အခန်း (၃၃၂)
Vol. 23 Ch. 332
"နောက်ဘဝမှာ ညီအစ်ကို ထပ်လုပ်ကြစို့။"
"နောက်ဘဝမှာ လည်း ညီအစ်ကို လုပ်ကြစို့။"
ထိုစကားသည် ကျုံးရီ ၏ နားထဲတွင် အထပ်ထပ် ပဲ့တင်ထပ်လျက်ရှိသည်။ထိုအရာသည် သူ့အား ဘာတစ်ခုမှ မမြင်ရစေဘဲ စုံလုံးကန်းသွားစေသည်။
နီရဲနေသည့် မျက်လုံးအစုံနှင့် အတူ လေပွေဝံပုလွေများဆီသို့ တိုးဝင် တိုက်ခိုက်သတ်ဖြတ်လိုက်သည်။
အား
"င့ါညီအစ်ကိုတွေကို သတ်ခဲ့တယ်။ ငါမင်းတို့ကို သေအောင် သတ်မယ်။"
ဤအချိန်မှာတော့ ကျုံးရီ သည် အမှန်အကန် ရူးသွပ်သွားသူတစ်ယောက်ကဲ့သို့ပင်။
အာဝူး … ဝူး။
ထိုအချိန်မှာတော့ လေပွေဝံပုလွေခြောက်ကောင်ကျော်တို့သည် သူ၏ အနောက်ဘက်မှ ပေါ်လာသည်။
ဘုန်း ဘုန်း။
ကျုံးရီ သည် နှစ်ကောင် သို့မဟုတ် သုံးကောင်အား သတ်ဖြတ်နိုင်ခဲ့သည် ဆိုသော်လည်း ဤမျှများပြားလှသော ဝံပုလွေများကိုတော့ တိုက်ရိုက်တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။
ဝံပုလွေ သားရဲများ၏ တိုက်ခိုက်မှုကို ခံရပြီး သူ၏ ကျောကုန်းဘက်တွင် ရေတွက်၍ မရသော ဒဏ်ရာများ ဖြစ်တည်လာသည်။
သူသည် အနောက်ဘက်သို့ လွင့်စင်သွား၏။
ဘန်း
သူသည် ကျောက်တုံးကြီးတစ်ခုနှင့် ထိခိုက်မိပြီး ကျောဘက်ဆီမှ ကြက်သီးထလောက်အောင် အေးသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ သူ၏ စိတ်များသည် ပိုမို၍ ကြည်လင်လာသည်။
ဝေါင်း …။
ဝေါ့ …။
သွေးတစ်လုံး အန်ထွက်လာပြီးသည့်နောက် ကျုံးရီ၏ မျက်နှာသည် စိတ်ပျက်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း စသော အရိပ်အယောင်များနှင့် ပြည့်နက်သွား၏။
သူသည် ဒဏ်ရာရရှိသွားခဲ့ပြီဖြစ်သည်။ မည်သို့မှ မတတ်နိုင်ပေ။
ထို့ကြောင့် သူ၏ အဖော်များ အား လေပွေဝံပုလွေများ ပက်ပက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေခြင်းကို ကြည့်ရှုနေရုံသာ တတ်နိုင်တော့သည်။
သူ့အတွက်တော့ ဤလောကကြီးတွင် အလွန်တရာ နာကျင်ဖွယ်ရာကောင်းသော ခံစားမှုကို ခံစားနေရခြင်းပင် ဖြစ်၏။
သူ၏ ညီအစ်ကိုများသည် ဝံပုလွေများ၏ ကိုက်ခဲသတ်ဖြတ်ခြင်းကို ခံနေရသည်ကို မြင်နေရသည်မှာ အလွန်တရာ ခံစားရခက်လှသည်။ နှလုံးကွဲမတတ် နာကျင်မှုပင် ဖြစ်တော့သည်။
ကျုံးရီ သည် လေပွေ ဝံပုလွေများ သူ့ဆီသို့ ရောက်ရှိလာပြီး သူ့အား စားသောက်သည်အထိ စောင့်မနေချင်ပေ။ သူသည် သူ၏ ညီအစ်ကိုများ သတ်ဖြတ်ခံနေရသည်ကို အကူအညီမဲ့စွာဖြင့် ရပ်ကြည့်၍ လည်း မနေချင်ပေ။
သို့သေို့ပေမဲ့ လေပွေ ဝံပုလွေများသည် သူဆီသို့ ဝင်ရောက်လာရာ လမ်းမှာတော့ အသာ ရပ်တန့်သွားကြ၏။
ဝူး
ရုတ်တရက်ဆိုသလိုပဲ အေးစက်လွန်းသော အော်ရာများသည် အပေါ်ဘက်ဆီမှ ထွက်ပေါ်လာသည်။
အလွန်တရာ အေးစက်လွန်းသော ခံသားချက်များကို ခံစားမိတော့ ကျုံးရီ၏ စိတ်တစ်ခုလုံးသည် အေးခဲသွား၏။
သူ မြန်မြန်ပဲ အပေါ်ကို မော့ကြည့်လိုက်ချိန်မှာတော့ ခြင်္သေ့လို သားရဲတစ်ကောင်သည် သူ့အား အပေါ်စီးမှ ကြည့်ေ၎င်းသတ္တဝါသည် ကြီးမားလွန်းပြီး မျက်လုံးများသည် အလွန်တရာ အေးစက်နေသည်။
ဟူး ဟူး။
အြရှိန်အဝါများ ထွက်ပေါ်လာပြီး ကျုံးရီ၏ ကျောဘက်အား အေးခဲနေစေသည်။
ထိုအချိန်မှာတော့ ကျုံးရီ သည် သူထိမှန်မိသည်မှာ ကျောက်တုံးတစ်ခု မဟုတ်ဘဲ ကြမ်းတမ်းလှသာ သားရဲကြီး၏ ပေါင် ဖြစ်နေသည်ကို သတိပြုမိလိုက်၏။
၎င်းသတ္တဝါကြီးဆီမှ ထွက်ပေါ်လာသော အော်ရာများကို ကြည့်လျှင် သိုင်းစစ်သူကြီးအဆင့်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ကြောင်း သိရှိနိုင်သည်။
လေပွေ ဝံပုလွေများ ထပ်၍ ဝင်ရောက်မလာသည်မှာ အံ့အားသင့်စရာတော့ မဟုတ်တော့ချေ။
သူ၏ ညီအစ်ကို ရောင်းရင်းများအား ကိုက်ခဲသတ်ဖြတ်နေကြသော လေပွေ ဝံပုလွေများသည်လည်း ရပ်တန့်သွားကြ၏။
ပြီးနောက် လေပွေ ဝံပုလွေတို့သည် အလွန်ကြောက်ရွံ့သော မျက်လုံးများနှင့် ခြင်္သေ့သားရဲကြီးအား ပြန်လည်ကြည့်ရှုလိုက်ကြသည်။
ကျုံးရီ သည် လေပွေဝံပုလွေများ ကိုက်ခဲ၊ သတ်ဖြတ်ခြင်းမှ ရပ်တန့်သွားသည်ကို မြင်ရသော်လည်း စိတ်မတည်ငြိမ်နိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် သူနှင့် သူ၏ ညီအစ်ကိုများသည် လေပွေဝံပုလွေများ၏ ပါးစပ်ထဲတွင် မသေဆုံးနိုင်တော့သော်လည်း ခြင်္သေ့တစ်ကောင်၏ ပါးစပ်ထဲသို့ သက်ရောက်တော့မည့် ဖြစ်ကြောင်း သိရှိလိုက်ရသောကြောင့် ဖြစ်၏။
သူ စိတ်ပျက်လက်ပျက်ဖြစ်နေတုန်းမှာပဲ အသံတစ်ခုသည် သူ၏နားထဲသို့ ဝင်ရောက်လာသည်။ "မင်းကို ကြည့်ရတာ ဒုက္ခရောက်နေတဲ့ပုံပဲ။ငါ့အကူအညီကို လိုသေးလား။"
ကျုံးရီသည် အံ့အားသင့်မိသွားသည်။
သူသည် အကောင်းဆုံး ကြိုးစား၍ ခေါင်းကိုမော့ကာ ကြည့်လိုက်ချိန်မှာတော့ ခြင်္သေ့သားရဲ၏ ကိုယ်ပေါ်တွင် ထိုင်လျက်ရှိသော အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို မြင်လိုက်ရ၏။
ထိုသူ၏မျက်နှာပေါ်တွင် ကြင်နာလှသော အပြုံးတစ်ခု ရှိနေသည်။
ထိုမျက်နှာ … ထိုအပြုံး။
ချက်ချင်းဆိုသလိုပဲ ဤအရာများသည် ကျုံးရီ၏ စိတ်ထဲတွင် ကဗ္ဗည်းတင်သွား၏။ မည်သည့် အခါမှ ပြန်ဖျက်၍ ရတော့မည် မဟုတ်ချေ။
သူနှင့် သူ၏ ညီအစ်ကိုများ ဒုက္ခရောက်နေချိန်တွင် ဤကဲ့သို့သော လူမျိုးနှင့် ဆုံရသည့်အတွက် သူ အလွန်တရာ ပျော်ရွင်သွားမိ၏။
ဟုတ်ပါသည်။ သူသည် တစ်ချက်လေးမှ မနှောင့်နှေးဘဲ ပြောလိုက်သည်။ “ကူညီပါ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ငါ မင်းကို ကူညီနိုင်တယ်။ဒါပေမဲ့ ကတိ တစ်ခု ပြန်ပေးရမယ်။”
ကျုံးရီ သည် နည်းနည်းလေးမှ မစဉ်းစားဘဲ ပြောလိုက်သည်။ "ကျုပ်ရဲ့ ညီအစ်ကိုတွေကို ကယ်နိုင်မယ်ဆိုရင် ကတိတစ်ခုမပြောနဲ့ တစ်ရာဆိုရင်လည်း ပေးနိုင်တယ်။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ မင်းကို ဒီမိစ္ဆာသတ္တဝါတွေရဲ့ လက်ကနေ ကယ်မယ်။"
ထိုကဲ့သို့ အူကြောင်ကြောင် စကားများကို ပြောဆိုနေသည်ကို ကြည့်လိုက်သည်နှင့် ဤသူမှာ ကျုပ်တို့၏ ဂိုဏ်းချုပ်ကျွင်းမှ လွဲ၍ တစ်ခြားသူ မဟုတ်ကြောင်း သိသာ ထင်ရှားလှပေသည်။
ဘာမှန်းမသိသော တည်နေရာထဲက ထွက်ခွာလာပြီးသည့်နောက် သူသည် ဝံပုလွေ အော်သံများကို ကြားလိုက်ရသည်။ ထိုအသံများကို သေချာ နားထောင်ကြည့်တော့ လေပွေ ဝံပုလွေများ ဖြစ်မည်ဟု ဆုံးဖြတ်မိကာ ရေခဲခြင်္သေ့ကို စီးနင်း၍ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
သို့ပေမဲ့ သူသည် ခြေတစ်လှမ်းနောက်ကျသွားခဲ့၏။
ကျင့်ကြံသူတော်တော်များများသည် သေဆုံးခဲ့ပြီးဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် စိတ်မကောင်းတော့ မဖြစ်ချေ။ အဘယ့်ကြောင့်ဆိုသော် သားရဲတစ်ထောင် တောင်ကြားထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ သေခြင်းရှင်ခြင်းသည် ကံတရားအပေါ်တွင် မူတည်နေသည်။ ထို့ကြောင့် သူ့အနေနှင့် တစ်ဖက်လူများအား မကယ်တင်လိုက်ရသောကြောင့် နောင်တရသည်ဟူသော ခံစားချက်မျိုးတော့ မရှိချေ။
ဝေါင်း။
ရေခဲသားရဲသည် သူ၏ ခြေလေးဘက်ကို အသုံးပြု၍ လေပွေ ဝံပုလွေဆီသို့ ခုန်ဝင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ အေးစက်လှသော အော်ရာများ ထွက်ပေါ်လာ၏။
အာဝူး။
လေပွေ ဝံပုလွေများသည် ထိတ်လန့် ကြာက်ရွံ့သွားသည်။ ချက်ချင်းဆိုသလိုပဲ အမြှီးများအား ခြေထောက်ကြားထဲသို့ ကွေးညွှတ်၍ တည်နေရာတစ်ခုဆီသို့ တူညီစွာပဲ ထွက်ပြေးကြတော့သည်။
သူတို့သည် နေရာခွဲ၍ ပြေးသွားမည်ဆိုပါက နည်းနည်း ပိုကြာအောင် အသက်ရှင်နိုင်သေး၏။
အတူတူ ပြေးသွားးသည်ဆိုသည်မှာ သေလမ်းရှာခြင်းနှင့်ပင် ဆင်တူသည်။
ရေခဲဝံပုလွေသည် သူ၏ ပါးစပ်ကို ဟ၍ အလွန်အားကောင်းလှသော အအေးဓာတ်များကို ဖော်ထုတ်လိုက်၏။
ဝှစ် ဝှစ်။
လေထဲတွင်တော့ ရေတွက်၍ မရအောင် များပြာပြီး အေးခဲလှသော အအေးလှိုင်းများ ဖြစ်တည်လာကာ လေပွေ ဝံပုလွေ၏ ခန္ဓာကိုယ်များအား ချုပ်နှောင်သွား၏။
လေပွေ ဝံပုလွေများ၏ လှုပ်ရှားမှုများသည် ချက်ချင်းဆိုသလိုပဲ ကျဆင်းသွားတော့သည်။
လေပွေ ဝံပုလွေဆိုသည်မှာ သူတို့၏ အမြန်နှုန်းဖြင့် တိုက်ခိုက် ထွက်ပြေးတတ်ကြသော သတ္တဝါမျိုး ဖြစ်၏။
သူတို့၏ အားသာချက်ကို အသုံးပြု၍ မရသည်မှာ သူတို့၏ လည်ပင်းအား တစ်ဖက်လူဆီသို့ ထိုးပေးခြင်းနှင့်ပင် ဆင်တူနေသည်။
ဝေါင်း
ရေခဲခြင်္သေ့သည် ဒေါသတကြီးဖြင် အော်ဟစ်လိုက်၏။
ချလွမ်။
ကျွင်းချောင်ရှောင်းသည် သူ၏ ဓားအား ထုတ်ယူ၍ လေထဲတွင် ဝှေ့ယမ်းလိုက်သည်။
အလွန်တရာ အားကောင်းလှသော ဓားအော်ရာများသည် လေထုထဲတွင် ဖြစ်တည်လာ၏။
ရွှီရွှီ။
ဓားအလင်းဖြတ်ပြေးသွားသည်နှင့် လေပွေ ဝံပုလွေ ဆယ်ကောင်ကျော်တို့၏ ခေါင်းများသည် ချက်ချင်းဆိုသလိုပဲ မြေပေါ်သို့ ပြုတ်ကျသွား၏။
ဟူး။
ကျုံးရီ သည် သက်မချလိုက်မိ၏။
ဤလေပွေ ဝံပုလွေများသည် သိုင်းဆရာ အဆင့်တစ် ၊ အဆင့်နှစ်နှင့် တူညီသည့် သားရဲများ ဖြစ်ကြသည်။
တစ်ဖက်လူသည် ထိုသို့သော သားရဲများအား လွယ်လွယ်ကူကူနှင့် သတ်ဖြတ်နေနိုင်သည်ကို ကြည့်လိုက်သည်နှင့် ထိုသူ၏ အားအင်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ဖြစ်လောက်၏။
ဟုတ်ပေသည်။ သိုင်းစစ်သူကြီးအဆင့်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သော ခြင်္သေ့သားရဲကိုပင် စီးနင်းနိုင်သည်ဖြစ်သောကြောင့် ထိုသူ၏ အားအင်အဆင့်သည် နိမ့်ကျလိမ့်မည် မဟုတ်ချေ။
ရွှီ ရွှီ။
ကျွင်းချောင်ရှောင်းသည် သူ၏ ဓားအား ဝှေ့ယမ်း၍ တိုက်ခိုက်နေသည် ။ လေပွေ ဝံပုလွေများသည် အမြန်နှုန်းကို ထုတ်ဖော် အသုံးပြုခွင့် မရသောကြောင့် သတ်ဖြတ်ခြင်းကိုသာ ထိုင်စောင့်နေရသလို ဖြစ်နေ၏။
အချိန်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ လေပွေဝံပုလွေ ခုနစ်ဆယ်ကျော်တို့သည် ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
၎င်းတို့၏ အလောင်းများသည် မြေပေါ်တွင်တော့ ပျံ့နှံ့လျက်ရှိသည်။
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ခုန်ချလိုက်ပြီး လေပွေ ဝံပုလွေများ၏ ရင်ဘတ်ထဲမှ သလင်းအမြုတေများကို ဆွဲထုတ်လိုက်၏။
ဤ သလင်းအမြုတေများ၏ စွမ်းရည်များသည် အဆောင် ဖန်တီးနိုင်ရန်အတွက် ကောင်းမွန်သည့် အရည်အသွေးမှာ ရှိမနေဘူးဆိုသော်လည်း လေဓာတ်သဘာဝသလင်းအမြုတေများ ဖြစ်သောကြောင့် တန်ဖိုးမှာ အဆင့်တူ သလင်းအမြုတေများထက် ပို၍ ကြီးမားသည်။
ဟူး ………။
ကျုံးရီ သည် မြေပေါ်တွင် လဲလှောင်းပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။
"အစ်ကိုကြီး။"
ဝံပုလွေများ၏ သတ်ဖြတ်ခြင်းကို မခံလိုက်ရသော ကျင့်ကြံသူဆယ်ယောက်တို့သည် တစ်ပြိုင်နက်တည်း ပြေးလွှားလာကြသည်။
ကျုံးရီ သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မေးလိုက်သည်။ "ညီအစ်ကို ဘယ်နှစ်ယောက်လောက် သေသွားလဲ"
"ခြောက်ယောက်ပါ" ကျင့်ကြံသူတစ်ယောက်က တီးတိုး ပြောလိုက်သည်။
ကျုံးရီ ၏ မျက်နှာပေါ်တွင် နာကျင်သည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
သူ သူ့ကိုယ်သူ အပြစ်တင်မိသည်။ "ဒါတွေအားလုံးက ငါ့အပြစ်ပဲ။ငါ နယ်မြေခုနစ်ထဲကို မင်းတို့ကို ခေါ်မလာသင့်ဘူး။"
"ဒါက အားလုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ရောက်လာကြတာလေ။ အစ်ကိုရီကို အပြစ်တင်လို့ မဖြစ်ဘူး။"
အားလုံးက သံပြိုင်ပြောလိုက်ကြ၏။
နယ်မြေခုနစ်ထဲသို့ မဝင်ခင်မှာတော့ သူတို့အားလုံးသည် မဲပေးခဲ့ကြသည်။ ကျန်ဆယ့်ကိုးယောက်က ဝင်ရောက်ရန် သဘောတူခဲ့ကြပြီး ကျုံးရီ တစ်ယောက်ကသာ သဘောမတူခဲ့ချေ။
ဤညီအစ်ကိုများ၏ အဆင့်အရဆိုလျှင် အဆင့်မြင့်မားသော တောနက်ထဲသို့ ဝင်ရောက်ရန်အတွက် လုံလောက်သည့်အဆင့် မရှိကြချေ။
သို့ပေမဲ့ အားလုံးသော လူများ၏ မျက်လုံးထဲတွင် ရှိသော စိတ်အား တက်ကြွမှုများကို မြင်ရကျေုံးရီ သည် သဘောတူညီလိုက်ရ၏။
နောက်ဆုံးမှာတော့ သူသည် နယ်မြေ ခုနစ်၏ ကြောက်မက်ဖွယ်ရာ ကောင်းပုံကို အထင်အမြင် သေးခဲ့သလိုပင် ဖြစ်ခဲ့ရ၏။
"ဒါတွေအားလုံး ငါ့အမှားပဲ .. င့ါအမှားပဲ"
သူသာ ပြင်းပြင်းထန်ထန်ကန့်ကွက်မည်ဆိုလျှင် ညီအစ်ကိုများသည် ဤနေရာသို့ လာလိမ့်မည် မဟုတ်ချေ။
ကျုံးရီ သည် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် အပြစ်တင်နေမိ၏။
အထူးသဖြင့် အားရွှီတစ်ယောက် သူ့ရှေ့တွင် သေဆုံးသွားခဲ့သည်ကို ပြန်မြင်ယောင်မိလိုက်ချိန်မှာတော့ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
ဝရူး ..။
ထိုအချိန်မှာပဲ ဒေါသတကြီး အော်ဟစ်သံသည် သူ၏ နောက်ဘက်ဆီမှ ပေါ်ထွက်လာသည်။
အလွန်တရာကြီးမားလှသော ကျွဲရိုင်းသားရဲကြီးနှစ်ကောင်သည် နောက်ဆုံးမှာတော့ လဲနေရာမှ မတ်တပ် ပြန်ရပ်လာနိုင်ပြီ ဖြစ်သည်။
ထိုသတ္တဝါနှစ်ကောင်သည် သွေးကဲ့သို့ နီရဲနေသော မျက်လုံးကြီးများနှင့်အတူ သူတို့ အဖွဲဆီသို့ ပြေးဝင်လာတော့သည်။
"မကောင်းတော့ဘူး။"
ကျုံးရီ ၏ အမူအရာသည် ပြောင်းလဲသွား၏။
တိုက်ပွဲသည် ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် သူသည် စိတ်ဝိညာဉ်စွမ်းအင် တော်တော်များများကို ဆုံးရှုံးခဲ့ပြီး ဖြစ်၏။
ထို့အပြင် လေပွေ ဝံပုလွေများ၏ ကုတ်ခြစ်ခြင်းကိုလည်း ခံခဲ့ရ၏။ သူ့အနေနှင့် မတ်တပ်ရပ်နိုင်မည် ဆိုလျှင်တောင်မှ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်မှာတော့ သူသည် သူ့ကိုယ်သူ မစဉ်းစားနိုင်တော့ချေ။ တစ်ခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ရှောင်ကြ။"
ကျုံးရီ သည် ဤအဖွဲ့ထဲတွင် ခေါင်းဆောင် ဖြစ်၏။
သို့ပေမဲ့ ဤအချိန်မှာတော့ ညီအစ်ကိုတစ်ယောက်တို့သည် သူ၏ စကားများကို နားမထောင်ကြပေ။ စကားနားထောင်ရမည့်အစား လက်နက်များကို ဆွဲထုတ်၍ သူ၏ ရှေ့မှ တားဆီးလိုက်ကြသည်။
သို့ပေမဲ့ ရှေ့မှာရှိသော လူတစ်ယောက်သည် အလွန်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ခင်ဗျားက ကျုပ်တို့ကို အမြဲတမ်းဂရုစိုက်ခဲ့တာလေ။ ကျုပ်တို့က ခင်ဗျားအတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်ခဲ့တယ်။ဒီနေ့မှာတော့ ကျုပ်တို့ရဲ့ အသက်တွေကို အသုံးပြုပြီး ခင်ဗျားကို ကာကွယ်ပေးမယ်။"
"ခွေးကောင်လေး"
ကျုံးရီ အော်လိုက်သည်။ "ပြေးစမ်း။"
ကျွဲရိုင်းကဲ့သို့ သားရဲကြီးနှစ်ကောင်သည် အလွန်တရာ အားကောင်းလှ၏။
ထိုသူတို့၏ ကျင့်ကြံခြင်းအရဆိုလျှင် တိုက်ခိုက်ချက် တစ်ချက်လေးကိုတောင်မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
အစ်ကိုရီ ဆိုသူ၏ ရှေ့တွင် တားဆီးထားကြသော ကျင့်ကြံသူ ဆယ့်သုံးယောက်တို့သည် ထူးမခြားနားသလို ခပ်တည်တည်နှင့် ရှိနေကြသည်။ သူတို့၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ခိုင်မာသော အရိပ်အယောင်များ တည်ရှိနေသည်။
သူတို့သည် သားရဲကြီးများနှင့်သွေးခင်းသော တိုက်ပွဲကို တိုက်ဖြတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်၏။
လေပွေ ဝံပုလွေများ၏ သလင်းအမြုတေများကို စုစည်းပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုင်းကျင့်ကြံသူများ၏ အဖွဲ့ဆီသို့ ကြည့်လိုက်သည်။
အလွန်တရာ ဒေါသထွက်စွာဖြင် ပြေးဝင်လာခဲ့သာ သားရဲကျွဲရိုင်းကြီးနှစ်ကောက်အား မကြောက်မရွံ့နှင့် တိုက်ခိုက်ရန် စဉ်းစားနေသော လူများကို ကြည့်၍ ပြောလိုက်သည်။ "ဒီလူတွေက ဘယ်လိုလူတွေလဲ။သေမှာတောင် မကြောက်ပါ့လား။"
"ရောင်းရင်းလေး။"
ထိုအချိန်မှာတော့ ကျုံးရီ သည် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။ "ကျုပ်ရဲ့ ညီအစ်ကိုတွေကို ကယ်ပေးပါ။ဒီဘဝမှာ ကျုပ် … ကျုံးရီ က ခင်ဗျားရဲ့ကျေးကျွန်အဖြစ် လုပ်ဆိုရင်တောင် လုပ်ပါ့မယ်။"
ဝှစ်။
ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းကို အသုံးပြု၍ ရှေ့သို့ လှမ်းတက်လိုက်၏။
ပြီးနောက် ထိုအဖွဲ့နှင့် ကျွဲရိုင်းသားရဲကြီး၏ ကြားနေရာသို့ မြန်မြန်ဆန်ဆန်ပဲ သွားရောက်လိုက်သည်။
ထို့နောက် သူ၏ လက်များကို ဆန့်တန့်ပြီး ကျွဲရိုင်းနှစ်ကောင်၏ ဦးချို များအား လက်တစ်ဖက်ဆီနှင့် ဆွဲကိုင်လိုက်တော့သည်။
ကြီးမားလှသော ကျွဲရိုင်းသားရဲကြီး နှစ်ကောင်သည် ချက်ချင်းပဲ ရပ်တန့်သွားရ၏။
ကျွင်းချောင်ရှောင်းသည် ထိုကျွဲရိုင်းနှစ်ကောင်၏ ဦးချို များအား ဆွဲမပြီး ပြောလိုက်တော့သည်။ "မင်းရဲ့စကားကြောင့် ငါ သူတို့ကို တစ်ကြိမ်ထပ်ပြီး ကယ်လိုက်မယ်။"