← Chapters

သန်း၅၀၀တန်အိမ်ပေးခြင်း

Vol. 4 Ch. 50

သန်း၅၀၀တန်အိမ်ပေးခြင်း

Vol. 4 Ch. 50

လင်းဖန်သည် အခန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ဇောင်မိသားစုဝင်တိုင်းသည်လင်းဖန်ကိုစိုက်ကြည့်နေကြသည်။

ဇောင်မိသားစုဝင်တိုင်းသည်လင်းဖန်အကြီးအကဲ ဇောင်ကို ကုသပေးနိုင်မည်ဟု မျှော်လင့်နေသည်။

တစ်ဖက်တွင်လဲ လင်းဖန်ထပ်မှအဘိုးဇောင်၏သတင်းဆိုးကိုကြားရမည်ကိုလဲကြောက်သည်။

ဇောင်စန် က ‘’ငါ့အဖေ အဆင်ပြောလား”

စကားပြောနေစဉ်တွင် သူသည် ဝမ်ဂေါင်အားအခန်းဆီသို့ ခေါ်ဆောင်သွားတော့မည်ဖြစ်သည်။

အခုချိန်မှာတစ်စက္ကန့်တောင် မနှောင့်နှေးချင်ပေ။

“အဟမ်း!”

ထိုအချိန်တွင် အခန်းထဲမှချောင်းဟန့်သံတစ်ခုထွက်ပေါ်လာသည်။

ခဏအကြာတွင် လူတိုင်းနှင့် အလွန်ရင်းနှီးသော မျက်နှာဟောင်းကြီးသည် သူတို့၏ အမြင်အာရုံထဲတွင် ပေါ်လာခဲ့သည်။

ဇောင်မိသားစုဝင်တိုင်းသည်အရမ်း အံ့အားသင့်သွားကြသည်။

ဇောင်စန်က “ဖေဖေ၊ ဘာလို့ အိပ်ရာထဲက နေထွက်လာတာလဲ၊ မင်းရဲ့ ကျန်းမာရေးက မကောင်းသေးဘူးလေ”

စကားပြောနေစဉ်တွင် သူသည် ရှေ့သို့တိုးကာ အမြန်တွဲ​ဖို့လုပ်လိုက်သည်။

ဇောင်စန်၏အမူအရာကိုမြင်ပြီးဇောင်လိုက ဒေါသတွေထွက်ပြီး “ငါနေကောင်းတယ်၊ ငါ့ကို ကယ်ပေးခဲ့တဲ့ ညီအကိုလင်းကို ကျေးဇူးတင်တယ်” လို့ ပြောလိုက်သည်။

သို့သော် ဇောင်စန် နှင့် ဇောင် မိသားစုတိုင်းသည် ရလဒ်ကို စိတ်ထဲတွင်မှန်းဆထားပြီးသားဖြစ်သည်။

သို့သော်လည်း ဇောင်လို၏စကားကိုကြားပြီးနောက်တွင် အားလုံး အံ့သြနေကြဆဲပင်ဖြစ်သည်။

အသက်နှစ်ဆယ်ကျော်သာသာရှိပုံရသော ဤလူငယ်လေး လင်းဖန်သည် အဖိုးဇောင်ကိုအမှန်တကယ် ကယ်တင်နိုင်ခဲ့သည် ။

ဇောင်မိသားစု၏ အံ့အားသင့်မှုနှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင်လီယွင်ဟိုင်သည်စိတ် သက်သာရာရသွားသည်။

ယခုအချိန်တွင် လီယွင်ဟိုင်၏အဝတ်အစားများသည် ချွေးတွေအရမ်းထွက်နေမှန်းသူသိသည်။

သူတကယ်ကြောက်သည်!

လင်းဖန်ကကုသမှုတွင်မတော်တဆမှုတစ်ခုဖြစ်ခဲ့လျှင် အလွန်ကြောက်စရာကောင်းပေလိမ့်မည်။

ယခုတော့အဆင်ပြေသွားတော့​သည်။

ဇောင်စန်က ခေါင်းကိုငုံ့ကာ “အစ်ကိုလင်း၊ ကျေးဇူးတင်ပါတယ်” ဟု လေးနက်စွာပြောလိုက်သည်။

လင်းဖန်က “ဦးလေး ဇောင်မင်းက ယဉ်ကျေးလွန်းနေပြီ ငါက အားစိုက်ထုတ်မှုက သေးသေးလေးရယ်။ဒါအပြင် မစ္စတာဇောင် ကလည်း ငါ့ကို ကူညီပေးခဲ့သေးတယ်လေ” လို့ ပြောလိုက်သည်။

ဇောင်လိုက ပြုံးလိုက်ပြီး “ငါ့အကူအညီက ဘာမှမရှိဘူးလေ။ လင်းဖန်၊ မင်းငါ့အသက်ကို ကယ်တင်ရုံတင်တာကဇောင်မိသားစုတစ်ခုလုံးကိုကယ်ခဲ့တယ်။ မင်း ရဲ့ယခုကူညီမှုကိုပြန်ဆပ်လို့မရမှာတောင်ကြောက်တယ်”

ထို့နောက် သူသည် ဇောင်စန်ဘေးရှိဝမ်ဂေါင်ဘက်သို့ လှည့်လိုက်ပြီး “ဝမ်ဂေါင်မင်းအဝေးကနေဒီကိုလာဖို့ မင်းကို နှောင့်ယှက်ပေးမိပြီ’’

ဝမ်ဂေါင် က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး “ငါတို့ကြားက ဘာကိုဒုက္ခလဲ၊ မင်းရဲ့ခန္ဓာကိုယ်ကို ငါပြန်စစ်ဆေးပေးမယ်။”

“ကောင်းပြီ။” ဇောင်လိုက ခေါင်းညိတ်လိုက်သည်။

ဝမ်ဂေါင်က ဇောင်လို ရဲ့ လက်ကောက်ဝတ်ကို လက်တင်လိုက်သည်။

ခဏအကြာတွင်၊ ဝမ်ဂေါင် သည် သူ့မျက်နှာပေါ်တွင် သံသယအကြည့်ဖြင့် သူ့လက်များကိုရုတ်သိမ်းလိုက်သည်။

ဇောင်စန်က “လူကြီးဝမ် ငါ့အဖေ အခြေအနေ ဘယ်လိုလဲ”

ဝမ်ဂေါင်က ခဏလောက်စဉ်းစားပြီး “အရင်ဆုံး သွေးစစ်ပြီးခန္ဓာကိုယ်ကိုစာတ်မှန်တွေ ရိုက်ရအောင်’’ လို့ပြောလိုက်သည်။

“ကောင်းပြီ။” ဇောင်စန်က ပြောသည်။

သွေးစစ်ခြင်း၊ခန္ဓာကိုယ်ကိုစက်ရိုက်လိုက်ကြသည်။

မိနစ်အနည်းငယ်ကြာတွင်ရလဒ်အားလုံးသည် ဝမ်ဂေါင်၏လက်ထဲတွင် ပေါ်လာသည်။

အချိန်အတော်ကြာ စေ့စေ့ကြည့်ပြီးနောက် ဝမ်ဂေါင် က “ညီအကိုဇောင် မင်းရဲ့ခန္ဓာကိုယ်က လုံးဝပြန်ကောင်းသွားပြီ” လို့ အခိုင်အမာပြောလိုက်သည်။

“ကောင်းပြီ ဟား.....ဟား...’’ဇောင်လို သည် ဝမ်ဂေါင်စကားကြားပြီးနောက်အလွန်ဝမ်းသာသွားတော့သည်။

ဇောင်မိသားစုတစ်မိသားစုလုံးသည် ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေသည်။

...

ဇောင်မိသားစုနေအိမ်။

​ခန်းမအတွင်းရှိ ထမင်းစားပွဲသည် အလွန်ကြွယ်ဝသော ဟင်းပွဲများဖြင့် ပြည့်နက်နေသည်။

ဇောင်လို၏ ထပ်ခါတလဲလဲ ဖိတ်ကြားချက်သောကြောင့်လငအားနာပါးမားနှင့်လက်ခံပြီးလိုက်လာကြသည်။

ဇောင်လို က “မမျှော်လင့်ဘဲ ဒီနေ့ ဝိုင်ရဲ့ရနံ့ကို မတော်တဆ အနံ့ခံလိုက်မိတာကြောင့်ညီအကိုလင်းနဲ့တွေ့ပြီးငါ့အသက်ကို ကယ်ခဲ့တယ်။ ဝိုင်က တကယ်ကို ငါနဲ့ကံပါလာတာပဲ’’

“လင်းဖန်၊ မင်း ဒီဝိုင်အရသာကို မြည်းစမ်းကြည့်ပါဦး။”

ဇောင်လိုကစကားပြောနေစဉ်တွင် လင်းဖန်အတွက် ဝိုင်တစ်ခွက်ကို ကိုယ်တိုင် လောင်းထည့်ပေးလိုက်သည်။

လင်းဖန်က သူ့နှာခေါင်းဘေးမှာဝိုင်ခွက်ကို ကပ်လိုက်ပြီးရှူကာပါးစပ်ထဲသို့လောင်းထည့်လိုက်သည်။

“ဝိုင်ကလည်ချောင်းတစ်လျှောက် မီးလိုပဲ၊ အရသာကလဲအဆုံးမရှိကောင်းတယ်၊ ဒါဝိုင်တွေထဲမှာအကောင်းဆုံးမော်တိုင်ဝိုင်ပဲ” လင်းဖန်က ပြောလိုက်သည်။

“ဟုတ်တယ် ဟားဟား!” ဇောင်လို က ဝမ်းသာအားရ ပြောလိုက်သည်။

ဇောဂ်စန်က “လင်းဖန်၊ ငါ့အဖေကို ကယ်တင်ပေးတဲ့အတွက် ထပ်ပြီး​ကျေးဇူးတင်ပါတယ်”

ထို့နောက် ဇောင်စီရှင်း၊ ဇောင်ဟိုင် နှင့် အခြားသူများကလည်း လင်းဖန်ကို ကျေးဇူးတင်ကြောင်းပြောလိုက်သည။

အရက်သောက်ပြီးနောက် လင်းဖန် သည် ပြတင်းပေါက်အပြင်ဘက်ရှိ လှပသောရှုခင်းကိုကြည့်ကာ “မြို့တော်ရဲ့ ဒုတိယအဝိုင်းလမ်းမှာ ဒီလိုလှပတဲ့အိမ်လေးတစ်လုံးရှိတယ်ဆိုတာ စိတ်ကူးရခက်တယ်” လို့ ပြောလိုက်သည်။

“အိုး? လင်းဖန် မင်းက ဒီလိုအိမ်မျိုးကို ကြိုက်တာလား။ ငါတို့ဇောင်မိသားစုက ဒုတိယအဝိုင်းမှာ ​ဒီလိုနီးပါးတူတဲ့အိမ်လေးရှိတယ်၊ ဒါကို မင်းကိုပေးလိုက်မယ်’’ ဇောင်စန် က ပြောလိုက်သည်။

လင်းဖန်သည် အံ့အားသင့်သွားကာဇောင်စန်ကထိုကဲ့သို့ ပြောမည်ဟု သူမမျှော်လင့်ထားပေ။

သိရန်…

ဇောင်မိသားစုအိမ်၏ အကျယ်အဝန်းသည် 5,000 စတုရန်းမီတာကျော်ရှိသည်။

ပေကျင်းမြို့ ဒုတိယအဝိုင်းရှိအိမ်ရာဈေးနှုန်းသည် တစ်စတုရန်းမီတာလျှင် ယွမ် ၁၀၀,၀၀၀ ထက်ရှိသည်။

တစ်နည်းဆိုရသော် အလားတူအိမ်တစ်လုံး၏စျေးနှုန်းသည် သန်း 500 ထက်ကျော်ရှိနိုင်သည်။

သူ့ကိုယ်တိုက်ရိုက်ပေးတာလား။

လင်းဖန် က “ဒါက အရမ်းဈေးကြီးတယ်၊ ပြီးတော့ကျနော်လဲ ကျန်ပေ့မှာပဲနေပြီး ပေကျင်းကိုသိပ် မရောက်ဖြစ်ဘူး’’

ဇောင်လို က “ညီအကိုလင်း၊ မင်းကအရမ်း ယဉ်ကျေးလွန်းနေပြီ အဲဒါက အိမ်တစ်လုံးပလေဲ၊ ငါ့အသက်နဲ့ယှဉ်ရင် အဲ့အိမ်ကဘာအရေးလဲ”

“လောလောဆယ် မင်း ပေကျင်းကို မရောက်ပေမဲ့ နောက်ပိုင်းမှာ မင်း ဒီကိုလာမယ်လို့ ငါယုံကြည်တယ်။ အဲဒီအိမ်လေးရှိ ထားရင် မင်းအတွက်ပိုအဆင်ပြေလိမ့်မယ်”

လင်းဖန်သည်ငြင်းဖို့လိုက်ပြင်လိုက်သည်သူငြင်းရင်းထပ်ပြီးအတင်းပေးအုံးမည်ဖြစ်သည်။ဒါကြောင့်လင်းဖန်သည်လက်မခံချင်ခံချင်ဖြင့်သူက “ဒါဆို လဲမငြင်းတော့ဘူးနော်” လို့ ပြန်ဖြေလိုက်သည်။

မူလက ဇောင်လို သည် လင်းဖန်နှင့် အချိန်ပိုကြာအောင်နေလိုခဲ့သည်။

သို့သော်လည်း လင်းဖန်က ကိုင်တွယ်ရန် တစ်ခုခု ကျန်ရှိနေသေးကြောင်း နှင့်ကျန်ပေ့သို့ ပြန်ရန် လက်မှတ်ဝယ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒါကြောင့် ဇောင်လိုသည်လဲဆက်၍မပြောတော့ပေ။

ဇောင်စန် က Rolls Royce ကို ကိုယ်တိုင်ကိုယ်ကျ မောင်းပြီး လင်းဖန်ကို လေဆိပ်ထိပို့ဆောင်ပေးခဲ့သည်။

လေယာဉ်၏VIP အခန်းတွင်လီယွင်ဟိုင်သည် သူ့နှလုံးသားအတွင်အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။

“အစ်ကိုလင်းဖန်၊ မဟုတ်ဘူး၊ အစ်ကို လင်း မင်းအရမ်းတော်တာပဲ!”

“မင်း ကုသနည်းကို တကယ်သိပြီးတော့ အကြီးကဲဇောင်ကို ကယ်ခဲ့တယ်”

“ဘုရား၊ အဲဒါ မစ္စတာ ဇောင်”

“မင်းသိလား မင်းမစ္စတာ ဇောင် ကို ကယ်မယ်လို့ ပြောတုန်းကငါကြောက်လို့သေးတောင်ထွက်ကြတော့မလို့”စိတ်လှုပ်ရှားစွာပြောလိုက်သည်။

လင်းဖန်သည် လီယွင်ဟိုင်၏ ပုံစံကိုကြည့်ပြီး ပြုံးကာ ခေါင်းခါလိုက်သည်။

လီယွင်ဟိုင်ကစိတ်လှုပ်ရှားစွာဖြင့်”ဟေ့ ဒီနေ့ ငါ မစ္စတာဇောင်နဲ့ ညစာစားခဲ့တယ်ဆိုတာငါဖေဖေသိရင် ငါ ကိုမနာလိုဖြစ်မှာ ကြောက်တယ်။

သူ့စကားက ချဲ့ကားပြီးပြောတာမဟုတ်ပေ။

လီယွင်ဟိုင်၏၏ဖခင်သည်ဇောင်လို နှင့် ညစာစားရန် အရည်အချင်းမရှိသောကြောင့်ဖြစ်သည်။

ထို့နောက် လီယွင်ဟိုင်က “အစ်ကိုလင်း ကျေးဇူးတင်ပါတယ်!”

ကျေးဇူးတင်ပါတယ်?

အဘယ်ကြောင့်ဆိုသော် လီယွင်ဟိုင် သည် ဇောင်မိသားစုနှင့်ကောင်းမွန်သောဆက်ဆံရေးသည်လင်းဖန်​ကြောင့်ဖြစ်သိကိုသူသိသောကြောင့်ဖြစ်သည်။

၎င်းသည် လီယွင်ဟိုင် နှင့် လီမိသားစုတစ်ခုလုံးအတွက် များစွာအကျိုးရှိမည်ဖြစ်သည်။

လီယွင်ဟိုင်၏ ဆိုလိုရင်းကို လင်းဖန်က သဘာဝကျကျ နားလည်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ “ရပါတယ်”

...

ဇောင်မိသားစုစံအိမ်။

ဇောင်လိုသည် ပြတင်းပေါက်ရှေ့တွင် ရပ်ကာ အဝေးတွင်ရှိသောရှုခင်းများကိုကြည့်ပြီးသူ့မျက်နှာတွင် ပျော်ရွှင်မှုအပြည့်ရှိနေသည်။

ထိုအချိန်တွင် ဇောင်စန် သည် စာရွက်စာတမ်းအမြောက်အများနှင့်အတူ ဖြည်းညှင်းစွာ လျှောက်လာသည်။

“ဖေဖေ၊ ဒါက လင်းဖန်ရဲ့ အချက်အလက်တစ်ချို့ပါ။” ဇောင်စန်က ပြောလိုက်သည်။

ဇောင်စန် သည် စာရွက်များကို လှည့်ကြည့်လိုက်သည်။

နောက်အခိုက်အတန့်တွင် မျက်နှာဟောင်း၏ မျက်နှာတွင်အံသြမှုတစ်ခုထွက်ပေါ်လာသည်။

“သူဟာ နဂါးအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ... မထူးဆန်းပါဘူး၊ဒီလောက်မှော်ဆန်နေတာ’’

ခဏလောက်စဉ်းစားပြီးနောက် ဇောင်လို က “အခုကစပြီး လင်းဖန် နဲ့ အကောင်းဆုံးဆက်ဆံရေးကို ထူထောင်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ!”

“ဟုတ်ကဲ့ပါ’’ ဇောင်စန် က ဖြေလိုက်သည်။

ဒီ​နေ့ကစပြီး​နှစ်ရက်တစ်ပိုင်းပဲဲတင်ပါတော့မယ်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters