← Chapters

အခန်း (၃၂၈)

Vol. 23 Ch. 328

အခန်း (၃၂၈)

Vol. 23 Ch. 328

ခေါင်းဆောင် သေဆုံးသွားခဲ့သည့်အတွက်ကြောင့် ဒုခေါင်းဆောင်ကျန်း သည် အလွန်တရာ ပျော်ရွင်မိနေ၏။ သို့ပေမဲ့ သူသည် ထိုအရာကို ထုတ်ဖော်ပြသ၍ မရချေ။

သို့ပေမဲ့ ပုဆိန်အား ဝှေ့ယမ်းတိုက်ခိုက်လိုက်ချိန်တွင် သူ၏ မျက်နှာပေါ်၌ အဆုံးမဲ့သော ဒေါသတရားများဖြင့် ပြည့်နက်လျက်ရှိသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကောင်းကင်ပေါ်ကို သွားတဲ့ လမ်းတစ်ခုရှိတယ်။ဒါပေမဲ့ ခင်ဗျားက မတွေ့ခဲ့ဘူး။ ဒီတော့ ငရဲကိုသာ သွားတော့။"

ဝှစ်။

ပြောနေတုန်းမှာပဲ သူသည် တိမ်ခြေလှမ်းအား အသုံးပြု၍ အနားသို့ တိုးလိုက်သည်။

မြန်ဆန်လိုက်လေခြင်း။

ဒုခေါင်းဆောင်ကျန်း၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။ နောက်တစ်စက္ကန့်အတွင်းမှာပဲ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ခံစားမိလိုက်သည်။

"မကောင်းတော့ဘူး။"

ဘုန်း။

အလွန်အားကောင်းလှသော လက်သီးချက်တစ်ခုသည် ပုဆိန်ထက် မြန်ဆန်စွာပင် သူ၏ ဝမ်းဗိုက် ပေါ်သို့ ကျဆင်းလာ၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကွေးညွတ်သွားပြီး မျက်လုံးတွေ ပြူးထွက်လာသည်။

ကျွင်းချောင်ရှောင်း၏ ပေါက်ကွဲလက်သီးသည် အလွန်တရာ အားကောင်းလှ၏။

ဒုခေါင်းဆောင်ကျန်း၏ စိတ်နှင့် ခန္ဓာကိုယ်ကို တိုက်ရိုက်ဆိုသလိုပဲ ဖျက်ဆီးသွားတော့သည်။

ဤတစ်ကြိမ်မှာတော့ ခေါင်းဆောင်ကျန်း သည် သေဆုံးတော့မည် ဖြစ်ကြောင်း နားလည်လိုက်မိ၏။

ဘုတ် ဘုတ်။

ပုဆိန်နှစ်လက်သည် မြေပေါ်သို့ ပြုတ်ကျသွားသည်။

ဒုခေါင်းဆောင်ကျန်းသည် ပါးစပ်ထဲမှ သွေးတွေ အန်ထွက်လာလေသည်။ ပြီးနောက် သူ၏ အသက်ရှူသံများသည် ရပ်တန့်သွားတော့၏။

သေခြင်းရှင်ခြင်းတရားကို အတွေ့အကြုံ ရရှိခဲ့ပြီဖြစ်သော ကြေးစားမြေခွေးအိုကြီးတစ်ယောက် ဖြစ်သောကြောင့် သူ၏ သိစိတ်သည် အလွန်တရာ တိကျလှသည်။

ဤလူငယ်အား သတ်ဖြတ်နိုင်လျှင် သူသည် ခေါင်းဆောင် တစ်ယောက်အဖြစ် အဆင့်တိုးမြှင့် ရောက်ရှိတော့မည် ဖြစ်ကြောင်း ဒုခေါင်းဆောင်ကျန်း တွေးတောခဲ့၏။

သို့ပေမဲ့ သူသည် ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်ကိုပင် မရရှိခဲ့ပေ။ အရင်ဦးဆုံး သေဆုံးသွားခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် လက်သီးကို ပြန်ရုတ်လိုက်သည်။

"ဒုခေါင်းဆောင်ကျန်း။"

သူတို့၏ ဒုခေါင်းဆောင်ကျန်းသည် ညှာတာမှုကင်းမဲ့စွာ တိုက်ခိုက်ခံရသောကြောင့် မြေပေါ်တွင် လဲကျသွားကြောင်း မြင်တော့ အားလုံးသည် မျက်လုံး ပြူးသွားကြသည်။ ထို့အပြင် လက်သီးတစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်သည်ကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည် မဟုတ်လား။

ဤလူသည် ခေါင်းဆောင်အား သတ်ဖြတ်ခဲ့၏။ ထို့အပြင် ဒုခေါင်းဆောင်အားလည်း လွယ်လွယ်ကူကူ သတ်ဖြတ်ခဲ့၏။

လက်ရှိအခြေအနေမှာတော့ သွေးဝံပုလွေ ကြေးစားအဖွဲ့ဝင်များ၏ ဦးခေါင်းထဲသို့ ၎င်းတို့၏ အသိစိတ်များ ပြန်လည်ဝင်ရောက်ခဲ့ပြီဖြစ်သည်။

ဒုခေါင်းဆောင်ကျန်းသည်လည်း အစောကတည်းက အသိစိတ် ကပ်ခဲ့သင့်သည်။ မဟုတ်လျှင် သူသည် သက်တောင့်သက်သာဖြင့် ခေါင်းဆောင်ရာထူးအား ရရှိခဲ့ပေလိမ့်မည်။

သို့ပေမဲ့ ရရှိခဲ့သည့် အခွင့်အရေးအား မယူခဲ့ပေ။ ဂိုဏ်းချုပ်ကျွင်းအား သတ်ဖြတ်လိုစိတ်မျာဖြင့် သူသည် သာ သေဆုံးသွားခဲ့ရသည်။

သွေးဝံပုလွေကြေစားအဖွဲ့ဝင်များ အားလုံးသည် ကျွင်းချောင်ရှောင်းအား သတ်ချင်သည် ဆိုသော်လည်း နှလုံးသားထဲတွင် ကြောက်လန့်သည့် ခံစားချက်များ တိုးဝင်လျက်ရှိသည်။

သူတို့သည် နောက်သို့ ဆုတ်လိုက်မိ၏။

အထူးသဖြင့် တင်းကလေးပင် ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် ခြောက်ခြားသည့် အရိပ်အယောင်များဖြင့် ပြည့်နက်လျက်ရှိသည်။

သူသည် သူ၏ အပေါင်းအဖော်များအား အမိန့်ပေး၍ စစ်ကူကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် သူ ဆင့်ခေါ်ခဲ့သော ဒုခေါင်းဆောင်ကျန်းအား တစ်ချက်တည်း ထိုးနှက်၍ သတ်ဖြတ်ခဲ့၏။

ဤအရာမှာ အလွန်ပင် ကြမ်းတမ်းလှသည်။

သူတို့အနေနှင့် သွားရောက်၍ ရန်ပြုသင့်သည့် လူမျိုး မဟုတ်ပေ။ သူသည် သံပြားအား ကန်ခဲမိကြောင်း တင်းကလေး နားလည်လိုက်မိသည်။

ကျွင်းချောင်ရှောင်းသည် ထိုသူ၏ ရှေ့သို့ ပေါ်လာ၏။

ပြီးနောက် လက်တစ်ဖက်ဖြင့် လည်ပင်းကို ဆုတ်ကိုင်ကာ ပြောလိုက်သည်။ "ခင်ဗျားရဲ့ ဈေးပေါလွန်းတဲ့အသက်က နှစ်ခါ ချမ်းသာပေးလို့ မဖြစ်တော့ဘူး။"

"မသတ်….. မသတ်ပါနဲ့။"

ခရက်စ်။

ကျွင်းချောင်ရှောင်းသည် သူ၏ လက်ချောင်းများဆီသို့ အားအင်များ ထည့်သွင်းပြီး တင်းကလေး၏ လည်ပင်းအား ချိုးချလိုက်သည်။

ပြီးနောက် အမှိုက်တစကဲ့သို့ တင်းကလေးအား အဝေးသို့ လွင့်ပစ်လိုက်တော့သည်။

သူသည် သက်တောင့်သက်သာဖြင့် အသက်ရှင်သန်ခွင့် ပြုခဲ့သည်။ သို့ပေမဲ့ တစ်ဖက်လူသည် ကိုယ့်ကိုယ်ကိုယ် သေမင်းလက်ထဲသို့ ဝကွက်အပ်ခဲ့သည့် အပြင် ဒုခေါင်းဆောင်ကျန်းကိုပင် ခေါ်ယူလာခဲ့သေးသည်။

ကျွင်းချောင်ရှောင်းသည် တစ်ခြားသူများကို ကြည့်၍ မထီမဲ့မြင်ဆိုသလို ပြောလိုက်သည်။ "ဘယ်သူ သေချင်သေးလဲ။"

ဤစကားမှာ အလွန်တရာ မောက်မာလှ၏။

အဖွဲ့ဝင်တစ်ယောက်သည် သတ္တိစုကာ ပြောလိုက်သည်။ "အတူတူ တိုက်ကြစို့။ဒီလူ သေကို သေရမယ်။"

"ကောင်းပြီ။"

အားလုံးသည် ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်ကို ကြောက်ရွံ့နေသည်ဖြစ်သော်လည်း သူတို့သည် လူအင်အားများပြား၏။ ထို့ကြောင့် တစ်ဖက်လူသည် သူတို့အားလုံးအား သတ်ဖြတ်နိုင်မည်ဟု သူတို့ မထင်ကြချေ။

“တက် တက်။”

သွေးဝံပုလွေ ကြေးစားအဖွဲ့မှ အဖွဲ့ဝင် ငါးဆယ်ကျော်တို့သည် သူတို့၏ ဓားဆီသို့ စိတ်ဝိညာဉ်စွမ်းအင်များကို ပို့လွှတ်ပြီး ဒေါသတကြီးဖြင့် ရှေ့သို့ ခုန်တက်လာသည်။

ချလွမ်။

အအေးဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။ ဓားအလင်းများ ဖြတ်ပြေးသွားတော့သည်။

ဓားတစ်ချက် ခုတ်ပိုင်းလိုက်ခြင်းမှာတော့ သွေးဝံပုလွေ ကြေးစားအဖွဲ့မှ လူတစ်ဒါဇင်ကျော်တို့သည် နေရာမှာတင် ရုတ်တရက် ရပ်တန့်သွားတော့သည်။

သူတို့၏ မျက်လုံးထဲတွင်တော စိတ်ဓာတ်ကျခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်များ ပေါ်လာကြသည်။

ဆွစ်။

ကျွင်းချောင်ရှောင်းသည် လက်ကောက်ဝတ်ကို ယမ်းခါလိုက်၏။

အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး နောက်ထပ် လူတစ်ဒါဇင်ကျော်တို့သည် တည်နေရာမှာတင် ရပ်တန့်သွားကြပြန်သည်။

သူတို့၏ မျက်လုံးထဲတွင် ရှိသော အသက်ဓာတ်များအားလုံးသည် တစ်ဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။

ရွှီ။

ခဏလောက်ကြာပြီးသည့် နောက်မှာတော့ ကျင့်ကြံသူနှစ်ဆယ်ကျော်တို့၏ လည်ပင်းတွင် အလွန်သပ်ရပ်လှသော ဓားရာတစ်ခု ပေါ်လာပြီး သွေးများသည် ထိုဒဏ်ရာ မှ ပန်းထွက်လာသည်။

ဘုတ် ဘုတ်။

တစ်ချိန်တည်းမှာပဲ ထိုသူတို့အားလုံးသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဆက်လက် ပြေးလွှားလာသော သွေးဝံပုလွေအဖွဲ့မှ လူများသည် ထိုမြင်ကွင်းကို မြင်ရောက်ချိန်မှာတော့ သူတို့၏ ကျောရိုးတွင် ချွေးစီးများ ပြန်လာကြ၏။

ဓားခုတ်ပိုင်းချက် နှစ်ချက်အား ထုတ်ဖော်ပြီး လူနှစ်ဆယ်ကျော်အား သတ်ဖြတ်ခဲ့ခြင်းဆိုသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

"မဖြစ်ဘူး မဖြစ်ဘူး။"

ဤလူသည် အလွန်တရာ အားကောင်းလှ၏။ သူတို့ ရှေ့သာ ဆက်သွားလျှင် သေဆုံးတော့မှာ သေချာသည်။

သွေးဝံပုလွေ ကြေးစားအဖွဲ့မှ လူများသည် သူတို့၏ ခေါင်းဆောင်၊ ဒုခေါင်းဆောင်တို့အတွက် လက်စားချေရန် စိတ်မကူးကြတော့ပေ။ နေရာအနှံ့သို့ ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားကြတော့သည်။

တည်နေရာပတ်ဝန်းကျင်တစ်ခုလုံးတွင် အလောင်းနှစ်ဆယ်ကျော် ကျန်ရှိနေခဲ့သည်။ မြေပေါ်တွင် သွေးများ ပျံ့နှံ့လျက်ရှိပြီး သွေးညှီနှံများဖြင့် လှိုင်လျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားကို ဓားအိမ်ထဲသို့ ထည့်ပြီးသည့်နောက် ထိုသူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိသော သိုလှောင် လက်စွပ်များနှင့် တစ်ခြားပစ္စည်းများကို ရှာဖွေကာ ယူလိုက်တော့သည်။

မကြာခင်မှာပဲ သူ၏ လက်ထဲတွင် သိုလှောင်လက်စွပ် တစ်ဒါဇင်ကျော်တို့ ရောက်ရှိလာ၏။ ပြီးနောက် သူသည် ပူပင်ကြောင့်ကြမှု ကင်းမဲ့စွာဖြင့် ပြန်လည် ထွက်ခွာသွားတော့၏။

"ကောင်းကင်ဘုံ ….. ဒီကောင်လေးက သွေးဝံပုလွေ ကြေးစားအဖွဲ့ထဲက လူတွေကို သတ်ဖြတ်ရဲတာပဲ။ဒီမှာ ဒုခေါင်းဆောင်လဲ သေနေပြီ။ ကြည့်အုံး။”

“တတိယအဖွဲ့ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်က သူ့ဘေးနားမှာလေ။ အဲဒါ ဘယ်သူတုန်း။သွေးဝံပုလွေရဲ့ ကြေးစားအဖွဲ လက်စားချေမှာကို မကြောက်ဖူးလား။"

ဒုခေါင်းဆောင်နှင့် တစ်ခြားသူများသည် ကျွင်းချောင်ရှောင်းကို ပိတ်ပင်တားဆီးနေချိန်မှာတော့ အနည်းငယ် သတ္တိကောင်းလှသော ကျင့်ကြံသူအဖွဲ့ တစ်ချို့သည် အနောက်မှ လိုက်လာပြီး တိတ်တခိုးကြည့်ရှုနေကြသည်။

တစ်ချို့သော ကျင့်ကြံသူများသည် အလွန်အားကောင်းလှသောကြောင့် သွေးဝံပုလွေ ကြေးစားအဖွဲ့မှ လူများကို မကြောက်ရွံ့ကြချေ။

သို့ပေမဲ့ သူတို့သည် တစ်ဖက်၏ ခေါင်းဆောင်အား ပေါ်ပေါ်ထင်ထင်နှင့် သတ်ဖြတ်ရဲမည် မဟုတ်ချေ။ သူတို့တွင် သတ္တိဆယ်ခု ရှိသည်ဆိုလျှင်တောင်မှ ထို ကိစ္စကို ပြုလုပ်ရဲမည် မဟုတ်ချေ။

ထိုကဲ့သို့ လာရောက်ကြည့်ရှုကြသော အဖွဲ့များတွင် ကျွင်းချောင်ရှောင်းနှင့် တွေ့ဆုံခဲ့ဖူးသော အဖွဲ့ငယ်လေးတစ်ခုလည်းပါဝင်သည်။ လက်ရှိအချိန်မှာတော့ သူတို့၏ အမူအရာများသည် ပိုပို၍ စိတ်ဝင်စားစရာ ကောင်းလာကြသည်။

"ခေါင်းဆောင်"

ခပ်ဝဝလူ၏ နှုတ်ခမ်းများသည် တုန်ရင်နေသည်။ "ဒီကောင်လေးက တကယ့်ကို ကြမ်းတမ်းတာပဲ။"

အစ်ကိုချင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဒါက တကယ့်ကို လုပ်ရဲကိုင်ရဲတဲ့ အမူအရာမျိုးပဲ။ကံကောင်းတာက ငါတို့ သူကို ရန်မစခဲ့မိတာပဲ။"

သူတို့သည် ကျွင်းချောင်ရှောင်းအား ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့၏။

