← Chapters

အခန်း (၃၃၅)

Vol. 23 Ch. 335

အခန်း (၃၃၅)

Vol. 23 Ch. 335

ဟာရီကိန်း ဝံပုလွေ ဟုတ်လား။

အရွယ်အစားကြီးမားပြီး ခြေထောက်အောက်ရှိ လေလှိုင်းများ အလွန်အားကောင်းနေသည်ကို မြင်ရသည်မှာ အံံအားသင့်စရာမဟုတ်တော့ချေ။ မတူညီသော သားရဲအမျိုးအစား ဖြစ်နေခြင်းပင်။

ဝူး …

ဝူး ….။

ဟာရီကန်း ဝံပုလွေများသည် တောထဲမှ အလျှင်စလို ထွက်လာကြသည်။ ၎င်းတို့၏ အရေအတွက်သည် တဖြည်းဖြည်း များပြားလာပြီး နောက်ဆုံးမှာတော့ အကောင်ငါးရာကျော်ထိ ရောက်ရှိလာသည်။

ကျွင်းချောင်ရှောင်းသည် သေချာကြည့်ရှုလိုက်တော့ အနည်းဆုံး အဆင့်ငါး သိုင်းစစ်သူကြီး အဆင့်များ ဖြစ်နေကြောင်း မြင်လိုက်ရသည်။ အားလုံးသည် အဆင့်မြင့် သားရဲများဖြစ်၏။

အထူးသဖြင့် နောက်မှ ရောက်လာသော ဟာရီကိန်း ဝံပုလွေကြီး နှစ်ကောင် ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ် အားအင်သည် ပိုမို အားကောင်းလွန်းပြီး အဆင့်ငါး အထက်အဆင့်များ ဖြစ်ပုံပေါ်သည်။

ဂိုဏ်းချုပ်ကျွင်း၏ မျက်လုံးများသည် တောက်ပသွားသည်။

သူ ဤတောထဲသို့ ဝင်လာရသည့် ရည်ရွယ်ချက်မှာ နှစ်ခု ရှိသည်။ တစ်ခုသည် နဂါးလေးအတွက် အစာ ရှာရန် ဖြစ်ပြီး နောက်တစ်ခုမှာတော့ လေဓာတ်အမျိုးအစား ဝံပုလွေကို ရှာဖွေရန် ဖြစ်၏။

နဂါးလေးအတွက် အစာရှာခြင်းမှာ လုံလောက်သည်ထက်ပင် ပိုလျှံနေပြီ ဖြစ်ပြီး နဂါးလေးသည် ပျော်ပျော်ရွှင်ရွှင် ဗိုက်ပြဲအောင် စားသောက်လျက် ရှိနေသေးသည်။

ဒုတိယမြောက် ရည်ရွယ်ချက်ကို ပြည့်စုံစေရန် သူ တောက်လျှောက် ရှာဖွေခဲ့သော်လည်း အခွင့်အရေး မရခဲ့ချေ။ လက်ရှိအခြေအနေတွင်တော့ ဟာရီကိန်း ဝံပုလွေအား သူ ရှာတွေ့ခဲ့ပြီဖြစ်၏။

ဝှစ် … ဝှစ် …

ဟာရီကိန်း ဝံပုလွေများသည် တစ်ကောင်ပြီး တစ်ကောင် ထပ်မံရောက်ရှိလာကြသည်။

မကြာမီမှာပဲ ခံတပ်ပြီး သုံးခု အသွင်ဖြင့် သူ့အား ဝိုင်းပတ်လာကြပြီး ဝံပုလွေများ၏ အရေအတွက်သည်ကလည်း တစ်ထောင် နီးပါး ရှိလာ၏။

ဟာရီကိန်းဝံပုလွေများသည် တော၏ အတွင်းဘက်တွင် နေထိုင်ကြခြင်း ဖြစ်သည်။ သူူတို့သည် အုပ်လိုက် နေထိုင်ကြသူများဖြစ်ပြီး ၎င်းတို့၏ မျိုးရင်းများအား တိုက်ခိုက်အနိုင်ယူမည့်သူ လည်း လတ်တလော မရှိသည်မို့ သားပေါက်နှုန်းသည် အလွန်မြင့်မားနေသည်။

ဝေါင်း …။

ရေခဲခြင်္သေ့သည်ပင်ကြောက်လန့်တကြား ဟိန်းလိုက်မိ၏။ သူသည် ရေခဲဓာတ်သဘာဝ သားရဲဖြစ်သည် ဆိုလျှင်တောင်မှ ဤမျှ များပြားသော သားရဲုများနှင့် ရင်ဆိုင်ရန်တော့ မဝံ့ရဲချေ။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။

ဟာရီကိန်းဝံပုလွေ တစ်ထောင်နီးပါး ရှိပြီး အားလုံးသည် အလယ်အလတ်အဆင့် သားရဲများဖြစ်နေသည်။ သူသာ အားလုံးကို သတ်ဖြတ်ပစ်နိုင်မည် ဆိုလျှင် အမြန်နှုန်းအဆာင်ကို ဖန်တီးရန် ကုန်ကြမ်းများ ရပေလိမ့်မည်။

ထို့ကြောင့် များပြားလှသော ဟာရီကိန်းဝံပုလွေများ၏ ဝိုင်းပတ်ခြင်းကို ခံထားရသည်ကိုတောင်မှ သူ ရယ်မောနေ နိုင်ခြင်း ဖြစ်သည်။

“နဂါးလေး၊ ရေခဲလေး”

ကျွင်းချောင်ရှောင်းသည် အအေးဓားအား ပြန်သိမ်းပြီး နဂါးစိမ်းလခြမ်းဓားမော့ အား ထုတ်ယူလိုက်သည် “ငါ့နောက်မှာနေ .. မပြေးနဲ့”

ရေခဲလေးသည် ရှေ့သို့ တိုးလာသည်။ နဂါးလေးသည် ကျွင်းချောင်ရှောင်း၏ ဘေးသို့ ခုန်ဆင်းလိုက်သည်။ သူ၏ အသွင်အပြင်မှာတော့ ထူးမခြားနားသလိုပင်။

သူသည် တိုက်ပွဲဝင်ပုံစံအား ပြောင်းလဲလိုက်ပါက ထိုသားရဲတစ်ထောင်နှင့် တိုက်ခိုက်ဖို့ ဆိုသည်မှာ သွေးတောင် ပူမည် မဟုတ်ချေ။

ဝူး ..။

အူး …။

အဆင့်ငါး ဟာရီကိန်းသားရဲ နှစ်ကောင်သည် ခေါင်းကို မော့ကာ အူလိုက်၏။

ဝှစ် .. ဝှစ် …

ရေတွက်၍ မရအောင်များပြားလှသော ဟာရီကိန်းသားရဲ ရာကျော်တို့သည် လျှင်မြန်စွာဖြင့် ရှေ့သို့ လှမ်းတက်လာသည်။

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်း လခြမ်းဓားမော့ အား ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်၍ လာ၏။

တိုက်ပွဲထဲတွင် ဝံပုလွေသားရဲအုပ်နှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် သူ၏ လက်ရှိ အခြေအနေသည် ရန်သူ တစ်သောင်းကြားရောက်နေသော တပ်မှုး တစ်ယောက်လိုပင်။

ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်ရင်း အားယူကာ နဂါးစိမ်းလခြမ်းဓားမော့ကြီးအား ဝေ့ယမ်းလိုက်သည်။ တလက်လက်တောက်ပသော အလင်းများသည် ဖြစ်တည်လာသည်။

ဝှစ် …။

ဓားမော့အလင်း ဖြတ်သန်းသွားသည်။

ဟာရီကိန်း ဝံပုလွေ တစ်ဒါဇင်ကျော်သည် သေဆုံးသွားကြ၏။

များပြားလှသော ရန်သူများနှင့် ရင်ဆိုင်နေရသောကြောင့် ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်အား အသာလှည့်လိုက်သည်။ ဓားမော့၏ အလင်းသည် တည်နေရာတစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။

ရွှီး ..။

ရွှွီး …။

ခြေလက်တို့သည် ပြတ်တောက်၍ နေရာအနှံ့သို့ လွင့်စင်ကုန်သည်။

ကျွင်းချောင်ရှောင်းသည် နှစ်ကြိမ်သာ တိုက်ခိုက်ရသေးသည် ဆိုသော်လည်း အဆင့်ငါး နှင့် အဆင့်ခြောက် သိုင်းစစ်သူကြီးအဆင့် ဝံပုလွေ ငါးဆယ်ကျော်ကို သတ်ဖြတ်ပြီး ဖြစ်လို့နေ၏။

ရွှီး … ရွှီး ..။

သို့ပေမဲ့ နေရာအနှံ့ဆီမှ နောက်ထပ် ဝံပုလွေငါးဆယ်ကျော်တို့သည် တိုးဝင်လာခဲ့သည်။

ဝေါင်း …

ရေခဲခြင်္သေံသည် ဒေါသတကြီး ဟိန်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ဆီမှအအေးလှိုင်းများ ထွက်ပေါ်လာပြီး ဝံပုလွေများ၏ ကိုယ်ပေါ်တွင် ရေခဲဖတ်များ ကပ်နေစေသည်။ ဝံပုလွေများ၏ လှုပ်ရှားမှုသည်လည်း နှေးကွေးသွားသည်။

သေစမ်း။

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့အား လွှဲရမ်းပြီး ကျန်ရှိနေသော ဝံပုလွေများအား တိုက်ခိုက်လိုက်သည်။

ခုတ်ပိုင်းချက် အနည်းငယ်အတွင်းမှာပဲ သူသည် ဟာရီကိန်းဝံပုလွေ ရာကျော်အား ထပ်မံ သတ်ဖြတ်ပြီး ဖြစ်နေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်ပင်အားကောင်းလှ၏။

ဝေါင်း ..

ရေခဲခြင်္သေ့သည် ထပ်မံ၍ ဟိန်းလိုက်ပြန်သည်။

သူ့သခင်၏ ရဲဝင့်မှုကို မျက်မြင်တွေ့ပြီးနောက် ရေခဲခြင်္သေ့သည် သူ၏ စိတ်ထဲရှိ ကြောက်ရွံမှုများ လွင့်စင်သွားခဲ့၏။

ဝူး …။

တောနက်ထဲမှာတော့ အလွန်ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။

ဤအသံသည် ဝံပုလွေအုပ်အား အမိန့်ပေးတာဖြစ်ကြောင်း သူ နားလည်လိုက်မိ၏။ ထိုအသံသည် ဝံပုလွေဘုရင်၏ အသံ ဖြစ်နိုင်၏။

ထင်မှတ်ထားသည့်အတိုင်းပင် ဝံပုလွေဘုရင်၏ အော်သံ ထွက်လာပြီးနောက် ဟာရီကိန်း ဝံပုလွေများသည် ဆက်လက်မတိုက်ခိုက်တော့ဘဲ အလုံးအရင်းနှင့် ဝင်လာရန် ပြင်ဆင်လိုက်ကြသည်။

တည်နေရာထဲရှိ ဝံပုလွေ ရှစ်ရာ နှင့် ကိုးရာ နီးပါး တို့သည် ဒီရေတက်လာသည့်အား ပြိုင်တူ ပြေးဝင်လာကြ၏။

လာစမ်း ..။

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကို ကိုင်ဆောင်ရင်း အသင့်ပြင်ထားသည်။

ဝှစ် …။

ဓားမော့ကို လွှဲရမ်းလိုက်ချိန်မှာတော့ အစိမ်းရောင် အလင်းများ ပြန့်နံှ့သွား၏။

ရွှီး ..။

ဟာရီကိန်းဝံပုလွေများသည် အခုတ်ခံရသော မြက်ပင်များကဲ့သို့ တစ်ကောင်ပြီး တစ်ကောင် မြေပေါ် လဲကျသွားသည်။ မြေပေါ်တွင် ခေါင်းပြတ်များ၊ လက်ပြတ်၊ခြေပြတ်များ ပြည့်သွားသည်။

ဝေါင်း ..။

ရေခဲခြင်္သေ့ အော်သံ ထွက်လာသည်နှင့် တပြိုက်နက် တည်နေရာတစ်ခုလုံးသည် အေးခဲသွားပြီး ဟာရီကိန်း ဝံပုလွေများ၏ အမြန်နှုန်းသည် လျော့ကျလာ၏။

မြန်ဆန်သည့်လှုပ်ရှားနိုင်စွမ်း ကင်းမဲ့လာသည်နှင့် အမျှ သူတို့၏ အသက်နှင့် ဝိညာဉ်များသည် လွင့်ပါး ပျောက်ကွယ်သွားခဲ့ရသည်။

ဝှစ် … ဝှစ် ..။

……

ဆယ်မိနစ်လောက် ကြာမြင့်ပြီးနောက် …

တည်နေရာ ပတ်ဝန်းကျင်ထဲရှိ ဟာရီကိန်းဝံပုလွေ ငါးရာကျော်တို့သည် သေဆုံးသွားခဲ့သည်။ သွေးများသည် ချောင်းကဲ့သို့ စီးဆင်းနေပြီး တည်နေရာတစ်ခုလုံးသည် သားသတ်ရုံကဲ့သို့ပင်။

ကျွင်းချောင်ရှောင်းသည် ဆက်လက် သတ်ဖြတ်နေတုန်းပင်။ သူ၏ အဖြူရောင် ဝတ်စုံသည် ဝံပုလွေတို့၏ သွေး နှင့် နီရဲနေပြီ ဖြစ်၏။

ဝူး …။

ဝံပုလွေဘုရင်၏ အူသံသည် ထပ်မံ ထွက်ပေါ်လာသည်။

အသက်ရှင်ကျန်ရစ်နေသော ဝံပုလွေတို့သည် တိုက်ခိုက်ရာမှ ရပ်တန့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်မှုတွေ ပြည့်လာပြီး နောက်သို့ တစ်လှမ်းချင်း ဆုတ်သွား၏။

ဤလူသားသည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသည်။

သူတို့သာ နောက်မဆုတ်လျှင် တစ်ဖက်လူ၏ ဓားချက်အောက်တွင် သေဆုံးရမှာ သေချာသည်။ သူတို့သည်လည်း ဝံပုလွေဘုရင်၏ အမိန့်မရခင်ကတည်းက နောက်သို့ ဆုတ်ချင်နေတာ ဖြစ်၏။

ဘာ …။

ကျွင်းချောင်ရှောင်း ဓားကို ကိုင်ကာ ပြောလိုက်သည် “မိစ္ဆာသားရဲတွေ သေမှာကြောက်နေပြီလား”

သွေးတွေတစ်ကိုယ်လုံးအပြည့်နှင့် ကျွင်းချောင်ရှောင်းသည် အလောင်းကောင်တွေ ပေါ် မတ်မတ်ရပ်ပြီး သူ၏ မျက်လုံးများသည် အေးစက်နေသည်။ သူသည် ငရဲမင်း တစ်ယောက်လိုပင်။

ဝူး …။

ဝံပုလွေဘုရင်၏ အော်သံသည် ထပ်မံ ထွက်ပေါ်လာသည်။

ဝေါင်း …။

ပိုမို၍ အားကောင်းသော ဟာရီကိန်းဝံပုလွေနှစ်ကောင်သည် ရှေ့သို့ တိုးလာသည်။ ၏

ရေခဲခြသေံၤ၏ အအေးဓာတ်များသည် အားကောင်းသောလည်း ၎င်းတို့၏ ကျင့်ကြံခြင်းအားအင်မှာ မြင့်မားသောကြောင့် အအေးဓာတ်များ၏ သက်ရောက်မှုကို မစိုးရွံကြချေ။

“မင်းတို့ သေလမ်းရှာနေတာပဲ”

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကို ကိုင်ဆောင်ရင်း ခုတ်ပိုင်းလိုက်သည်။

သို့ပေမဲ့ ဟာရီကိန်း ဝံပုလွေနှစ်ကောင်သည် အလွန်တရာ မြန်ဆန်စွာဖြင့် ခန္ဓာကိုယ်ကို လိမ်ကာ ရှောင်ရှားသွား၏။

ဝှစ် ..။.

တစ်ကောင်သည် လေထဲမှာလည်ကာ ရှောင်ရင်းမှ ပါးစပ်ထဲမှ အလင်းလုံးဖြင့် ပစ်လွှတ် တိုက်ခိုက်သည်။

ဘုန်း ..။

အလွန်မြန်ဆန်သောကြောင့် ကျွင်းချောင်ရှောင်း၏ ကျောကုန်းအား တည့်တည့်ထိမိသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ မလှုပ်သွားပေ။

ဂျင်နှစ်သိန်းလောက် အားအင်ရှိသော အလင်းလုံး ထိမှန်ခဲ့သည် ဆိုသော်လည်း ပိုးမျှင်ချပ်ဝတ် ကြောင့် နာကျင်ဖို့ကို မပြောနှင့် လှုပ်တောင်မလှုပ်သွားချေ။

သေစမ်း။

ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းအား အသုံးပြု၍ အလွန်တရာ မြန်ဆန်သောနှုန်းဖြင့် ရှေ့သို့ တိုးကာ ခုတ်ပိုင်းလိုက်သည်။

ရွှီး ..။

သူ၏ တိုက်ခိုက်ချက်သည် တစ်ဖက်လူအပေါ် ထိမှန်ခဲ့သော်လည်း တစ်ဖက်လူမှာ ဒဏ်ရာမရသည့်အပြင် ပိုမို မြန်ဆန်လာသည်ကို အံ့အားသင့်ဖွယ်ရာ တွေ့လိုက်ရတော့ ဟာရီကိန်းဝံပုလွေသည် ထိတ်လန့် တုန်လှုပ်သွား၏။

ဘန်း ..

ဘန်း …။

တခြားသော ဟာရီကိန်းဝံပုလွေသည် ပါးစပ်ထဲမှ အလင်းလုံးများဖြင့် ဆက်တိုက် ပစ်လွှတ် တိုက်ခိုက်နေသည်။

ထိုအလင်းလုံးများသည် ကျွင်းချောင်ရှောင်းအား ထိမှန်နေသော်လည်း ဘာတစ်ခုတော့ဖြစ်မလာခဲ့ချေ။

ဤလူသားသည် တိုက်ခိုက်ရေးစွမ်းရည် မြင့်မားသလို၊ ခုခံမှုတွင်လည်း အားကောင်းလွန်းနေသည်။

ဝှစ် .။

ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းကို ထုတ်ဖော်ကာ ထပ်မံ တိုက်ခိုက်ပြန်၏။

ဤတစ်ကြိမ်မှာတော့ ဒုတိယ ဟာရီကိန်းဝံပုလွေသည် ရှောင်ချိန်ပင် မရလိုက်ပဲ သေဆုံးသွားခဲ့ရသည်။

သေမင်းတောင်ကြားမှာတုန်းက အဆင့်ငါး သိုင်းစစ်သူကြီးအဆင့် မီးနဂါး ဘုရင် နှင့် တိုက်ခိုက်စဉ်က သူသည် စည်းဓားမော့ အား ထုတ်ဖော် အသုံးပြုခဲ့ရသည်။ လက်ရှိ အချိန်မှာတော့ အဆင့်တူ ဟာရီကိန်း ဝံပုလွေအား သူ လွယ်လွယ်ကူကူ သတ်ဖြတ်နေနိုင်ပြီ ဖြစ်၏။

သူ၏ တိုးတက်မှုကို သက်သေပြနိုင်သော အရာပင်။

ဘန်း ..။

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ အား ကိုင်ဆောင်ရင်း ဂုဏ်ယူစွာ ပြောလိုက်သည် “ထပ်လာခဲ့စမ်း”

All Chapters