← Chapters

ငါကယ်နိုင်တယ်ထင်တယ်

Vol. 4 Ch. 49

ငါကယ်နိုင်တယ်ထင်တယ်

Vol. 4 Ch. 49

ဇောင်မိသားစုသည်ယခုကဲ့သို့တိုးတက်လာသည်မှာဇောင်လိုကြောင့်ဖြစ်သည်။

မရေမတွက်နိုင်သောအရေးကြီးဆက်ဆံရေးများသည် ဇောင်လိုနှင့်ဆက်စပ်နေသည်။

ဇောင် မိသားစုတစ်ခုလုံးကို အထပ်မြင့်တိုက်တစ်ခုနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ဇောင်လိုသည် အဲ့အဆောက်အအုံ၏ အခြခံအုတ်မြစ်ဖြစ်သည်။

အခြေမခိုင်တော့ရင် အဆောက်အအုံတစ်ခုလုံး ပြိုကျနိုင်သည်။

ဒါကြောင့်လဲ... ဇောင်မိသားစု သည်းမခံနိုင်တဲ့အရာတစ်ခုဖြစ်သည်။

လူတိုင်း၏ နှလုံးသားသည် အလွန်ကိုလေးလံနေသည်။

ဇောင်စီရှင်းသည်လဲထိပ်ပြောင်၏စကားကိုကြားပြီးနောက်သူမမျက်နှာသည်လဲဖြူဖျော့သွားနော့သည် ။

အဘိုး......အဘိုးကလူ့လောကထဲကနေထွက်သွားတော့မှာလား။

သူမသည်သူမအဘိုးကြောင်းစဉ်းစားရင်းအဆက်မပြတ်ငိုနေတော့သည်။

စင်္ကြံတစ်ခုလုံးသည်ယခုအချိန်တွင်အလွန်တိတ်ဆိတ်နေသည်။

“ဒေါက်တာ တခြားနည်းလမ်းမရှိတော့ဘူးလား။” ဇောင်စန်ကခက်ခက်ခဲခဲ မေးလိုက်သည်။

ထိပ်ပြောင်ဆရာဝန်က ခဏလောက် နှုတ်ဆိတ်နေပြီး “စိတ်မကောင်းပါဘူး...ဒီထက်ပိုကောင်းတဲ့ နည်းလမ်း ငါတို့မှာမရှိတော့ဘူး” လို့ ပြောလိုက်သည်။

ဇောင်စန် က အသက်ပြင်းပြင်းရှူလိုက်ပြီး “ကောင်းပြီ “ လို့ပြောလိုက်သည်။

သူတို့စကားပြောနေတုန်းအဘိုးဇောင်ကိုအရေးပေါ်ခန်းကနေVIPအခန်းသို့ပြောင်းလိုက်ပြီဖြစ်သည်။

ဇောင်စန်ကထိပ်ပြောင်ဆရာဝန်ကိုပြောပြီးသည်နှင့် သူသည် VIPအခန်းဆီသို့ လျှောက်လှမ်းရန် အသင့်လုပ်လိုက်သည်။

ထိုအချိန်တွင် စကားမပြောဘဲ ရပ်နေသော လင်းဖန်က “ကျနော်အဘိုးဇောင်ကိုကယ်ပေးကောင်းကယ်ပေးနိုင်လိမ့်မယ်” ဟု ပြောလိုက်သည်။

ဒါကိုပြောပြီးသည်နဲ့ ဇောင်စန်၏ခြေလှမ်းများသည်ရုတ်တရက်ရပ်သွားခဲ့သည်။

ဇောင် မိသားစုမှ လူတိုင်းသည် လင်းဖန်အား စိုက်ကြည့်နေကြသည်။

လင်းဖန်၏ဘေးတွင်ရှိသော်လီယွင်ဟိုင်သည် ချက်ချင်းပင် သူ့မျက်နှာဖြူဖျော့သွားတော့သည်။

အခုဆရာဝန်ကအဘိုးဇောင်ကိုကုသလို့မရဘူးလို့ပြောတယ်။

လင်းဖန်ကသူ ကယ်တင်နိုင်တယ်လို့ပြောတယ်။

တကယ်ကယ်တင်နိုင်ရင်တော့လုံးဝကြီးကျယ်ခမ်းနားတဲ့ အရာဖြစ်မှာ သေချာသည်။

ဒါပေမယ့် မေးစရာတစ်ခုကသူကယ်တင် နိုင်ပါ့မလားဆိုတာပင်။

လင်းဖန်သည် သူနှင့် အသက်တူသူသာရှိသည်။

ဇောင်မိသားစုသည် ဇောင်လိုသေဆုံးသည်ကိုဘာမှမပြောတော့ပေ။အကယ်၍လင်းဖန်၏ကုသမှုမှာ ပြဿနာတစ်ခုရှိနေရင် နောက်ဆက်တွဲအကျိုးဆက်တွေက ကြောက်စရာကောင်းလိမ့်မည်။

လီယွင်ဟိုင်သည်အဲ့အကြောင်းစဉ်းစားပြီးနောက်တွင် သူ၏နဖူးမှာ ချွေးတွေ ထွက်ကျလာသည်။

လင်းဖန်ပြောသောစကားများကိုသူပြန်ပြီးငြင်းလိုက်ဖို့ပါးစပ်ဖွင့်လိုက်သည်။

ဒါပေမယ့် ဇောင်မိသားစုက လင်းဖန်ကိုစိုက်ကြည့်တော့ ပြောမည့်စကားများကိုပြန်လည်မျိုချလိုက်တော့သည်။

ဇောင်စန်လင်းဖန်၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး “ငါ့အဖေကို ကယ်တင်နိုင်မှာလား” ဟု မေးလိုက်သည်။

“စမ်းကြည့်လို့ရတယ်၊သေချာပေါက်ကောင်းမယ်လို့တော့အာမမခံနိုင်ဘူး” လင်းဖန်က ပြောသည်။

သူသည် နှစ် 100 သက်တမ်းရှိ ဂျင်ဆင်းကို စုဆောင်းတော့မည် ဖြစ်သောကြောင့် သူ့တွင် ဆေးရေကို ဝယ်ပိုင်ခွင့်ရရှိသွားပြီဖြစ်သည်။

သို့သော်၊ ဆေးရေသည် ဇောင်လိုကို ကုသပေးနိုင်ခြင်း ရှိ၊ မရှိ ကိုမူသူမသိပေ။

လင်းဖန်ပြောဖို့ဆုံးဖြတ်ရတဲ့ အကြောင်းရင်းက...

သူနဲ့သောက်တုန်းကဇောင်လိုက လူကောင်းတစ်ယောက်လို့ သူထင်သောကြောင့်ဖြစ်သည်။

လေလံပွဲပြီးသောအခါဝမ်လင်းကိစ္စတွင်လဲဇောင်လိုက သူ့ကိုယ်အနည်းငယ် ကူညီသည်ဟု ယူဆနိုင်သည်။

“ဒါဆို ငါ မင်းကို ဒုက္ခပေးရတော့မယ်” ဇောင်စန်က ပြောလိုက်သည်။

“မင်းငါ့ကိုယုံတာလား?” လင်းဖန်က ပြောမယုံနိုင်စွာပြောသည်။

“ငါအဖေရဲ့ မျက်လုံးကို ယုံတယ်!” ဇောင်စန်က ပြောလိုက်သည်။

လင်းဖန် က ခေါင်းညိတ်ပြီး “အဘိုးဇောင်ကို ကုသရင်အခန်းထဲမှာတခြားလူတွေနဲ့ စောင့်ကြည့်ကိရိယာတွေ မရှိရဘူး” လို့ ပြောလိုက်သည်။

“ကောင်းပြီ။” ဇောင်စန်က ခေါင်းညိတ်ပြောလိုက်သည်။

ဇောင်ဟိုင်က “အဖေက အခု နာရီအနည်းငယ်ပဲ အသက်ရှင်တော့မယ်.... သူ့ကို ငါတို့နောက်ဆုံးအကြိမ် မတွေ့ရင် ဘယ်လိုလုပ်မလဲ”

လင်းဖန် က “စိတ်မပူပါနဲ့ ငါ တစ်နာရီအတွင်း ထွက်လာမှာပါ”

ပြောပြီးတာနဲ့ VIP အခန်းကို လျှောက်သွားတခဲ့သည်။

……

လင်းဖန်သည် ဆေးရုံကုတင်ပေါ်တွင် မျက်နှာဖြူဖြော့ပြီးသတိလစ်နေသာဇောင်လို ကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် လင်းဖန်သည် သူ့အိတ်ကပ်ထဲရှိ ရာစုနှစ် ဂျင်ဆင်းကို ထုတ်ယူလိုက်သည်။

【ဒင်း! ရာစုနှစ် ဂျင်ဆင်းကို ကောက်ခံပါသလား။ 】

“ဟုတ်တယ်!”

ရုတ်တရက် သူ့လက်ထဲမှာ ရှိနေတဲ့ ဂျင်ဆင်းဟာ ရုတ်တရက်ပျောက်သွားတော့သည်။

တစ်ချိန်တည်းမှာပင်၊ လင်းဖန်၏စိတ်ထဲတွင် ဆေးရေပုံစာအုပ်ပုံသဏ္ဍာန်၏ဘေးတွင် ဂျင်ဆင်းပုံစံတစ်ခုရှိနေသည်။

【ဒင်း! ဆေးရေဝယ်ယူရန် ခွင့်ပြုချက်ရယူပါ။ 】(မှတ်ချက်အရင်ကဆေးရေဖော်ကတ်ကိုဆေးရေလို့ပဲရေးပါတော့မယ်။အဲ့နားလေးမှာနားမလည်မှာစိုးလို့ဆေးရေကတ်ကဖော်မြူလာပါ။လင်းဖန်ကဂျင်းစင်းနှစ်ခုလုံးကိုထည့်ပြီးတာနဲ့ဆေးရေကိုစနစ်ကထုတ်ပေးပါတယ်။ထပ်ပြီးလိုချင်ရင်တော့ပိုက်ဆံပေးပြီးစနစ်စီမှာဝယ်နိုင်ပါတယ်။စနစ်ကအဲ့လိုဂျင်းစင်းမျိုးနောက်ထပ်ရှာစရာမလိုတော့ပါဘူး။စနစ်ကဂျင်းစင်းကိုကူပီကူးသလိုမျိုးပေါ့)

【ဆေးရေ- ပေါင်းစပ်စီမံပြီးနောက် လူ့ခန္ဓာကိုယ်၏ ဒဏ်ရာအားလုံးကို ယွမ် ၁၀ သန်းဖြင့် ပြုပြင်နိုင်သည်။ 】

“ဝယ်!”

နောက်တခဏတွင် လင်းဖန်၏လက်ထဲတွင် အကြည်ရောင်ပုလင်းလေးတစ်လုံးပေါ်လာခဲ့သည်။

လင်းဖန် က “အသုံးဝင်မယ်လို့တော့မျှော်လင့်တယ်။”

ပြောပြီးတာနဲ့ သူသည်ဇောင်လိုပါးစပ်ထဲကို ဆေးရေတွေကို ဖြည်းညှင်းစွာ လောင်းထည့်ပေးလိုက်သည်။

ထို့နောက် ဇောင်လို ၏ အပြောင်းအလဲများကိိုအနီးကပ်ကြည့်ရှုလိုက်သည်။

လင်းဖန်သည် ဆေးရေ၏အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ စူးစမ်းလိုစိတ်အပြည့်ရှိသည်။

ဘာလို့လဲဆိုတော့ သူက သူ့အဖေကို လဲဒီဆေးရည်တိုက်ရတော့မှာ မလို့ဖြစ်သည်။

1 မိနစ်။

၃ မိနစ်။

5 မိနစ်။

……

မူလက ဇောင်လို၏ဖြူဖြော့နေသော

မျက်နှာအိုကြီးသည် တဖြည်းဖြည်း အနီရောင်ပြောင်းလာခဲ့သည်။

မိနစ် 30 ခန့်ကြာပြီးနောက်၊ မေ့မြောနေသော ဇောင်လိုသည် နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖွင့်လိုက်တော့သည်။

သူသည်ပတ်ပတ်လည်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာထထိုင်လိုက်သည်။

……

VIPအခန်းပြင်ဘက်။

အချိန်ကြာလာသည်နှင့်အမျှ ဇောင်မိသားစုဝင်များသည် စိုးရိမ်စိတ်အပြည့်ဖြင့်ဟိုဖက်လျှောက်လိုက်ဒီဖက်လျှောက်လိုက်လုပ်နေကြသည်။

ထိုအချိန်တွင် ဆံပင်ဖြူ အဘိုးကြီး သည် VIPအခန်းပြင်သို့ရောက်လာသည်။

ဇောင်စန် က ဆောလျင်စွာ နှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ ဦးလေး။”

“မင်းအဖေ အခုနေကောင်းလား ၊ လူငယ်လေးတစ်ယောက်က သူ့ကို ကယ်တင်ဖို့ သွားနေတာ လို့ငါကြားတယ်” အဘိုးအိုက မေးလိုက်သည်။

ဇောင်စန် က ခေါင်းညိတ်ပြပြီး “ဟုတ်တယ် အဘိုးကြီးကဒီလူငယ်လေးကိုတော်တော်သဘောကျနေတယ်”

အဘိုးအိုက ခေါင်းညိတ်ပြပြီး သူ၏မျက်လုံးများဖြင့် VIPအခန်းကိုစိုးရိမ်စိတ်များဖြင့်ပြည့်နက်နေသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။

ခဏအကြာတွင် နောက်ထပ် ခြေသံတစ်သံ ထွက်ပေါ်လာသည် ဇောင်မိသားစုမှလူတတစ်ယောက်သည်ခြေသံထွပ်သည့်နေရာကိုကြည့်လိုက်တော့တုတ်လှုပ်သွားသည်။ “ဒါနိုင်ငံကျော်ဒေါက်တာဝမ်ဂေါင်မလား။’’

ဇောင်မိသားစုမှလူတိုင်းသည် ထိုစကားကိုကြားလိုက်ရပြီး သူတို့၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သွားကြသောအမှုအရာများပေါ်လာခဲ့သည်။

ဝမ်ဂေါင်လို့အမည်ရှိတဲ့ဆရာဝန်ဟာ တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး ဉာဏ်ကြီးရှင် ဆရာဝန်တွေထဲက တစ်ယောက်ဖြစ်သည်။

“ဝမ်ဂေါင် ဒီကိုလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်” ဇောင်စန် က ရှေ့ကို တိုးလာပြီး ပြောလိုက်သည် ။

ဝမ်ဂေါင် က “ကျွန်တော်က မစ္စတာဇောင် နဲ့ နှစ်အတော်ကြာ သူငယ်ချင်းကောင်းတွေပါ။သူ အရမ်းနေမကောင်းဘူးလို့ကြားတယ်။မစ္စတာဇောင်ကို သွားတွေ့ဖို့ ငါ့ကိုခေါ်သွားပေးပါ။”

ဇောင်စန် က အနည်းငယ်တုံ့ဆိုင်းနေပြီး “ခုနက... လူငယ်တစ်ယောက်ကအဖေ့ကို ကုသပေးဖို့ ဝင်သွားတယ်။ သူ့ကို ဘယ်သူကိုမှ မနှောင့်ယှက်ဖို့ လဲပြောသွားတယ်”

ဝမ်ဂေါင်ကအံ့ဩသွားပြီး”လူငယ်လေး၊သူက ဘယ်သူလဲ။”

“ကျွန်တော်လဲ မသိဘူး၊ ဒါပေမယ့် အဖေက သူ့ကို အရမ်းတန်ဖိုးထားတယ်။သူဝင်သွားတာ နာရီဝက်ကျော်နေပြီ၊ တစ်နာရီအတွင်း ထွက်လာလိမ့်မယ်လို့ပြောတယ်” ဇောင်စန် က ပြောလိုက်သည်။

“ဟုတ်လား?” ဝမ်ဂေါင် က ခဏလောက်စဉ်းစားလိုက်ပြီး “မစ္စတာဇောင်ရဲ့ စစ်ဆေးမှုစာရင်းကို အရင်ကြည့်ပါရစေ” လို့ပြောလိုက်သည်။

ဆရာဝန်တစ်ဦးသည် စာရွက်စာတန်းများကိုအလျင်အမြန်ထုတ်ပေးလိုက်သည်။

စာရွက်စာတန်းများကိုယူပြီးကြည့်လိုက်သည်။နောက်အခိုက်တန့်တွင်ဝမ်ဂေါင်၏မျက်လုံးသည်ပြူးကြယ်သွားသည်။”ဘာ မစ္စတာဇောင်ခန္ဓာကိုယ်က ဒီအခြေအနေကို တောင်ရောက်နေပြီလား။ မဖြစ်တော့ဘူး။ ငါ မြန်မြန်ဝင်ရမယ်!”

ဇောင်စန်သည် ဝမ်ဂေါင်၏ ရောက်ရက်ခက်နေသော်ပုံစံကို မြင်လိုက်ရပြီး သူ့နှလုံးသား တင်းမာသွားကာ လင်းဖန်၏ စိတ်အနှောင့်အယှက် မဖြစ်စေရန် တောင်းဆိုမှုကို လျစ်လျူရှုကာ ဝမ်ဂေါင် VIPအခန်းစီသို့ခေါ်ရန်လုပ်လိုက်သည်။

လင်းဖန်ကိုသူ့အဖေကတန်ဖိုးထားသည်။

သို့သော်လည်း ဇောင်စန်သည် လင်းဖန်ကအသက်ငယ်လွန်းသဖြင့် သူ့အဖေကိုလင်းဖန်ထံလုံးဝလက်မအပ်ဝံ့းပေ။

သူလင်းဖန်ကိုယုံလိုက်ရင်သူ့အဖေအတွက် အကောင်းဆုံးကုသမှုအချိန်ကို လွတ်သွားခဲ့ရင်​ဒါဟာတကယ်ကို ဝမ်းနည်းစရာကောင်းသည်။

ထိုအချိန်တွင် VIPအခန်း တံခါးက ပွင့်လာခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters