ကျူရီရှောင်၏အံအားသင့်မှု
Vol. 4 Ch. 55
နောက်တစ်နေ့တွင်နေမင်းသည်အရှေ့အရပ်ကနေထွက်လာတော့သည်။
တနင်္လာနေ့ သည်သင်တန်းအချိန်ဇယားများ ပြည့်နေသည်။
စုရီ၊ မူဇောင် နှင့် ဇောင်ချင်းဘိုတို့သည် နံနက်စောစော စာသင်ခန်းသို့ သွားကြသည်။
လင်းဖန်သည် စုရန်ဒေါင် ထံ ခွင့်တိုင်ပြီးနောက်တွင်သူသည်မှော်မြို့ကိုလေယာဉ်ဖြင့်သွားလိုက်သည်။
ဒီနေ့ဟာသူရဲ့ ချစ်သူ ကျူရီရောင်ရဲ့ မွေးနေ့ဖြစ်လို့ လင်းဖန်က သူ့မကိုSurprise လုပ်ချင်လို့ပင်ဖြစ်သည်။
…………
မှော်တက္ကသိုလ်၊။
အသက်လေးဆယ်ခန့်ရှိ အမျိုးသမီး ပါမောက္ခတစ်ဦးသည် အလွန်ရှုပ်ထွေးသော ဇယားကွက်များနှင့် ပရိုဂျက်များအား တစ်ခုပြီးတစ်ခု ညွှန်ပြကာ အသေးစိတ် ရှင်းပြနေသည်။
ကျူရီရှောင်သည် လျင်မြန်စွာ တွက်ချက်ကာ လေးလေးနက်နက် တွေးတောနေသည်။
ကျူရီရှောဂ်သည် သူမနားမလည်သော ပြဿနာတစ်ခုနှင့် ကြုံလာရသောအခါတွင် သူမ၏အတန်းဖော်များကို မေးနိုင်သည် သို့မဟုတ် လက်ကို မြှောက်ပြီးဆရာမကိုမေးနိုင်သည်။
ကျူရီရှောင် သည် သင်ယူရာတွင် အရည်အချင်းမရှိသော်လည်း အထူးသဖြင့် အလုပ်ကြိုးစားပြီး စိတ်အားထက်သန်သူတစ်ဖြစ်သည်။
ဤအချက်ကြောင့်ပင် သူမသည် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်တစ်ခုသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဘွဲ့ရကျောင်းသားတွေ အများကြီးကြားထဲမှာတောင် ကျူရီရှောင် က အကောင်းဆုံးတွေထဲက တစ်ယောက်လည်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကောင်းကင်ကြီးဟာ တဖြည်းဖြည်း မှောင်လာတော့သည်။
ကျူရီရှောင် သည် စာအုပ်ကို ပွေ့ဖက်ကာ သူမ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ဖြင့်အိပ်ဆောင်သို့ ပြန်လာကာ ထိုင်နေလေသည်။
အခန်းဖော် ဟမ်မုလီ က “ရီရှောင်၊ ဒီနေ့ မင်းရဲ့ မွေးနေ့ မဟုတ်ဘူးလား ၊ ဘာလို့ ကြောင်တက်တက်ထိုင်နေတာလဲ ၊ မင်းရဲ့ ချစ်သူမလာသေးဘူးလား။’’
ရှောင်ချင်ဒါကို ကြားတော့ ချက်ချင်းပဲ စိတ်ဝင်စားလာပြီး ဖုန်းကိုချကာ “ဘယ်တော့လာမှာလဲ၊ မင်းပြောသလိုပဲ ပြီးပြည့်စုံနေလား ဆိုတာ၊ငါကြည့်ချင်တယ်!”
လင်းဖန်သည် နောက်ဆုံးအကြိမ် မှော်မြို့သို့ရောက်သောအခါတွင်ရှောင်ချင်သည်ဓာတ်ခွဲခန်းတွင် အချိန်ပိုလုပ်ရန် ဆရာကဆွဲခေါ်သွားသောကြောင့် လင်းဖန်ကို မမြင်ဖူးပေ။
ဟမ်မုလီနှင့်ဝမ်ရီတို့ကအရမ်းတွေချီးမွမ်းသဖြင့်ရှောင်ချင်သည်လင်းဖန်သူ့ကိုအလွန်တွေ့ချင်နေသည်။
အခုနောက်ဆုံးတော့ အခွင့်အရေးရပြီဆိုတော့၊သူမ အရမ်းပျော်နေတာထုံးစံပင်ဖြစ်သည်။
ကျူရီရှောင်က “လွန်ခဲ့တဲ့ရက်က လင်းဖန်ဟာအမျိုးသားသင်္ချာပြိုင်ပွဲမှာ ပါဝင်ခဲ့တယ်။ မကြာသေးမီက သူတို့ရဲ့ကျောင်းက အတင်းအကြပ်လေ့ကျင့်မှုတွေကြောင့် ဒီနေ့ မှော်မြို့ကိုမရောက်ဖြစ်ဘူးထင်တယ်။”
ရှောင်ချင်၊၊ ဟမ်မုလီနှင့် ဝမ်ရီ တို့သည် သူမ၏ လေသံတွင်မကျေမနပ်ဖြစ်နေသည်ကို ချက်ချင်းကြားလိုက်ရသည်။
သူမပုံစံကဒါကြောင့်ကို...မဆန်းပါဘူး...
နောက်ဆုံးတွင်၊ ဤသည်မှာ လင်းဖန် ၏ရည်းစားအဖြစ် ကျူရီရှောင်၏ပထမဆုံးမွေးနေ့ဖြစ်ပြီး ရလဒ်အနေကတော့လင်းဖန်မရှိပေ။
သူတို့သုံးယောက်က ကျူရီရှောင်ကိုစိတ်မကောင်းမဖြစ်အောင်ချက်ချင်းအာရုံပြောင်းလိုက်ကြသည်။
“အမျိုးသားသင်္ချာပြိုင်ပွဲလား။ အဲဒါက သင်္ချာဌာနရဲ့ အကြီးမားဆုံးပြိုင်ပွဲတွေထဲက တစ်ခုပဲ။ချမ်းသာပြီး ချောမောတယ်။ အခုလည်း ပညာရေးပိုင်းမှာလဲပည့်စုံနေတယ်။ဘုရားရေ၊ဒါက ပြီးပြည့်စုံလွန်းတယ် မဟုတ်လား။ အားကျစရာပဲ” ရှောင်ချင်ကပြောလိုက်
ဝမ်ရီက သူ့ဖုန်းကို ကြည့်လိုက်ပြီး “ဒါက လေ့ကျင့်နေတာ မဆန်းပါဘူး။ အမျိုးသားသင်္ချာပြိုင်ပွဲကို ရက်အနည်းငယ်အတွင်း မှာကျင်းပတော့မှာ” လို့ ပြောလိုက်သည်။
ဟမ်မုလီ က “မင်း တို့ပြောမှပဲရီရှောင် ရဲ့ ချစ်သူ မလာတာပဲပိုကောင်းမယ်”
“ဒီနှစ်မှာ ငါတို့ လေးယောက်ရဲ့ မွေးနေ့ကို အတူတူ ကျင်းပလို့ ရတယ်။ အနာဂတ်မှာ ငါတို့ အလုပ်လုပ်၊ ဘွဲ့ရ၊ လက်ထပ်ပြီး ကလေးမွေးပြီးရင် ငါတို့ ဒီလိုအခွင့်အရေးမျိုးမရတော့ဘူးလေ’’
“ဒီအချိန်အခိုက်အတန့်လေးတွေကို မြတ်နိုးသင့်တယ်။”
ရှောင်ချင်က “ဟုတ်တယ်၊ ဟော့ပေါ့ ဆိုဘယ်လိုလဲ”
“ဟုတ်ပြီ ဟော့ပေါ့စားမယ်” ဟမ်မုလီ သည် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။
ဝမ်ရီက- “ဟော့ပေါ့ လို့ပြောရုံနဲ့တင်ငါသရေကျနေပြီ” စကားပြော ပြီးသွားတဲ့အခါ သူမဟာ တမင်တကာ တံတွေးကိုမျိုချပြလိုက်သည်။
သူတို့သုံးယောက်ဟာ သူမကိုပျော်ရွှင်စေရန်ဘုပ်နေငည်ကိုကျူရီရှောင်ကမသိဘဲနေမှာလဲ။
သို့သော်လည်း သူမသည်လဲရယ်မောကာ “ကောင်းပြီ ဟော့ပေါ့ သွားစားရအောင်!”
သူတို့ လေးယောက် ပြောပြီးတာနဲ့ ထွက်သွားကြသည်။
သူတို့ အောက်ထပ်ကို ဆင်းလာတော့ အနက်ရောင် မျက်မှန်တပ်ထားတဲ့ လူငယ်တစ်ယောက် ခပ်ဝေးဝေးကနေ ပြေးလာခဲ့သည်။
ထို့နောက် သူက ကျူရီရှောင်အား နှင်းဆီပန်းစည်းကို ပေးကာ “ရီရှောင် ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”
ကျူရီရှောင်၏အသွင်အပြင်သည် အလွန်မြင့်မားပြီး သူမသည် မှော်တက္ကသိုလ်တစ်ခုလုံး၏ ကျောင်းပန်းလို့ဆိုနိုင်သည်။
သူမသည် အလားတူအဖြစ်မျိုးအကြိမ်များစွာ ကြုံဖူးသည်။
ထို့ကြောင့် ကျူရီရှောင်သည် အံ့အားသင့်ခြင်း မရှိပေ။ “မင်းရဲ့ ကောင်းချီးပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ့မှာ ရည်းစားရှိနေပြီ၊ ဒါကြောင့် စိတ်မကောင်းပါဘူး” လို့ ပြတ်ပြတ်သားသား ပြောလိုက်သည်။
ပြောပြီးသည်နှင့်၊ ကျူရီရှောင်သည် လူငယ်ဘေးမှတိုက်ရိုက်ဖြတ်လျှေက်သွားသည်။
လူလေးယောက်တစ်ဖွဲ့သည် အစိမ်းရောင်တန်းခင်းထားသောလမ်းကို ဖြတ်ကျော်ကာ လှိုင်းပုတ်နေသောရေကန်ကိုဖြတ်ကာ ကျယ်ပြောလှသော ကစားကွင်းဆီသို့ လျှောက်လာခဲ့ကြသည်။
နောက်ပြီးရင် ကျောင်းတံခါးကနေ အပြင်ထွက်ပြီး ဟော့ပေါ့သွားစားမှာဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်ယံ၌ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အကြောင်းပြချက်မရှိဘဲ လေပြင်းတိုက်၍ သစ်ပင်များ လှုပ်ခါကာ အဝတ်များ ပင်တလူလူလွင့်နေသည်။
အားလုံး၏ အံ့အားသင့်နေသော မျက်လုံးများတွင် မိုးရေစက်များကဲ့သို့ အနီရောင်တောက်တောက် နှင်းဆီပွင့်ချပ်များက ကောင်းကင်မှ တဖြည်းဖြည်း ကျဆင်းလာသည်။
ကစားကွင်းတစ်ခုလုံး သည်နှင်းဆီမိုးတွေ ရွာသွန်းလို့နေသည်။
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ပေါ်မှစူးရှသောအလင်းရောင်သည် ကျူရီရှောင်အပေါ်သို့ ရုတ်တရက်ကျရောက်လာသည်။
ထို့နောက် ရဟတ်ယာဉ်တစ်စင်းသည် ကစားကွင်းပေါ်တွင် ပေါ်လာခဲ့သည်။
ထို့နောက် စန္ဒယားတီးကာ နှင်းကဲ့သို့အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် လင်းဖန်သည် ရဟတ်ယာဉ်ပေါ်မှ ကျူရီရှောင်ရှေ့သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ထို့နောက် လင်းဖန်၏ သွယ်လျသောလက်များသည် စန္ဒယားပေါ်ရှိအဖြူအမည်းများပေါ်တွင် လျင်မြန်စွာ တီးခတ်နေသည်။
“အိမ်မက်ထဲတွင် မင်္ဂလာဆောင်” သီချင်းတစ်ပုဒ်က ကစားကွင်းတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။(ဘာသီချင်းလဲမသိပါ😁😁)
တီးလုံးသံကြားပြီးနောက်တွင် အချိန်တွေရပ်သွားပုံရသည်။
ကစားကွင်းရှိ လူတိုင်းက လင်းဖန်နှင့် ကျူရီရှောင်တို့ ကို သာအာရုံစိုက်နေကြသည်။
လူတိုင်း၏အမြင်တွင် လင်းဖန် နှင့် ကျူရီရှောင်တို့သည် ကောင်းကင်မှသတ်မှထားသောနတ်သားနှင့်နတ်သမီးနှင့်တူသည်။
ကျူရီရှောင်၏မျက်လုံးများတွင်လဲ ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်နေပုံရသည်။
လင်းဖန်တစ်ယောက်သာ တောက်လောင်နေသော နေရောင်ကဲ့သို့ဖြစ်နေသည်။
အဝေးမှ သာယာလှပသော တေးဂီတကို နားထောင်ရင်း သူမ လုံးဝ အံ့အားသင့်နေခဲ့သည်။
သူမနှလုံးသားတစ်ခုလုံး ထိမိပြီး ပျော်ရွှင်ကြည်နူးနေသည်။
“ဒင်!”
သီချင်းသံ ရဲ့ နောက်ဆုံးတီးလုံးပြီးသွားပြီးနောက် လင်းဖန် က “Happy Birthday” ကို ထပ်မံတီးခတ်ခဲ့သည်။(မွေးနေ့သီချင်း)
တီးပြီးသည်နှင့်လင်းဖန်သည် ဖြည်းညှင်းစွာထကာ လှပသောအနီရောင်နှင်းဆီ 99 ပွင့်ကို ကိုင်ဆောင်ကာ “ရီရှောင် မွေးနေ့မှာ ပျော်ရွှင်ပါစေ!”
ကျူရီရှောင်သည် နောက်ဆုံးတွင် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ပုလဲကဲ့သို့ မျက်ရည်များလိမ့်ဆင်းတော့သည်။
ထို့နောက် သူမတစ်ကိုယ်လုံးကိုလင်းဖန်၏ ရင်ခွင်ထဲသို့ ထိုးကျသွားပြီး နီရဲနေသော နှုတ်ခမ်းတစ်စုံဖြင့်လင်းဖန်ကိုနမ်းလိုက်သည်။
.....
“ပါ့.....ပါ့......ပါ့”(လက်ခုတ်သံပါ)
ရုတ်တရက်ပင် ကစားကွင်းတစ်ခုလုံးမှ လက်ခုပ်သြဘာသံများ ထွက်ပေါ်လာတော့သည်။
ကျူရီရှောင်သည် မရေမတွက်နိုင်သော အမျိုးသားတို့၏ နတ်ဘုရားမဟုမှော် တက္ကသိုလ်မှ လူသိများသော အလှလေးဖြစ်သည်။
ဒါတောင် အခင်းဖြစ်ရာနေရာမှာ သူ့တွေက ကျရီရှောင်နှင့်လင်းဖန်ကိုသဘောကျစွာကြည့်နေကြသည်။
ယခုအချိန်တွင် လင်းဖန်အပေါ် ငြူစူမှုတစ်စုံတစ်ရာ မရှိပေ။
ဘာလို့လဲဆိုတော့ကျူရီရှောင်ကလင်းဖန်နဲ့သာ ထိုက်တန်သောကြောင့်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး