← Chapters

အခန်း (၃၃၉)

Vol. 23 Ch. 339

အခန်း (၃၃၉)

Vol. 23 Ch. 339

ကျွင်းချောင်ရှောင်းသည် ကွမ်ယု၏ ဝိညာဉ်ကို ဆင့်ခေါ်ကာ ဒုတိယ ခုတ်ပိုင်းချက်ကို ထုတ်ဖော်လိုက်သည်။ ဤခုတ်ပိုင်းချက်သည် မြစ်ကိုပင် ခွဲနိုင်လောက်သော စွမ်းရည်မျိး တည်ရှိနေသည်။ တခြားသူများသာဆိုလျှင် ထပ်တိုက်ပြန်လည် ရင်ဆိုင်မည် မဟုတ်ဘဲ ချက်ချင်း ပြန်လည် ထွက်ပြေးပေလိမ့်မည်။

မျောက်ဝံသည်လည်း အမှန်ပင် ထွက်ပြေးချင်သည်။ သို့ပေမဲ့ မပြေးနိုင်ချေ။

သားရဲတစ်ထောင် တော၏ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်သားရဲကြီး ဖြစ်သည်မို့ ၎င်း၏ အားသာချက်သည် ခန္ဓာကိုယ်အားအင် ဖြစ်သည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်း ဒုတိယအကြိမ် တိုက်ခိုက်လိုက်ချိန်မှာတော့ မျောက်ဝံကြီးသည် အစိမ်းရောင် ဓားအလင်းကို ချိုးဖျက်ရန် သူ၏ ခန္ဓာကိုယ်အားအင်ကိုသာ အသုံးပြုခဲ့ရ၏။

ကံဆိုးစွာနှင့် သူ မကာကွယ်နိုင်ခဲ့ချေ။

သူ၏ ကြီးမားလှသော လက်ဝါးကြီးပေါ်တွင် နက်ရှိုင်းလှသော ဓားရာကြီးတစ်ခု ပေါ်လာသည် ။ သွေးများသည် နေရာအနှံ့သို့ ပြန့်နှံ့သွားပြီး ခန္ဓာကိုယ်ဆီမှ စူူးရှသော နာကျင်မှုကို ရရှိလိုက်သည်။

အား …။

မျောက်ဝံကြီးသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူသည် ဒဏ်ရာရသွားသော လက်တစ်ဖက်အား အခြားလက်တစ်ဖက် နှင့် ကိုင်၍ မြန်မြန်နောက်ဆုတ်လိုက်၏။ ပြီးနောက် အဝေးသို့ ထွက်ပြေးသွား၏။

ဓားသွားသည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်။ ထို့ကြောင့် သူ မြန်မြန် ထွက်ပြေး ဖြစ်မည်။

စိတ်ဝိညာဉ်သားရဲတစ်ကောင်ဖြစ်သည်မို့ သူသည် အလွန်ပင် သတိကောင်းသည်။

ဘုတ် ..။

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ခုန်ဆင်းလိုက်သည်။ နဂါးစိမ်းလခြမ်းဓားမော့ အား မြေပြင်တွင် စိုက်လိုက်သည်။ ကွမ်ယုသည် သူ၏ အနောက်တွင် မတ်မတ်ရပ်လျက် ရှိ၏။

သူသည် မျောက်ဝံကြီး၏ အနောက်သို့ လိုက်လံ မတိုက်ခိုက်ချေ။ တစ်ဖက်သား ထွက်ပြေးသွားသည်ကိုသာ စောင့်ကြည့်နေသည်။

အဘယ့်ကြောင့်ဆိုသော် ဓားခုတ်ပိုင်းချက် နှစ်ချက်ကို ထုတ်ဖော်ပြီး နောက်မှာတော့ သူ၏ စိတ်ဝိညာဉ်အမြူတေ ထဲရှိ စွမ်းအင်များသည် ကုန်ခမ်းသွားခဲ့၏။

ဤသတ္တဝါကြီးသည် အလွန်ခုခံနိုင်စွမ်း မြင့်မားကြောင်း ကျွင်းချောင်ရှောင်း သိရှိပြီး ဖြစ်သည်။ တိုက်ခိုက်လိုက်ချိန်တွင် သူကိုယ်တိုင် နောက်သို့ပြန်ပြန်လန်သွားသည် မဟုတ်လား။

မည်မျှ အားကောင်းလိုက်သနည်း။

ဟူး….။

မျောက်ဝံကြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။ သူ၏ မျက်နှာသည် အရမ်းအားနည်းသွားပုံပေါ်သည်။

ကံကောင်းစွာနှင့် ထိုသတ္တဝါအား ခြောက်လန့်နိုင်ခဲ့သည်။ မဟုတ်ပါက အားအင်တိုးတက်ခြင်းအဆောင် ကို ချိုးဖျက်အသုံးပြုရတော့မှာ ဖြစ်၏။

ဂိုဏ်းချုပ်ကျွင်းသည် ရူးသွပ်နေသူ မဟုတ်ပေ။

စိတ်ဝိညာဉ်သားရဲတစ်ကောင်ကို တိုက်ခိုက်သည် ဆိုသည်မှာ သူ့တွင် ယုံကြည်ချက် မြင့်မြင့်မားမား ရှိနေသောကြောင့် ဖြစ်သည်။

အလယ်အလတ်အဆင့် အားအင်တိုးတက်ခြင်း အဆောင်ကို ထုတ်သုံး၍ အကျိုးမထူးလျှင်လည်း ကိစ္စမရှိပေ။ သူ့တွင် စည်းဓားမော့ ရှိနေသေး၏။

ရန်သူသည် သူ့ထက် သိသိသာသာ ထင်ထင်ရှားရှား အားကောင်းနေခြင်းမျိး မဟုတ်လျှင် ဂိုဏ်းချုပ်ကျွင်းသည် ဝှက်ဖဲများ ပိုင်ဆိုင်သောကြောင့် အန္တရာယ်ကြီးကြီးမားမား မရှိနိုင်ပေ။

ရွှီး ..။

အစိမ်းရောင်အလင်းငွေ့များ ပျောက်ကွယ်သွားပြီး ဓားမော့နှင့် ပေါင်းစပ်သွားသည်။

ကျွင်းချောင်ရှောင်းသည် ဟာရီကိန်း ဝံပုလွေ၏ ရှေ့သို့ သွားကာ ပြောလိုက်၏ “ငါ မင်းအစား ဟိုအကောင်ကြီးကို ရှင်းလိုက်ပြီနော်။ သဘောတူညီချက်အရဆိုရင် မင်းင့ါကို အရှုံးပေးတော့”

“ကောင်းပြီ”

သူ ခပ်တည်တည် ဖြင့် ဆက်ပြောလိုက်သည် “မင်း ကတိမတည်ဘူးဆိုရင် မင်းတို့ မျိုးနွယ်တစ်ခုလုံးပျောက်ကွယ်အောင် လုပ်ပစ်မယ်”

မြေပေါ်တွင် လဲလျက်ရှိသော ဟာရီကိန်းဝံပုလွေ၏ မျက်လုံးထဲတွင်တော့ နာကျင်မှု အရိပ်အယောင်တွေ ပေါ်လာသည်။

စိတ်ဝိညာဉ်သားရဲ မျောက်ဝံကိုပင် အနိုင်ယူစွမ်းရှိသော ထိုသူသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသူ ဖြစ်၏။

ဝူး…။

သူသည် သဘောတူညီစွာဖြင့် တုံ့ပြန်လိုက်သည်။

ဟာရီကိန်းဝံပုလွေတွင် ရွေးချယ်စရာ နှစ်ခု ရှိသည်။ အညံ့ခံမလား ၊ အသေခံမလားပင် ဖြစ်၏။

သူ သေဆုံးသွားလျှင် ကိစ္စမရှိပေ။

သို့ပေမဲ့ မျိုးနွယ်တစ်ခုလုံး ဖျက်ဆီးရခြင်းကိုတော့ လက်သင့်မခံနိုင်ပေ။

ထို့အပြင် ဤလူသားသည် မျိုးနွယ်စု တစ်ခုလုံးအား မျောက်ဝံကြီး၏ လက်မှ ကယ်တင်ခဲ့သည်။ ထို့ကြောင့် ကျေးဇူးတရားဖြင့် အညံ့ခံရန်သာ သူ ရွေးချယ်လိုက်သည်။

……..

ဝံပုလွေလှိုဏ်ဂူ အပြင်ဘက်မှာတော့ …

ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေဘုရင်၏ ကျောပေါ်တွင် ထိုင်ပြီး မျက်နှာပေါ်တွင် အပြုံးပန်းတွေ ဝေလျက်ရှိသည်။

သူ၏ အနားပတ်ဝန်းကျင်မှာတော့ ဟာရီကိန်း ဝံပုလွေများသည် လှဲလျောင်းလျက်ရှိပြီး ခေါင်းငုံ့ကာ အူလျက်ရှိ၏။

ဝံပုလွေဘုရင်သည် သဘောတူညီလိုက်ပြီ ဖြစ်သောကြောင့် သူတို့သည်လည်း ဘုရင့်နည်းလမ်းအတိုင်းလိုက်ပါ ပြုမူရပေမည်။

ကျွင်းချောင်ရှောင်းသည် ဝံပုလွေဘုရင်အား ထိန်းချုပ်နိုင်ခဲ့သည်။ ထိုအရာသည် ဟာရီကိန်း ဝံပုလွေ မျိုးနွယ်စု တစ်ခုလုံးအား ထိန်းချုပ်ခွင့် ရရှိလိုက်ခြင်းနှင့် ဆင်တူနေသည်။

ဤခံစားချက်သည် ဆန်းကြယ်လွန်းလှ၏။

ဘုတ် ..။

သူ ဟာရီကိန်း ဝံပုလွေဘုရင်၏ ကျောပေါ်မှ ခုန်ချလိုက်ပြီး ဝံပုလွေလှိုဏ်ဂူ ဆီသို့ လှမ်းလျှောက်သွားလိုက်သည်။ ပြီးနောက် သူ အစောပိုင်းက သတ်ဖြတ်ခဲ့သော ဝံပုလွေလေးကောင်ဆီမှ အဆင့်ငါး သလင်းအမြူတေများအား ထုတ်ယူလိုက်၏။

သူသည် နောက်ထပ် အမြန်နှုန်းအဆောင် လေးခုကို ထပ်မံ၍ သန့်စင်နိုင်တော့မည် ဖြစ်သည်။

မည်မျှဝမ်းသာစရာကောင်းသနည်း။

ဟမ် ..

ကျွင်းချောင်ရှောင်း ပြန်လည် ထွက်ခွာရန် စဉ်းစားလိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လှိုဏ်ဂူ၏ အတွင်းပိုင်းတွင် ကြီးမားလှသော အက်ကြောင်းကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။

သူ စိတ်ဝင်တစားနှင့် လျှောက်ဝင်ကြည့်လိုက်တော့ မျက်စိရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းသည် သူ့အား ပါးစပ် အဟောင်းသားနှင့် ဖြစ်သွားစေသည်။

ဤအက်ကွဲကြောင်းကြီး၏ အတွင်းမှာတော့ များပြားလှသော ဝံပုလွေအလောင်းများရှိနေပြီး မြေနေရာအနှံ့တွင် လေဓာတ် သလင်းအမြူတေများ ပြန့်ကျဲ့လျက်ရှိ၏။

စနစ်မှ ပြောလိုက်သည် “ဒါက ဟာရီကိန်း ဝံပုလွေ သင်္ချီုင်းပဲ”

သားရဲများသည် ၎င်းတို့၏ သက်တမ်းနှင့် သေဆုံးမည့် အချိန်ကို သိရှိကြသည်။ ထို့ကြောင့် သေဆုံးခါနီးတွင် သင်္ချိုင်းသို့ အရောက်ပြန်လာတတ်ကြသည်။

ဤသို့သော သင်္ချိုုင်းများသည် သိုဝှက်သော နေရာမျိုးတွင် ရှိတတ်ကြ၏။ ယခုမျောက်ဝံကြီးကြောင့် သင်္ချိုင်းပေါ်လာခြင်း ဖြစ်၏။

သင်္ချိုင်းထဲမှာတော့ ဟာရီကိန်း ဝံပုလွေများ၏ အလောင်းများ ပုံနေသည့်အပြင် သလင်းအမြူတေ များလည်း ပုံနေသည်။

“ငါတော့ ချမ်းသာပြီပဲ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွားသည်။

အတွေးတစ်ချက်နှင့်ပင် သူသည် လှိုဏ်ဂူထဲမှ သလင်းအမြူတေ အားလုံးကို သိမ်းဆည်းလိုက်၏။

အရေအတွက်များလွန်းသောကြောင့် သလင်းအမြူတေများ၏ အရည်အသွေးကိုပင် မစစ်ဆေးနိုင်ပေ။ သူ အဆောင်ခန်းမ ကို ဖွင့်၍ အမြန်နှုန်းအဆောင်ကို သန့်စင်လိုက်သည်။

သန့်စင်နိုင်သော အရေအတွက်သည် ၈၆ ဟု ပြသနေ၏။

ကျွင်းချောင်ရှောင်း စပ်ဖြီးဖြီး ဖြစ်သွားသည်။

ဟာရီကိန်းဝံပုလွေအုပ်ကြီးကို အပိုင်ရလိုက်သည်သာမက အမြန်နှုန်းအဆောင် ၈၀ ကျော်ကိုလည်း သန့်စင်နိုင်ခဲ့၏။ တကယ့်ကို အကျိုးအမြတ်ကြီးပင် ဖြစ်တော့၏။

…….

ဝူး ..

ဝူး ….။

ဝံပုလွေအူသံများသည် တောထဲမှ ထွက်ပေါ်လာသည်။

အနားယူနေသော ရေခဲခြင်္သေ့သည် ထိုအသံများကို ကြားတော့ ထခုန်လိုက်မိ၏။

ရွှီး … ရွှီး ..။

ခဏအတွင်းမှာပဲ တောနက်ထဲမှ ဟာရီကိန်းဝံပုလွေများ ထွက်ပေါ်လာသည်။

ရေခဲခြင်္သေ့၏ အမူအရာသည် လေးနက်သွား၏။

ဤမျှများပြားသော သားရဲများအား သူ၏ သခင်မရှိဘဲ မည်သို့ တိုက်ခိုက်ရမည်နည်း။ ထိုအကောင်များသာ တကယ်တမ်း လာရောက် တိုက်ခိုက်လျှင် သူ့အနေဖြင့် မလွယ်ကူချေ။ သေတောင် သေသွားနိုင်သည်။

ဟမ့် ..။

နဂါးလေးသည် ပျင်းရိစွာဖြင့် ထရပ်လိုက်၏။

သူသည် တိုက်ပွဲပုံစံအဖြစ် ပြောင်းလဲမည် ဆိုလျှင် သိုင်းဘုရင်တစ်ယောက်ကိုတောင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ဤဝံပုလွေများအား အထင်မကြီးချေ။

ဘုတ် ..ဘုတ် ..။

ဝံပုလွေများသည် ပိုမို များပြားစွာ ထွက်ပေါ်လာငည်။ အနည်းဆုံး အရေအတွက် ရှစ်ရာ မှ ကိုးရာကြား တည်ရှိနေ၏။

အဆိုးဆုံးမှာ တော်ရုံ အရွယ်ရောက်ပြီးသား ဝံပုလွေများပင် မကဘဲ မွေးကာစ ဝံပုလွေလေးများပင် ပါဝင်နေခြင်း ဖြစ်သည်။

ရေခဲခြင်္သေ့၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။

မိသားစုလိုက် အမဲလိုက်ခြင်းသည် လက်ရှိလောကတွင် ခေတ်စားနေလေပြီလား။

ဝူး ….။

ဟာရီကိန်းဝံပုလွေများသည် ဆက်လက်၍ ပြေးလွှားလာတုန်းပင် ဖြစ်သည်။

သူတို့၏ လှုပ်ရှားမှုကို ကြည့်လိုက်လျှင် ရေခဲခြင်္သေ့နှင့် နဂါးလေးတို့ဆီလာခြင်းဖြစ်ကြောင်း ထင်ရှားနေ၏။

ဝေါင်း ..။

ရေခဲခြင်္သေ့သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ဆီမှ အအေးဓာတ်များထွက်ပေါ်လာပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပေသည်။

တကယ်တမ်းမှာတော့ ရေခဲခြင်္သေံနှင့် နဂါးလေးတို့သည် ထွက်ပြေးသွားချင်သည်။ သို့ပေမဲ့ ထွက်ပြေးလည် လွတ်မည် မဟုတ်ချေ။

ထို့အပြင် သူတို့၏သခင်သည် ဤနေရာမှ စောင့်နေရန် မှာကြားခဲ့သည်။ ထို့ကြောင့် အန္တရာယ်ရှိလာလျှင်တောင်မှ ဤနေရာတွင် စောင့်နေမှ ဖြစ်မည်။

ဖူး …။

နဂါးလေးသည် မီးဘောလုံးတစ်လုံးအား မှုတ်ထုတ်လိုက်သည်။ သူ၏ မျက်လုံးအကြည့်များသည် ပိုမို၍ စူးရှိလာ၏။

သူ၏ လက်ရှိ ခန္ဓာကိုယ်သည် ဟာရီကိန်းဝံပုလွေများနှင့် တိုက်ခိုက်ရန် မလုံလောက်ချေ။ ထို့ကြောင့် တိုက်ပွဲဝင် ပုံစံကို ပြောင်းလဲမှ ဖြစ်မည်။

ဝူး …

ဟာရီကိန်း ဝံပုလွေများသည် အမြန်ဆုံးနှုန်းဖြင့် ပြေးလာကြသည်။

တိုက်ပွဲသည် မကြာခင် စတင်တော့မည်။

ရွှီး ..။

ထိုအချိန်မှာတော့ အလွန်တရာကြီးမားလှသော ဟာရီကိန်းဝံပုလွေကြီး တစ်ကောင်သည် ခုန်ကာ ဝင်ရောက်လာသည်။

ထိုအရာကို မြင်တော့ ရေခဲခြင်္သေ့၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာ၏။

ထိုသတ္တဝါသည် ဟာရီကိန်း ဝံပုလွေဘုရင် ဖြစ်သည်။

ထုတ်ဖော်နေသော အော်ရာများကို ကြည့်လိုက်သည်နှင့် သူ့ထက် အဆမတန် အားကောင်းကြောင်း သိသာသည်။

နဂါးလေး၏ အမူအရာများသည် လေးနက်သွားသည်။ အခြေအနေသည် ပိုမို၍ တင်းမာ ခက်ထန်လာပြီ ဖြစ်၏။

ဝှစ် …။

ချက်ချင်းဆိုသလိုပဲ သူ၏ခန္ဓာကိုယ်ဆီမှ နှစ်မီတာ မှ သုံးမီတာ မြင့်သော မီးတောက်များ ထွက်ပေါ်လာသည်။

တိုက်ပွဲဝင်ပုံစံကို အသက်သွင်းလိုက်ခြင်းဖြစ်သည်။

ရုတ်တရက် မီးတောက်တွေ ထတောက်သည်ကို မြင်တော့ ရေခဲခြင်္သေ့ ကြောင်သွား၏။ အလွန်တရာအားနည်းလှသော ကင်းလိပ်ချောလို အကောင်လေး၏ ရုတ်တရက်အားကောင်းလွန်းသော အော်ရာများအား ထုတ်ဖော်လာသည်။

မီးတောက်၏ အရှိန်သည် မြင့်တက်လာသည်။ တိုက်ပွဲဝင်ပုံစံသည် ဖြစ်တည်လာတော့မည် ဖြစ်၏။

“အသွင်မပြောင်းနဲ့”

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည် “ငါတို့က တစ်ဖွဲ့တည်းတွေ”

ရေခဲခြင်္သေံ ဆွံ့အသွားသည်။

နဂါးလေးသည် မီးတောက်များအား ပြန်လည် ရုတ်သိမ်းလိုက်သည်။

ရွှီး ..။

ဟာရီကိန်းဝံပုလွေသည် ဦးခေါင်းအား ငုံ့လိုက်တော့ ကျောပေါ်၌ ၎င်းတို့၏ သခင်ရှိနေကြောင်း မြင်လိုက်ရ၏။

ဒါ …။

နဂါးလေး နှင့် ရေခဲခြင်္သေံတို့သည် အလုံးစုံ ဆွံ့အမိနေကြသည်။

All Chapters