← Chapters

အလုပ်သမား(ဧကရာဇ်)ပေါ်လာမှုကြောင့်ထိတ်လန့်ခြင်း

Vol. 4 Ch. 53

အလုပ်သမား(ဧကရာဇ်)ပေါ်လာမှုကြောင့်ထိတ်လန့်ခြင်း

Vol. 4 Ch. 53

ဇောင်ချင်းဘို၊စုရီနှင့် မူဇောင်တို့သည် လင်းဖန်ကို သံသယဖြင့် ကြည့်လိုက်သည်။

ထိုပုံပန်းသဏ္ဌာန်သည် သိသာထင်ရှားစွာ မေးနေသည်မှာ-မင်းသူမကို သိလား။

လင်းဖန်သည် အလွန်အံ့အားသင့်နေသော မျက်လုံးများဖြင့် ဇောင်စီလင်းကိုကြည့်ကာ “ငါတို့...သိလို့လား?”

“မမျှော်လင့်ဘဲ မင်း မေ့သွားတယ်ထငတယ်။ဟိုးအရင်တုန်းက ကျူဖန်စားသောက်ဆိုင်ရှေ့မှာ ငါတို့တွေ့ခဲ့တယ်လေ။အဲဒီတုန်းက မင်းက Lamborghini မောင်းနေတာ။” ဇောင်စီလင်းကစိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လင်းဖန်သည် သူမကိုကြည့်ကာ ထိုနေ့က သူ၏ ကားရှေ့တွင် ရပ်ကာ ဓာတ်ပုံရိုက်နေသောမိန်းကလေးကို အမြန် တွေးလိုက်မိသည်။

“မင်း ငါ့ကား​ရှေ့မှာ ရပ်​​နေတဲ့...မိန်းမကလေးလား” လင်းဖန်က မသေချာမရေရာသော စကားဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်အဲ့ဒါငါပဲ” လင်းဖန်သည် သူ့ကိုယ်မှတ်မိသည်ဟုတွေးမိသောအခါတွင်ဇောင်စီလင်းသည် အလွန်ပျော်နေပုံရသည်။

ဘေးက ဇောင်ချင်းဘိုက “မင်း တို့အချင်းချင်း ဘယ်လိုသိတာလဲ’’လို့မေးလိုက်သည်။

အနားမှာရှိသည့်မူဇောင်နဲ့ စုရီတို့သည်လည်း သိချင်နေကြသည်။

ဇောင်စီလင်းက “အဲဒီနေ့က အလန်းစား Lamborghini တစ်စီးကို မြင်လိုက်ရတဲ့အတွက် ဝမ်းသာအားရနဲ့ ဓာတ်ပုံရိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပြုလုပ်ချင်ခဲ့တယ်”

“ရလဒ်ကတော့ ငါဓာတ်ပုံနည်းနည်းပဲရိုက်ရသေးတယ်သူရောက်လာတော့တယ်။”

“သူက ချောမောပြီး ဇိမ်ခံကားကို မောင်းနေတယ်ထင်တယ်၊ ဒါကြောင့် သူ့ရဲ့ WeChat ကို လိုချင်ခဲ့တယ်။ ဒါပေမယ့် သူက ဘာမှ မပြောဘဲ ကားကိုမောင်းထွက်သွားတယ်။”

ဇောင်စီလင်းကနောက်ဆုံးစာကြောင်းကိုပြောရာတွင်သူမ၏မျက်နှာသည် နာကြည်းမှုများ ပြည့်နှက်နေသည်။

လင်းဖန်သည် အနည်းငယ် ရှက်သွားပြီး “အဲဒီအချိန်တုန်းက ရှင်းရှင်းလင်းလင်းငါ မကြားလိုက်ရဘူး” လို့ ပြောလိုက်သည်။

“တကယ်လား ရှင်းရှင်းလင်းလင်း မကြားတာလား။ဒါဆိုအခုWeChat ထည့်လို့ရမလား” ဇောင်စီလင်းကပြုံးပြီးပြောလိုက်သည်။

“ပြဿနာမရှိဘူး။” လင်းဖန်က ပြောသည်။ တစ်ချိန်တည်းမှာပင် သူက သူ့ဖုန်းကိုထုတ်ပြီး WeChat ကိုဖွင့်ကာအကောင့်အပ့်လိုက်တော့သည်။

‘ဒီ’ ၏ နူးညံ့သောအသံနှင့်အတူ ဇောင်စီလင်း၏ မျက်နှာတစ်ခုလုံးသည် တန်ဖိုးကြီးဘဏ္ဍာတစ်ခုခုကို ရရှိထားသလိုမျိုး ပြုံးရွှင်နေသည်။

ဇောင်စီလင်းက “စကားမစပ်၊ အဲရင်တုန်းက Lamborghini မဟုတ်လား၊ ဘာလို့ အခု Mercedes-Benz Gကားဖြစ်နေတာလဲ’’

လင်းဖန်မဖြေမီစုရီက “အစ်ကိုလင်းကသူ့ကားကနေရာကျဉ်းလို့တဲ့ပြောတာ။ ပြီးတော့

Mercedes-Benz Gကိုဝယ်တာက၃မိနစ်တောင်မကြာဘူး’’

“”၃မိနစ်အတွင်းMercedes-Benz Gကိုဝယ်တာလား?” ဇောင်စီလင်းက ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်ပြီး သူမမျက်နှာမှာ ထိတ်လန့်မှုများပြည့်နေသည်။

သူမသည် ကားများကို ကောင်းစွာမသိသော်လည်း Mercedes-Benz G သည် သန်းပေါင်းများစွာတန်သည်ကိုတော့သူမသိသည်။

၃ မိနစ်အတွင်း၊ သန်းပေါင်းများစွာ ကိုဝယ်တာလား။

ဇောင်ချင်းဘိုက “အိုကေ၊ မင်းတို့အပြင်မှာရပ်ပြီး ဘာလုပ်နေကြတာလဲ၊ အထဲဝင်စားပြီး စကားပြောလို့လဲရတယ့်ဟာကို” စကားပြောနေရင်းက အထဲကို အရင်ဝင်သွားသည်။

ဟန်စားသောက်ဆိုင်၏ဟင်းလျာသည် စပ်သောအရသာရှိပြီး စိတ်လှုပ်ရှားမှုကိုရှာဖွေလိုသောလူငယ်များအတွက် အလွန်သင့်လျော်သည်။

လင်းဖန်တို့သည်များစွာ စားသောက်ပြီး စကားစမြည်ပြောရင်း အလွန်ပျော်နေကြသည်။

ဒီထမင်းကို ည ၈ နာရီအထိ လူတိုင်းစားကြပြီး တဖြည်းဖြည်းနဲ့ ပြီးဆုံးသွားသည်။

လင်းဖန်နှင့်ဇောင်ချင်းဘိုတို့သည်Mercedes-Benz Gရဲ့ရှေ့ကို တစ်ဖန်ရောက်လာကြပြီးဇောင်စီလင်း က “ကားပေါ်တက်ဖို့ ငါ့ကိုစောင့်ပါ၊ ငါ တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ချင်လို့”

ဇောင်စီလင်းသည် ယခုအချိန်သည်ညအချိန်ဖြစ်သောကြောင့်လူများစွာရှိနေသောကြောင့်ဇောင်စီလင်းသည်ညအချိန်တွင်သာတိုင်ရိုက်ထုတ်လွင့်သည်။

ယခုအချိန်တွင် Mercedes-Benz Big G နှင့်တွေ့ရန်မှာ ရှားရှားပါးပါးဖြစ်ပြီး သူမသည် သဘာဝအတိုင်းဒီအခွင့်ရေးကို လက်လွတ်မခံချင်ပေ။

ဇောင်စီလင်းသည် သူမ၏လက်ကိုင်အိတ်ကို ဖွင့်ကာ အလှပြင်မှန်၊ နှုတ်ခမ်းနီ၊ မိတ်ကပ်စသည်တို့ကိုထုတ်ယူကာ အမြန်​သူမမျက်နှာကိုအမြန်ပြင်လိုက်သည်။

လင်ဖန် က “ဒါတွေအများကြီး ယူလာဖို့ မမျှော်လင့်ထားဘူး”

“ဟုတ်တယ်၊ ဒီပစ္စည်းတွေကငါသွားတိုင်းသယ်သွားတယ်လေ” ဇောင်စီလင်းက ဂုဏ်ယူစွာပြောလိုက်သည်။

ထို့နောက် သူမသည် တိုက်ရိုက်အကောင့်သို့ ဝင်လိုက်ပြီးတိုက်ရိက်ထုတ်လွင့်မှုကိုစတင်ခဲ့သည်။

ဇောင်စီလင်း၏မျက်နာသည်အနည်းငယ်ချောမောသည်။တိုက်ရိုက်ထုတ်လွှင့်မှုတွင်သူမမျက်နှာကိုနည်းနည်းထပ်ပြင်လိုက်သောကြောင့်သူမသည်အနည်းငယ်ထက်ပိုပြီးချောမောလှပသွားသည်။(မှတ်ချက်ဖုန်းကနေပြင်တာကိုပြောတာပါ)

တိုက်ရိုက်ထုတ်လွှင့်မှုစတင်ပြီး မကြာမီတွင် မက်ဆေ့များတစ်ခုပြီးတစ်ခုပေါ်လာခဲ့သည်။

1-စီလဂ်း ဒီနေ့ဘာလို့ဒီလောက်နောက်ကျနေတာလဲ။ ငါစောင့်နေတာကြာလှပြီ။

ဒင်းဒေါင်- ​စီလင်းက ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြောင်းလဲသွားပုံရတယ်။ အပြင်မှာမဟုတ်ဘဲ၊ ကားထဲမှာထင်တယ်။

ရှောင်ဘ - စီလင်းထိုင်နေတဲ့ကားကMercedes-Benz G ဖြစ်ပုံရတယ်။

...

ဇောင်စီလင်းက ပြုံးပြီး “ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကနေ အားလုံးကို ကြိုဆိုပါတယ်။ မင်းတို့ကိုစောင့်စေမိတဲ့အတွက်တောင်းပန်ပါတယ်’’

“ဒီနေ့ နောက်ကျရတဲ့ အကြောင်းရင်းက ကောလိပ်တက်နေတဲ့ ငါ့ဝမ်းကွဲ အတန်းဖော်တွေနဲ့ အတူတူညစာစားနေလို့ပါ’’

စကားပြောနေစဉ် ဇောင်စီလင်းသည် ကင်မရာကို ဇောင်ချင်းဘို ဆီသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။

“ဒါ ငါ့ဝမ်းကွဲ” ဇောင်စီလင်းက မိတ်ဆက်ပေးလိုက်သည်။

“ဟယ်လို။” ဇောင်ချင်းဘိုက ကင်မရာကို လက်ပြနှုတ်ဆက်လိုက်သည်။

ဇောင်ချင်းဘိုသည် ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်ရသဖြင့်သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှား ပြီးတုန်လှုပ်နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် မက်ဆေ့များတံတိုင်းသဖွယ်တစ်ဖန်ပြန်တက်လာခဲ့သည်။

လူစီ- စီလင်းရဲ့ဝမ်းကွဲက အရမ်းဝတယ်၊ စီလင်း နဲ့ မတူဘူး။

ဂျက်- မူလက ငါ့ညီမ အနာဂတ်ရုပ်ဆိုးလာမှာကို ငါနည်းနည်းစိုးရိမ်ခဲ့သေးတယ်၊ ဒါပေမယ့် အခုတော့ စိတ်သက်သာရာရသွားပြီ။

...

ဇောင်ချင်းဘို သည် အဆိုပါ စခရင်ပေါ်ရှိမက်ဆေ့များကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် အနက်ရောင်လိုင်းတစ်ခု ပေါ်လာခဲ့သည်။

ဒီစကားတွေက ဘာကို ဆိုလိုတာလဲ။

ငါအရမ်းရုပ်ဆိုးနေတာလား?

ဇောင်စီလင်းသည်ကင်မရာကို မူဇောင်နှင့် စုရီတို့ဆီသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။

“ဒါက ငါ့ဝမ်းကွဲရဲ့အတန်းဖော်ပါ။”

“ဟယ်လို။” မူဇောင် နှင့် စုရီတို့သည်တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်သည်။

ဇောင်စီလင်းက ကင်မရာကို လင်းဖန် ထံပြောင်းသောအခါတွင် လင်းဖန်က “ငါ့မျက်နှာကို မပြပါရစေနဲ့” လို့ တိုးတိုးလေးပြောလိုက်သည်။

ဇောင်စီလင်း သည် ထိုစကားကိုကြားပြီးနောက်တွင် သူမ၏ လက်ကောက်ဝတ်ကို အောက်သို့ အနည်းငယ် နှိပ်ချကာ လင်းဖန်၏ ခန္ဓာကိုယ်အောက်ပိုင်းကိုသာ တိုက်ရိုက်ထုတ်လွှင့်လိုက်သည်။

“ဒါက ငါ့ဝမ်းကွဲရဲ့ အတန်းဖော်ပါ၊ ငါ့ဘေးက Mercedes G က သူ့ကားပါ!”

ယခုတစ်ကြိမ်၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် မက်ဆ့များ ပိုမိုများပြားလာခဲ့သည်။

မြို့ငယ်လေးကလူ- အိုး ဘုရားသခင်၊ စီလင်းဝမ်းကွဲရဲ့ အတန်းဖော်က ချမ်းသာလွန်းတယ်။ ကျောင်းသွားတဲ့အခါ Mercedes Gနဲ့ကျောင်းသွားနိုင်တယ်။

ချစ်စဖွယ်ခကလေးမလေး- စီလင်း၊ မင်း သူ့ကို မယူရဘူးနော်😁😁။

ဂျေစီ: စီလင်း၊ ဒေသခံအာဏာရှင်က ဘယ်လိုပုံစံလဲဆိုတာ ကြည့်ပါရစေ။

...

ဇောင်စီလင်း သည် စခရင်ပေါ်ရှိမက်ဆေ့ကို ကြည့်ပြီး တခါတရံ စကားအနည်းငယ် ပြန်ပြောသည်၊ တစ်ခါတစ်ရံ စကားအများကြီးပြန်ပြောသည်။ သူမပြောသည့်ပုံစံမှာအလွန် စိတ်အေးလက်အေး ရှိလှသည်။

သူ့ဘေးမှာ ရပ်နေတဲ့ စုရီ က “ငါ့ Shark အကောင့်မှာ shark coimအနည်းငယ် ရှိတယ်၊ ငါ စီလင်းကို လူကြိုက်များအောင်ထည့်ပေးလိုက်မယ်။’’

စကားပြောနေတုန်း စုရီက သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး စီလင်း ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဝင်သွားခဲ့သည်။

ဇောင်ချင်းဘို နှင့်မူဇောင်တို့သည် ၎င်းတို့၏ လက်ကိုင်ဖုန်းများကို ကိုင်ဆောင်ကာ လက်ဆောင်သေးသေးလေးများ ပို့ပေးနေကြသည်။ ဇောင်စီလင်း၏ကျော်ကြားမှုကို တိုးမြင့်လာစေရန်အတွက် အစွမ်းကုန် ကြိုးစားနေကြသည်။

လင်းဖန်က သူတို့သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီးသူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး စီလင်း ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဝင်လိုက်သည်။

ထို့အချိန် စီလင်း၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ပြိုးပြိုးပြက်ပြက်ပြက်ပြက်ရှိသော ရွှေရောင်သတိပေးစာတစ်စောင် ပေါ်လာသည်- အလုပ်သမား(ဧကရာဇ်)ကို တိုက်ရိုက်ထုတ်လွင့်မှုခန်းမှကြိုဆိုပါတယ်။

ဒီသတင်းထွက်လာတာနဲ့ တပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်သည့် စခရင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

နူးညံ့သိမ်မွေ့သောမိန်ကလေး- အလုပ်သမား( ဧကရာဇ်)ကတိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုရောက်လာတယ်။

ဆော်ကြည်ဘဲ- အလုပ်သမား(ဧကရာဇ်)ငိုကိုးကွယ်ပါတယ်။

ပျော်နေသောတောသားလေး- ကိုးကွယ်ပါတယ်။

အမှောင်ည- ကိုးကွယ်ပါတယ်။

...

ရုတ်တရက်၊ စခရင်မျက်နှာပြင်တစ်ခုလုံးကို မရေမတွက်နိုင်သော ကိုးကွယ်ပါသည့်စကားလုံးများ ဖုံးလွှမ်းသွားတော့သည်။

မူလက တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းတွင် လူတစ်ရာသာရှိသည်။လင်းဖန်ရောက်လာပြီးနောက်လူအရေအတွက်သည် ချက်ချင်းတိုးလာခဲ့သည်။

ဝိုင်ကြိုက်တဲ့အဘိုးကြီး- အေးဗျာ၊ အဲဒါက တကယ့် အလုပ်သမား(ဧကရာဇ်)ပဲ။

ချောမောသော ကောင်လေး- အလုပ်သမား(ဧကရာဇ်)ကိုအရိုအသေပေးပါတယ်။

ဂျေး- အရိုအသေပေးပါတယ်။

...

တစ်မိနစ်အတွင်း ဇောင်စီလင်း၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုလူထောင်ပေါင်းများစွာရောက်ရှိလာခဲ့သည်။

သို့သော်လူတိုင်းကမက်ဆေ့ပို့နေကြသည်။ အလုပ်သမား(ဧကရာဇ်)ကမည်သည့်မက်ဆေ့ခ်ျမှ မပို့ခဲ့သလိုမည်သည့် ဆုလာဘ်များ မပေးခဲ့ချေ။

ဒါပေမယ့် သူပေါ်လာသရွေ့တော့ ဒါကအာရုံစိုက်စရာပင်ဖြစ်သည်။

ဒါကအလုပ်သမား(ဧကရာဇ်)၏လွှမ်းမိုးမှုပင်ဖြစ်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters