← Chapters

လင်ဖန်ကအလုပ်သမား(ဧကရာဇ်)ဆိုတာသိခြင်း

Vol. 4 Ch. 54

လင်ဖန်ကအလုပ်သမား(ဧကရာဇ်)ဆိုတာသိခြင်း

Vol. 4 Ch. 54

ဇောင်စီလင်း သည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ မက်ဆေ့များကိုကြည့်ကာလုံးဝ အံ့အားသင့်သွားသည်။

သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းဟာ ဘယ်တုန်းကမှ အဲ့လောက်ရေပန်းစားခဲ့ခြင်းမရှိခဲ့ပေ။

ပြီးတော့ ဒါက... အစပဲရှိသေးသည်။

သူ့ဘေးမှာရပ်နေတဲ့ ဇောင်ချင်းဘိုက “စီလင်းကြောင်တက်တက်နဲ့မင်း ဘာလုပ်နေတာလဲ၊ အလုပ်သမား(ဧကရာဇ်)ကိုမြန်မြန်ကြိုဆိုလိုက်လေ”

အလုပ်သမား(ဧကရာဇ်)ဟာ ဘယ်လောက်ချမ်းသာလဲဆိုတာသူကိုယ်တိုင် မြင်ဖူးသည်။

သူတောင်ဆိုတာလိုက်လျောရင်ဒါမှမဟုတ်သူစိတ်ကျေနပ်ရင်လက်ဆောင်ပေးချင်ပေးလိမ့်မည်ဖြစ်သည်။

ဇောင်စီလင်းသည် တိုက်ရိုက်ထုတ်လွှင့်ခြင်းလုပ်ငန်း၏အဖွဲ့ဝင်တစ်ဦးအနေဖြင့် လုပ်သမား(ဧကရာဇ်)ဘယ်လောက်ချမ်းသာကြောင်းကိုသူမလဲကောင်းစွာသိသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က အလုပ်သမား(ဧကရာဇ်)သည် ဆယ်မိနစ်အတွင်းမှာပင် ဒုံးကျည် ၃၀၀၀ ပစ်ချခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်းတစ်ခုလုံးကို အာရုံစိုက်​စေခဲ့သည်ဟု ဆိုနိုင်သည်။

ယခင်က လူမသိခဲ့သော ရှောင်ရှောင်သည် ယနေ့ ငါးမန်းတိုက်ရိုက်ထုတ်လွှင့်မှု ပလပ်ဖောင်းတွင် အကျော်ကြားဆုံး ကျောက်ဆူးတစ်ဦးဖြစ်လာခဲ့သည်။

ယခုရက်ပိုင်းအတွင်း ဇောင်စီလင်း သည် အလုပ်သမား(ဧကရာဇ်)ကသူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ရောက်ရှိလာကြောင်း အိပ်မက်မက်လေ့ရှိသည်။

ယခုအမှန်ဖြစ်ပုံရသည်။ ?

သူမသည် အိမ်မက်မက်နေသည်ဟုခံစားခံစားရသည်။

အတိအကျပြောရလျှင် ဇောင်စီလင်းသည် အလွန်စိတ်လှုပ်ရှားသွားပြီး ခဏတာမိန်းမောသွားခဲ့သည်။

ဤအချိန်တွင် သူမသည်ဇောင်ချင်းဘို ၏သတိပေးသံကိုကြားပြီးနောက်တွင် သူမသည် အနည်းငယ်တုန်လှုပ်သောအသံဖြင့် တုံ့ “အလုပ်သမား(ဧကရာဇ်)ကို ကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှကြိုဆိုပါတယ်”

လင်းဖန်သည် စိတ်လှုပ်ရှားပြီးအနည်းငယ်တုန်လှုပ်နေသောဇောင်စီလင်းကိုကြည့်ကာ ရယ်မောလိုက်လေသည်။

လင်းဖန်သည်ခဏလောက် ရယ်ပြီးပြီးနောက် တွင်သူက စခရင်ကို ပေါ့ပေါ့ပါးပါး နှိပ်လိုက်သည်။

ဒုံပျံ ၁။

ဒုံပျံ၁၀။

ဒုံပျံ၃၀။

ဒုံပျံ၅၀။

...

