အခန်း (၃၂၉)
Vol. 23 Ch. 329
ဘာမှန်းမသိသော တည်နေရာသည် မကြီးမားပေ။ သေးငယ်လှသော တောင်ကြားလေး တစ်ခုလိုပင်။ အတွင်းမှာတော့ ဒါဇင်ချီ များပြားသော လေသားရဲများ ရှိနေသည်။ ၎င်းတို့၏ အားအင်အဆင့်သည် အဆင့်နှစ် မှ အဆင့်သုံး သိုင်းဆရာ နီးပါးရှိသည်။
ကျွင်းချောင်ရှောင်း အတွင်းသို့ လျှောက်ဝင်လိုက်ချိန်မှာတော့ သူ့အား အားလုံးက ဝိုင်းတားလိုက်ကြသည်။ ၎င်းတို့၏ သွားများသည် ချွန်ထက်နေကြပြီး ဒေါသတကြီး ဟိန်းဟောက်လျက် ရှိ၏။
အားလုံးသည် လေသားရဲအမျိုးအစားများ မဟုတ်သော်လည်း အဆင့်မြင့် သားရဲများဟု သတ်မှတ်နိုင်သည်။
ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် အအေးဓားအား ထုတ်ယူ၍ အချိန်တိုအတွင်း အားလုံးကို သတ်ဖြတ်လိုက်သည်။ သလင်းအမြူ နှစ်ဆယ်ကျော်ကိုလည်း ရရှိခဲ့၏။
သနားစရာ သတ္တဝါများမှာ လူသားအား စားသုံးရန် ရောက်လာကြခြင်း ဖြစ်သော်လည်း လူသား၏ သတ်ဖြတ်ခြင်းကိုသာ ခံခဲ့ရသည်။
ကျွင်းချောင်ရှောင်းသည် အတွင်းသို့ လှည့်ပတ်ကြည့်ပြီးသည့်နောက် ဆေးပင်၊ ကျောက်ရိုင်းနှင့် တခြားအရာများအား ကောက်ယူကာ ပြန်လှည့်လာလိုက်၏။
အပြင်ဘက်မှ ကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်း တစ်ယောက် သက်တောင့်သက်သာဖြင့် ပြန်လည် လျှောက်ထွက်လာသည်ကို မြင်တော့ မယုံနိုင်ဟန်ဖြင့် ကြည့်မိနေကြသည်။
“ခေါင်းဆောင်”
ခပ်ဝဝ လူက ထအော်လိုက်သည် “ဟိုကောင်လေးပဲ မဟုတ်လား”
အစ်ကိုချင် သည် မျက်မှောင်ကုတ်သွားမိသည်။ သူ အမှန်ပင် တုန်လှုပ်မိနေ၏။
ဘာမှန်းမသိသော တည်နေရာထဲတွင် အဆင့် လေး သို့မဟုတ် အဆင့်ငါး သိုင်းစစ်သူကြီး အဆင့် သားရဲများပင် ရှိနေနိုင်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် အတွင်းသို့ ဝင်သွားသည်သာမက သက်တောင့်သက်သာ ဖြင့် ပြန်ထွက်လာနိုင်သည်။ ထိုအရာမှာ အမှန်ပင် အံ့အားသင့်စရာဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သူ့အား ကြည့်ရှုနေကြသော သိုင်းပညာရှင်များအား လျစ်လျူရှုပြီး မြေပုံကို ထုတ်ကြည့်ကာ တခြား ဘာမှန်းမသိသော တည်နေရာတစ်ခုဆီ လျှောက်လှမ်းသွားပြန်၏။
သူ ထွက်သွားသည်နှင့် တပြိုင်နက် အဖွဲ့ငယ်လေးများသည် ဘာမှန်းမသိသော တည်နေရာထဲသို့ အသာ လျှောက်ဝင်၍ ကြည့်လိုက်ရာ သားရဲများ၏ အလောင်းများတောင်လို ပုံလျက်ရှိပြီးတည်နေရာ တစ်ခုလုံးတွင် သွေးညှီနံ့များဖြင့် ပြည့်နေကြောင်း မြင်လိုက်ရသည်။
“ဒါက အညိုရောင်သားရဲအုပ် မဟုတ်လား”
“အားလုံးက အဆင့်မြင့် သားရဲ လို့ ပြောရမယ်”
“ကောင်းကင်ဘုံ .. သူ ဆယ့်ငါးမိနစ် မပြည့်ခင်မှာ အားလုံးကို သတ်ဖြတ်ခဲ့တာလား”
အားလုံး ခြောက်ခြားသွားကြ၏။
အသက်ဆယ့်ရှစ် ၊ ဆယ့်ကိုးလောက်သာ ရှိနိုင်မည့် လူငယ်သည် ထိုသို့သော အလုပ်ကို ပြုလုပ်ခဲ့သည်။ သူတို့ သည် ထိုလူငယ် မည်သူဖြစ်မှန်း မသိသော်လည်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ကြောင်းတော့ နားလည်သွားကြသည်။
နောက်ဆုံးမှာတော့ များပြားလှသည့် အဖွဲ့ငယ်များသည် ကျွင်းချောင်ရှောင်း ရှင်းလင်းသွားရာနေရာထဲသို့ လိုက်ပါ ဝင်ရောက်ကာ အတွေ့အကြုံယူနေကြ၏။
အစ်ကိုချင် နှင့် သူ၏ အဖွဲ့သည်လည်း ထိုအဖွဲ့ငယ်များထဲတွင် ပါဝင်သည်။
မကြာခင်မှာတော့ အားလုံး ရပ်တန့်လိုက်ကြသည်။
အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ဘာမှန်းမသိသော တည်နေရာ နောက်တစ်ခုထဲသို့ ထပ်မံ ဝင်ရောက်သွားသောကြောင့် ပင် ဖြစ်၏။
“သူ ထပ်ပြီး ဝင်ပြန်ပြီ”
“သူ တော်တော် ရဲတာပဲ”
“ကျုပ် သူ့နောက်လိုက်ပြီးတောင် ကြည့်ချင်မိတယ်”
သိုင်းပညာရှင်များသည် ဆွေးနွေးနေကြသည် ဆိုသော်လည်း မည်သူမှ လိုက်မဝင်ရဲကြချေ။ သူတို့တွင် ထိုသို့ လိုက်ဝင်နိုင်လောက်သည့် စွမ်းရည်လည်း မရှိကြချေ
မကြာမီမှာပဲ …..
အတွင်းဘက်ဆီမှ ကျယ်လောင်သော အော်သံ၊ မာန်ဖီသံများ ထွက်ပေါ်လာသည်။
“အသံကို နားထောင်ရတာ။ ဝက်ဝံသားရဲရိုင်းကြီးပဲ ဖြစ်မယ်”
“တောင်ဝက်ဝံ ဖြစ်နိုင်တယ်”
“တောင်ဝက်ဝံ မဟုတ်ရင်တောင်မှ တောင်ဝက်ဝံထက် ပိုပြီး အားကောင်းတဲ့ကောင် ဖြစ်ရမယ်။ အသံကို နားထောင်ကြည့်ပါလား”
အားလုံး ဆွေးနွေးနေကြတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် ထိုတည်နေရာထဲမှ အသာ လှမ်းထွက်လာသည်။
“ဒါက …”
အားလုံး တုန်လှုပ်နေရာမှ သတိပြန်ဝင်လာချိန်မှာတော့ ကျွင်းချောင်ရှောင်း ထွက်လာသော ဘာမှန်းမသိသည့် တည်နေရာထဲသို့ ဝင်ကြည့်လိုက်သည်။ မြေပြင် တည်နေရာ တစ်ခုလုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေသည်ကိုသာ သူတို့ မြင်လိုက်ရ၏။
ဝက်ဝံသားရဲ၏အသားည် အလွန်ကောင်းမွန်ပြီး နူးညံ့သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အမဲဖျက်၍ ယူဆောင်သွားခြင်း ဖြစ်သည်။
……
ညရောက်လာချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှားခြစ်ထားသော ဘာမှန်းမသိသည့် တည်နေရာ ငါးခုထဲသို့ ဝင်ရောက်ပြီးဖြစ်နေသည်။ သူသည် အဆင့်မြင့် သားရဲရိုင်းများအား သတ်ဖြတ်နိုင်ရုံတင်မကဘဲ အရင်းအမြစ် တော်တော်များများကိုလည်း ရရှိခဲ့၏။
သူသည် ထိုတည်နေရာများထဲတွင် လေဓာတ်သဘာဝ သားရဲများနှင့် တွေ့ခဲ့သည် ဆိုသော်လည်း ၎င်းတို့၏ သလင်းအမြူတေ များသည် သူ လိုချင်သည့် အဆင့် မဟုတ်ချေ။
သို့ပေမဲ့ သူ စိတ်ဓာတ်မကျပေ။ ဆက်လက် ရှာဖွေမည် ဆိုလျှင် တွေ့ရှိမည်ဟု ယုံကြည်ထားသည်။
အစ်ကိုချင် နှင့် အဖွဲ့သားများသည် ကျွင်းချောင်ရှောင်း ရောက်ရှိနေရာတွင် ရှိနေကြသည်။ ထို့အပြင် သူတို့၏ ရည်မှန်ချက်သည် နယ်မြေခြောက်ဆီ သွားန် မဟုတ်လား။
၎င်းတို့နှင့် အတူ တခြားသော အဖွဲ့ငယ်လေးများလည်း ရှိနေကြသည်။
ကျွင်းချောင်ရှောင်းသည် ထိုသူများအား အလေးမထားချေ။
နောက်တစ်ရက် မိုးလင်းချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် နယ်မြေငါးဆီသို့ ဆက်ဝင်သွားလိုက်၏။
ဤတည်နေရာသည် မြေပေါ်ပုံတွင် အန္တရာယ်အမှတ်အသားများ ရေးခြယ်ထားသော တည်နေရာလည်း ဖြစ်သည်။ ထို့ကြောင့် သူသည် အနီးစပ်ဆုံး အန္တရာယ်ရှိရာနေရာဆီ လျှောက်ဝင်လိုက်သည်။
ဝေါင်း …။
ဝေါင်း …။
အလယ်အလတ်အဆင့် ခုနှစ် ခြင်္သေ့မ နှစ်ကောင်သည် ခုန်ဝင်လာ၏။
ဤနေရာသည် ၎င်းတို့၏ ပိုင်နက် ဖြစ်သည်မို့ လူသားများအား ဝင်ရောက်ခွင့်မပေးပေ။
“သေချင်နေတာပဲ”
ကျွင်းချောင်ရှောင်းသည် အသာလျှောက်ထွက်လိုက်သည်။ ကြမ်းတမ်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ လက်သီးဆီ ဝင်ရောက်လာပြီး ခြင်္သေနှစ်ကောင်အား သတ်ဖြတ်လိုက်သည်။
ထပ်တူညီစွာပဲ သူသည် သလင်းအမြူတေတွေ ထုတ်ယူကာ အရေခွံခွာ၍ အသားများကို လွှတ်ပစ်လိုက်၏။
“ဟမ်”
သူ အားလုံးပြုလုပ်ပြီး ဆက်လျှောက်သွားချိန်မှာတော့ ရေကန်တစ်ခုအား မြင်လိုက်ရသည်။ အေးစက်သည့် လေအေးများသည် ထိုနေရာမှ ထွက်ပေါ်လျက်ရှိသည်။
“အအေးစမ်းရေ”
သူ လျှောက်သွားပြီး လက်နှင့်စမ်းကြည့်လိုက်ချိန်မှာတော့ အလွန်အေးစက်သော ခံစားချက်ကို ရရှိလိုက်၏။
ထိုရေသည် အလယ်အလတ်အဆင့် အအေးဓားအား သွန်းလုပ်ရန် လိုအပ်သော ဖြည့်စွက်ပစ္စည်းလည်း ဖြစ်သည်။ ထို့ကြောင့် သူ ရှာတွေ့သည် ဆိုတာနှင့် တပြိုက်နက် အားလုံးကို သိမ်းဆည်းလိုက်တော့သည်။
ခဏလောက်ကြာတော့ ရေကန်ထဲရှိ ရေများသည် ကုန်ခမ်းသွားပြီ ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် အသာ လှည့်ထွက်သွာပြီး တခြားသော တည်နေရာများထဲသို့ ဆက်လက်၍ ရှာဖွေလိုက်သည်။
ဤလိုနှင့် ညရောက်ချိန်မှာတော့ သူသည် အနားယူရန် အတွက် သန့်ရှင်းသော နေရာတစ်ခုအား ရှာဖွေလိုက်၏။
ယနေ့တွင် သူသည် အလွန်အကျိုးရှိခဲ့သည်ဟု ဆိုရမည်။ စမ်းရေကို ရှာဖွေတွေ့ရှိခဲ့သည်သာ မက ပင့်ကူူအသိုက်ကိုပါ ရှာတွေ့ခဲ့သေးသည်။ သူ ပိုးချည်မျှင်တော်တော် ရရှိခဲ့သည်။
သူသည် ပိုးမျှင်ချပ်ဝတ် အတွက် လုံလောက်သော ကုန်ကြမ်းများ ရရှိခဲ့၏။
ကံဆိုးစွာဖြင့် သူသည် လေသားရဲနှင့် တော့ ထပ်မတွေ့ခဲ့ရချေ။
ပိုးမျှင်ချပ်ဝတ်အား သန့်စင်ဖန်တီးပြီးနောက်မှာတော့ သူသည် ပန်းပဲခန်းမဆောင်အား ကြည့်ကာ တီးတိုးရေရွတ်လိုက်မိသည် “အတွင်းကို ထပ်ဝင်သွားရင် ရှားပါးတဲ့ သားရဲတွေ တွေ့ဖို့ မျှော်လင့်မိတယ်”
ပလပ် .. ပလပ် …။
နဂါးလေးသည် အသားပိုင်းကြီးတစ်ခုအား ပျော်ရွှင်စွာ ဝါးရင်း သဘောခွေ့လျက်ရှိ၏။
လွန်ခဲ့သောနှစ်ရက် အတွင်း ဂိုဏ်းချုပ်ကျွင်းသည် အဆင့်မြင့်သားရဲများ၏ အသားများအား ရရှိခဲ့သည်။ ထို့ကြောင့် အချိန်ကာလ တစ်ခုထိ သူသည် အစားအသောက်အတွက် စိတ်ပူစရာမလိုချေ။
“နဂါးလေး …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီနေရာမှာ ငြိမ်ငြိမ်မနေနဲ့။ မင်းရဲ့ အရည်အချင်းကို ထုတ်ပြအုံး”
နဂါးလေးသည် အသားကို ဝါးနေရင်းမှ မြိုချလိုက်သည်။ ပြီးနောက် အထင်အမြင်သေးသော မျက်လုံးနီများဖြင့် ပြန်ကြည့်လိုက်သည်။ သူဆိုလိုသည်မှာ “ဒီသားရဲတွေက အားနည်းလွန်းတယ်။ ကျုပ် တိုက်ခိုက်ဖို့ အရည်အချင်း မပြည့်မီဘူး” ဟု၍ ဖြစ်သည်။
ထိုအရာသည်ကလည်း အမှန်ပင် ဖြစ်၏။
သိုင်းဘုရင် ဒုတိယအဆင့်ကိုပင် အနိုင်ယူခဲ့သော သူတစ်ယောက် အနေဖြင့် ဤအဆင့်သားရဲများအား ဘာကြောင့် တိုက်ခိုက်နေမည်နည်း။
အနောက်ဘက်တွင် အနားယူနေကြသော အစ်ကိုချင်တို့သည် ကျွင်းချောင်ရှောင်းအား ချီးကျုးနေမိသည်။
ထိုလူငယ်၏ အစွမ်းကြောင့် သူတို့ ဤနေရာသို့ သက်တောင့်သက်သာ ရောက်ရှိခဲ့ခြင်း ဖြစ်၏။
………
နောက်တစ်ရက် ..
ကျွင်းချောင်ရှောင်းသည် ခရီးဆက်ရင်း နယ်မြေ ခြောက် ဆီ ရောက်ရှိခဲ့သည်။
အစ်ကိုချင်တို့သည် သူ့နောက် ဆက်မလိုက်တော့ချေ။ တခြားဘက်သို့ ဦးတည်သွားတော့၏။
သူတို့သည် သေမင်းတောင်ကြားတုန်းက ကျင့်ကြံသူများလို သူများချန်ထားသည့် အရိုးအား လိုက်စုပ်ချင်သူများ မဟုတ်ပေ။ သူတို့တွင် ကိုယ်ပိုင် ရည်မှန်းချက် နှင့် ရည်ရွယ်ချက်များ ရှိသည်။
ဘုတ် ..။
ဘာမှန်းမသိသော တည်နေရာထဲမှာတော့ သိုင်းဆရာ ထိပ်ဆုံးအဆင့် သားရဲတစ်ကောင်သည် မြေပေါ် ပြုတ်ကျလာသည်။
အလောင်းများအား ရှင်းလင်းပြီး နောက်တွင် ကျွင်းချောင်ရှောင်းသည် တန်ဖိုးရှိ ပစ္စည်းများအား ရှာဖွေကာ ယူငင်လိုက်၏။
ညရောက်ချိန်မှာတော့ ….
ဘာမှန်းမသိသော တည်နေရာ ငါးခုထဲဝင်ရောက် ရှာဖွေပြီးနောက်တွင် သူသည် အရင်းအမြစ် တော်တော်များများ ရရှိလိုက်သည်။ အအေးသံ အပြင် တခြားသော ကျောက်ရိုင်းများလည်း ရရှိခဲ့၏။
“ငါ အအေးသံ ငါးကီလိုလောက် ထပ်လိုသေးတယ်။ ဒါမှ အလယ်အလတ်အဆင့် အအေးဓားကို သွန်းလုပ်နိုင်မှာ”
……..
နယ်မြေခုနှစ် …။
ကျွင်းချောင်ရှောင်းသည် လေးရက်မြောက်နေ့မှာတော့ နယ်မြေခုနှစ်ထဲ ဝင်ရောက်ခဲ့သည်။
အတွင်းမှာတော့ အဖွဲ့ငယ် အနည်းငယ် ရှိနေကြပြီး နေ့ဝက်လောက် ခရီးနှင်ပြီးနောက် သူသည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထပ်မတွေ့တော့ချေ။
ကျွင်းချောင်ရှောင်းသည် မိုင်အနည်းငယ် ဆက်လျှောက်သွားချိန်မှာတော့ သားရဲများ၏တိုက်ခိုက်မှုကို အကြိမ်သုံးဆယ်လောက် ခံခဲ့ရပြီးဖြစ်သည်။
တိုက်ခိုက်လာသော သားရဲများတွင် အဆင့်တစ် သိုင်းစစ်သူကြီးနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သော သားရဲများ ပါဝင်နေသည်။ နောက်ဆုံးမှာတော့ သူသည် အားလုံးကို သတ်ဖြတ်ပြီး သလင်းအမြူတေများ ထုတ်ယူနိုင်ခဲ့၏။
ကျွင်းချောင်ရှောင်းသည် မြေပုံကို ထုတ်ယူကြည့်လိုက်တော့ ဤနယ်မြေခုနှစ်တွင် ဘာမှန်းမသိသော တည်နေရာဟု သတ်မှတ်ထားသော နေရာမှာ တစ်ခုသာ ရှိကြောင်း သိရှိလိုက်ရသည်။
ဤနေရာ၏ အဆင့်သတ်မှတ်ချက်သည် မြင့်မားလွန်းသောကြောင့် အန္တရာယ်အလွန်များပေလိမ့်မည်။
သူသည်တစ်ခုတည်းရှိသော ဘာမှန်းမသိသည့် တည်နေရာထဲ ဝင်လိုက်ချိန်မှာတော့ မျက်နှာအား လေအေးများ လာရောက်ထိတွေ့သည်။ မြေပြင်တစ်ခုလုံးသည် နှင်းမြူအလွှာများ ဖြစ်တည်နေ၏။
ကျွင်းချောင်ရှောင်း ခန့်မှန်းလိုက်သည် “ရေခဲဓာတ်သားရဲမျိုး ရှိနေတာ ဖြစ်မယ်”
ထိုအချိန်မှာပဲ ခြင်္သေ့တစ်ကောင်သည် ရုတ်တရက် ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်သည် လေးမီတာ မှ ငါးမီတာလောက် မြင့်မားပြီး မျက်လုံးဆီမှ အလင်းတန်းများသည် တောက်ပလျက်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲပန်းပုတစ်ခုကဲ့သို့ ဖြစ်တည်နေပြီး အလွန်လည်း လှပ၏။
စကားတစ်ခွန်းနှင့် ညွှန်းဆိုရမည် ဆိုလျှင် အလွန်ကြည့်ကောင်းသည်ဟု ဆိုရမည်။