← Chapters

အခန်း (၃၃၄)

Vol. 23 Ch. 334

အခန်း (၃၃၄)

Vol. 23 Ch. 334

ကျုံးရီ အား ကယ်တင်ခြင်းသည် လမ်း၌ ကြုံခဲ့ရသော ကိစ္စသေးလေး တစ်ခုသာ ဖြစ်သည်။

ပြီးနောက် ကျွင်းချောင်ရှောင်းသည် ရေခဲခြင်္သေ့အား စီးနင်း၍ နယ်မြေ ခုနှစ် ထဲ သွားလာရင်း များပြားလှသည့် အန္တရာယ်တည်နေရာများထဲသို့ တစ်နေရာပြီး တစ်နေရာ ဝင်ရောက်လျက်ရှိ၏။

သိုင်းတပည့်၊ သိုင်းဆရာများအတွက် အန္တရာယ်များသည့်နေရာတစ်ခုဖြစ်သည် ဆိုသော်လည်း သိုင်းစစ်သူကြီး တစ်ယောက်အတွက်မူ လုပ်ချင်တိုင်းလုပ်၍ ရနိုင်သော နေရာတစ်ခု ဖြစ်နေသည်။

ရွှီး ..။

ဘာမှန်းမသိသော တည်နေရာထဲရှိ အဆင့်နှစ် သိုင်းဆရာ အားအင်ကို ပိုင်ဆိုင်သော သားရဲတစ်ကောင်သည် အအေးဓား၏ ခေါင်းဖြတ် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

“ဒီအသားက မဆိုးဘူး”

ရွှီး ..။

ဓားအလင်း ဖြတ်သန်းသွားပြီးနောက် သားရဲသည် ရှစ်ပိုင်း ဖြစ်သွားသည်။

အရည်အသွေးမြင့် သားရဲများ၏အသားသည် သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းရန် ထိုက်တန်၏။

ညရောက်လာခဲ့သည်။

သန့့်ရှင်းသော သစ်ခေါင်းတစ်ခုထဲတွင် အနားယူရန် နေရာ ရှာတွေ့ပြီးနောက် ကျွင်းချောင်ရှောင်းသည် ယနေ့ ရှာဖွေလာသော ပစ္စည်းများအား ရေတွက်ကြည့်လိုက်၏။

နယ်မြေခုနှစ် ထဲတွင် အဆင့်မြင့် သလင်းအမြူတေ ခြောက်ခု ၊ ကျောက်ရိုင်း နှင့် ဆေးပင်များ ရရှိခဲ့သည်။

ဤအရာများသည် လတ်တလောတွင် အသုံးမဝင်သော်လည်း အနာဂတ်တွင် လက်နက် နှင့် ဆေးရည် ဖော်မြူလာ များရရှိမည် ဆိုပါက ကျိန်းသေပေါက် အသုံးဝင်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ် အား ကြည့်လိုက်တော့ အရင်ကထက် ပို၍ တည်နေရာ ကျယ်ဝန်း လာကြောင်း မြင်လိုက်ရသည်။ သားရဲကြီး ဆယ်ကောင်လောက် ထည့်ရန်ပင် မလုံလောက်ချေ။

“နဂါးလေးတော့ ဗိုက်ဝပြီပဲ”

သူ တီးတိုးရေရွတ်လိုက်သည် “ဒီလိုအချိန်မှာ သိုလှောင်လက်စွပ်ရဲ့ အကျယ်ပိုပြီးတိုးလာတာ အကောင်းဆုံးပဲ လို့ ဆိုရမယ်။”

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည် “တစ်နေကုန်ရှာတာတောင်မှ လေပွေ ဝံပုလွေကို မတွေ့ဘူး”

ထိုဝံပုလွေ သားရဲများအား ရှာဖွေ ရယူနိုင်မှသာလျှင် သူသည် အမြန်နှုန်းအဆောင်အား သန့်စင်ဖန်တီးနိုင်ပေလိမ်မည်။

ဒင် ..။

သူ၏ နားထဲတွင် အသံတစ်ခုကြားလိုက်ရသည်။

ပန်းပဲခန်းမဆောင်ဆီမှ အသံ ထွက်ပေါ်လာခြင်းဖြစ်၏။ ပြောရမည် ဆိုလျှင် နေ့ဝက်လောက် သန့်စင်ပြီးနောက်တွင် အလယ်အလတ်အဆင့် အအေးဓားအား သန့်စင်နိုင်ခဲ့ပြီဖြစ်၏။

ရွှီး ..။

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်၍ အသစ်သန့်စင်ထားသော လက်နက်အား ထုတ်ယူလိုက်သည်။

သုံးပေ လောက်ရှည်လျားပြီး ဓားကိုယ်ထည်သည် စဦးအအေးဓားထက် ပို၍ ဗြက်ကျယ်သည်။ ဓားကိုယ်ထည် ဆီမှ အအေးလှိုင်းများ ထွက်ပေါ်နေ၏။

ဝေါင်း ….။

အအေးဓာတ်များကို ခံစားမိတော့ ရေခဲခြင်္သေ့သည် ထ၍ ဟိန်းလိုက်သည်။

“ဓားက မဆိုးဘူး”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဆိုးတာက ဒါ ရေခဲဓာတ်သဘာဝ ဖြစ်နေတာပဲ”

မီးဓာတ်သဘာဝ ကျင့်ကြံသူ ဖြစ်သည်မို့ မီးဓာတ်အမျိုးအစား လက်နက်မျိုးကို သူ ပို၍ လိုချင်မိသည်။ မည်သို့ပင် ဆိုစေကာမူ အအေးဓားသည် အသုံးပြုရန်တော့ ကောင်းမွန်သည်။

ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် ကိုင်ထားကြည့်တော့ တိုက်ခိုက်လိုစိတ်များပင် ဖြစ်တည်လာသည်။ သူ့အား တိုက်ခိုက်ရေး စွမ်းရည်တွေ ပိုမို တိုးတက်စေပေလိမ့်ဟု ခံစားရစေ၏။

“မနက်ဖြန် နယ်မြေရှစ် ဆီ သွားရမယ်”

သူ တီးတိုးရေရွတ်လိုက်သည် “အဆင့်မြင့် သားရဲတွေနဲ့ သွားတွေ့ရမယ်”

မြေပုံတွင် ရေးမှတ်ထားသော လူသားတို့ ရှာဖွေဝင်ရောက်သွားလာနိုင်သည့် နေရာသည် ကိုးခု ရှိသည်။ ထိုအထက်တွင် လူသားတို့ ထပ်မံ ဝင်ရောက်နိုင်မည့် တောနက်ကြီး ရှိနေသေး၏။ သို့ပေမဲ့ ထိုအထဲသို့ ဝင်ရောက်ရန်တော့ အလွန်အမင်းအားကောင်းနေရန် လိုအပ်သည်။ စိတ်ဝိညာဉ်သားရဲများပင် ထိုတောနက်ထဲတွင် ရှိသည်ဟုဆိုကြ၏။ သိုင်းဘုရင် အဆင့် ကျင့်ကြံခြင်းအား မပိုင်ဆိုင်လျှင် ထိုနေရာသို့ မသွားတာ ပိုကောင်းမည်။

………

နောက်တစ်ရက် …။

ကျွင်းချောင်ရှောင်းသည် ရေခဲခြင်္သေ့အား စီးနင်း၍ ခရီးဆက်လိုက်သည်။

မကြာမီမှာပဲ နယ်မြေရှစ် ဆီ ရောက်လာသည်။ မြေပုံပေါ်တွင် အမှတ်အသားများ အသေးစိတ် ရေးုခြယ်မထားနိုင်သောကြောင့် တည်နေရာ တစ်ခုလုံးသည် အန္တရာယ်မြေကြီးဖြစ်သည်ဟု ဆိုရမည်။

သာမာန်အခြေအနေဆိုလျှင် သားရဲများသည် ခုန်ဝင်လာပြီး တိုက်ခိုက်ပေလိမ့်မည်။ သို့ပေမဲ့ ရေခဲခြင်္သေ့ ရှိနေသည်မို့ စိတ်သာရှိကြပြီး ဝင်ရောက်မတိုက်ခိုက်ရဲကြချေ။

ရေခဲခြင်္သေ့သည် အလွန်တရာ ရှားပါးလှသော ရေခဲ ဓာတ်သဘာဝ ခြင်္သေ့ ဖြစ်သည် မဟုတ်လား။

သူတို့အနေနှင့် ရန်မပြုရဲသည်မှာ သဘာဝပင်ဖြစ်သည်။

ဝေါင်း ..။

ခဏလောက် ဆက်လျှောက်သွားပြီးနောက် တော်ထဲမှ ထွက်လာသည့် ကြီးမားလွန်းသော သားရဲကြီး တစ်ကောင် အား သူတို့ မြင်လိုက်ရသည်။

အော်ရာများအား ကြည့်ရှုရမည် ဆိုလျှင် အဆင့်လေး သိုင်းစစ်သူကြီးနှုင့် ညီမျှသော အားအင်ကို ပိုင်ဆိုင်သူ ဖြစ်မှန်းသိနိုင်၏။

“ငါ့ဓားကို စမ်းကြည့်ရမှာပဲ”

ကျွင်းချောင်ရှောင်းသည် လေထဲသို့ ခုန်တက်လိုက်သည်။ ပြီးနောက် သိုလှောင်လက်စွပ်ထဲမှာတော့ အအေးဓား တစ်ချောင်းပေါ်လာသည်။ သူသည် လက်ကို အသာမြှောက်လိုက်တော့ လေထဲတွင် အအေးအလင်းဖြူ များ ဖြစ်တည်လာသည်။

ဝှစ် ..

ဓားစွမ်းအင်များ ဖြတ်သန်းသွား၏။

ပြေးဝင်လာသော သားရဲကြီးသည် ထိုအချင်းအရာအား မြင်တော့ ထိတ်လန့်သွားသည်။

ဓားစွမ်းအင်သည် သူ၏ နောက်ကျောဆီသို့ ကျရောက်လာပြီး နက်ရှိုင်းလွန်းသည့် ဓားဒဏ်ရာကြီး တစ်ခု ဖြစ်စေသည်။ သွေးများသည် နေရာအနှံ့သို့ ပြန့့်နှံ့သွား၏။

ဤသားရဲရိုင်းသည် အဆင့်မြင့်မားလွန်းပြီး အရေပြားမှာ ထူထဲကာ မာကျောသည်။ သို့ပေမဲ့ ထိုသို့သော သားရဲအား အလယ်အလတ်အဆင့် အအေးဓားသည် ဒဏ်ရာ ရရှိစေသည်။

ဝေါင်း ..။

သားရဲရိုင်းသည် နာကျင်စွာ အော်ဟစ်၍ ပြန်လှည့်ပြေးတော့၏။

“ကိုးလှိုင်းဓားသိုင်း” ကျွင်းချောင်ရှောင်းသည် ထိပ်တိုက်ရင်ဆိုင်ရန် လိုက်ပါသွာသည်။ ဓားလှိုင်းများသည် တည်နေရာတစ်ခုလုံးတွင် အထပ်ထပ် ဖြစ်ပေါ်လာသည်။

ထိုလှိုင်းတွေထဲမှာတော့ အအေးဓား၏ အလင်းသည် ဖြတ်ပြေးသွားပြီး သားရဲရိုင်းကြီးအား နှစ်ပိုင်း ပိုင်းလိုက်တော့၏။

ဘုတ် ….

ဘုတ် …..။

အလောင်းသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။

သိုင်းစစ်သူကြီး အဆင့်လေး နှင့် ညီမျှသော သားရဲရိုင်းသည် ဓားချက်တစ်ချက်တည်းဖြင့် ခုတ်ပိုင်း သတ်ဖြတ်ခြင်းအား ခံလိုက်ရ၏။

ဓားသိုင်းကွက်မှာ အလွန်အမင်းအားကောင်းသောကြောင့်လား။

မဟုတ်ပေ။ ကိုးလှိုင်းဓားသိုင်းသည် အဆင့်နိမ့် ဓားကွက် တစ်ခုသာ ဖြစ်သည်။ ယခုကဲ့သို့ တစ်ဖက် သားရဲအား လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ခြင်းမှာ အလယ်အလတ်အဆင့် အအေးဓားကြောင့်သာ ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီဓားက စဦး အအေးဓား ထက် ပိုပြီး အားကောင်းတာပဲ”

“ပေါက်ကရ”

စနစ်မှ ပြောလိုက်သည် “အဆင့်နိမ့် ဓားက အလယ်အလတ်ဓားကို ဘယ်ယှဉ်နိုင်မှာလဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အဆင့် သတ်မှတ်ချက် အရဆိုရင် ဒီဓား က ဘယ်အဆင့်လောက် ရှိလဲ”

စနစ်သည် ခဏလောက် ငြိမ်သက်သွားသည် “အဆင့်မြင့်”

“အဆင့်မြင့်ပဲလား”

ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းလိုက်သည် “ထင်သလောက် မဟုတ်ဘူးပဲ”

“……..” စနစ်သည် ဆွံံ့အသွားသည်။

ဤဓားအား အထင်မကြီးခြင်းမှာ ကျွင်းချောင်ရှောင်း၌ နဂါးစိမ်း လခြမ်းဓားမော့ ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။

တကယ်တမ်းမှာတော့ အလယ်အလတ်အဆင့် အအေးဓားအား လေလံတင်မည် ဆိုလျှင် မိုးလောက် မြင့်မားသောဈေးနှုန်းဖြင့် ရောင်းချရမှာ သေချာ၏။ သာမာန်သိုင်းစစ်သူကြီးတစ်ယောက်ပင်လျှင် ထိုအရာကို ဝယ်နိုင်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းမှာတော့ နဂါးစိမ်းလခြမ်းဓားမော့၊ စည်းဓားမော့ နှင့် နတ်ဘုရားလက်နက်များ ရှိနေသောကြောင့် တော်ရုံလက်နက်အား အထင်မကြီးသလို ဖြစ်နေခြင်းပင်။

အလယ်အလတ်အဆင့် အအေးဓားသည် ပေါ့ပါး ကြည့်ကောင်းရုံသာမက အသုံးပြုရာတွင်လည်း လွယ်ကူသည်။ သို့ပေမဲ့ နဂါးစိမ်းလခြမ်း ဓားမော့ နှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ပေ။

“အအေးသံတွေ ရှိနေသေးတယ်။ တပည့်တွေ အတွက် ငါ သန့်စင်ထားမှ ဖြစ်မယ်”

ကျွင်းချောင်ရှောင်းသည် ပန်းပဲခန်းမဆောင်ကို ဖွင့်၍ အလယ်အလတ်အဆင့် အအေးဓား အား အရေအတွက် များများ တစ်ခါတည်း သန့်စင်လိုက်တော့၏။

……..

နယ်မြေရှစ် တည်နေရာသည် နေရာအနှံ့တွင် အန္တရာယ်ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် နေ့ဝက်လောက် လျှောက်သွားပြီးသည့်နောက် တည်နေရာထဲရှိ သားရဲများအား တွေ့သည်နှင့် သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် အဆင့်မြင့် အရင်းအမြစ် တော်တော်များများ ရရှိခဲ့၏။

သားရဲတစ်ထောင် တော ထဲသို့ လာရောက်ရသည်မှာ အလွန်ပင် အကျိုးအမြတ် များလှသည်။

နောက်တစ်ရက် …။

ကျွင်းချောင်ရှောင်းသည် နယ်မြေ ကိုးဆီသို့ ဝင်ရောက်လိုက်သည်။

အတွင်းမှာတော့ အနိမ့်ဆုံးသည် အဆင့်လေး သိုင်းစစ်သူကြီး အဆင့် သားရဲများ ဖြစ်ကြ၏။

သူ၏ အားအင် ၊ အလယ်အလတ် အဆင့် အအေးဓား တို့အား အမှီပြုရင်း ဂိုဏ်းချုပ်ကျွင်းသည် အန္တရာယ်တော ထဲတွင် တစ်ဦးတည်း သက်တောင့်သက်သာ သွားလာနေနိုင်သည်။

နယ်မြေကိုးထဲတွင် တခြားအဖွဲ့များ မရှိသောကြောင့် အရင်းအမြစ် တော်တော်များများ ရှိနေသည်။ ခဏလောက် ရှာဖွေပြီးနောက်မှာတော့ သူသည် ဆေးလုံး၊ လက်နက်များ ဖန်တီးနိုင်သော ကုန်ကြမ်းများကို ရရှိခဲ့ပြီ ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် အနားယူမည့်နေရာအား ရှာဖွေပြီးနောက် ဆေးခန်းမဆောင်၊ ပန်းပဲခန်းမဆောင် နှင့် အဆောင်အစီအရင် တို့အား ဖွင့်ကာ လိုသည့်အရာများ သန့်စင်ဖန်တီးတော့သည်။

လက်ရှိသူ သန့်စင်နေသော အရာများသည် သူအသုံးပြု၍ ရသော အရာများမဟုတ်ချေ။ သို့ပေမဲ့ တပည့်များ အတွက် အရင်းအမြစ်များ ထောက်ပံ့ပေးနိုင်သည်။ အထူးသဖြင့် အားအင်တိုးတက်ခြင်းအဆောင်ဖြစ်သည်။

တပည့်များသည် ထိုအဆောင်အား သေခြင်း၊ ရှင်ခြင်း အခြေအနေမျိုးတွင် ထုတ်ဖော် အသုံးပြုနိုင်၏။

မကြာမီမှာပဲ သူသည် အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး သုံးရြ ၊ အားအင်တိုးတက်ခြင်းအဆောင် တစ်ရာကျော် နှင့် အသိအမြင် အဆောင်တို့အား သန့်စင်ပြီး ဖြစ်သည်။

“အတွင်းပိုင်းကို ဆက်ဝင်ရမယ်”

ကျွင်းချောင်ရှောင်းသည် မြေပုံတွင် အမှတ်အသား မရှိတော့သော တည်နေရာထဲသို့ ဦးတည်ဝင်ရောက်လိုက်သည်။

သို့ပေမဲ့ …

သူ ဝင်ရန် ပြင်နေတုန်းမှာပဲ တောအတွင်းပိုင်းဆီမှ ကျယ်လောင်လှသော ဝံပုလွေအူသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏ ။

များပြားလှသော ဝံပုလွေများသည် ထွက်ပေါ်လာသည်။ ၎င်းတို့၏ ခြေထောက်အောက်မှာတော့ အလွန်အားကောင်းလှသော လေလှိုင်းများ ဖြစ်တည်နေသည်။

“လေပွေ ဝံပုလွေတွေလား” ကျွင်းချောင်ရှောင်း ပျော်သွားမိ၏။

စနစ်မှ ပြောလိုက်သည် “ဒါက လေပွေ ဝံပုလွေ မဟုတ်ဘူး။ ဟာရီကိန်း ဝံပုလွေပဲ”

All Chapters