စခရင်ပေါတ်တွင်ထူထပ်သောဒုံးပျံများသည် မျက်နှာပြင်တစ်လျှောက်ပြည့်နက်နေသည်။

ဒုံပျံများပို့ပြီးနောက်တွင်မရေမတွက်နိုင်သော မက်ဆေ့များသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် အရူးအမူး ပို့နေကြသည်။

မင်းသားလေး: တကယ့်ကိုအံ့မခန်းပဲ။

ဂျေး:ဟုတ်တယ်အံ့မခန်းပဲ။

...

ဒုံးပျံမျ ပေါ်လာပြီးနောက်တွင်ဇောင်စီလင်း၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ကြည့်နေသောသူများတဟုန်ထိုး တက်လာပြန်သည်။ အွန်လိုင်းအသုံးပြုသူဦးရေ 10,000, သောင်းနှင့်, 100,000 ကျော်...

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် တစ်ခြားရေပန်းစားသော ကျောက်ဆူးများကို တွေ့ပြီးပြောလိုက်သည်။

လပေါ်ကယုန်- သူမကရှောင်ရှောင်ပဲ

ဆောင်းဦးဖရဲသီးး: အာ.....ရှောင်အေးလဲလာတယ်။

လူသားကယ်တင်ရှင်: မိုမိုလဲရှိတယ်ဟေ့။

...

မိုမို : အလုပ်သမား(ဧကရာဇ်)ငါ မကြာသေးခင်ကမှ သီချင်းကောင်းအသစ်တွေ သင်ယူခဲ့တယ်။ ဘယ်အချိန် ငါ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လာမှာလဲ၊ လာရင်မင်းအတွက် ငါသီချင်းဆိုပြမယ်လေ။

ရှောင်အေး:ငါလဲ သီချင်းအသစ်လေးတွေလည်း သင်ယူခဲ့ပြီး ငါစီအချိန်မရွေး လာနားထောင်နိုင်ပါတယ်။

ရှောင်ရှောင်: အလုပ်သမား(ဧကရာဇ်)ငါ့ဆီကိုလဲလာလို့ရပါတယ်။

Faကောင် : အ အ...... မိုမို၊ ရှောင်အေး နှင့် ရှောင်ရှောင် တို့သည် တစ်ချိန်တည်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုလာရောက်ကြသည်။ သူမတို့အားလုံးက ငါအနှစ်သက်ဆုံး ကျောက်ဆူးတွေပဲ။

Sky- ငါ့တစ်သက်မှာဒီလိုမြင်ရတာပထမဦးဆုံးပဲ။

...

ဒုံးပျံနှင့်မက်ဆေ့များသည်စခရင်ပေါ်တွင်ပြည့်နေသည်။

စုရီ၊ ဇောင်ချင်းဘို နှင့် ဇောင်စီလင်းတို့သည် ဖုန်းစခရင်ကို စိုက်ကြည့်နေကြသည်။

“ဒုံးပျံ၄၀၀!”

“410 ဒုံးပျံ!”

“ဒုံးပျံ ၄၂၀!”

...

ထိတ်ပြီး၊ တုန်လှုပ်စရာကောင်းလွန်းသည်။

မူဇောင်သည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ထူထပ်သောမက်ဆေ့များနှင့် ဒုံးပျံများကို ကြည့်လိုက်သောအခါတွင် သူမျက်စိများမူးဝေလာတော့သည်။ သူ့လည်ပင်းကို ခါယမ်းလိုက်သောအခါ သူ့ဘေးနားက လင်းဖန်သည်ဖုန်းစခရင်ကို အဆက်မပြတ် နှိပ်နေသည်ကိုမြင်လိုက်သည်။

ဖန်သားပြင်ပေါ်တွင်၊ ၎င်းသည် “ဒုံးပျံများကို အောင်မြင်စွာပို့လွှတ်ပြီး” ဟူသော စကားလုံးများပြသနေသည်။

နောက်အခိုက်အတန့်တွင် မူဇောင် သည်လင်းဖန်၏ အကောင့်နာမည်ကိုနောက်ဆုံးတွင်တွေ့လိုက်ရသည်။

“အစ်ကို လင်း မင်းက အလုပ်သမား(ဧကရာဇ်)လား’’’

ဤမှတ်ချက်ထွက်လာသည်နှင့်တပြိုင်နက် ဇောင်ချင်းဘို၊စုရီနှင့် ဇောင်စီလင်းတို့သည် လင်းဖန်၏လက်ကိုင်ဖုန်းကို စိုက်ကြည့်လိုက်သည်။

ခဏကြာတော့ သူတို့ရဲ့ မျက်လုံးတွေဟာမယုံနိင်မှုအထင်သားပေါ်နေပြီးမျက်နှာပေါ်တွင်လဲအံသြသောအမှုအရာရှိနေသည်။

“အစ်ကို လင်း၊ မင်းကအလုပ်သမား(ဧကရာဇ်)ဘယ်တုန်းကဖြစ်သွားတာလဲ”

လင်းဖန်က သူ့နှာခေါင်းကို ပွတ်လိုက်ပြီး ပြုံးကာ “ဟုတ်တယ်’’ဟုပြောလိုက်သည်။

ဇောင်ချင်းဘို နှင့်စုရီတို့သည်လင်းဖန်က အလုပ်သမား(ဧကရာဇ်)ဆိုတာကိုသူတို့မသိပေ။ဘာ​လို့ဆိုသူတို့ကရှောင်ရှောင်၏တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသောကြောင့်ပင်ဖြစ်သည်။

သူတို့သည် တိတ်ဆိတ်နေသော်လည်း တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသည် ပို၍ဆူညံလာကာမရေမတွက်နိုင်သောမက်ဆေ့များမြစ်ကြီးသဖွယ်ပို့နေကြသည်။

Bbq- ငါဘာကိုကြားလိုက်တာလဲ။ အလုပ်သမား(ဧကရာဇ်)ကစီလင်းဘေးမှာရှိတာလား။

Bj- စီလင်းအလုပ်သမား(ဧကရာဇ်)ကိုပြပါ။

ည- အလုပ်သမား(ဧကရာဇ်)ကိုပြပါ။

...

ထိုအချိန်တွင်၊ ဇောင်စီလင်းသည်အရမ်းအံသြလွန်းလို့ပါးစပ်မပိတ်နိုင်ဘဲဖစ်နေသည်။

ငါစဉ်းစားနေတဲ့ အလုပ်သမား(ဧကရာဇ်)ငါ့ဝမ်းကွဲရဲ့ အတန်းဖော်တစ်ယောက် လား။

ဇောင်စီလင်းသည် Mercedes-Benz G တစ်စီးဝယ်ရန် လင်ဖန်းက၃ မိနစ်သာ အချိန်ယူခဲ့ရသည်ဟု စုရီပြောသည်ကိုရုတ်တရက် သတိရသွားသည်။

စုရီပြောသောအခါတွင်သူမသည် အနည်းငယ် ချဲ့ကားလွန်းသည်ဟုခံစားလိုက်ရသည်။

အခုမူဒါဟာ ချဲ့ကားမှု လုံးဝမရှိပေ။

အဘယ်ကြောင့်ဆိုသော် သူသည် အလုပ်သမား(ဧကရာဇ်)ဖြစ်သောကြောင့်ဖြစ်သည်။

ဇောင်ချင်းဘိုကစိတ်လှုပ်ရှားစွာဖြင့် “ အစ်ကို လင်း မင်းက အလုပ်သမား(ဧကရာဇ်)ဆိုတာဘာကြောင့်ငါတို့ကိုမပြောရတာလဲ “

“မပြောတာမဟုတ်ဘူးလေ” လင်းဖန်က “မင်းတို့မှ မမေးတာ’’

အဆင်ပြေလား?

၎င်းသည် ငါးမန်းတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်လှုပ်ရှားမှုကိုဖန်းတီးပေးသောသူသည်အလုပ်သမား(ဧကရာဇ်)ဖြစ်သည်။

ဇောင်စီလင်းက နောက်ဆုံးတွင် တုံ့ပြန်လိုက်ပြီး “အလုပ်သမား(ဧကရာဇ်) မင်း ငါ့ကို အများကြီး ဆုချစရာ မလိုပါဘူး၊ ဒါဖြုန်းတီးလွန်းရာကျတယ်” လို့ ပြောလိုက်သည်။

သူစိမ်းတစ်ယောက်ဆိုရင်ပိုလက်ဆောင်ပေးရင်သူမ ပိုပြောမည်ဖြစ်သည်။

သို့သော် လင်းဖန်သည် သူမ၏ဝမ်းကွဲဝမ်းကွဲ၏ အတန်းဖော်တစ်ဦးဖြစ်သောကြောင့် သူမ ရှက်မိသွားခဲ့သည်။

လင်းဖန် က ပြုံးပြီးပြောတယ် “လွန်ခဲ့တဲ့ရက်အနည်းငယ်ကကျွန်တော်ဟာ Shark Coins 1 ဘီလီယံဖိုး မတော်တဆ ငွေဖြည့်သွင်းခဲ့သဖြင့်လက်ဆောင်ပေးတာကအဆင်ပြေပါတယ်။”

Shark Coins 1 ဘီလီယံကို မတော်တဆ ငွေဖြည့်လိုက်တာ ဟုတ်လား။

ဇောင်ချင်းဘို၊ စုရီ၊ မူဇောင် နှင့် ဇောင်စီလင်းတို့သည်ဘာပြောရမှန်းမသိဖြစ်သွားတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိစခရင်ပေါ်တွင်မက်ဆေ့များတံတိုင်းကြီးသဖွယ်တက်လာကြသည်။

ချစ်စရာငှက်- ဘာ.... 1 billion Shark Coins မတော်တဆ သွင်းမိတာလား။ !

ငနု- ငါလည်း ဒီလိုမျိုး လုပ်ချင်လိုက်တာ။ဆိုးတာကဒီလိုလုပ်ဖို့ငါ့မှာပိုက်ဆံမရှိဘူး။

ဂျက်- ဒါဟာ မြင့်မြတ်တဲ့ အလုပ်သမား(ဧကရာဇ်)ဖြစ်ထိုက်တယ်။

လူစီ: စီလင်း၊အလုပ်သမား(ဧကရာဇ်)ကိုကြည့်ပါရစေ။

...

ထိုအချိန်တွင်၊ ဇောက်စီလင်းသည် သူမသည် တိုက်ရိုက်ထုတ်လွှင့်နေသေးသည်ကို သတိရပြီး သူမသည် ကင်မရာကို တစ်ခြားဖက်သို့ညွှန်ပြလိုက်ပြီး”ဒီနေ့ ငါလုပ်စရာလေးရှိလို့ ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားပြီ။ မင်းတို့ရဲ့ အားပေးမှုကို ကျေးဇူးတင်ပါတယ်။ bye.... bye”

စကားပြောပြီးနောက် ဇောင်စီလင်းသည် သိန်းနှင့်ချီသော အွန်လိုင်းအသုံးပြုသူအရေအတွက်ကို လျစ်လျူရှုလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို တိုက်ရိုက်ပိတ်လိုက်သည်။

ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကို ပိတ်လိုက်ရင်တောင်မှ သတင်းတွေက ဆက်တိုက်ဆိုတက်နေသေးသည်။

ဂျက်- တိုက်ရိုက်ထုတ်လွှင့်မှုကို ဘယ်လို့ပိတ်လိုက်တာလဲ။

ဂျေး- စီလင်း၊ အလုပ်သမား(ဧကရာဇ်)ကိုကြည့်ပါရစေ။

...

လင်းဖန် က “မင်းတို့ငါ့ကိုဘာလို့ဒီလိုကြည့်နေတာလဲ”

နောက်အခိုက်အတန့်မှာ ဇောင်ချင်းဘို၊ စုရီနဲ့ မူဇောင်တို့သည် “အစ်ကိုလင်းငါမင်းကိုလုံးဝလေးစားသွားပြီ” လို့ပြောလိုက်သည်။

လင်းဖန်သည်သူတို့ပြောတာကိုကြားပြီးနောက်မရယ်ဘဲမနေနိုင်တော့ပေ။

သူတို့ပြောပြီးသည်နဲ့လင်းဖန်၏ကားဖြင့်အိပ့်ဆောင်လို့ပြန်လာလိုက်လေသည်။

ဆော်တီးပါဗျို့။မျက်စိမှားသွားလို့😁😁😁😁

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters