုတွေ့ပြီးနောက်၊ သူတို့သည်ဇောင်လိုကို ထမ်းစင်ပေါ်သို့အမြန်ဆွဲတင်လိုက်ကြသည်။ ဇောင်လိုကိုကုသရန်အလျင်အမြန်လူနာထမ်းစင်ကိုအမြန်တွန်းကာအရေးပေါ်ခန်းသို့ပြေးဝင်သွားကြသည်။

အရေးပေါ်ခန်းအပြင်ဘက်။

မိန်းမချောလေးသည်အဆက်မပျက်ငိုကျွေးနေသည်။

ထိုအချိန်တွင် အဝေးမှ ခြေသံများစွာ၏အသံသည်ရုတ်တရက်ထွက်ပေါ်လာသည်။

ဇိမ်ခံအဝတ်အစားတွေဝတ်ထားတဲ့ အမျိုးသား၊ အမျိုးသမီးအုပ်စုကြီး သည်အလျှင်အမြန်အရေးပေါ်ခန်းအပြင်ဘက်သို့ရောက်လာကြသည်။

သူတို့အထဲမှာ ဓားမျက်ခုံးနဲ့ ကြယ်လေးလိုတောက်ပတဲ့မျက်လုံးနဲ့အသက် 50 ခန့်ရှိ ဇောင်စန်သည် အချောလေးကို တိုက်ရိုက်ကြည့်ကာ “စီရှင်းဘာဖြစ်နေတာလဲ?”

ဇောင်စီရှင်းသည် သူမမျက်နှာမှ မျက်ရည်များကို သုတ်လိုက်ပြီး “ဒီနေ့ အဖိုးနဲ့ အပြင်ကိုထွက်ပြီးရင် ရှောင်ရီ ရဲ့ လေလံပွဲကို သွားခဲ့တယ်။ ကားပါကင်ကို ရောက်တာနဲ့ အဘိုးက ရုတ်တရက် သတ်လစ်သွားတယ်.. .”

ထိုအချိန်တွင် ဇောင်စီရှင်းသည်မျက်ရည်များ တဖန်လိမ့်ဆင်းလာပြန်သည်။

ဇောင်စန် “ရှောင်ရီ ဒါဆိုအဘိုးဘာကိုစားခဲ့တာလဲ”

ဇောင်စီရီင်း က “အဘိုးက လက်ဖက်ရည်တစ်ခွက်သောက်ပြီး ကိတ်မုန့်တစ်ဖဲ့စားပြီး... ပြီးတော့ဝိုင်လည်း သောက်ခဲ့တယ်...”

“ဘာ အဘိုးက ကျန်းမာရေး မကောင်းတာကို ဘာလို့ သောက်ခိုင်းရတာလဲ။ ဇောင်စန် က ကျယ်လောင်စွာ အော်​ပြောလိုက်သည်။

ဇောင်စန် နှင့် ခပ်ဆင်ဆင်တူသော ဇောင်ဟိုင် သည် ဇောင်စီရှင်း ၏ခါးတွင် ချိတ်ဆွဲထားသော နဂါးပုံသဏ္ဍာန် ရှိသည့် မော်တိုင် ကို ကြည့်ကာ “ဒါကို အဘိုးသောက်တာလား။ “

“ဟုတ်တယ်။” ဇောင်စီရှင်း က ပြန်ဖြေလိုပ်သည်။

ဇောင်ဟိုင်က “အစ်ကို ဇောက်စန် အ​ဖေသောက်တာအံ့သြစရာတော့ မရှိ​ယ။ အဖေသောက်ခဲ့တဲ့ ဟာမော်တိုင်ဝိုင်ပဲ ငါတို့တောင်တားလို့ မရမှာ ကြောက်တယ်”

ဇောင်စန်ဒါကိုကြားတော့သူသိပ်မအံ့သြတော့ပေ။

ဧကရာဇ် မော်တိုင်ကို မည်မျှ နှစ်သက်ကြောင်းကို သူ ကောင်းကောင်း သိသည်။

ထို့နောက် တွေးမိသည် - “ဒီဝိုင်က ရှောင်ရီဟိုတယ်ကလား။’’

“မဟုတ်ဘူး။အဘိုးကို သူပေးလိုက်တာ’’

ဇောင်စီရှင်းသည် မဝေးလှသော လင်းဖန်အား လက်ညှိုးထိုးပြပြီး “ဒါ့အပြင် အဘိုးကိုလည်း သူပဲဆေးရုံကို အချိန်မီ လိုက်ပို့ပေးတာ’’

ဇောင်မိသားစုမှလူတိုင်းသည် လင်းဖန် ရှိရာဆီသို့ ကြည့်လိုက်ကြသည်။

လီယွင်ဟိုင်၏နှလုံးသည် အနည်းငယ်တင်းမာကာ “အဲဒီအချိန်တုန်းကကျန်တော်တို့ သီးသန့်ခန်းမှာ သောက်နေကြတာ။ အ​ြကြဲဇောင်က ဝိုင်ကို အနံ့ခံမိပြီး လာခဲ့တာပြီးရင်ကျန်နော်တို့အတူတူသောက်လိုက်တယ်....”

