အခန်း (၃၃၃)
Vol. 23 Ch. 333
ကျွင်းချောင်ရှောင်းသည် ပေါ်လာသည်ဆိုသည်နှင့် တစ်ပြိုင်တည်း လက်နှစ်ဖက်ဖြင့် ကျွဲရိုင်းသတ္တဝါများ၏ ဦးချို များကို ဆွဲကိုင်ကာ သားရဲနှစ်ကောင်အား ရပ်တန့်စေ၏။
သူ၏ နောက်တွင် ရှိနေသော ကျင့်ကြံသူဆယ့်သုံးယောက်တို့သည် မျက်လုံး အပြူးသားနှင့် ဖြစ်သွားကြသည်။
ဒေါသတကြီး ပြေးဝင်လာသည့် အဆင့်ခြောက် သားရဲကြီးနှစ်ကောင်အား လက်ဗလာဖြင့် တားဆီးထားနိုင်စွမ်းရှိနေသည်။ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သနည်း။
ကျုံးရီ သည် အံ့အား သင့်မိသွား၏။
ဤသားရဲကြီးများသည် အလွန်တရာ ကြမ်းတမ်းလှသော သားရဲကြီးများ ဖြစ်ပြီး ယခုကဲ့သို့ အရှိန်အပြည့်နှင့် ဝင်ရောက်လာသည့် သားရဲကြီးအား သိုင်းဆရာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူပင်လျှင် လက်ဗလာဖြင့် တားဆီးနိုင်လိမ့်မည် မဟုတ်သည်ကို သူ နားလည်မိ၏။
"ကြောက်စရာပဲ။"
ကျုံးရီ နှင့် သူ၏ အဖော်များ၏ စိတ်များသည် အလွန်တရာ ထိတ်လန့်တုန်လှုပ်မိနေ၏။
သူတို့ကို ပို၍ ထိတ်လန့်တုန်လှုပ်မိစေသည်မှာ ကျွင်းချောင်ရှောင်းသည် ထိုသားရဲကြီးနှစ်ကောင်၏ ဦးချို ကို ဖမ်းဆွဲကာ တားဆီးနိုင်ရုံသာမက သားရဲ နှစ်ယောက်အား လေထဲမှာပင် တစ်ကောင် နှင့် တစ်ကောင် ညှပ်၍ ရိုက်နက်လိုက်သေးသည်။
ဂလု။
အားလုံးသည် တံတွေးမြိုချလိုက်မိကြ၏။
ဤကဲ့သို့ ကြီးမားလှသော ကျွဲရိုင်းကြီးအား လက်နှစ်ဖက်ဖြင့် ဆွဲမြှောက်၍ ကြက်ကလေးများကဲ့သို့ ရိုက်နှက်လိုက်သည်ဆိုသည်မှာ မည်မျှ အားကောင်းလိုက်သနည်း။
ဘုန်း ဘုန်း။
ကျွဲရိုင်းသားရဲနှစ်ကောင်သည် အကြိမ် အနည်းငယ် ရိုက်နှက်ခံရပြီးသည့်နောက်မှာတော့ မူးဝေကာဖြင့် မြေပေါ်သို့ ပြုတ်ကျသွားသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ခါယမ်းကာ ပြောလိုက်၏။ "ကျွဲဆိုတဲ့ကောင်က အဟာရဓာတ်ပြည့်ဝတယ်။ဝံပုလွေတွေထက် ပိုပြီးတော့ စားကောင်းသေးတယ်။"
သူသည် အအေးဓားနှင့် စတင်ကာ လှီးဖြတ်တော့သည်။
ခဏကြာပြီးသည့်နောက်မှာတော့ ကျွဲရိုင်းနှစ်ကောင်၏ အသားများသည် ကုန်သွားပြီဖြစ်၏။
သူ၏ သိုလှောင်လက်စွပ်ထဲမှာတော့ အမဲသား ပေါင်တစ်သောင်းလောက် ရောက်ရှိနေ၏။ ပုခုံးထက်တွင် ရှိနေသော နဂါးလေးသည် စိတ်လှုပ်ရှားသောကြောင့် ဂဏှာပင် မငြိမ်တော့ချေ။
ဤကောင်လေးသည် အမဲသားများကို စားသုံးရသည်ကို အလွန်တရာ ကြိုက်နှစ်သက်ပုံပေါ်သည်။
ကျုံးရီ နှင့် သူ၏ အဖော်များသည်မှာတော့ ပါးစပ်အဟောင်းသား ဖြစ်လျက် ရှိ၏။
ဤကမ္ဘာကြီးတွင် အင်အား ကောင်းလှသော လူများ အများအပြား ရှိနေသည် ဆိုသည်ကို သူတို့ မသိ၍ မဟုတ်ပေ။
ထိုသို့သော လုပ်ရပ်မျိုးကို ပြုလုပ်နေသူမှာ အသက် ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်လောက်သာ ရှိနေသေးပုံသော လူငယ်လေးတစ်ယောက် ဖြစ်နေခြင်းကြောင့် ပို၍ အံ့အားသင့်မိနေကြခြင်း ဖြစ်သည်။
ဤကဲ့သို့ ကြမ်းတမ်းလှသော သားရဲကြီးနှစ်ကောင်အား လက်ဗလာနှင့် တိုက်ခိုက် သတ်ဖြတ်ခဲ့သည်မှာ သူတို့အား အလွန်တရာ ခြောက်ခြားမိစေ၏။
"ကျုံးရီ ဟုတ်တယ်မလား။"
ကျွင်းချောင်ရှောင်းသည် သူ၏ ဓားအား ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ပြောလိုက်သည်။ "သူတို့ကို ကယ်ခဲ့မယ်ဆိုရင် င့ါရဲ့ကျေးကျွန်လုပ်မယ်လို့ ပြောခဲ့တယ်နော်။"
"မှန်ပါတယ်။"
ကျုံးရီ ပြောလိုက်သည်။ "ကျုပ် ပြောခဲ့ပါတယ်။"
ယောကျာ်းတစ်ယောက်ဆိုသည်မှာ သူ၏ ကတိစကားကို အစဉ်အမြဲ ထိန်းသိမ်းရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် အားလုံးကို တစ်ချက်လှမ်းကြည့်ကာဖြင့် ပြောလိုက်သည်။ "မင်းတို့အားလုံးက လွတ်လပ်တဲ့ ကျင့်ကြံသူတွေလား။"
"ဟုတ်ပါတယ်။"
ကျုံးရီ သည် မနည်း ရုန်းကန်၍ မတ်တပ် ထရပ်လိုက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အခု ပြန်ကောင်းလာပြီဆိုရင် မင်းရဲ့ ညီအစ်ကိုတွေကို ခေါ်ပြီးဝောာ့ ချင်းယန်နိုင်ငံရဲ့ သံမဏိအရိုးဂိုဏ်းဆီကို သွား။"
"သံမဏိအရိုးဂိုဏ်းဟုတ်လား။"
ကျုံးရီကြောင်သွား၏။
ပြီးနောက် သူသည် တစ်ဖက်လူ သုံးနှုန်း ပြောဆိုသည့် စကားများအရ ထိုဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ကြောင်း နားလည်လိုက်မိ၏။ ပြီးနောက် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ "ရောင်းရင်းလေး … ခင်ဗျားက သံမဏိအရိုးဂိုဏ်းခေါင်းဆောင် ကျွင်းချောင်ရှောင်းလား။"
ဟမ်
ကျွင်းချောင်ရှောင်း အနည်းငယ် အံ့အားသင့်မိသွားသည်။ "ကြားဖူလို့လား။"
"ဟာ ဂိုဏ်းချုပ်ကျွင်း”
“ကောင်းကင်ဘုံ သူ ဒီလောက်အားကောင်းနေတာ ကြောက်စရာ မဟုတ်တော့ဘူး။ နတ်စမ်းချောင်း ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုတောင်မှ အနိုင်ယူနိုင်တယ်ဆိုရင် သူက အနည်းဆုံး သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ဖြစ်လိမ့်မယ်။"
ကျင့်ကြံသူများအားလုံး၏ မျက်လုံးထဲမှာတော့ အထင်ကြီး အားကိုးစိတ်များ ဖြစ်တည်လာကြသည်။
သံမဏိအရိုးဂိုဏ်း၏ အောင်ပွဲသတင်းသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတစ်ခုလုံးသို ပျံ့နှံ့နေပြီဖြစ်၏။
ထို့ကြောင့် နေရာအနှံ့သို့ လှည့်ပတ်သွားလာနေကြသော ကျင့်ကြံသူများသည် ဤကဲ့သို့သော သတင်းကို ကြားခဲ့သည်မှာအံ့အာသင့်စရာတော့ မဟုတ်ချေ။
ကျုံးရီ သည် လေးစားမှု အပြည့်နှင့် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းကို မလေးမစား ပြုမူမိသွားတဲ့အတွက် တောင်းပန်ပါတယ်။"
သံမဏိအရိုးဂိုဏ်း၏ တပည့်အကြောင်းကို လေ့လာထားပြီးသည့်နောက် သူနှင့် သူ၏ အဖော်များသည် တစ်နေ့ ဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်မည်ဆိုလျှင် ဤကဲ့သို့ ရဲရင့်သော ဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။
ပထမဦးဆုံး ဟောင်ချီဂိုဏ်းအား စိန်ခေါ်ခဲ့၏။ ပြီးနောက် နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်ခဲ့ပြန်သည်။ ကျုံးရီ၏ မျက်လုံးထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အလွန်တရာ ရဲရင့်လှသူဖြစ်၏။
သို့ပေမဲ သူ ခဏရပ်ကာ ပြောလိုက်၏။ "ဘာလို့ ကျုပ်တို့က ခင်ဗျားရဲ့ ဂိုဏ်းကို သွားရမှာလဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဟုတ်သားပဲ။သံမဏိအရိုးဂိုဏ်းကို ဝင်ရောက်ဖို့ပေါ့။"
ကျုံးရီ ၏ အမူအရာသည် ချက်ချင်းပဲ အေးခဲသွား၏။
ကျွင်းချောင်ရှောင်း ထပ်ပြောလိုက်၏။ "ခင်ဗျားတို့ ဂိုဏ်းထဲကို ဝင်ရောက်ဖို့ စိတ်မဝင်စားဘူးဆိုရင် ကျုပ်က အတင်းဖိအားပေးမှာ မဟုတ်ဘူး။"
ကျုံးရီပြောလိုက်သည်။ "ကျုပ်က သံမဏိအရိုးဂိုဏ်းကို အစောကြီးကတည်းက သိပြီးသားပါ။ဂိုဏ်းချုပ် ကျွင်းက ကျုပ်နဲ့ ကျုပ် ညီအစ်ကိုတွေကို ကယ်တင်ခဲ့တယ်။ဒီတော့ စိတ်မရှိဘူး ဆိုရင် သံမဏိအရိုးဂိုဏ်းထဲကို ကျုပ်တို့ လိုလိုချင်ချင်နဲ့ ဝင်ရောက်ချင်ပါတယ်။"
သူသည် အစောကတည်းက ဤဂိုဏ်းထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီးပြီ ဖြစ်၏။
ဘာပဲ ပြောပြော လွတ်လပ်သော ကျင့်ကြံသူတွေအနေနှင့် လျှောက်သွားနေရခြင်းမှာ ကောင်းမွန်သော အရာတော့ မဟုတ်ပေ။
သံမဏိအရိုးဂိုဏ်း။
ဤဂိုဏ်းသည် ကျုံးရီ ၏ စိတ်အားရုံကို လှုပ်ရှားနိုင်သော ဂိုဏ်းတစ်ခု ဖြစ်သည်။
သို့ပေမဲ့ သူသည် ဟွာရင်နိုင်ငံထဲတွင် ရှိနေသောကြောင့် တွေးရုံသာ တွေးထားခဲ့ပြီး ဤဂိုဏ်းထဲသို့ ဝင်ရောက်ရန် မတတ်နိုင်ခဲ့ချေ။
ထို့အပြင် သူ့တွင် ညီအစ်ကို တစ်အုပ်တမကြီး ရှိနေသေး၏။
ထိုသူတို့၏ ပါရမီ များသည် သာမန်သာ ဖြစ်သည်။ ထိုသူတို့အား လက်မခံလျှင် သူသည် မည်သည့် ဂိုဏ်းကိုမှ ဝင်ရောက်ဖြစ်လိမ့်မည် မဟုတ်ချေ။
ကျုံးရီ သည် အလွန်တရာ သစ္စာရှိလှသူ ဖြစ်၏။ လက်ရှိအခြေအနေကို ကြည့်လိုက်သည်နှင့် မြင်သာလှသည်။
ဤမျှ ရက်စက်လှသော လောကကြီးတွင် သူသည် သူ၏ လူအနည်းငယ်အတွက် အသက်ပေးရန်ပင် ဆုံးဖြတ်ထားခဲ့သော လူဖြစ်သည်။
ထို့အပြင် သူ၏ အပေါင်းအဖော်များသည် သေဆုံးသွားချိန်မှာတော့ သူနှင့် ညီအစ်ကိုအဖြစ် နေထိုင်မည်ဆိုသောစကားကို မမေ့မလျော့ ပြောဆိုသွားခဲ့ကြ၏။
ထို့အပြင် သူနှင့် အတူ ရှိနေသော ကျင့်ကြံသူများကလည်း သူ၏ အရှေ့တွင် ရပ်တန့်ကာ သေဆုံးရမည်ကို မကြောက်ရွံဘဲ ကျွဲရိုင်းကြီးနှစ်ကောင်နှင့် တိုက်ခိုက်ရန် စဉ်းစားခဲ့သေးသည်။
ထို့ကြောင့် ကျုံးရီ သည် အနစ်နာခံ၍ ကြင်နာတတ်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်း ထင်ရှားနေ၏။
ကျွင်းချောင်ရှောင်းသည် သံမဏိအရိုးဂိုဏ်းဟူသော ကျောက်စိမ်းပြားအား ပေးလိုက်ကာ ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းကို ယူသွားလိုက်။မင်းတို့ကို တစ်စုံတစ်ယောက်က လက်ခံပေးလိမ့်မယ်။"
"ဂိုဏ်းချုပ်ကျွင်း"
ကျုံးရီ သည် လက်သီးဆုပ်ကာဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ အရင်သွားလိုက်ပါအုံးမယ်။"
သူသည် သူ၏ အဖော်များအား သေဆုံးသွားသော ညီအစ်ကိုများ၏ အလောင်းများကို သယ်ဆောင်ရန် အမိန့်ပေး၍ နယ်မြေခြောက်ဆီသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။
ထိုသူများအားလုံး အသက်ရှင် ကျန်ရစ်ခဲ့သည်မှာ ကျွင်းချောင်ရှောင်းနှင့် တွေ့ဆုံခဲ့ရသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် လက်ရှိအချိန်၌ ထိုသူတို့သည် ဝံပုလွေများ၏ ဝမ်းဗိုက်ထဲသို့ ရောက်နေလောက်ပြီဖြစ်၏။
စနစ်မှ ပြောလိုက်သည်။ "ဘာလို့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတွေကို မပေးလိုက်တာလဲ။"
ကျွင်းချောင်ရှောင်း မျက်လုံးတွေ ချာချာလည်သွား၏။ "မင်း ငါ့ကို ဘာထင်နေတာလဲ။ ဒဏ်ရာရတဲ့ လူတိုင်းကို ဆေးတွေ လျှောက်ပေးနေရမှာလား။”
“မင်း လီချင်းယန်ကိုလည်း ပေးခဲ့တယ်။ပြီးတော့ ရှောင်ကျီကိုလည်း ပေးခဲ့တယ် မဟုတ်လား။" စနစ်က ပြောပြလိုက်သည်။
ကျွင်းချောင်ရှောင်း ပြောပြလိုက်သည်။ "ချင်းယန်ကို ကူညီတယ်ဆိုတာ သံမဏိအရိုးဂိုဏ်းကို ဝင်ရောက်စေချင်လို့။ပြီးတော့ အဲ့တုန်းက အခြားကမ္ဘာကနေ ဝိညာဉ် ကူးပြောင်းလာကစလေ။"
စနစ်က မေးခွန်းထုတ်လိုက်သည်။ "ဒါဆိုရင် ရှောင်ကျီကရော။"
ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။ "အဲတုန်းက ငါတပည့်တစ်ယောက်လိုအပ်နေတယ်လေ။ဒါကြောင့် ပါရမီရှင်တစ်ယောက်ကို တပည့်အဖြစ် လက်ခံနိုင်မလားဆိုပြီး ငါရဲ့ ကံတရားကို စမ်းကြည့်ခဲ့တာပဲ။ နောက်ဆုံးမှာတော့ ကံတရားက အားကောင်းတဲ့ဘက်ကို ရောက်သွားတယ်ပေါ့။"
ကျွင်းချောင်ရှောင်း တွေးလိုက်သည်။ "ကောင်းမွန်တဲ့အရာတွေ လုပ်ကိုင်တဲ့အတွက် ဆုလာဘ်ဆိုတာ ရှိတာပဲ။"
“ဒင် …ဖုံးကွယ်ထားသည့် တာဝန်အား ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါတယ်။ အမှန်တရားကို နားလည်ခြင်းအတွက် ဂိုဏ်းစုဆောင်းမှတ် ၅၀၀ကို ဆုအဖြစ် ရရှိသည်။
“ဒင် …..ဂိုဏ်းစုဆောင်းမှတ် ၇၉၀/၂၀၀၀”
“ဒင် ….. လက်ခံသူသည် အမှန်တရားကို နားလည်ခြင်း ဆိုသည့် ဖုံးကွယ်ထားသော အရာအား ပြည့်စုံအောင် နားလည်ခဲ့သည့်အတွက် သိုလှောင်လက်စွပ်သည် ဆယ်ဆပိုမို၍ ကြီးမားသွားခဲ့သည်။”
ကြည့်။
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ဖြန့်ကားကာ ပြောလိုက်သည်။ "ငါ မှန်တယ်မလား။"
စနစ်မှ ပြောလိုက်သည်။
"ငါ စိတ်ဝင်စားနေတာ တစ်ခု ရှိတယ်။သူတို့ကို တိုက်ခိုက်တဲ့ကောင်တွေက လေပွေဝံပုလွေတွေသာ မဟုတ်ရင် လက်ခံသူအနေနဲ့ ဒီလူတွေကို ကယ်တင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ။ ဟုတ်တယ်မလား"
"အွင်း"
ကျွင်းချောင်ရှောင်းသည် ခိုင်မာစွာပြောလိုက်သည်။ "ကယ်ရမှာပေါ့။"
"ကိုယ့်ကိုယ်ကိုယ် သူတော်စင်တွေလို ထင်နေတာပဲ။ ဒါက ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်" စနစ်မှ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သူ့ရဲ့ညီအစ်ကိုတွေကို ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ ကျေးကျွန်အဖြစ်ခံပြီး ပေးဆပ်တာပဲ။ဒီလို သစ္စာရှိတဲ့လူမျိုးမှ မကယ်ရင် ဘယ်လိုလူမျိုးကို သွားကယ် ရမှာလဲ။ပြီးတော့ ဒီလူက သစ္စာရှိရုံတင်မကဘူး .. အားလည်းအားကောင်းသေးတယ်။သူ့ကိုသာ ကယ်တင်ပြီး ဂိုဏ်းသားအဖြစ် လက်ခံနိုင်မယ်ဆိုရင် တကယ်တော်တဲ့ ဂိုဏ်းသားတစ်ယောက်ကို ထပ်ပြီး ရလိုက်တာနဲ့ အတူတူပဲလေ။"
ဤသို့သောတပည့်မျိုးကို ရရှိဖို့ဆိုသည်မှာ တောင်၏ ဂိတ်တံခါးကိုဖွင့်၍ကြေညာရုံဖြင့် မရနိုင်ချေ။ ဤကဲ့သို့ အခက်အခဲတွေ ကြားမှသာ ထိုသို့သောပါရမီရှင်မျိုးကို ရရှိနိုင်ပေလိမ့်မည်။
စနစ်မှ ပြောလိုက်သည်။
"မကြာသေးတဲ့ အချိန်ကာလ တစ်ခု ဆိုပေမဲ့ လက်ခံသူရဲ့ စိတ်က တော်တော်ကြီးကို ပြောင်းလဲသွားတာပဲ။"
ကျွင်းချောင်ရှောင်းသည် ပုခုံးတွန့်ကာ ပြောလိုက်သည်။ "အရင်ငါနဲ့ ဒီကမ္ဘာပေါ် ရောက်ရှိပြီးတဲ့ ငါနဲ့ ဒီလောက်ကြီး ပြောင်းလဲသွားမယ်လို့ မထင်မိတော့ဘူးလေ။ပြီးတော့ အရင်ကမ္ဘာက ဘာမှ မဟုတ်တဲ့ ငါက အခု ဂိုဏ်းချုပ်ဖြစ်နေပြီ။လက်ရှိအခြေအနေပေါ်မူတည်ပြီးတော့ ပြောင်းလဲရမှာပေါ့"
စနစ်က ပြောလိုက်သည်။ "လက်ခံသူက အခု အလုပ်ကြိုးစားပြီး ကောင်းကောင်းမွန်မွန်နဲ့ စွမ်းဆောင်နေတာ့ပဲ။ ကောင်းတာပေါ့။"
"ပေါက်ကရတွေ တော်စမ်း။"
ကျွင်းချောင်ရှောင်းသည် ချာလည်လည်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "နေ့တိုင်း ချိန်ကိုက်ဗုံးကြီး သယ်ပြီး လျှောက်သွားနေရတာ ဘယ်လိုလုပ် အလုပ် မကြိုးစားဘဲ နေလို့ ရမှာလဲ။"
"ဒါက ကောင်းကင်က ပေးအပ်လိုက်တဲ့ တာဝန်ဝတ္တရားပဲလေ။ဒီတော့" စနစ်က ခွန်းတုံ့ပြန်လိုက်သည်။
"တော်လိုက်တော့။"