သို့ပေမဲ့ တစ်ဖက်လူသည် သူတို့အား ဂရုမထားခဲ့ချေ။ မဟုတ်ပါက သူတို့သည် သွေးဝံပုလွေ ကြေးစားအဖွဲ့မှ လူများကဲ့သို့ အလောင်းကောင် ဖြစ်နေလောက်ပေပြီ။

သွေးဝံပုလွေ ကြေးစားအဖွဲ့သည် ဤသားရဲတစ်ထောင်သော တောင်တန်းအား အချိန်အတော်ကြာ စိုးမိုး အုပ်စိုးနေကြသည်။

ယနေ့မှာတော့ သူတို့၏ လူ တော်တော်များများသည် ရုတ်တရက် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ဤသို့ဖြစ်လာမည်ဟု မည်သူမှ ထင်မှတ်ထားကြလိမ့်မည် မဟုတ်ချေ။

သွေးဝံပုလွေ ကြေးစားအဖွဲ့ခေါင်းဆောင်များ၏ ရက်စက်လှသည့် အမူအကျင့်အရဆိုလျှင် ဤသို့သော ကိစ္စအား လက်လွှတ်ပေလိမ့်မည် မဟုတ်ချေ။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်သည် ကျိန်းသေပေါက် လက်စားချေခြင်းကို ခံရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းမှာလည်း သူ့အား လက်စားလာချေရန် မျှော်လင့်နေမိ၏။

အဘယ့်ကြောင့်ဆိုသော် သူသည် သိုလှောင်လက်စွပ်တော်တော်များများကို ထပ်မံလိုချင်သောကြောင့်ပင် ဖြစ်သည်။

ဒုခေါင်းဆောင်ကျန်း၏ သိုလှောင်လက်စွပ်ထဲတွင် သူသည် စိတ်ဝိညာဉ်ကျောက်တုံးနှစ်ဆယ်အား တွေ့ရှိခဲ့၏။

ကျွင်းချောင်ရှောင်းသည် မနေနိုင်ဘဲ သက်ပြင်းပင် ချလိုက်မိ၏။

"ဓားပြတွေဆီက ပြန်လုရတာ တော်တော်ကို ကောင်းတာပဲ။"

သို့ပေမဲ့ ဓားမြများ၏ သိုလှောင်လက်စွပ်ထဲတွင် အရင်းအမြစ် တော်တော်များများ ရှိသည်ဆိုသော်လည်း သူလိုချင်သည့် အရာမှာမူ တစ်ခုမှ မရှိပေ။

လုယက်ခြင်းသည် ငွေရှာရာတွင် အလွယ်ကူဆုံး နည်းလမ်း ဖြစ်သည်။ သို့သော်လည်း လိုချင်သည့်အရာများကို ရရန်တော့ ခက်ခဲလှချေသည်။

ကျွင်းချောင်ရှောင်းသည် မြေပုံအားဖွင့်ကြည့်လိုက်သည်။

သူ ရောက်ရှိနေသည့်နေရာကို ကြည့်ရှုပြီးသည့်နောက် အရှေ့တည်နေရာနှစ်ခုအား အနီရောင်ဖြင့် ရေးခြယ်ထားသည်ကို မြင်လိုက်ရ၏။

"ဒါ ဘာမှန်းမသိတဲ့ တည်နေရာတစ်ခုပဲ။"

အနီရောင်ဆိုသည်မှာ အလွန်တရာ အန္တာရာယ်ကြီးသည်ဟု ဖော်ပြခြင်းပင် ဖြစ်သည်။

"အန္တရယ်ကြီးလေ အထဲမှာ ရှာဖွေလို့ ရနိုင်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေ များလေပဲ။"

ကျွင်းချောင်ရှောင်းသည် မြေပုံ၏ လမ်းညွှန်ချက်အတိုင်း သွားပြီးသည့်နောက် ဘာမှန်းမသိသော တည်နေရာတစ်ခု၏ အစပ်တွင် ရပ်လိုက်၏။

အထဲတွင်တော့ မြူကဲ့သို့ အလင်းများ ရှိနေပြီး တည်နေရာတစ်ခုလုံးကို ဖုံးအုပ်ထားသောကြောင့် သဲသဲကွဲကွဲ မမြင်ရချေ။

အထဲသို့ ဝင်ရောက်သွားသော ခြေရာအနည်းငယ်ကို မြင်ရသောကြောင့် လူအနည်းငယ်သည် အထဲသို့ ဝင်ရောက်သွားကြောင်း သိရှိနေနိုင်သည်။

ခဏလောက် စဉ်းစားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဝင်ရောက်သွားလိုက်သည်။

ဖြတ်သွားသော ကျင့်ကြံသူတစ်ယောက်သည် အလင်းအမြုတေထဲသို့ ဝင်ရောက်သွားသော လူတစ်ယောက်အား မြင်လိုက်ရချိန်မှာတော့ ထိပ်လန့်တကြားဖြင့် ထအော်လိုက်သည်။ "ဒီလူက ဘာမှန်းမသိတဲ့ တည်နေရာထဲကို တစ်ယောက်တည်းဝင်သွားတာလား။"

သူ၏အဖော်က ပြောလိုက်၏။ "ဒီနေရာက အရမ်းအန္တရာယ်များတယ်။ ဒီနေရာကို လက်လွတ်စပယ်နဲ့ မဝင်သွားသင့်ဘူး။ဒီကိုဝင်သွားတယ်ဆိုတော့ သူ့ကိုယ်သူ သတ်သေချင်နေတာလား မသိဘူး။"

ဝေါင်း … ဝေါင်း။

မကြာခင်မှာပဲ အလင်းမြူများဖြင့် ဖုံးလွမ်းထားသော တည်နေရာတစ်ခုထဲမှာတော့ ဒေါသတကြီး အော်ဟစ်သံများ ပေါ်လာပြီး မြေပြင်တစ်ခုလုံး တုန်ခါသည့် အသံများကို ကြားနေရ၏။

"အထဲက သားရဲတွေ သတိပြုမိသွားတာနေမယ်။အသံတွေ ကြည့်ရတာ သားရဲက တစ်ကောင်ထက် ပိုနိုင်တယ်။တည်နေရာထဲမှာ နေကြတဲ့ သားရဲတော်တော်များများက အဖွဲ့လိုက်နေကြတာလေ။ ဒီကောင်လေးကတော့ ကျိန်းသေပေါက် သေပြီပဲ။”

“အသက်ရှင်ရတာ မကောင်းဘူးလား။ဘာလို့ အထဲကို ဝင်လာပြီး အသေခံရတာလဲ။"

ရောက်ရှိလာကြသော ကျင့်ကြံသူများသည် အံ့အားတသင့်ဖြင့် ကြည့်ရှုကာ ပြောဆို ဆွေးနွေးနေမိကြ၏။

အထဲသို့ ဝင်ရောက်သွားသည့် လူငယ်၏ ပုံပန်းသွင်ပြင်ကို ပြောဆိုလိုက်သည့်အခါ သွေးဝံပုလွေ ကြေးစားအဖွဲ့အား သတ်ဖြတ်သွားသော လူငယ်နှင့် ဆင်တူနေကြောင်း သိသောကြောင့် အဖွဲ့ငယ်လေးများသည် တည်နေရာတွင် ရပ်တန့်၍ အနားယူကာ စောင့်ကြည့်နေကြသည်။

ဆယ်မိနစ်လောက် ကြာမြင့်ပြီးသည့် နောက်မှာတော့ ဘာမှန်းမသိသောတည်နေရာထဲမှ သားရဲအော်သံ များသည် တစ်ဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီး အရင်ကလို ပြန်လည်၍ တည်ငြိမ်သွား၏။

"သနားစရာကောင်းတဲ့ ကောင်လေးကတော့ အရိုးပါ ဝါးစား ခံလိုက်ရပြီထင်တယ်။"

အားလုံးသည် ထရပ်၍ ထွက်ခွာသွားရန် ပြင်နေချိန်မှာပဲ ကျင့်ကြံသူတစ်ယောက်က ထအော်လိုက်၏။

"ကြည့်ကြ … တစ်စုံတစ်ယောက် ထွက်လာပြီ။"

အားလုံးသည် သံပြိုင်ဆိုသလိုပဲ ခေါင်းလှည့်၍ ကြည့်လိုက်ကြ၏။

အလင်းမြူများထဲမှာတော့ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသော လူတစ်ယောက်သည် လျှောက်ထွက်လာ သည်။

"သူပဲ။"

"အဖြူရောင်ဝတ်စုံနဲ့ လူငယ်ပဲ။"

All Chapters