“​လေလံပွဲကအပြန်အကြီးကဲဇောင်ကပါကင်ထွက်ပေါက်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရတဲ့အတွက် အ​ကြီးကဲဇောင်ကိုဆေးရုံပို့​ပေးလိုက်တာပါ”

လီယွင်ဟိုင်က အလျင်အမြန်ရှင်းပြနေသည်မှာမထူးဆန်းပေ။

ဇောင် မိသားစု၏ စွမ်းအားသည် ကြောက်စရာကောင်းလွန်းသည်။

အခြေအနေအရ ဇောင်မိသားစုက ဇောက်လိုကို တမင်တကာ သတ်ပစ်ခဲ့တယ်လို့ ထင်ခဲ့ရင် ဒါက ကြောက်စရာကောင်းတဲ့ ကိစ္စဖြစ်မှာ သေချာသည်။

ဘေးနားရှိ ဇောင်စီရှင်းက “သူပြောတာမှန်တယ်... နောက်ပြီး အဘိုးက သူ့ဘေးနားက လင်းဖန်ကိုတော်တော်လေးချီးကျူးခဲ့တယ်”

“အိုး?”

ဇောင်စန်၊ ဇောင်ဟိုင်နှင့် အခြားသူများအားလုံးသည် သူတို့၏မျက်နှာပေါ်တွင် အံ့သြထိတ်လန့်မှုပြနေကြသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် လင်းဖန်ကို ဂရုတစိုက်ကြည့်လာကြသည်။

အဘိုးအိုရဲ့ မျက်လုံးတွေက ဘယ်လောက်မြင့်တယ်ဆိုတာ သူတို့ကောင်းကောင်းသိတသည်။

လူငယ်တစ်ဦးအပေါ် ကြီးကြီးမားမားတွေးတာလား။

ဒါက တကယ့်ကို မယုံနိုင်စရာပင်။

ဇောင်စန်က “အဘိုးကြီးကို ဆေးရုံခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်”

လီယွင်ဟိုင် က ဒါကိုကြားတော့ စိတ်သက်သာရာရသွားပြီး “ရပါတယ်... ဒါ ငါတို့လုပ်သင့်တာပါ’’

ထိုအချိန်တွင် အရေးပေါ် တံခါးပွင့်လာခဲ့သည်။

ဆရာဝန်ပေါင်းများစွာ ပင်ပန်းစွာ ထွက်လာကြသည်။

ဇောင်စန် က “ငါ့အဖေ အဆင်ပြေလား”

ရှေ့တွင်ရပ်နေသော ထိပ်ပြောင်သောဆရာဝန်သည် ပါးစပ်ကိုဖွင့်ကာ သူ့မျက်နှာမှာ ရှက်ကိုးရှက်ကန်းမှုနှင့် ပြည့်နေသည်။

သာမန်လူနာဆိုရင်ဒဲ့ပြောလိုက်လို့ကအဆင်ပြေသည်။

ဒါပေမယ့် အထဲမှာ လဲလျောင်းနေတဲ့ သူကတော့ ဇောင် မိသားစုရဲ့ အဓိကကျောရိုး​​ဖြစ်တဲ့ဇောင်လို​ဖြစ်နေသောကြောင့်ဖြစ်သည်။

သူပြောတာမကြိုက်ရင်သူတို့ဆေးရုံဒေဝါလီခံရင်ခံရနိုင်တယ်။

ဇောင်စန် က အသက်ပြင်းပြင်းရှူပြီး “ဒေါက်တာ ၊ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ် “

ထိပ်ပြောင်ဆရာဝန်က “အကြီးကဲဇောင်ကနာရီအနည်းငယ်ပဲအသက်ရှည်နိုင်တော့မယ်..”

ထိပ်ပြော၏စကားကိုဇောင်မိသားစုဝင်များကြားပြီးနောက်တွင်ကောင်းကင်ကြီးပြိုကျသွားသလိုခံစားရသည်။

နှစ်ပိုင်းပါ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters