← Chapters

အခန်း (၃၃၁)

Vol. 23 Ch. 331

အခန်း (၃၃၁)

Vol. 23 Ch. 331

သားကောင်ဖမ်း ဘောလုံး မရှိဘဲနှင့် သာမန် ပဋိညာဉ် ရေးထိုးသည့် လုပ်ငန်းအတိုင်း ရေးထိုး၍ ကျွင်းချောင်ရှောင်းသည် ရေခဲခြင်္သေ့ ၏ ပိုင်ရှင် ဖြစ်လာတော့သည်။

အရိုးသားဆုံး ပြောမည်ဆိုလျှင် တစ်ခြားသော သားရဲဖမ်းဆီးသူများသာ ဖြစ်မည်ဆိုပါက ဤသားရဲအား အနိုင်ယူ ဖိနှိပ်နိုင်ရန် ဆိုသည်မှာ အလွန်ခက်ခဲလှချေသည်။

သားရဲများသည်မှာလည်း သူတို့၏ ဂုဏ်သိက္ခာတရား ရှိသည် ဆိုတာကို တစ်စုံတစ်ယောက် အနေနှင့် သိရှိသင့်၏။

သားရဲတို့သည် သူတို့၏ အားကောင်းလှသော ဝိညာဉ်အားအင်ဓာတ်သဘာဝများ ဖိနှိပ်ခြင်း ခံရမှာသာ လူသားများအပေါ်တွင် အညံ့ခံခြင်းကို ပြုလုပ်ကြသည်။

ကျွင်းချောင်ရှောင်းသည် သိုင်းစစ်သူကြီးအဆင့် ဒုတိယ‌တစ်ယောက်ဖြစ်သည်။ သူ၏ ဝိညာဉ်အားအင်မှာလည်း အလွန်အမင်း အားကောင်းလှသည် မဟုတ်ချေ။

အဘယ့်ကြောင့် ရေခဲ‌ခြင်္သေ့အား အလုံးစုံဖိနှိပ်နိုင်ခဲ့သည်ဆိုသည်မှာ အကြောင်းအရင်း ရှိပေသည်။

ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခဲ့ခြင်းကြောင့် တစ်ဖက်သားရဲသည် အလျော့ပေးခဲ့ခြင်း မဟုတ်ပေ။ မီးဓာတ်သဘာဝကို အသုံးပြု၍ တစ်ဖက်၏ ရေခဲသဘာဝကို ဖိနှိပ်ကာ အနိုင်ယူခဲ့ခြင်းကြောင့် ဖြစ်၏။

ဤဓာတ်သဘာဝသည် ဆန့်ကျင်ဘက် ဖြစ်သည်။ ထို့ကြောင့် ရလာဒ်သည်လည်း ဆန့်ကျင်ဘက် ဖြစ်သည်။

ရေခဲ‌ခြင်္သေ့သည် တစ်ခါတည်း ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ရသည်။ သူ့အနေနှင့် ဆက်လက်ခုခံရန် အားအင်လည်း မရှိတော့ချေ။

ကျွင်းချောင်ရှောင်းက ပဋိညာဉ်စာချုပ် ချုပ်ဆိုရန် ပြောဆိုလိုက်သည့် အချိန်မှာတော့ သူသည် မနှောင့်နှေးပဲ အညံ့ခံလိုက်ရတော့သည်။

ထိုသူသည် သူ၏ အညံ့ခံခြင်းနှင့် ထိုက်တန်လှသော လူတစ်ယောက် ဖြစ်၏။

ပြောရမည်ဆိုလျှင် သားရဲများကို ပဋိညာဉ်စာချုုပ် ချုပ်ဆိုပြီး ထိန်းချုပ်နိုင်ရန် ကြမ်းတမ်းလှသည့် အားအင်ကို အသုံးပြုခြင်းဖြင့် မဖြစ်နိုင်ပေ။

များပြားလှသော သားရဲ ဖမ်းဆီးထားသူများသည် သူတို့၏ ပဋိညာဉ် သားရဲများနှင့် တူညီသည့် ဓာတ်သဘာဝ ရှိသော သားရဲများကိုသာ ရွေးချယ်တတ်ကြသည်။

ကျွင်းချောင်ရှောင်းမှာတော့ မတူညီသည့် ဓာတ်သဘာဝဖြစ်သည့် သားရဲအား အနိုင်ယူပြီး အလွန်အမင်း အားကောင်းကြောင်းကို ပြသခဲ့သောကြောင့် ပို၍ ထူးခြားသည်ဟုဆိုရမည်။

ဝေါင်း

ပဋိညာဉ်ရေးထိုးခြင်းကို ပြုလုပ်ပြီးသည့်နောက် ရေခဲခြင်္သေ့သည် အားပျော့စွာဖြင့် အော်ဟစ်လိုက်သည်။

သူသည် ပဋိညာဉ်သားရဲတစ်ကောင်ဖြစ်လာခဲ့ရသော်လည်း မီးကျွမ်းလောင်ထားသော ဒဏ်ရာများမှာ မနည်းလှချေ။

"မင်း ပါးစပ်ကို ဟလိုက်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ရေခဲခြင်္သေ့သည် ပါးစပ်ဟလိုက်၏။

ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအား ပစ်ထည့်လိုက်သည်။

စနစ်မှ ဆွံ့အသွား၏။ "ဒါက လူသားတွေ စားဖို့လေ။ဘယ်လိုဖြစ်ပြီး ကျွေးရတာလဲ။"

ရေခဲခြင်္သေ့သည် ရုတ်တရက်ဆိုသလိုပဲ ထရပ်လိုက်သည်။ မူလအားဖြင့် ပိန်လီသွားသော ခန္ဓာကိုယ်သည် ရေခဲဓာတ်စင်များ၏ လွမ်းမိုးမှု အောက်မှာတော့ ပိုမို၍ ကြီးထွားလာ၏။

စနစ် ပြောလိုက်သည်။ "ဒါကြီးက မဖြစ်နိုင်ဘူး။"

ဝှစ်။

ပြန်လည်ကုစားခြင်း ဆေးလုံးကြောင့် ရေခဲခြင်္သေ့သည် သူ၏ ဆန်းကြယ်လှသော အသွင် သဏ္ဍာန်ကို ပြန်လည် ရရှိလာသည်။

၎င်း၏ ကိုယ်ပေါ်တွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းမှာတော့ အပြုံးတွေ အပြည့်နှင့် ဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် သူသည် ရေခဲ‌သားရဲအား ဖိနှိပ်အ‌နိုင်ယူနိုင်ခဲ့ရုံသာမက သံအအေးကျောက်ရိုင်းများ တစ်ထောင်နီးပါးလောက်ကို သူ ရှာဖွေ တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

လက်ရှိအချိန်တွင်မှာတော့ ပန်းပဲခန်းမဆောင်သည် အသက်ဝင်လျက်ရှိနေပြီဖြစ်ပြီး အလယ်အလတ်အဆင့် အအေးဓားများကို ဖန်တီးကြလျက်ရှိသည်။

"ရေခဲလေး။"

ကျွင်းချောင်ရှောင်းသည် သားရဲ‌၏ ခန္ဓာကိုယ်ပေါ်မှာ စီးနင်းရင်း ရေခဲခြင်္သေ့၏ ဦးခေါင်းအား အသာပွတ်သပ်ကာ ပြောလိုက်သည်။ "ဒီနေ့ကစ ဒါက မင်းရဲ့ နာမည်ပဲ။"

ဝေါင်း။

ရေခဲလေးသည် အားရပါးရ အော်ဟစ်လိုက်၏။

စနစ်မှ ဆွံ့အသွား၏။ "လက်ခံသူရဲ့ နာမည်ပေးတဲ့ အရည်အသွေးကတော့ တော်တော်ကို နိမ့်ကျတယ်လို့ ဆိုရမယ်။"

"သွားကြစို့။"

ကျွင်းချောင်ရှောင်းသည် တည်နေရာတစ်ခုဆီသို့ လက်ညိုးညွှန်ကာ ပြောလိုက်သည်။ "သွားမယ်"

ဝေါင်း။

ရေခဲခြ‌င်္သေ့သည် သူ၏ ဦးခေါင်းကို မော့၍ ထပ်မံကာ ဟိန်းလိုက်တော့သည်။ ပြီးနောက် သူသည် သူ၏ရေခဲလို ခြေလက်လေးဖက်ကို အသုံးပြု၍ ရှေ့သို့ အပြေးနှင်တော့သည်။

သူ ဖြတ်သန်း‌သွားသော နေရာတိုင်း‌တွင် ရေခဲအလွှာများ ဖြစ်တည်ကာ ကျန်ရစ်ခဲ့၏။

ကျွင်းချောင်ရှောင်း ၌ ခရမ်းရောင်လျှပ်စီး ကျားပေါက်‌လေးနှင့် ယခု ရေခဲ ခြင်္သေတို့ ရှိလို့ နေပြီ ဖြစ်သည်။ သူ သည် အလွန်တရာ စိတ်ကောင်းဝင်နေသောကြောင့် သီချင်းပင် အော်၍ ဆိုလိုက်မိသည်။

ကျွင်းချောင်ရှောင်း သားရဲနှင့် ပဋိညာဉ်ရေးထိုးပြီးသည့်နောက်မှာတော့ လူနှစ်ဆယ်သော အဖွဲ့တစ်ခုသည် နယ်မြေ ခုနစ်ဆီသို့ ရောက်ရှိသွားကြသည်။

သူတို့သည် လက်ရှိမှာတော့ ပြင်းထန်သော တိုက်ပွဲတစ်ခုကို တိုက်ခိုက်လျက်ရှိ၏။

သိုင်းဆရာ အဆင့်ခြောက် သားရဲနှစ်ကောင်နှင့် ကြမ်းတမ်းသော တိုက်ပွဲကို တိုက်ခိုက်နေရခြင်း ဖြစ်ပြီး ထိုသားရဲတို့သည် ကျွဲရိုင်းများနှင့်ပင် ဆင်တူလှသည်။

ကျွဲရိုင်းသားရဲနှစ်ကောင် နှင့် လူသားတစ်ဖွဲ့တို့၏ တိုက်ပွဲသည် လက်ရေညီလျက်ရှိ၏။

သို့ပေမဲ့ ဤနေရာသည် သားရဲတစ်ထောင်တော ဖြစ်သည်။။တိုက်ပွဲကို တည်နေရာရှိ တခြားသော သားရဲရိုင်းများသည်လည်း သတိပြုမိသွားနိုင်သည်။

အချိန်အတော်ကြာသည်အထိ ဤသားရဲကြီးနှစ်ကောင်အား အနိုင်မယူနိုင်ဖြစ်နိုင်သည်ကို သတိပြုမိတော့ အားလုံးသော လူများသည် စိတ်မ‌ရှည်သလို ဖြစ်လာ၏။

"ကောင်းကင်ကျိုးကြေ မြေပြင်အက်ကွဲ။"

အရပ်ရှည်ရှည်နှင့် တောင့်တင်းသော ခန္ဓာကိုယ် ကို ပိုင်ဆိုင်သော လူငယ်တစ်ယောက်သည် ရှေ့သို့ တိုးလာပြီး ကြမ်းတမ်းလှသော သားရဲကြီးနှစ်ကောင်ထဲမှ တစ်ကောင်အား အလွန်ပြင်းထန်သော အားအင်ဖြင့် တိုက်ခိုက်လိုက်သည်။

သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် အလျှင်အမြန်ပဲ စုဝေးလာ၏။

ဘုန်း။

အလွန်ပြင်းထန်သော လက်သီးချက်ကြီးသည် သားရဲရိုင်းကြီးအား ထိမှန်သွားပြီး သားရဲကြီးသည် နောက်သို့ လွင့်စင်သွားသည်။

"အစ်ကိုရီ က အရမ်းမိုက်တယ်။"

ကျင့်ကြံသူ ဆယ်ယောက်ကျော်တို့သည် သူ့အား ချီးကျူးသလို ကြည့်မိလိုက်ကြသည်။

ဝုန်း။

ထိုအချိန်မှ‌တော့ တစ်ခြားသော သားရဲရိုင်းသည် ရူးသွပ်သွားပုံပေါ်သည်။

သူ၏ ကြီးမားလှသော ဦးချိုကြီးနှစ်ခုအား ခါယမ်း၍ လူသားအဖွဲ့ထဲသို့ ဒေါသတကြီး ဝင်ရောက်တိုက်ခိုက်တော့သည်။

"အားလုံးပဲ ရှောင်ကြ။"

အစ်ကိုရီဟုခေါ်သော လူငယ် က အော်လိုက်သည်။

အားလုံးသည် မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန်လိုက်ကြ၏။

ကြီးမားလှသော ကျွဲရိုင်းကဲ့သို့ သားရဲရိုင်းကြီးသည် သူတို့ဆီသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်တည်း ကြိုတင်၍ ရှောင်ရှားခဲ့ပြီးဖြစ်သည်။

သို့ပေမဲ့ ဤအကောင်ကြီးသည် ရူးသွပ်သွားသကဲ့သို့ ဖြစ်သွားခဲ့သောကြောင့် သူတို့အနေနှင့် အနိုင်ယူနိုင်မည်ဟူသော ယုံကြည်ချက်ပျောက်ဆုံးသွားခဲ့ကြ၏။

တစ်ဖက်မှ သားရဲသည် အားကောင်းလွန်းလှသည့်မို့ သူတို့သည် အရေအတွက်ကိုသာ အသုံးပြု၍ တိုက်ခိုက်နေခဲ့ရသည်။ မည်သူမှ သိုင်းဆရာအဆင့်ခြောက်သားရဲကြီးတစ်ကောင်နှင့် တစ်ယောက်ချင်း မျက်နှာချင်းဆိုင် မတိုက်ခိုက်ရဲကြချေ။

ဒန်။

အစ်ကိုရီဟုခေါ်သော အစ်ကိုသည် ရှေ့သို့ ပြေးတက်လာသည်။

သူ၏ ညာဘက်လက်သီးကို မြှောက်၍ အလွန်ကြီးမားသော အားအင်များကို ထုတ်ဖော်ကာ ကျွဲရိုင်းကဲ့သို့ သားရဲကြီး၏ ကျောဘက်သို့ ထိုးနှက်လိုက်၏။

ဒုတိယကျွဲရိုင်းသားရဲကြီးသည် လွင့်စင်သွားတော့သည်။

ပြင်းထန်လှသော လက်သီးချက်ကြောင့် သားရဲကြီးနှစ်ကောင်သည် မြေပေါ်သို့ လဲကျသွားပြီး အတန်ကြာသည်အထိ မတ်မတ် ပြန်မရပ်နိုင်ပေ။

"အံအားသင့်စရာပဲ ….. အစ်ကိုရီ က တကယ့်ကို အံ့အား သင့်စရာပဲ။"

ကျန်အဖွဲ့သားများက ချီးကျူးလိုက်မိကြသည်။

ကျုံးရီ သည် သူ၏ လက်သီးကို အသာပြန်ရုတ်ပြီး လေးလေးနက်နက် ပြန်ပြောလိုက်သည်။ "ငါတို့ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး။နယ်မြေခြောက်ထဲကနေ မြန်မြန်သွားရမယ်။"

ဝူး။

သူ ပြောပြောပြီးချင်းမှာပဲ တောနက်ဘက်ဆီမှ ဝံပုလွေအူသံတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပဲ လေပွေဝံပုလွေများသည် သူတို့၏ ခြေထောက်တွင် လေပွေကဲ့သို့သော အရာများကို နင်းတက်၍ ရောက်ရှိလာကြတော့၏။

"ဒုက္ခပဲ။"

ကျုံးရီ မျက်မှောင်ကုတ်သွားမိသည်။

လေပွေဝံပုလွေ တော်တော်များများသည် အဆင့်တစ် သားရဲရိုင်းများ ဖြစ်ကြသည်။ ထိုသူတို့သည် သူ့အား မချိန်းခြောက်နိုင်ဘူးဆိုသော်လည်း အကောင်အရေအတွက် များပြားလွန်းသောကြောင့် တိုက်ခိုက်အနိုင်ယူနိုင်ရန် ခက်ခဲလှ၏။

"အစ်ကိုကြီး ကျုပ်တို့ ဘာလုပ်ကြမလဲ။"

လူငယ်က တစ်ယောက်က ထိတ်လန့်တကြားဖြင့် မေးလိုက်၏။

ကျုံးရီ သည် သူ၏ အင်္ကျီလက်အား ခေါက်တင်လိုက်ပြီး မတ်မတ်ရပ်ကာဖြင့် ပြောလိုက်သည် “ငါ သူတို့ကို ထိန်း‌ထားမယ်။မင်းတို့ ပြေးနိုင်သလောက်သာ မြန်မြန်ပြေးတော့။"

"ဒါပေမဲ့ အစ်ကိုရီ … ခင်ဗျား …..”

“ပြေး။"

အားလုံးသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ မြန်နိုင်သမျှ မြန်မြန် ဆုတ်ကြတော့၏။

ဤအချိန်မှာတော့ သူတို့အားလုံး၏ မျှော်လင့်ချက်သည် ကျုံးရီ အပေါ်မှာသာ မူတည်နေသည်။

ကျုံးရီ သည် ၎င်းသတ္တဝါများအား မတားဆီးနိုင်ပါက သူတိုသည် ဝံပုလွေ သားရဲအုပ်၏ အစားအစာ ဖြစ်သွားမှာ သေချာနေ၏။

"အာဝူး။"

လေဝေံပုလွေ အနည်းငယ်တို့သည် ရှေ့သို့ လှမ်းတက်လာ၏။ သူတို့သည် လေအလျင်ကဲ့သို့ မြန်ဆန်လှသည်။

"သေစမ်း။" ကျုံးရီ သည် အေးစက်စက် အော်ဟစ်လိုက်၏။

သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို လက်သီးဆီသို့ ပို့လွှတ်ပြီး ဝင်ရောက်လာသော ဝံပုလွေနှစ်ကောင်အား နောက်ဘက်သို့ လွင့်စင်အောင် တိုက်ခိုက်လိုက်သည်။

ဝံပုလွေများသည် မြေပေါ်သို့ ပြုတ်ကျသွားပြီးနောက် အလောင်းကောင်များ ဖြစ်ကုန်ကြတော့သည်။

သူသည် ငယ်ရွယ်သည်ဆိုသော်လည်း အလွန်တရာ အားကောင်းလှ၏။

အာဝူး။

ထိုအချိန်မှာပဲ လေပွေ ဝံပုလွေ သုံးကောင်သည် ရှေ့သို့ လှမ်းတက်လာတော့သည်။

ဤကဲ့သို့ အခြေအနေမျိုးသို ရင်ဆိုင်ရချိန်မှာတော့ ကျုံးရီ သည် တစ်ချက်ကလေးမှ ကြောက်လန့်မှု မရှိပေ။

သူသည် နှစ်ကောင်အား ဝင်ဝင်လာချင်းမှာပဲ တိုက်ခိုက်လိုက်ပြီး တစ်ကောင်ကိုတော့ အသာရှောင်ရှားပြီးမှ တိုက်ခိုက်လိုက်ဝော့ာသည်။

ဝင်ရောက်လာရန် ကြိုးစားနေကြသော လေပွေဝံပုလွေများသည် ဤလူသားမှာ အလွန်တရာ အားကောင်းလှကြောင်း နားလည်သွားကြ၏။ ထို့ကြောင် သူတို့သည် ချက်ချင်းဆိုသလိုပဲ ဗျူဟာ ပြောင်းလိုက်ကြ၏။

ဝံပုလွေ သုံးဆယ်ကျော်တို့သည် ထွက်ပြေးသွားကြသော ကျင့်ကြံသူ သုံးဆယ်ကျော်တို့၏ နောက်သို့ လိုက်၍ တိုက်ခိုက်ကြတော့သည်။

ဝှစ်။

ကျုံးရီ သည် ထိုအချက်ကို သတိပြုမိ၏။

ထို့ကြောင့် သူသည် ခန္ဓာကိုယ် လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ ထိုလူများနောက်သို့ လိုက်ပါသွားသည်။

သို့သော်လည်း လူတစ်ယောက်၏ စွမ်းအင်ဆိုသည်မှာ အကန့်အသတ်ရှိ၏။

သူအား ဝိုင်းပိတ်၍ တိုက်ခိုက်လာသော လေပွေဝံပုလွေ ဆယ်ကောင်ကျော်တို့အား အပြင်းအထန် ပြန်လည် တိုက်ခိုက်နေရ၏။

"အာဝူး။"

လေပွေ ဝံပုလွေတစ်ကောင်သည် အရင်ဆုံးမီ သွားပြီး ထွက်ပြေးသွားသော ကျင့်ကြံသူတစ်ယောက်၏ ကျောကုန်းအား ကုတ်ခြစ်လိုက်တော့သည်။

"မဟုတ်ဘူး။"

ဘုတ်။

သိုင်းတပည့် အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ဖြစ်သော ထိုသူ‌သည် လေပွေ ဝံပုလွေ၏ လက်ချက်ဖြင့် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

ပြီးနောက် လေပွေ ဝံပုလွေသည် ထိုသူ၏ လည်ပင်းအား ကိုက်၍ ခါလိုက်တော့သည်။ သွေးများသည် နေရာအနှံ့သို့ ပျံ့နှံ့သွား၏။

ကျယ်လောင်လှသော အော်သံတစ်ခုသည် သစ်တောထဲမှ ထွက်ပေါ်လာ၏။

အား။

ကျုံးရီ သည် အရူးတစ်ယောက်လိုပဲ ရှေ့သို့ လှမ်းတက်လိုက်သည်။

သူသည် ပြင်းထန်လှသော တိုက်ခိုက်ချက်များကို ထုတ်ဖော်ပြီး ရှေ့မှ လေပွေ ဝံပုလွေကို တိုက်ခိုက်နေ၏။

"အစ်ကိုကြီး ။"

ထိုက်ရွှီဟုခေါ်သော ကျင့်ကြံသူသည် မြေပေါ်သို့ လဲနေပြီဖြစ်၏။ သူ၏ မျက်လုံးများသည် အသိစိတ် ကင်းလွတ်နေပုံပေါ်သည်။ သို့ပေမဲ့ ခက်ခက်ခဲခဲ အားယူကာ ပြောလိုက်သည်။ "ကျုပ်တို့ နောက်ဘဝမှာ ညီအစ်ကို ဆက်ဖြစ်ကြမယ်။"

လက်ရှိမှာတော့ ထိုလူသည် သေဆုံးသွားပြီ ဖြစ်သည်။

အား။

သူ၏ညီအစ်ကိုသည် မျက်စိရှေ့တွင် သေဆုံးသွားရသည်ကို မြင်တော့ ကျုံးရီ သည် ဦးခေါင်းကို မော့၍ နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးများသည်လည်း ရဲရဲနီနေ၏။

ကံဆိုးစွာနှင့် ထိုကဲ့သို့အမူအရာ ပြောင်းလဲသွားခဲ့သည် ဆိုသော်လည်း တိုက်ခိုက်မှု စွမ်းရည်မှာ တိုးတက် မလာခဲ့ပေ။

နေရာမျိုးစုံမှာ ဝင်ရောက်တိုက်ခိုက်လျက်ရှိသော လေပွေ ဝံပုလွေများသည် သူ့အား လျစ်လျူရှု၍ တစ်ခြားသော ကျင့်ကြံသူများဆီသို့ ပြေးဝင်ကာ တိုက်ခိုက်ကြတော့သည်။

ရွှီ။

ကျင့်ကြံသူတစ်ယောက် နောက်ကျောဘက်သည် ဓားကဲ့သို့ ချွန်ထက်လှသော လေပွေ ဝံပုလွေ၏ လက်သည်းများဖြင့် လှီးဖြတ်ခြင်းကို ခံခဲ့ရကာ ထိုသူသည် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ ထို့နောက် လေပွေဝံပုလွေနှစ်ကောင်တို့သည် ထိုသူဆီသို့ ဝင်ရောက်၍ ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ကြတော့၏။

ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော မြင်ကွင်းသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။

တစ်ယောက်ပြီးတစ်ယောက်သည် လေပွေဝံပုလွေ၏ တိုက်ခိုက်ခြင်းကို ခံနေရပြီး ထိုသူတို့အားလုံးသည် လေပွေဝံပုလွေများ ရောက်ရှိလာပြီး ကိုက်ခဲစွာ သတ်ဖြတ်နေသည့် အခြေအနေကို ငြိမိငြိမ်သက်သက်နှင့် စောင့်ဆိုင်းနေရသလို ဖြစ်နေကြ၏။

သူတို့သည် မသေဆုံးခင်မှာ ကြောက်ရွံ့မှုကို မထုတ်ဖော်ကြချေ။ သူတို့သည် အားရှိသလောက် အော်လိုက်ကြ၏။ "အစ်ကိုကြီး နောက်ဘဝမှာ ညီအစ်ကို ဆက်ဖြစ်ကြရအောင်။"

All Chapters