← Chapters

အခန်း (၃၃၀)

Vol. 23 Ch. 330

အခန်း (၃၃၀)

Vol. 23 Ch. 330

“လက်ခံသူ …”

စနစ်က ပြောလိုက်သည် “ဒါက ဒုတိယအဆင့် ရေခဲခြင်္သေ့လေ။ ခရမ်းရောင် လျှပ်စီးကျားသားရဲ ထက်ပိုပြီး ရှားပါးတယ်”

“မင်း ဒါတွေကို တကယ်သိတယ်လား” ကျွင်းချောင်ရှောင်း တော်တော် အံ့အားသင့်မိသည်။

စနစ်သည် တစ်ချိန်လုံး သူနှင့် အတူ လျှောက်လိုက်နေတာဖြစ်သည်။ ဘယ်အချိန်တုန်းက ဘယ်စာအုပ်တွေကို ဖတ်ခဲ့၍ ထိုမျှ သိနေရသနည်း။ ရှားပါးလှသည့် သားရဲများ အကြောင်းကိုပင် သိရှိလို့နေ၏။ သောက်ကျိုးနည်းလှချေသည် တကား။

စနစ်က ရှင်းပြလိုက်သည် “ငါ ရေဒီယိုလှိုင်းတွေကို ထုတ်လွှတ်နိုင်တယ်လေ။ ဒါကြောင့် သားရဲတွေ ရဲ့ အကြောင်းကို သိရှိတာပေါ့”

“ဒီလိုလား”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါဆိုရင် ငါအရင်က ဖမ်းခဲ့တဲ့ တောဝက်ရိုင်းလေး အကြောင်း ပြောပြပါအုံး”

“ဒါက ….” စနစ် ဆွံ့အသွားသည်။

သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ သားရဲများအကြောင်း သိရှိသည် ဆိုသော်လည်း တစ်ချို့သော သားရဲများ အကြောင်းကိုတော့ အလုံးစုံမသိချေ။

“ဝေါင်း …”

ထိုအချိန်မှာပဲ ရေခဲခြင်္သေသည် ဒေါသတကြီးဟိန်းလိုက်သည်။ ရေခဲတမျှ အေးစက်သည် လေးများသည် ပျံ့နှံ့သွား၏။

“ဆိုးလိုက်တာ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါ့ဆီမှာ သားကောင်ဖမ်း ဘောလုံးမရှိတာ ဆိုးတယ်။ မဟုတ်ရင် ဒီကောင့်ကို ငါ့သားရဲဖြစ်အောင် လုပ်တယ်”

“ဒါပေမဲ့ ….”

သူ၏ မျက်လုံးထဲတွင် လိုချင်လောဘစိတ်များ တိုးလာသည်။ “ဒီလို အေးစက်တဲ့ ပတ်ဝန်းကျင်မျိုးမှာ အအေးသံတွေ အများကြီးရှိမှာပဲ”

ကျွင်းချောင်ရှောင်းသည် ရှားပါးလွန်းသော သားရဲကြီးအား မျက်နှာသာ ပေးသည့်အနေဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအား ခုနှစ်ဆယ် ရာခိုင်နှုန်း စုစည်းလိုက်သည်။ ပြီးနောက် လက်သီးကို မြှောက်ကာ ထိုးနှက်လိုက်၏။

ဘန်း ..။

ပြင်းထန်လှသော လက်သီးချက်သည် ဝင်ရောက်လာသော ရေခဲဆူးချွန်အားများး ဖျက်ဆီးပြီး ရေခဲမှုန်များ အဖြစ် ဖြစ်တည်သွားစေသည်။

ရေခဲခြင်္သေ၏ မျက်လုံးထဲမှာတော့ အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ဤလူငယ်သည် ထိုမျှ အားကောင်းလိမ့်မည်ဟု သူ မထင်မိခဲ့ချေ။

ဝေါင်း ..။

သူ ခေါင်းကိုမော့ကာ ဟိန်းလိုက်သည်။ မြေပေါ်တွင်ရှိနေသော ရေခဲချွန်များသည် တုန်ခါသွား၏။

ချက်ချင်းဆိုသလိုပဲ ရေခဲချွန်များသည် လေထုထဲတွင်စုစည်းလာသည်။ တည်နေရာတစ်ခုလုံးတွင် ခပ်ဖျော့ဖျော့ အလင်းများ ဖြစ်တည်လာသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီကောင် က ရေခဲဓာတ်ကို ကောင်းကောင်းသုံးနိုင်တာပဲ။ ဓာတ်သဘာဝတွေ သုံးတဲ့နေရာမှာ ခရမ်းရောင်လျှပ်စီးသားရဲထက်တောင် သာသေးတယ်”

ရေခဲခြင်္သေ့သည် အရွယ်ရောက်ပြီး သားကောင် ဖြစ်သည်။ ခရမ်းရောင် လျှပ်စီးသားရဲမှာတော့ သားပေါက်လေး တစ်ကောင် မျှသာ ဖြစ်၏။ အဘယ်သို့ နှိုင်းယှဉ်၍ ရညမည်နည်း။

ရွှစ် .. ရွှစ် ..။

ထိုအချိန်မှာတော့ လေထဲ၌ စုဝေးနေသည့် ရေခဲဆူးချွန်များသည် ရေခဲမြှားများကဲ့သို့ အရှေ့သို့ ပြေးထွက်လာသည်။

ဖောင်း ..။

ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးလိုက်ပြီး အလွန်တရာ ရှုပ်ထွေးလှသည့် လက်စည်း သင်္ကေတတစ်ခုကို ဖန်တီးလိုက်သည်။ ပြီးနောက် သူ၏ လက်များအား အရှေ့သို့ ဆန့်ထုတ်ကာ အော်လိုက်သည် “အင်ပါယာမီး အတတ်”

“ဟူး …ဟူး…”

လက်ဝါး၏ အလယ်ဗဟိုဆီမှ ခြစ်ခြစ်တောက် ပူလောင်လှသည့် မီးတောက်များ ထွက်ပေါ်လာသည်။

ဂိုဏ်းချုပ်ကျွင်းသည် သေမင်းတောင်ကြားထဲမှ ထိုနည်းစနစ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ တစ်ခါမှ ထုတ်ဖော် အသုံးမပြုခဲ့ဘူးဆိုသော်လည်း လေ့ကျင့်မှုကိုတော့မပျက်ခဲ့ချေ။

ယခု ရေခဲဓာတ်သဘာဝ သားရှဲနှင့်ရင်ဆိုင်တွေ့ချိန်မှာတော့ သူ ထုတ်သုံးရပေတော့မည်။

သဘာဝအရဆိုလျှင် မီးသည် ရေခဲအား နိုင်သည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ မီးတောက်များသည် သူ့ဆီသို့ ဝင်ရောက်လာသော ရေခဲများအား ချက်ချင်း အရေပျော်သွားစေ၏။

ရေခဲခြင်္သေ့၏ မျက်လုံးထဲမှာတော့ ကြောက်လန့်သည့်အရိပ်လက္ခဏာများ ပေါ်လာသည်။

ဤလူသား၏ မီးသည် သာမာန်ထက် ထူးခြားသည်ဟု သူ၏ အလိုလိုသိစိတ်က ဖော်ညွှန်းနေ၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်း၏ မီးတောက်သည် အလွန်အားကောင်းလှသည်။ သပ်ရပ်မီးဟု ခေါ်ဆိုသည့် မီးဓာတ် တမျိုးနှင့် ထုတ်ဖော်ထားသည် မဟုတ်လား။

ဤမီးမျိုးစေ့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန်တရာ ရှားပါးလှသည့် မီးမျိုးစေ့ တစ်ခု မဟုတ်သော်လည်း အဆင့်အတန်းမြင့်သည့် မီးမျိုးစေ့တစ်ခု ဖြစ်သည်။ ရေတွက်၍မရအောင် များပြားသော မီးဓာတ် အထူးပြုကျင့်ကြံသူတို့ လိုချင်ကြသော မီးမျိုးစေ့ တစ်ခုလည်း ဖြစ်သည်။

ဂိုဏ်းချုပ်ကျွင်း၏ သပ်ရပ်မီးသည် အဆင့်အတန်းမြင့်မားရုံတင် မကဘဲ သူ၏ မီးဓာတ်ပေါ်တွင် နားလည်မှုကလည်း အလွန်တရာ အားကောင်းသေး၏။

အဘယ့်ကြောင့် ဆိုသော် သူသည် ဤမီးကို အသုံးပြု၍ နေ့စဉ် ဆေးဖော်လိုက်၊ ပန်းပဲလုပ်လိုက် ပြုလုပ်နေသောကြောင့် ပင်ဖြစ်တော့သည်။

တခြားသူများမှာ ဓာတ်သဘာဝ နှင့်ပတ်သက်လျှင် သေချာ အာရုံစိုက်၍ နက်နက်နဲနဲ လေ့လာရသော်လည်း ဂိုဏ်းချုပ်ကျွင်းမှာတော့ ဆေးဖော်ရင်း ၊ ပန်းပဲလုပ်ရင်း နားလည်လျက်ရှိနေ၏။

မီးဓာတ်အမျိုးအစား ကျင့်ကြံသူများသာ ထိုကိစ္စကို သိရှိလျှင် မနာလိုသောကြောင့် သွေးပင်အန်ပေလိမ့်မည်။

“လာ”

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည် “တိုက်ခိုက်လိုက်ကြရအောင်”

“ဟူး ..ဟူး…”

လက်သီးနှစ်ဖက်လုံးမှာတော့ မီးတောက်များ တောက်လောင်လျက် ရှိသည်။ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးရှိ အပူချိန်သည် တိုးတက်လာသည်။

ပခုံးထက်တွင်ရှိနေသော နဂါးလေးသည်ပင် သခင့်ဆီမှ မီးဓာတ်များကို ခံစားမိလာသောကြောင့် သူ၏ ခန္ဓာကိုယ်ဆီမှ မီးတောက်များ ထွက်ပေါ်လာတော့၏။

၎င်းသည် မီးဓာတ်သဘာဝ သားရဲဖြစ်သည်မို့ သခင်၏ ဓာတ်သဘာဝနှင့် လိုက်ဖက်နေသည်။

လူတစ်ယောက် နှင့် သားရဲတစ်ကောင်တို့သည် မီးတောက်များအား တပြိုင်နက်တည်း ထုတ်ဖော်လျက်ရှိသည်။ ပတ်ဝန်းကျင်ရှိ ရေခဲမြူများသည်ပင် အရေပျော်ကုန်လေ၏။

ဤမျှအားကောင်းလွန်းသော မီးတောက်ကို မြင်တော့ ရေခဲခြင်္သေ့၏ မျက်လုံးများတွင် ထိတ်လန့် တုန်လှုပ်သည့် အမူအရာမျိုး ပေါ်လာသည်။

မီးဓာတ်သဘာဝသည် အဆုံးစွန်သော အားကောင်းမှုကို ထုတ်ဖော်လာနိုင်သောကြောင့် ရေခဲများသည် အလိုလို အရေပျော်ကျလာရသည်။

သားရဲများသည် လူသားနှင့် မတူညီကြပေ။

တစ်ဖက်လူသည် အားကောင်းလွန်းမှန်း သိရှိလိုက်သည်နှင့် တပြိုင်နက် သူသည် အကောင်းမွန်ဆုံးသော ဆုံးဖြတ်ချက်အား ချမှတ်လိုက်၏။

သူ၏ ခြေထောက်အောက်ရှိ ရေခဲများသည် အရေပျော်သွားသည်။ သူသည် ထိုရေခဲများအတိုင်း အရှိန်ဖြင့် နောက်သို့ ဆုတ်ကာ တောနက်ထဲ ပြေးဝင်တော့သည်။

သို့ပေမဲ့ …

ထွက်ပြေးခြင်းသည် ပြဿနာအား ဖြေရှင်းနိုင်မည်လား။

ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းအား အသုံးပြု၍ အနောက်မှ လိုက်တော့သည်။ ခန္ဓာကိုယ်မှ မီးညွှန့်များသည် လေအတိုင်းအရှိန်ဖြင့် လိုက်ပါလာသည်။

“ရေခဲလေး .. မပြေးနဲ့”

သူသည် အနည်းငယ်လှမ်းလျှောက်လိုက်ပြီး လေထဲသို့ခုန်ကာ ရေခဲလေး၏ ကျောပေါ် ခုန်တက်လိုက်သည်။ သူ၏ မီးတွေ တောက်နေသော လက်နှစ်ဖက် ဖြင့် ရေခဲခြင်္သေ့၏ နားရွက်နှစ်ဖက်အား လှမ်းဆွဲလိုက်၏။

ရွှီး .. ရွှီး ..။

မီးကျွမ်းသည့် အသံမျိုးထွက်ပေါ်လာပြီး ရေခဲဖြင့် ဖန်တီးထားသော နားရွက်သည် အရေပင် ပျော်ကျသွားသည်။

ဝေါင်း …။

ရေခဲခြင်္သေ့သည် အားရပါးရ ဟိန်းဟောက်လိုက်သည်။

သူသည် ခန္ဓာကိုယ်ထဲတွင် ရှိသော ရေခဲဓာတ်သဘာဝများအား ထုတ်ဖော်ကာ ခုခံလိုက်ချင်သည်။ သို့ပေမဲ့ ထုတ်ဖော်လေ သပ်ရပ်မီးက တိုက်စားလေ ဖြစ်နေ၏။

ထို့ကြောင့် ခန္ဓာကိုယ်အား ခါယမ်းကာ ကိုယ်ပေါ်ရှိ လူသားအား ခါချတော့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ခြေထောက်ဖြင့် သေချာ ညှပ်ထားသောကြောင့် ခါချ၍ မရနိုင်ဖြစ်နေသည်။

မကြာမီမှာပဲ သူသည် မီတာရာချီ၍ ပြေးလွှားပြီး ဖြစ်နေ၏။

ဘုန်း ..။.

ရေခဲခြင်္သေ့သည် ဟန်ချက်ပျက်စွာဖြင့် တောင်နံရံ တစ်ခုအား ဝင်တိုက်မိတော့သည်။

ကံဆိုးစွာဖြင့် ထိုသို့သော အခြေအနေတွင်တောင်မှ ကျွင်းချောင်ရှောင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျမသွားခဲ့ပေ။

ဘုတ် …။

ခဏလောက်ကြာမြင့်ပြီးနောက် ရေခဲခြင်္သေ့သည် အားအင်ကုန်ခမ်းပြီး မြေပေါ်လဲကျသွားသည်။ သူ၏ ခန္ဓာကိုယ်မှ ရေခဲလွှာများသည် အရေပျော်ကျပြီး မြေပေါ်တွင် ရေအိုင်ကြီးတစ်ခုပင် ဖြစ်ပေါ်လာသည်။

ဂိုဏ်းချုပ်ကျွင်းသည် ရေခဲထဲမှ မီးဘောလုံးတစ်ခုလိုပင် ဖြစ်လျက်ရှိ၏။

ထိုအရာသည် သားရဲအားအနိုင်ကျင့်ခြင်းနှင့် ဆင်တူနေသည်။

ဝေါင်း …။

ရေခဲခြင်္သေ့သည် နာကျင်စွာ အော်ဟစ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ ရေခဲလွှာများ အရေပျော်နေပြီ ဖြစ်သောကြောင့် သူသည်သေဆုံးခြင်း၏ အငွေ့အသက်ကိုပင် ခံစားမိလာ၏ ။

ရှားပါးလှသည့် ရေခဲဓာတ်သဘာဝ သားရဲဖြစ်သော်လည်း မီးဓာတ်များ၏ တိုက်စားခြင်းအား ခံနေရသည်။ မည်မျှ ဆိုးရွားလိုက်သနည်း။

“ရေခဲလေး …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မင်း အသက်ဆက်ရှင်ချင်တယ် ဆိုရင် ငါ့ရဲ့ ပဋိညာဉ် သားရဲလုပ်”

ပြောပြီးသည့်နောက်သူ၏ ခန္ဓာကိုယ်ဆီမှ မီးတောက်များ၏ ကျွမ်းလောင်မှု အရှိန်သည် လျော့ကျသွားသည်။

ဤမျှ ရှားပါးသော သတ္တဝါအား သတ်ဖြတ်မည့်အစား ပဋိညာဉ်သားရဲအဖြစ် မွေးနိုင်ပါက အကျိုးရှိပေလိမ့်မည်။

ဝေါင်း …

သေမင်း၏ အငွေ့အသက်ကို ခံစားမိလိုက်သောကြောင့် ရေခဲခြင်္သေသည် အားပျော့စွာဖြင့် အသနား ခံလာ၏။

“သူနဲ့ ဘယ်လို ပဋိညာဉ်ရေးထိုးရမလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

စနစ်မှ ပြောလိုက်သည် “လက်ခံသူရဲ့ ဝိညာဉ်အားအင်နဲ့ သူ့ရဲ့ ဝိညာဉ်အားအင်ကို ဆက်သွယ်လိုက်”

ရွှီး ..။

မကြာခင်မှာပဲ ကျွင်းချောင်ရှောင်း၏ ဝိညာဉ်အားအင်သည် ကြောက်လန့်တကြားနှင့် တုန်ရင်နေသော ပဋိညာဉ်သားရဲ၏ ဝိညာဉ်အားအင်နှင့် ထိတွေ့မိသွား၏။

ဝိညာဉ်အားအင်များသည် ပေါင်းစပ်၍ တစ်ခုတည်း ဖြစ်တည်သွားသည်။

ဝမ် ..။

ရုတ်တရက် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ကြီးမားလှသည့် ပုံရိပ်ယောင် တစ်ခု အဖြစ် ဖြစ်ပေါ်လာ၏။ ထိုအရာမှာ ပဋိညာဉ်အစီအရင်တစ်ခုဖြစ်ပြီး ကျွင်းချောင်ရှောင်း နှင့် ရေခဲခြင်္သေ့တို့အား လွှမ်းခြုံသွား၏။

နှစ်ယောက်သား ပဋိညာဉ်ရေးထိုးမှု ပြုလုပ်နေသည်ကို မြင်တောာ့ နဂါးလေးသည် သခင်၏ ခန္ဓာကိုယ်ပေါ်မှ ဆင်းသက်ပြီး အပေါက်ဝသို့ သွားရောက်ကာ စောင့်ကြည့်ကာကွယ်ပေးနေသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် တစ်စုံတစ်ခု အနှောက်အယှက် ပေါ်လာပါက ဝိညာဉ်ကိုပါ ထိခိုက်မိစေလိမ့်မည်ကို သူ ကောင်းကောင်း နားလည်၏။

ဝမ် .. ဝမ်း ..

စည်းအစီအရင်သည် အလင်းတန်းများ ထွက်ပေါ်နေသည်။

အချိန်တွေ ကုန်လွန်သွား၏။

တတိယမြောက်ရက်ကို ရောက်ရှိချိန်မှာတော့ အလင်းအတားအဆီးသည် ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ် သွားတော့သည်။

ရွှစ် …။

ကျွင်းချောင်ရှောင်းသည် မောပန်းစွာ ပြောလိုက်သည် “ပဋိညာဉ်ရေးထိုးရတာက တော်တော်ပင်ပန်းတာပဲ”

ရေခဲခြင်္သေ့သည် မြေပေါ်မှာ လှဲရင်း သူ၏ သခင်အသစ်အား မော့ကြည့်နေသည်။

ပဋိညာဉ်ရေးထိုးမှုသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

All Chapters