အခန်း (၃၃၆)
Vol. 23 Ch. 336
ဟာရီကိန်း ဝံပုလွေနှစ်ကောင်တို့သည် အဆင့်မြင့်ကြသည်ဆိုသော်လည်း ၎င်းတို့၏ အရှိန်နှုန်းကိုသာ အားထားကြရ၏။
တိုက်ခိုက်ရေးစွမ်းရည်အရ ပြောမည်ဆိုလျှင် ၎င်းတို့သည် အဆင့်ငါးသိုင်းစစ်သူကြီးတစ်ယောက်နှင့်သာ နှိုင်းယှဉ်၍ ရနိုင်၏။ ထို့ကြောင့် အားအင်အရ မီးနဂါးလောက်ပင် အားမကောင်းကြချေ။
ကျွင်းချောင်ရှောင်းမှာတော့ ဒုတိယအဆင့် သိုင်းစစ်သူကြီးတစ်ယောက်မျှသာ ဖြစ်သော်လည်း အားအင်အဆင့်မှာ ဂျင်သုံးသိန်းခွဲအထိ ရှိနေသူဖြစ်သည်။
၎င်းသည် နဂါးစိမ်း လခြမ်းဓားမော့အားလည်း ကိုင်ဆောင်ထားသေး၏။
ပြောနေစရာပင် မလိုပေ။ သူသည် တိမ်ခြေလှမ်းအားလည်း လေ့ကျင့်ထား၏။ ထို့ကြောင့် သူ၏ အမြန်နှုန်းမှာ နည်းနည်းလေးမှပင် အားမနည်းလှချေ။
သဘာဝအားဖြင့် အဆင့်ငါးသိုင်းစစ်သူကြီးအဆင့် ဟာရီကိန်း ဝံပုလွေတစ်ကောင်ကို သတ်ဖြတ်ရခြင်းဆိုသည်မှာ သူ့အတွက်တော့ အလွန်တရာ လွယ်ကူသည့် ကိစ္စပင် ဖြစ်တော့သည်။
အာဝူး။
ဝံပုလွေ ဘုရင်သည် ထပ်မံ၍ အော်ဟစ်လိုက်သည်။
ဤတစ်ကြိမ်မှာတော့ သူသည် အားလုံးအား နောက်ဆုတ်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်၏။
ချက်ချင်းဆိုသလိုပဲ ဟာရီကိန်း ဝံပုလွေတစ်ရာကျော်တို့သည် တစ်ကောင်ပြီးတစ်ကောင် နောက်ဘက်သို့ ဆုတ်ခွာ ပြေးလွှားကြတော့သည်။
တစ်ကောင်ထက် တစ်ကောင်ပိုမို မြန်ဆန်စွာ ပြေးလျက်ရှိနေသည်။ ဤလူသားသည် အမှန်တကယ်ကြောက်လန့်ဖွယ်ရာကောင်းသည်။ သူတို့အနေနှင့် ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားမှ ဖြစ်ပေလိမ့်မည်။
"ပြေးချင်တာ ဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းကို အသုံးပြု၍ နောက်မှ လိုက်သွား၏။
ရွှီ …. ရွှီ။
နဂါးစိမ်း လခြမ်းဓားမော့ကို ပြင်းပြင်းထန်ထန် ယမ်းခါပြီးသည့်နောက်မှာတော့ ဓားအော်ရာများ ဖြစ်တည်လာပြီး ဟာရီကိန်း ဝံပုလွေများဆီသို့ ရောက်ရှိသွားကာ တစစီ ပိုင်းပြတ်ကုန်သည်။
ထွက်ပြေးလွတ်မြောက်သွားကြသော ဝံပုလွေအုပ်များ တော်တော်များများ ရှိသည် ဆိုသော်လည်း လမ်းပေါ်မှာတော့ သေဆုံးနေသော ဝံပုလွေသည် အနည်းဆုံး အလွန်များပြား၏။
"ငကြောက်တွေပဲ။"
ကျွင်းချောင်ရှောင်းသည် အနောက်မှ လိုက်မည့် အကြံအစည်အား အလျော့ပေးလိုက်၏။
နဂါးစိမ်းလခြမ်းဓါးမော့အား သိမ်း၍ အအေးဓားအား ထုတ်ယူလိုက်သည်။ ထို့နောက် ဝံပုလွေများ၏ အရေခွံများကို ခွာ၍ သလင်းအမြုတေများကို ထုတ်ယူသည်။
တည်နေရာတွင် ရှိနေသော ဟာရီကိန်း ဝံပုလွေ၏ အလောင်းများမှာ ခုနစ်ရာနည်းပါးခန့် ရှိနေပြီဖြစ်သည်။
ထို့ကြောင့် သလင်းအမြုတေများကို ထုတ်ယူရာ၌ အလုပ်တော်တော်များသည်။ သို့ပေမဲ့ ရရှိလာသော အကျိုးကျေးဇူးမှာတော့ မဆိုးလှချေ။
များပြားလှသည့် ဝံပုလွေ အရေအတွက်နှင့် ထိုက်တန်သည်ဟု ဆိုရမည်။ လေဓာတ် အမျိုးအစား သလင်းအမြုတေ လေးရာနီးပါး ကို ရရှိခဲ့သည်။
စုစုပေါင်း အဆင့်ငါးမှ အဆင့်ရှစ် သလင်းအမြုတေ ၃၈၀ကျော် တိတိ ရှိ၏။
အဆင့်ကိုး သလင်းအမြုတေ ငါးဆယ့်လေးခု ရှိပြီး အဆင့်ရှစ် သလင်းအမြုတေ ဆယ့်နှစ်ခု ၊ အဆင့်လေး သလင်းအမြုတေ နှစ်ခု ရှိ၏။
ကျွင်းချောင်ရှောင်းသည် အဆောင် ခန်းမဆောင်ကို ဖွင့်၍ အဆောင်ဆိုသည့် နေရာအား နှိပ်ကာ အမြန်ဆုံး သန့်စင်လိုက်သည်။
သူ့တွင် အဆင့်ငါး သလင်းအမြုတေ နှစ်ခုသာ ရှိသည်မို့ အမြန်နှုန်း အဆောင်နှစ်ခုသာလျှင် သန့်စင်နိုင်၏။
"မရှိတာထက်စာလျှင် မဆိုးပါဘူး။*
ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ကျေနပ်နေ၏။ ပြီးနောက် သူသည် သန့်စင်မည်ဆိုသော စာလုံးအား သေသေချာချာ နှိပ်လိုက်သည်။
အဆောင်ခန်းမဆောင်သည် ချက်ချင်းဆိုသလိုပဲ အဆောင်အား သန့်စင်တော့၏။
အဆောင်ခန်းမဆောင် အသက်ဝင်နေသော အချိန်ကို အခွင့်ကောင်းယူ၍ ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင် ရှိသော ဝံပုလွေ အလောင်းများအား ကြည့်လိုက်၏။
"ဒီဝံပုလွေ သားရဲတွေရဲ့ အဆင့်တွေက မဆိုးလှဘူး။သူတို့ရဲ့ အသားတွေကလည်း အရသာရှိမှာပဲ။ဒါတွေကို သိမ်းသွားသင့်လား။"
ဘုတ်။
နဂါးလေးသည် ဝံပုလွေအလောင်းများ၏ ရှေ့တွင် ရပ်၍ သူ၏ ပါးစပ်ကို ဟကာ အားရပါးရ အစိမ်းလိုက် စားသုံးနေလေ၏။
"ကောင်းပြီ။ဒါဆိုရင်လည်း သိမ်းတာပေါ့။"
စနစ်မှ ပေးထားသော သိုလှောင်လက်စွပ်များသည် များပြားလှသည့် သိုလှောင်နိုင်စွမ်းရှိ၏။ ထို့ကြောင့် ဤသားရဲတော်တော်များများကို သိမ်းဆည်းထားနိုင်သည်။
ဒင်။
လေးနာရီကြာပြီးသည်နောက်မှာတော့ သတိပေးချက်အသံတစ်ခုထွက်ပေါ်လာသည်။
စနစ်မှ ပေးထားသော သိုလှောင်လက်စွပ်ထဲမှာတော့ အမြန်နှုန်း အဆောင်သည် ပေါ်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် သေချာကြည့်ရှုလိုက်သည်။ သူအရင်တုန်းက သုံးခဲ့ဖူးသော အရာနှင့် ဆင်တူညီနေသည်ကို မြင်လိုက်ရ၏။ သူ ပျော်သွားမိသည် "ဒီအဆောင်ရဲ့ အကျိုးကျေးဇူးက စဦးလက်ဆောင်ထုတ် က ရရှိခဲ့တဲ့ အရာနဲ့ အကျိုးကျေးဇူးအတူတူပဲ မဟုတ်လား။"
အဆောင်ခန်းမဆောင်တွင် စုစုပေါင်း အဆောင်အမျိုးအစား သုံးခု ရှိသည်။
အားအင်တိုးတက်ခြင်း အဆောင်တစ်ခုသာလျှင် အသေးစိတ် မိတ်ဆက်ခြင်း ပါဝင်၏။ အသိအမြင်အဆောင်နှင့် အမြန်နှုန်း အဆောင်တို့မှာတော့ အသေးစိတ် မိတ်ဆက်ခြင်းကို မဖော်ပြထားပေ။
"လက်ခံသူ အတွေးလွန်နေပြီ။"
စနစ်မှ ပြောလိုက်သည်။ "အဆောင်ခန်းမဆောင်က သန့်စင်လိုက်တဲ့ အဆောင် တော်တော်များများက အကျိုးသက်ရောက်မှုတော့ နည်းနည်းလေးလျော့ကျတယ်။"
"ဟုတ်ပြီ။"
ကျွင်းချောင်ရှောင်းသည် အမြန်ဆုံးအဆောင်အား ထုတ်ယူကာ တီးတိုး ရေရွတ်လိုက်မိသည်။ "ဒါကိုစမ်းကြည့်လိုက်ရမလား။"
"ကောင်းတာပေါ့။"
စနစ်မှ ပြောလိုက်သည်။ "အစွမ်းသက်ရောက်မှုနဲ့ အချိန်ကန့်သတ်မှုကို တိုင်းတာကြည့်လိုက်မယ်"
ဖြောက်။
ကျွင်းချောင်ရှောင်းသည် တိုက်ရိုက်ပဲ အဆောင်အား ချိုးဖြတ်လိုက်သည်။
ဟူး … ဟူး။
သူ၏ ခြေထောက်များဆီမှ ဆန်းစြွမ်းအင်များ ထွက်ပေါ်လာပြီး ချက်ချင်းထ၍ ထွက်ပြေးချင်စိတ်ပင် ဖြစ်ပေါ်လာ၏။
စနစ်မှ ပြောလိုက်သည်။ "အဆောင်ခန်းမဆောင်ကနေ ဖန်တီးလိုက်တဲ့ အမြန်နှုန်း အဆောင်က စဦးလက်ဆောင်ထုတ်ရဲ့ အဆောင် အကျိုးကျေးဇူးထက် ထက်ဝက်ပဲ အစွမ်းရှိတယ်။ဒါပေမဲ့ အချိန်အကန့်အသတ်ကတော့ နှစ်နာရီအထိ ရှိတယ်။"
အချိန် တစ်နာရီမှ နှစ်နာရီအထိ တိုးမြှင့်ပြီးသော်လည်း အကျိုးသက်ရောက်မှာ ထက်ဝက် လျော့ကျသွားသည်ဆိုသည်မှာ မည်သို့ပင် ကြည့်ကြည့် ဆုံးရှုံးမှုပင်ဖြစ်သည်။
"နဂါးလေး .. ရေခဲလေး။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည် "ဒီနေရာမှာ စောင့်နေ ငါပြန်လာခဲ့မယ်။"
ဝေါင်း
ရေခဲခြင်္သေ့သည် တု့ံ့ပြန်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ ပြေးသွားပြီးနောက် သူ၏ ကိုယ်သည် နောက်ကွယ်တွင် ပုံရိပ်ယောင်အဖြစ် ကျန်ရှိခဲ့၏။
နဂါးလေးနှင့် ရေခဲလေးတို့သည် ထိုအရာကို မြင်တော့ မျက်လုံး အပြူးသားနှင့် ဖြစ်သွားမိကြသည်။
"သေခင်ရဲ့ အမြန်နှုန်းက အရမ်း မြန်လိုက်တာ။ငါတို့တွေ သေချာတောင် မမြင်လိုက်ရဘူး။"
ရွှီ …. ရွှီ။
ကျွင်းချောင်ရှောင်းသည် တောအုပ်ထဲတွင် အလွန် မြန်ဆန်စွာဖြင့် ရွေ့လျား သွားလာလျက်ရှိသည်။
စနစ်က သုံးသပ်လိုက်၏။ "ဒါက ပုံရိပ်ယောင်တွေကို လူအဖြစ် ထင်မှတ်စေသည်အထိ မြန်ဆန်လွန်းတာတော့ မဟုတ်ဘူးဆိုပေမဲ့လည်း လက်ခံသူရဲ့ လက်ရှိ အမြန်နှုန်းက တော်တော်လေး ကောင်းမွန်တယ်။"
"မဆိုးဘူး။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အချက်အလက်အားဖြင့်ဆိုလျှင် မြန်ဆန်သည်ဟုပင် ဆိုရမည်။
အဘယ့်ကြောင့်ဆိုသော် သူသည် အဆောင်၏ အစွမ်းကို ထုတ်သုံးနေသည့်အပြင် တိမ်ခြေလှမ်းအားလည်း ထုတ်သုံးနေခြင်းကြောင့်ပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် အမြန်နှုန်းအဆောင်အား ချိုးဖြတ်ပြီးသည့်နောက် အမြန်နှုန်းကို စမ်းသပ်ရန် တစ်ခုတည်းကို အသုံးပြုခဲ့သည် မဟုတ်ပေ။ သူသည် ဟာရီကိန်း ဝံပုလွေများ၏ အနောက်သို့ လိုက်လာခဲ့ခြင်းပင် ဖြစ်၏။
"လေဓာတ်အမျိုးအစား သားရဲတွေလား။ဒီနေ့မှာ ငါက မင်းတိုအားလုံးတွေထက် ပိုပြီး ပြေးနိုင်တယ်ဆိုတာကို ပြရမယ်။"
တောထဲမှာတော့ အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။
သေသေချာချာ ကြည့်ရှုမည်ဆိုပါက ထိုအလင်းတန်းသည် သံမဏိဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း ဖြစ်ကြောင်း အားလုံး သိရှိနိုင်ပေမည်။
အာဝူး။
လှိုဏ်ဂူတစ်ခုထဲမှာတော့ ဝံပုလွေတစ်ကောင်၏ အော်သံ ထွက်ပေါ်လာသည်။
ဤနေရာသည် ဟာရီကိန်း ဝံပုလွေတို့ အသိုက်ပင် ဖြစ်သည်။ တည်နေရာသည် ကျယ်ဝန်းလှပြီး ဝံပုလွေနှစ်ထောင်မှ သုံးထောင်ထိ နေနိုင်သော နေရာလည်း ဖြစ်၏။
လက်ရှိအချိန်တွင်မှာတော့ ဆန်းကြယ်လှသော ဟာရီကိန်းဝံပုလွေကြီးသည် ကြီးမားသော ကျောက်တုံးကြီးပေါ်တွင် မတ်မတ်ရပ်လိုက်သည်။ သူသည် ဦးခေါင်းကို မော့၍ အူလိုက်သည်။
ကြည့်ရသည်မှာ ရှုံးနိမ့်ခဲ့သော သူ၏ အပေါင်းအဖော်များအား နှစ်သိမ့်နေခြင်းဖြစ်ပေလိမ့်မည်။
တစ်စုံတစ်ယောက်သည် လှိုဏ်ဂူထဲသို့ သေချာကြည့်မည်ဆိုပါက ဟာရီကိန်း ဝံပုလွေတစ်ထောင်ကျော်တို့သည် ဤလှိုဏ်ဂူထဲတွင် ရှိနေသည်သာ မက လူသားတို့၏ အရိုးများသည်လည်း တပုံတပင် ရှိနေကြောင်းကို မြင်ရနိုင်သည်။
သားရဲတစ်ထောင်တော ထဲ ၌ လာရောက် ရှာဖွေကြသော ကျင်ကြံသူများမှာ တော်တော်များကြသည်။ သူတို့သည် ဝံပုလွေ တို့၏ အစာဖြစ်ခဲ့ရ၏။
အာဝူး။
ဟာရီကိန်း ဝံပုလွေ ရာကျော်တို့သည် ကြီးမားလှသော ဓားကြီး၏ အောက်တွင် အသက်ရှင်နိုင်ခဲ့သည်မှာ အလွန်တရာ ကံကောင်းသည်ဟု ဆိုရမည်။
ထို့ကြောင့် သူတို့၏ ဘုရင်နှင့် အတူ သေဆုံးသွားကြသော အပေါင်းအပါများကို လွမ်းဆွတ်သတိရကြောင်း အူလိုက်ကြသည်။
ဤတောထဲ တွင် အစွမ်းထက်လှသော ရန်သူနှင့် တွေ့ရသည့် အခိုက်အတန့်များမှာ အလွန်ရှားပါးလှ၏။ ဤတစ်ကြိမ်တွင် သူတို့သည် တော်တော်များများ ဆုံးရှုံးခဲ့ရသည်။
ထိုအချိန်မှာပဲ အအေးလှိုင်းများ ဖြတ်ပြေးသွားကြ၏။
အူနေသော ဟာရီကိန်းဝံပုလွေ ဘုရင် သည် ရုတ်တရက်ရပ်တန့်သွား၏။
ပြီးနောက် သူသည် အေးစက်သော မျက်လုံးများနှင့် လှမ်းကြည့်လိုက်သည်။
လှိုစ်ဂူ ၏ အဝင်ဝတွင် ရပ်ကြည့်နေသည် လူတစ်ယောက်ကို သူ မြင်လိုက်ရ၏။ သူပဲ။ငါ့ရဲ့အဖော်တွေ အများကြီးကို သတ်ပစ်ခဲ့တဲ့ မုန်းတီးစရာကောင်းတဲ့ သူပဲ။
ကျွတ် ကျွတ်။
အူသံကို ကြားလိုက်ရသော ကျွင်းချောင်ရှောင်းသည် သူ၏ နဂါးစိမ်းလခြမ်းဓားမော့ကြီးအား မြှောက်ကာ ပြောလိုက်သည်။ "ဒီမှာ ဒီလောက်များတဲ့ ဟာရီကိန်းဝံပုလွေတွေ ရှိမယ်လို့ မထင်ဘူး။ငါဒါတွေ အားလုံးကို အသုံးပြုရမယ်။"
"အာဝူး အာဝူး။"
ဟာရီကိန်းဝံပုလွေ ဘုရင် သည် အူလိုက်၏။
အဆင့်ငါး သိုင်းစစ်သူကြီးအဆင့်ရှိသော ဟာရီကိန်း ဝံပုလွေ လေးကောင်တို့သည် ရှေ့သို့ လျှောက်လှမ်းလာပြီး သူတို့၏ ပါးစပ်ထဲမှ အလင်းလုံးများဖြင့် လှိုဏ်ဂူဝဆီသို့ ပစ်လွှတ်တိုက်ခိုက်လိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် အလွန်မြန်ဆန်စွာဖြင့် ရွေ့လျားကာ ရှောင်ရှားလိုက်၏။
"သေစမ်း။"
ချက်ချင်းဆိုသလိုပဲ သူသည် ဟာရီကိန်း ဝံပုလွေ တစ်ကောင်ဆီသို့ ချဉ်းကပ်၍ ဦးခေါင်းကို ခုတ်လိုက်သည်။
ဂွီ …. ဂွီ။
နောက်ထပ်သုံးချက် ခုတ်ပိုင်းပြီးသည့်နောက်မှာတော့ ကျန်နေသော အဆင့်ငါး သိုင်းစစ်သူကြီးအဆင့် ဟာရီကိန်းဝံပုလွေ သုံးကောင်တို့၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့သည် သီးခြားစီ ဖြစ်သွားခဲ့သည်။
မည်မျှမြန်ဆန်လိုက်သနည်း။
လှိုဏ်ဂူထဲတွင် ရှိနေကြသော ဟာရီကိန်း ဝံပုလွေ တစ်ထောင်ကျော်တို့၏မျက်လုံးထဲမှာတော့ ၎င်း၏ လှုပ်ရှားမှု သည် အလွန်တရာ မြန်ဆန်လွန်းသောကြောင့် သေချာပင်မမြင်လိုက်ကြချေ။
ဟာရီကိန်း ဝံပုလွေသားရဲများသည် အမြန်နှုန်း အရာ၌ စံတင်သည့် သားရဲများဖြစ်ကြသည်။
သူတို့ပင်လျှင် လိုက်မမြင်ရသည်အထိ ကျွင်းချောင်ရှောင်းသည် မြန်ဆန်လွန်းနေ၏။
ဟူး။
ဟာရီကိန်းဝံပုလွေ ဘုရင်သည် အူလိုက်၏။ ပြီးနောက် သူသည် အရှေ့သို့ လှမ်းတက်လာတော့သည်။
ဤလူသားသည် အလွန်ပင် အားကောင်းလှ၏။
သူ၏နောက်လိုက်များအား ဆက်လက်တိုက်ခိုင်းပါက သွား၍ သေခိုင်းသည်နှင့် ဆင်တူနေလိမ့်မည်။
ဤသို့သောတိုက်ခိုက်မှုကို သူကိုယ်တိုင်ပြုလုပ်မှ ဖြစ်လိမ့်မည်။
ဟာရီကိန်း ဝံပုလွေ ဘုရင် ၏အားအင်သည် သိုင်းစစ်သူကြီးအဆင့် အဆင့်ကိုးအားအင်ဖြစ်ပြီး သူ၏ အမြန်နှုန်းသည် အဆင့်ငါး ဝံပုလွေများထက် ပိုမို၍ မြန်ဆန်သည်။
သူသည် ရွေ့လျားလိုက်သည် ဆိုသည်နှင့် ပါးစပ်ထဲရှိ အလင်းတန်းများနှင့် ပစ်လွတ်တိုက်ခိုက်တော့၏။ အလင်းတန်းများ၏ အားအင်သည် အနည်းဆုံး ဂျင်သုံးသိန်းနီးပါးခန့် ရှိ၏။
ကျွင်းချောင်ရှောင်းသည် အလွန် မြန်ဆန်စွာဖြင့် ရှောင်ရှားလိုက်သည်။
ဘုန်း။
ဟာရီကိန်းဝံပုလွေ ဘုရင် ၏ အလင်းတန်းများသည် တောင်နံရံရှိ ကျောက်များအား ဖွာစာကြဲပီး ကြီးမားသည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။
ကျွင်းချောင်ရှောင်းသည် တည်နေရာထဲတွင် လှည့်ပတ်ပြေးလွှားနေပြီး လက်ထဲရှိ နဂါးစိမ်းလခြမ်းဓားမော့ကြီးသည် ဝှေ့ယမ်းလှုပ်ရှားလျက်ရှိသည်။
ဟာရီကိန်းဝံပုလွေဘုရင်သည် လှိုဏ်ဂူ၏ အဝင်ဝသို့ ချက်ချင်း ပြေးထွက်သွားလိုက်၏။
လှိုဏ်ဂူ၏ အဝင်ဝတွင် များပြားလှသော သူ၏ နောက်လိုက် သားရဲများ ရှိနေသောကြောင့် တိုက်ခိုက်ရသည်မှာ မလွတ်လပ်လှချေ။
ထို့ကြောင့် ထိုလူအား အပြင်ဘက်သို့ ခေါ်ဆောင်ပြီး တိုက်ခိုက်မှ အဆင်ပြေလိမ့်မည်။
အဆင့်မြင့် သားရဲရိုင်းများသည် အခြေခံအားဖြင့် ညာဏ်ပညာများ တည်ရှိနေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် လူသားတို့၏ ဘာသာစကားကို မပြောဆိုနိုင်ဘူးဆိုသော်လည်း လူသားတို့ကဲ့သို့ တွေးတောနိုင်၏။
ဘုတ်။
ကျွင်းချောင်ရှောင်သည် ဟာရီကိန်း ဝံပုလွေ ဘုရင်၏ နောက်သို့ လိုက်လာသည်။
သူ နှင့် ဤဟာရီကိန်း ဝံပုလွေဘုရင် မည်သူ ပိုမိုမြန်ဆန်သနည်း ဆိုသည်ကို ကျွင်းချောင်ရှောင်း အမှန်တကယ်ပဲ သိချင်နေမိ၏။