← Chapters

ဆိုးတူကောင်းဘက်သူငယ်ချင်းကိုတွေ့ခြင်း

Vol. 4 Ch. 52

ဆိုးတူကောင်းဘက်သူငယ်ချင်းကိုတွေ့ခြင်း

Vol. 4 Ch. 52

မိုးရွာပြီး တစ်ညတာကြာပြီးနောက်တွင်အပြင်ဘက်ရှိ သစ်ပင်အကိုင်းအခက်များသည် စိမ်းလန်းစိုပြေကာ အလွန်လှပနေသည်။

လင်းဖန်သည် ပြတင်းပေါက်ကိုဖွင့်လိုက်သည်နှင့် လေပြင်းများတိုက်ခတ်ကာ တစ်ကိုယ်လုံးကို လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

ဧည့်ခန်းထဲတွင် ကြက်သွန်စိမ်း ပန်ကိတ်နှင့် ခေါက်ဆွဲကြော်များရှိသည်။

ဒေါင်ဝမ်ဝမ်က လင်းဖန်ကိုတွေ့ပြီးနောက် “ရှောင်ဖန် သွားမြန်မြန်ရေးသွားချိုး ခေါက်ဆွဲမအေးခင်မြန်မြန်လာ။’’ လို့ ပြောလိုက်သည်။

“ကောင်းပြီ။” လင်းဖန်က ဖြေလိုက်သည်။

လင်းဖန်သည် ရေချိုးခန်းထဲဝင်ပြီးသွားတိုက်၊ရေးချိုးပြီးမှထွက်လာခဲ့သည်။

ထွက်လာပြီးသည်နှင့်လင်းဖန်သည်မနက်စာစားရန်လာခဲ့သည်။လင်းဖန်သည်ခေါက်ဆွဲကြော်ကို ပါးစပ်ထဲကို တိုက်ရိုက်ထည့်ပြီးဝါးကာသူ့မျက်နှာတွင်မူ ကျေနပ်မှုအပြည့်နဲ့ဖြစ်သည်။

လင်းတန်ကမေးဖို့မနေနိုင်တော့ဘဲ နောက်ဆုံးတွင် “ရှောင်ဖန်၊ မင်း မနေ့က ငါတို့ကို ဘာဆေးပေးလိုက်လဲ?”

“ငါ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေနဲ့မင်းအမေ တောင်အသက်ဆယ်နှစ်ငယ်သွားပုံရတယ်။’’

ဒေါင်ဝမ်ဝမ် က သူမ၏ မျက်နှာဟောင်းသည် လင်းတန်ပြောသောစကားကြောင့်နီရဲသွားသည်။

ထို့နောက် လင်းဖန်အား စပ်စုသောအကြည့်ဖြင့် တိတ်တဆိတ်ကြည့်နေလိုက်သည်။

လင်းဖန်က “ဒါက အသစ်တီထွင်ထားတဲ့ အားဆေးဖြစ်ပြီး အရမ်းရှားတယ်’’ လို့ ဆိုသည်။

လင်းတန် နှင့် ဒေါင်ဝမ်ဝမ်တို့သည် ခေါင်းညိတ်ကာ နောက်ထပ်မစဉ်းစားတော့ပေ။

မနက်စာစားပြီးနောက် ဒေါင်ဝမ်ဝမ် သည် မူလက ဈေးဝယ်ထွက်ချင်ခဲ့သည်။

ဒါပေမယ့် လင်းဖန်က သူမကို အိမ်မှာ အနားယူစေပြီးသူကစျေးသွားမည်ဟုပြောလိုက်သောကြောင့်ဒေါင်ဝမ်ဝမ်သည်မသွားတော့ပေ။

ယခုအချိန်တွင် ဈေးသည် တွင်လူများပြည့်နှက်နေသည်။

လင်းဖန်သည် အသား၊ ဟင်းသီးဟင်းရွက်နှင့် ငါးအများအပြားဝယ်ပြီး အိတ်အကြီးအသေးများကို သယ်ကာ ပြန်သွားရန် ပြင်ဆင်နေသည်။

ထိုအချိန်တွင် ခင်မင်ရင်းနှီးသော အသွင်အပြင်တစ်ခု ပေါ်လာခဲ့သည်။

“မင်းက...ရှောင်ဒေါင်လား?” လင်းဖန်က မေးလိုက်သည်။

“လင်းဖန်?” တစ်ဖက်က လူငယ်လေးက အံ့သြသွားပြီးပြောလိုက်သည်။

“ဟားဟား။ မထင်မှတ်ပဲ မင်းကိုငါဒီမှာလာတွေ့ရတယ်လို့။” လင်းဖန်က ဝမ်းသာအားရပြောသည်။

ရှောင်ဒေါင် သည် လင်းဖန်အလယ်တန်းတက်စဉ်ကသူတို့နှစ်ယောက်၏ဆက်ဆံရေးသည်ဆိုးတူကောင်းဘက်ပမာကောင်းမွန်သည်။

ကံမကောင်းစွာဖြင့်၊သူတို့အလယ်တန်းပြီးချိန်တွင်တစ်ယောက်ရဲ့ဖုန်းနံပါတ်ကိုမသိသဖြင့်တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ပြတ်သွားခဲ့သည်။

ရှောင်ဒေါင်က ပြုံးပြီး “ဟုတ်တယ် ငါလည်း မင်းကိုဒီမှာတွေ့မှာလို့မမျှော်လင့်ထားဘူး’’

ရှောင်ဒေါင်ဘေးကအမျိုးသမီးကလင်းဖန်ကိုကြည့်လိုက်ပြီး”ရှောင်ဒေါင်၊ ဒါကဘယ်သူလဲ” လို့မေးလိုက်သည်။

“အိုး.. သူက လင်းဖန်လေ။ ငါ တို့အလယ်တန်းကျောင်းကိုအတူတူတက်ခဲ့တာ... အဲဒီတုန်းက ငါတို့နှစ်ယောက်ဆက်ဆံရေးက ဆိုးတူကောင်းဘက်ပမာကောင်းတယ်” ရှောင်ဒေါင်က “လင်းဖန်၊ ဒါက ငါ့မိန်းမ စီကျူ”

စီကျူက “ဒါဆို ဒီကရှောင်ဒေါင်ရဲ့ သူငယ်ချင်းပေါ့ တွေ့ရတာဝမ်းသာပါတယ်!”

ခေတ္တနားပြီးနောက် သူမက “စကားမစပ်၊ ရှောင်ဒေါင်နဲ့ ငါ လာမယ့်တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်တော့မယ်။ အဲဒီအခါကျရင်မင်းလာရမယ်နော်’’

ဒီစကားကိုကြားပြီးတာနဲ့ ရှောင်ဒေါင် ရဲ့မျက်နှာက အနည်းငယ် စိတ်မသက်မသာဖြစ်သွားခဲ့သည်။

သူနဲ့ လင်းဖန် တို့ဟာ အရင်က ဆက်ဆံရေးကောင်းတွေ ရှိခဲ့သည်။

ဒါပေမယ့် အဲဒါကအရင်တုန်းကလေ။လင်းဖန်နဲ့အဆက်အသွယ်မရတာ နှစ်တော်တော်ကြာပြီလေ။

အခု ငါတို့တွေ့တာနဲ့ မင်္ဂလာပွဲတက်ခိုင်းတာလား။တက်တာလက်ဗလာနဲ့လာရင်မကောင်းဘူးမလား။

ယင်းကြောင့် ရှောင်ဒေါင် သည် လင်းဖန်သည်သူကလက်ဆောင်ပိုက်ဆံကိုလောဘကြီးသည်ဟုမထင်ချင်ပေ။

လင်းဖန်သည် ရှောင်ဒေါင်၏ မျက်နှာပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။

ခဏလောက်စဉ်းစားပြီးမှ အကြောင်းပြချက်ကို မှန်းဆနိုင်ခဲ့သည်။

လင်းဖန်သည် လက်ဆောင်ငွေတွေကိုဂရုမစိုက်ပေ။

ဒါပေမယ့် လာမယ့်တနင်္ဂနွေမှာ အချိန်ရနိုင်မလားဆိုတာကိုတော့ သူတကယ်မသိပေ။

အဘယ်ကြောင့်ဆိုသော် သူသည် လာမည့်အပတ်အတွင်းတွင် အမျိုးသားသင်္ချာပြိုင်ပွဲကိုဘယ်အချိန်ကျင်းပမည်ကိုမသိသောကြောင့်ဖြစ်သည်။

လင်းဖန်က ဒါကို တွေးလိုက်ပြီး “ငါ့မှာ အချိန်ရရင်လာခဲ့မယ်” လို့ပြောလိုက်သည်။

စီကျူက “ကောင်းပြီ၊ ဒါဆို ငါတို့ သွားပြီနော်။ စကားမစပ် ရှောင်ဒေါင် မင်းတို့ အဆက်အသွယ်အချက်အလက်ရှိလား၊မရှိရင်မြန်မြန်ဖလှယ်လိုက်လေ။”

ရှောင်ဒေါင်ကမျက်နှာမသာမယာဖြင့်လင်းဖန်နှင့်အချက်အလက်ဖလှယ်လိုက်ကြသည်။

အဆက်အသွယ်ရပြီးနောက် လင်းဖန်သည် အိမ်သို့ပြန်လာခဲ့သည်။

ထိုအချိန်တွင် လင်းရှောင်ရီ သည် ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းနှင့်ဂိမ်းကစားမေသည်ကိုတွေ့လိုက်သည်။

လင်းဖန်ကိုမြင်ပြီးနောက် သူမသည် စိတ်လှုပ်ရှားစွာ ဖြင့် “အစ်ကို၊ မင်းပြန်လာမှာကို ငါ့ကိုဘာလို့ကြိုမပြောခဲ့တာလဲ မနေ့ကတစ်နေ့လုံးစာကျက်ပြီးတာနဲ့ တိုက်ရိုက်ပြန်လာခဲ့တယ်”

ချင်ရီ နံပါတ် 1 အလယ်တန်းကျောင်းသည် သင်ယူမှုအပေါ် အလွန်တင်းကျပ်သည်။

တနင်္ဂနွေ အားလပ်ရက် အပြင် နေ့တိုင်း ညနေတိုင်း ကိုယ်တိုင် စာကျက်ဖို့ လိုသည်။

ညနေပိုင်း ကိုယ်တိုင်လေ့လာမှုသည် 10 နာရီအထိကြာမြင့်သောကြောင့် ကျောင်းသား၊ကျောင်းသူအများစုသည် ကျောင်းဝင်းအတွင်း တနင်္လာနေ့မှစနေနေ့အထိ နေထိုင်ကြပြီး တနင်္ဂနွေနေ့တွင်သာအိမ်ကိုပြန်ကြသည်။

လင်းရှောင်ရီသည် ထိုကျောင်းသား၊ကျောင်းသူများထဲမှ တစ်ဦးဖြစ်သည်။

လင်းဖန်က လင်းရှောင်ရီ ရဲ့ ချောမောလှပတဲ့ မျက်နှာလေးကို တင်းတင်းကျပ်ကျပ် ညှစ်လိုက်ပြီး “ထပ်ပိန်ပြန်ပြီ ရှောင်ရီ မင်း အများကြီးစားရမယ်လေ၊အခုကြည့်စမ်းငါညှစ်လို့တောင်ရတယ်”

“အစ်ကို! ဒါက ချောမောတဲ့မျက်နှာလို့ခေါ်တယ်။” လင်းရှောင်ရီ ကချက်ချင်း ကန့်ကွက်လိုက်သည်။

နေ့ခင်းဘက်တွင် မိသားစုတစ်စုလုံး သည်ချက်ပြုတ်ကြော်လှော်ပြီးစကားစမြည်ပြောပြီး ရယ်မောကာ အလွန်နွေးထွေးစွာနေနေကြသည်။

လင်းဖန်သည် ဧည့်ခန်းရှိ စားပွဲပေါ်သို့ငရုတ်သီးစိမ်းနှင့် ဝက်သားပါးပါးလှီးတို့ကို ယူလာသောအခါတွင်နေ့လယ် ၁၂ နာရီထိုးတွင် သူ့အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းသည် အနည်းငယ်တုန်ခါသွားသည်။

စာအိတ်အနီပေါ်လာသည်။

“ဒင်း၊ ဂုဏ်ယူပါတယ်၊ မင်း၂ ယွမ်ကိုရရှိသည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် ၂၀၀၀ကို ရရှိခဲ့သည်။”

……

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 10,000 ကိုရရှိခဲ့သည်။”

“ဒင်း၊ ဂုဏ်ယူပါတယ်၊ ၁၀ ယွမ်ကိုရရှိခဲ့သည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် ၁၀၀၀ကိုရရှိခဲ့သည်။”

ဒီနေ့က ငွေသားအနီစာအိတ်တွေ ပါပြီး စုစုပေါင်း ယွမ် 30,507 ရရှိခဲ့သည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး... လင်းဖန်က လုံးဝ ဂရုမစိုက်ဘဲ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။

မကြာခင်မှာပဲ အရသာရှိတဲ့ အစားအသောက် များကိုစားပွဲပေါ်သို့တင်လိုက်သည်။

လင်းဖန်တို့မိသားစုသည် စားပွဲဝိုင်းမှာထိုင်ပြီး ပျော်ပျော်ရွှင်ရွှင်စွာ စားသောက်ပြီးစကားပြောနေကြသည်။

မူလက လင်းဖန်သည် အိမ်တွင် ရက်အနည်းငယ်ကြာအောင် နေချင်ခဲ့သည်။

သို့သော်လည်းလင်းတန် နှင့်ဒေါင်ဝမ်ဝမ်တို့သည် ကျောင်းနောက်ကျမည်စိုးရိမ်သောကြောင့် လင်းဖန်အား ကျန်ပေ့သို့ စောစောသွားခိုင်းလိုက်သည်။

……

ကျန်ပေ့တက္ကသိုလ်။

လင်းဖန်သည် အိပ်ခန်း 104 ထဲသို့ ၀င်သွားသောအခါ မူဇောင် သည် သူ့စာအုပ်များကို ထုပ်ပိုးနေသည်။

ဇောင်ချင်းဘိုက ဝမ်းသာအားရနဲ့ “အစ်ကို လင်း၊မင်းပြန်လာတာအချိန်ကိုက်ဘဲ။ငါ ဒီနေ့ ညစာစားဖို့ ငါ့ဝမ်းကွဲနဲ့ ချိန်းထားတယ်၊ပြီးတော့ မူဇောင်နဲ့ စုရီတို့ လဲငါနဲ့အတူ သွားမှာလေ’’

“ထင်တယ်... ငါတကယ်စောပြီး ပြန်ရောက်လာတာမကောင်းဘူး” လင်းဖန်က ပြုံးပြီးပြောလိုက်သည်။

စုရီက: “အစ်ကို လင်း၊ မင်းသိလား ချင်းဘိုရဲ့ဝမ်းကွဲက အင်တာနက်နာမည်ကျော်တစ်ယောက်ပဲ”

“တကယ်လား?” လင်းဖန် အနည်းငယ် အံ့သြသွားသည်။

ဇောင်ချင်းဘို၏ သည် ဖက်တီးခန္ဓာကိုယ်ကြည့်လိုက်သည်။

သူ့ဝမ်းကွဲဆိုတော့၊ အဲဒါက သိပ်မကောင်းဘူး မဟုတ်လား။

ဒီလိုပံစံနဲ့ အင်တာနက် နာမည်ကြီးတစ်ယောက်ဖြစ်နိုင်တာလား။

ဇောင်ချင်းဘို သည် လင်းဖန် ၏ အတွေးအမြင်ကို နားလည်ပုံရပြီး “ငါ့ကို အရမ်းဝနေတာကိုမကြည့်နဲ့၊ ဒါပေမယ့် ငါ့ဝမ်းကွဲက တော်တော် ရုပ်ချောတယ်။ သွားရင် သိလိမ့်မယ်!”

ပြောပြီးတာနဲ့ အပြင်ကို အရင်ထွက်သွားတော့သည်။

မူလက ဇောင်ချင်းဘို၊စုရီ နှင့် မူဇောင်တို့တို့သည် တက္ကစီစီးရန် စီစဉ်ခဲ့ကြသည်။

ဒါပေမယ့် အခု လင်းဖန်ပါပါတယ်ဆိုတော့ သဘာဝအတိုင်းတက္ကစီမစီးတော့ပေ။

လင်းဖန်သည် Mercedes-Benz Grand G ကို တိုက်ရိုက်မောင်းနှင်ပြီး ဇောင်ချင်းဘိုပြောသည့်အတိုင်း မောင်းသွားခဲ့သည်။

သူတို့ရောက်သည်နှင့်ဆိုင်းဘုတ်ကိုတစ်ချက်ရှိူးလိုက်သည်ဒါက ဟန် စားသောက်ဆိုင်လို့ရေးထားသည်။

ဇောင်ချင်းဘိုသည် ကားပေါ်မှဆင်းပြီးသည်နှင့်မလှမ်းမကမ်းကို လှမ်းကြည့်လိုက်ရာ ပန်းရောင်တီရှပ်အင်္ကျီနှင့် မိုဘိုင်းလ်ဖုန်းကိုကိုင်ရင်း လမ်းလျှောက်နေသည့် အမျိုးသမီးငယ်တစဦးကိုမြင်သည်နှင့်ဇောင်ချင်းဘိုက “Lဇောင်စီလင်း” ဟု အော်ခေါ်လိုက်လေသည်။

ထိုမိန်းမသည်ဇောင်ချင်းဘိုခေါ်သံကိုကြားသောအခါတွင်လှည့်ကြည့်လိုက်သည်။

နောက်အခိုက်အတန့်တွင် သူမ၏ မျက်နှာပေါ်သည် ဖုံးကွယ်ရခက်သော အံ့အားသင့်မှုကို ထင်ရှားစေသည်။

သူမသည်ဇောင်ချင်းဘိုစီသို့လာကာ “အို ဘုရားသခင်၊ Big G! ဝမ်းကွဲ၊ မင်းဘာလို့ ဒီကို Mercedes-Benz Big G နဲ့လာတာလဲ။”

ဇေယင်ချင်းဘိုက’’ဒါက ငါ့အခန်းဖော် လင်းဖန် ရဲ့ ကားပဲ” ဟု ဂုဏ်ယူစွာ ပြောလိုက်သည်။

ထိုအချိန်တွင် လင်းဖန်သည်လဲ ကားပေါ်မှ ဆင်းလာသည်။

ဇောင်စီလင်း၏မျက်နှာသည် သံသယအရိပ်အမြွက်ကို ပထမဆုံးပြသခဲ့သည်။

နောက်အခိုက်အတန့်တွင် သူမ၏မျက်လုံးများ ဝိုင်းစက်လာပြီး “ဒါကမင်းပဲ”

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters