← Chapters

အခန်း (၃၄၁)

Vol. 23 Ch. 341

အခန်း (၃၄၁)

Vol. 23 Ch. 341

"ကျုပ်သာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် အိုပြီးမှ သေရတာမျိုးကိုပဲ ရွေးချယ်မယ်။"

ဤစကားကို ကျွင်းချောင်ရှောင်း ပြောပြီးသည့် နောက်မှာတော့ သွေးဝံပုလွေကြေးစားအဖွဲ့၏ အဖွဲ့ဝင်ငါးရာကျော်တို့သည် ရုတ်တရက်ဆိုသလိုပဲ ဆွံ့အသွားကြ၏။

“ဟား … ဟား …. ဟား။”

ခဏလောက်ကြာပြီးသည့်နောက် အားလုံးသည် အားရပါးရ ရယ်မောလိုက်ကြသည်။

"ဒီကောင်က အိုမင်းတဲ့အထိ နေပြီးမှ သေချင်တာတဲ့။"

ဝိုး။

"မရတော့ဘူး မရတော့ဘူး ငါရယ်ရလွန်းလို့ အသက်တောင် ကောင်းကောင်းမရှုနိုင်တော့ဘူး။”

“ဒါက မင်း မသေခင်မှာ ပြောခဲ့တဲ့ နောက်ဆုံး ဟာသဖြစ်လိမ့်မယ်။"

နယ်မြေခြောက် တည်နေရာထဲမှ ထွက်ခွာလာကြသော ကျင့်ကြံသူ အဖွဲ့ငယ်လေးများသည် ကျွင်းချောင်ရှောင်း၏ စကားကို ကြားမိချိန်မှာတော့ သူတို့၏ နှုတ်ခမ်းများ တဆတ်ဆတ် နှင့် တုန်ရင်သွားကြ၏။

အိုမင်းတဲ့အထိ နေထိုင်ပြီးမှ သေဆုံးဖို့ ကြံရွယ်နေသည်လား။ လက်ရှိအခြေအနေမှာတော့ မဖြစ်နိုင်ပေ။

ထို့အပြင် သွေးဝံပုလွေ ကြေးစားအဖွဲ့ခေါင်းဆောင်၏ အကျင့်အရဆိုလျှင် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းကောင်းမွန်မွန် သေဆုံးသွားဖို့ဆိုသည်ကတောင်မှ မဖြစ်နိုင်‌ပေ။

ထိုသူတို့အားလုံး အားရပါးရ ရယ်မောနေရသည်ကို မြင်တော့ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်သည် ကော့တက်သွား၏။ "အဲဒါက ရယ်စရာ ကောင်းလို့လား။"

"ကောင်လေး။"

ဟွိုင်ခွန်သည် လက်တစ်ဖက်ဖြင့် ဓားနောင့်အားကိုင်၍ ပြောလိုက်သည်။ "အိုမင်းတဲ့အထိ နေလို့ မဖြစ်နိုင်‌ဘူး။ဒီတော့ သေဖို့နည်းလမ်းကိုပြောင်းလိုက်အုံး။"

"ဥပမာတစ်ခု ပြောပြပါအုံး။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ဟွိုင်ခွန်က ပြောလိုက်၏။ "မြင်းငါးကောင်နဲ့ ကြိုးချည်ပြီး တစ်စစဆီ ဆွဲဖြုတ်တာမျိုး ။ပြီးတော့ အစိတ်အပိုင်း တစ်ထောင်လောက်ဖြစ်အောင် အပိုင်းပိုင်း လှီးတာမျိုး။အရေပြားနဲ့ အရိုးတွေကို ခွာတာမျိုးပေါ့။"

ထိုကဲ့သို့သော သေဆုံးခြင်း နည်းလမ်းများကို ကြားသိပြီးသည့်နောက်မှာတော့ အဖွဲ့ငယ်လေးများရှိ ကျင့်ကြံသူလေးများ အားလုံးသည် ကြက်သီးများပင် ထမိသွားကြသည်။ သွေးဝံပုလွေအဖွဲ့၏ ခေါင်းဆောင်သည် အလွန်တရာပင် ကြမ်းရမ်းလွန်းလှ၏။

"ဒါက နည်းနည်း ရက်စက်လွန်းတယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"ဟုတ်တာပေါ့။"

ဟွိုင်ခွန်က ပြောလိုက်သည်။ "မင်းငါ့ရှေ့မှာ ဒူးထောက်ပြီးတော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်မယ်ဆိုရင် ငါမင်းကို ဂုဏ်သိက္ခာ ရှိရှိနဲ့ သေဆုံးလို့ ရအောင် လုပ်ပေးမယ်။"

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

"ကျုပ်က ကျုပ်ကို မွေးဖွားခဲ့တဲ့ မိဘတွေကလွှဲရင် ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ ဘယ်သူ့ရှေ့မှာမှ ဒူးမထောက်ဘူး။"

သူတင်မက သူ၏ တပည့်များသည်လည်း ထိုကဲ့သို့ ဂုဏ်သိက္ခာမျိုးရှိရန် သူ မျော်လင့်မိ၏။

ဝိုး။

ဟွိုင်ခွန်သည် ပေါ့ပေါးပါးပါး ပြောလိုက်၏။ "မင်း ဒီလောက် မောက်မာလိမ့်မယ်လို ငါမထင်ခဲ့မိဘူး။"

"ခေါင်းဆောင်။"

ဘေးနားတွင် ရှိသော နောက်လိုက်တစ်ယောက်က ပြောလိုက်သည်။

"ကျုပ်သူ့ကို အရင်ဆုံး ဒုက္ခိတဖြစ်သွားအောင် လုပ်လိုက်မယ်။ပြီးတော့မှ ခေါင်းဆောင်ရှေ့မှာ ဒူးထောက်ရအောင် လုပ်ပေးမယ်။"

"ကောင်းပြီ။" ဟွိုင်ခွန်က ပြောလိုက်သည်။

လက်ရှိအခြေအနေမှာတော့ သူသည် ကျွင်းချောင်ရှောင်းအား မျက်လုံးထဲ လုံးဝထည့်ထားစရာမလိုသည့် သတ္တဝါ ဟုပင် သတ်မှတ်ထား၏။

သေမလို အခြေအနေမှ လွတ်မြောက်သွားကြသော အဖွဲုသားများအားလုံးသည်လည်း နှာခေါင်းရှုံ့လိုက်ကြသည်။

သူတို့သည် ကျွင်းချောင်ရှောင်းနှင့်သာ တစ်ယောက်ချင်း တွေ့မည်ဆိုပါက ကျိန်းသေပေါက် ကြောက်ရွံ့နေပေလိမ့်မည်။

သို့ပေမဲ့ လက်ရှိအခြေအနေ‌တွင် ခေါင်းဆောင်နှင့် တစ်ခြားသော ညီအစ်ကိုများ မှာ ဤနေရာ၌ ရှိနေသည်။ ထို့ကြောင့် ကြောက်ရွံ့စရာ မလိုတော့ပေ။

"သွား။"

ဟွိုင်ခွန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ဒီကောင်လေးကို ဒုက္ခိတဖြစ်အောင် လုပ်ပေးလိုက်။"

"ကောင်းပါပြီ။"

နောက်လိုက်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ မိန်းမငယ်လေးတစ်ယောက်အား နောက်ပြောင် ကျီစယ်သည့် အပြုံးဖြင့် ပြောလိုက်သည်။ “ကောင်လေး … တွေ့ပြီနော်”

ကျွင်းချောင်ရှောင်း မေးလိုက်သည်။ "ကျုပ်ကို ဘယ်လိုမျိုး ဒုက္ခတဖြစ်အောင် လုပ်မှာလဲ အရင် ပြောပြပါအုံး။"

ထိုသူသည် သူ၏ ရှေ့နှစ်မီတာအကွာတွင် ရပ်တန့်လိုက်၏။ ပြီးနောက် ခပ်တည်တည်ရပ်ကာ ပြောလိုက်သည်။ "ဟုတ်တာပဲ။ငါမင်းရဲ့ လက်‌အရိုးတွေကို ချိုး ၊ ခြေထောက် အရိုးတွေကို ချိုးမယ်။ ပြီးတော့ သွေးကြောတွေ အကုန်လုံးကို ဖြတ်ပစ်မယ်။"

"သိပါပြီ။"

ရွှီ။

ထိုသူသည် ရုတ်တရက်ဆိုသလိုပဲ ရှေ့သို့ လှမ်းတက်၍ လက်ကို ဆန့်တန်းလိုက်၏။

ဟာ့ ခရက်စ်။

အရိုးကျိုးသည့်အသံများ ကျယ်လောင်စွာထွက်ပေါ်လာ၏။

သွေးဝံပုလွေ‌ကြေးစားအဖွဲ့မှ အဖွဲ့ဝင်များအားလုံးသည် တည်နေရာတစ်ခုလုံးအား ဝိုင်းပတ်၍ ကာထားသောကြောင့် အစ်ကိုရင်နှင့် တစ်ခြားသူများသည် အဝေးတစ်နေရာမှ လှမ်းကြည့်၍ အခြေအနေတစ်ခုလုံးအား ရှင်းရှင်းလင်းလင်း မမြင်ရချေ။

သို့ပေမဲ့ လက်ရှိကြားနေရသော အခြေအနေများအရဆိုလျှင် အဖြူရောင် ဝတ်စုံဝတ် ကောင်လေးသည် ဒုက္ခရောက်နေပြီဖြစ်၏။

အား ….။

သတ်ဖြတ်ခံရသော ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်နေသည့် အသံတစ်ခုကို ကြားလိုက်ရသည်။

အားလုံးသည် ဆွံ့အသွား၏။

ထိုအော်သံသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူ၏ အော်သံနှင် မတူပေ။ သို့မဟုတ် နာကျင်လွန်းသောကြောင့် အသံပြောင်းလဲသွားခဲ့သည်လား။

များပြားလှသော ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်အား စောင်းကာ ခြေဖျားထောက်၍ အလျင်အမြန်လှမ်းကြည့်လိုက်ကြ၏။

နောက်ဆုံး၌ သူတို့သည် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီဖြစ်သည်။

စောနတုန်းက နာကျင်စွာအော်ဟစ်လိုက်သောလူမှာ အဖြူရောင်ဝတ်စုံနှင့် လူငယ်မဟုတ်ချေ။ သွေးဝံပုလွေ ကြေးစားအဖွဲ့မှ အဖွဲ့ဝင်တစ်သာ ဖြစ်သည်။

ထိုသူ၏ လက်များအားလုံးသည် ကျွင်းချောင်ရှောင်း၏ ဖမ်းဆုပ်ခြင်းကို ခံထားရသည်။ ပြီးနောက် ကျွင်းချောင်ရှောင်းသည် ထိုလက်အား ရိုက်ချိုးခဲ့ခြင်းပင် ဖြစ်၏။

"‌ဒါ … ဒါက"

အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။

ဤကဲ့သို့သော အန္တရာယ်များပြားသည့် အချိန်၌မှာပင် သွေးဝံပုလွေ ကြေးစားအဖွဲ့မှ လူတစ်ယောက်အား ထိခိုက်နာကျင်အောင် ပြုလုပ်နေသည်။ ဤကောင်လေးသည် အလွန်တရာ ကြမ်းတမ်းလှချေသည်။

ဘန်း … ဘန်း။

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ကန်ကြောက်လိုက်သည့် အခါမှာတော့ ထိုသူ၏ ခြေထောက်များသည် ကျိုးကြေသွားခဲ့ပြီဖြစ်သည်။

ခရက်စ်။

အရိုးကျိုးသည့် အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

အား။

သူ၏ နောက်လိုက်ဆီမှ နာကျင်စွာ အော်ဟစ်လိုက်သော အသံကို ကြားလိုက်ပြီးသည့်နောက်မှာတော့ သွေးဝံပုလွေ ကြေးစားအဖွဲ့ ခေါင်းဆောင်၏ မျက်နှာသည် ပျက်ရွင်းသွား၏။

သူ့အား မည်ကဲ့သို့ ဒုက္ခတဖြစ်အောင် ပြုလုပ်မည်နည်းဟု ကျွင်းချောင်ရှောင်း မေးမြန်းခဲ့သည်မှာ အလကားမဟုတ်ပေ။ ထိုကဲ့သို့ နည်းလမ်းအတိုင်း တန်ပြန်၍ ပြုလုပ်ချင်သောကြောင့် ဖြစ်သည်....

အားလုံးသည် ကြက်သီးမွေးညှင်းများပင် ထသွားမိကြ၏။

ထို့နောက်လိုက်၏ လက်နှင့် ခြေထောက်ဆီမှ အရိုးများအားလုံး ကျိုးကြေသွားခဲ့၏။ ပြန်လည်၍ ကုသမည်ဆိုလျှင်တောင်မှ အနာဂတ်တွင် ၎င်းး၏ ကျင့်ကြံခြင်းအပေါ် ဆိုးဆိုးရွားရွား ထိခိုက်ပေလိမ့်မည်။

ဟမ့်။

ကျွင်းချောင်ရှောင်းသည် ထိုလူအား အဝေးတစ်နေရာဆီသို့ ကန်လွှတ်လိုက်၏။

ချလွမ် ချလွမ်။

ထို့နောက်မှာတော့ သွေးဝံပုလွေ၏ ကြေးစား အဖွဲ့ဝင်များ အားလုံးသည် သူတို့၏ ဓားများ ၊ဓားမော့များကို ဓားအိမ်ထဲမှ ထုတ်ယူလိုက်ကြ၏။ ထိုသူတို့၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နက်လျက်ရှိသည်။

ဟွိုင်ခွန်၏ မျက်နှာပေါ်ရှိ ကြွက်သားသည် တုန်ရင်လျက်ရှိသည်။ "ကောင်လေး။တကယ်ပဲ ပြန်တိုက်ရဲတယ် ဟုတ်လား။ကောင်းပြီ ကောင်းပြီ။" သူ အေးစက်စက်နှင့် ပြောလိုက်သည်။ "အခုအချိန်မှာ ဒူးထောက်ပြီးတောင်းပန်မယ်ဆိုရင်တောင်မှ မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မယ်။"

ပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

သွေးဝံပုလွေအဖွဲ့ဝင်များသည် အမိန့်ကို လက်ခံရရှိပြီးနောက် သူတို့၏ ဓားများ၊ ဓားမော့များကို ဝှေ့ယမ်းလိုက်ကြသည်။

သူတို့သည် ရှေ့သို့တိုးကာ ဤလူငယ်အား အားရပါးရ ခုတ်ပိုင်းရန် ပြင်ဆင်လိုက်ကြသည်။

"နေအုံး" ကျွင်းချောင်ရှောင်း အော်လိုက်သည်။

အားလုံးသည် အမှတ်မထင်ပင် ရပ်တန့်လိုက်မိကြသည်။

ဟွိုင်ခွန်က ပြောလိုက်သည်။ "မင်း နောက်ဆုံးစကား ဘာမှာချင်ခဲ့သေးလဲ။"

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သက်ကာ ပြောလိုက်သည်။ "ကျုပ် ခင်ဗျားနဲ့ ခင်ဗျားလူတွေကို ရွေးချယ်ခွင့်တစ်ခုပေးမယ်။"

"ငါတို့ကို ရွေးချယ်ခွင့်ပေးမယ် ဟုတ်လား။"

ဟွိုင်ခွန်သည် ကြောင်သွား၏။ ပြီးနောက် နှာခေါင်းရှုံ့လိုက်၏။ "ဘယ်လို ရွေးချယ်မှုမျိုးလဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်ရဲ့ အသတ်ကို ခံမလား။ဒါမှမဟုတ် သားရဲတွေ စားတာကို ခံမလား။"

ဤစကားလုံးသည် အားလုံးအား ဇဝေဇဝါဖြစ်သွားစေမိ၏။

“ဟား ဟား ဟား။”

ဟွိုင်ခွန်သည် ရယ်ကာ ပြောလိုက်၏။ "မင်းဆီမှာ ဒီလောက်များပြားတဲ့ ငါတို့ညီအစ်ကိုတွေကို သတ်ဖို့ စွမ်းရည်တွေ ရှိတယ်လို့ ထင်နေတာလား။"

"ခင်ဗျား ဒီပုံစံအတိုင်း သေချင်တယ်ဆိုရင်ပေါ့။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်ဆီမှာ တကယ်ပဲ စွမ်းရည်ရှိတယ်။"

သူသည် ဟန်လုပ်၍ သရုပ်ဆောင်နေခြင်း မဟုတ်ပေ။ သူ့တွင် ‌ဤကဲ့သို့သော စွမ်းရည်မျိုး အမှန်တကယ်ရှိ၏။

"မောက်မာလိုက်တာ။"

ဟွိုင်ခွန်သည် စိတ်မရှည်သလို ပြောလိုက်၏။ "မြန်မြန် … ဒီကောင့်ကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ဝိုင်းခုတ်လိုက်ကြ။ပြီးတော့ တောထဲက သားရဲတွေဆီသွားပစ်ပြီးတော့ အစာသွားကျွေးပစ်မယ်။"

"ဒီစကားအရဆိုရင်။"

ကျွင်းချောင်ရှောင်းသည် အေးစက်စွာ ပြောလိုက်သည်။ "ကျုပ် ဒီနေ့မှာ ခင်ဗျားတို့ အားလုံးကို သားရဲ အစာ ကျွေးပစ်မယ်။"

အိုက်ရား။

ဟွိုင်ခွန်သည် ကြောက်လန့်ချင်ယောင်ဆောင်ကာ ပြောလိုက်၏။ "မင်းရဲ့ မျက်လုံးအကြည့်တွေနဲ့တင် ငါ သေမတတ် ကြောက်မိနေပြီ။ဘာကို စောင့်နေတာလဲ။ မြန်မြန်လုပ်တော့လေ။"

"ခေါင်းဆောင် … ခေါင်းဆောင်။"

နောက်လိုက်တစ်ယောက်သည် အရှေ့ဘက်ရှိ တောနက်ထဲသို့ လက်ညိုးညွှန်ပြကာ တုန်ရင်နေသည့် အသံဖြင့် ပြောလိုက်သည်။ "အဲမှာ … အဲမှာ သားရဲတွေ။"

ဟွိုင်ခွန်သည် ထိုသူ၏ ဖင်အား လှမ်းကန်ကာ ဆူငေါက်လိုက်၏။ "မင်း အရင်တုန်းက သားရဲတစ်ကောင်မှ မမြင်ဖူးဘူးလား။"

ထိုအချိန်မှာတော့ တစ်ခြားသော နောက်လိုက်များသည်လည်း ထိတ်လန့် ကြောက်ရွံ့နေသည့် ဟန်ပန်တွေ ဖြစ်ပေါ်နေသည်ကို သစူ သတိထားလိုက်မိသည်။ ထို့ကြောင့် သူသည် အားလုံးအား ဆူငေါက်လိုက်ကြ၏။ "မင်းတို့အားလုံး ကြည့်ကြစမ်း။ဒီလို ပုံစံမျိုးနဲ့ အနာဂတ်မှာ ငါ့နောက်ကို ဘယ်လို လိုက်ကြမလဲ"

ပြောပြီးပြီးချင်းမှာပဲ သူသည် ခေါင်းလှည့်ကာဖြင့်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အမူအရာများအားလုံးသည် အေးခဲသွား၏။ သူ၏ ပါးစပ်သည် အဟောင်းသားနှင့် ဖြစ်မိနေသည်။

တောနက်ထဲမှာတော့ ဟာရီကိန်းဝံပုလွေတစ်ကောင်သည် တစ်လှမ်းချင်း လှမ်း၍ လျှောက်လာသည်။

ဤအရာသည် ဝံပုလွေ သားရဲလေးတစ်ကောင်ပင် မဟုတ်လား။ ဟွိုင်ခွန်နှင့် သူ၏ နောက်လိုက်များသည် အရင်တုန်းက မမြင်ဖူး၍လော။

သူတို့ မြင်ဖူးခဲ့၏။ သို့ပေမဲ့ လက်ရှိမှာတော့ တစ်ကောင်တည်း မဟုတ်ပေ။ အလွန်တရာ များပြားလှသော ဝံပုလွေ အုပ်ကြီး ဖြစ်လို့နေ၏။

ဟာရီကိန်း ဝံပုလွေများသည် အပြာရောင် မျက်လုံးများကို ပိုင်ဆိုင်ကြသည်။ ထိုမျက်လုံးများဖြင့် သူတို့အား စူးစိုက် ကြည့်လျက်ရှိသည်။

တောနက်ထဲမှ ဝံပုလွေများ ထပ်မံ ထွက်လာကြသည်။ အလွန်တရာ များပြားလွန်းသောကြောင့် အချိန်တိုအတွင်း ဘယ်နှစ်ကောင် ရှိသည်ဆိုသည်ကိုပင် ရေတွက်ရန် ခက်ခဲနေသည်။

ပို၍ ကြောက်မက်ဖွယ်ရာ ရှိနေသေး၏။ ဤဝံပုလွေအုပ်ထဲတွင် အလွန်တရာ အားကောင်းလှပြီး ကြီးမားသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ဝံပုလွေ သားရဲကြီးတစ်ကောင်လည်း ရှိနေသေး၏။ ထိုသားရဲကြီးသည် ဝံပုလွေ သားရဲတို့၏ ဘုရင်ပင် ဖြစ်ပေလိမ့်မည်။

"ခေါင်းဆောင်။"

နောက်လိုက်တစ်ယောက်သည် တံတွးကို မြိုချကာဖြင့် တုန်ရင်နေသော အသံဖြင့် ပြောလိုက်သည်။ "ဒါ … ဒါက ဟာရီကိန်း ဝံပုလွေ အုပ်စုပဲ။"

ဟွိုင်ခွန်သည် မယုံနိုင်သလို ပြောလိုက်သည်။ "ဒီလိုအားကောင်းတဲ့ ဝံပုလွေတွေက တောအနက်ပိုင်းထဲမှာပဲ ရှိတာ မဟုတ်လား။ဘယ်လိုဖြစ်ပြီးတော့ နယ်မြေငါးဆီမှာ ပေါ်လာတာလဲ။"

ဝှစ် ရွှစ်။

ရုတ်တရက်ဆိုသလိုပဲ ဘေးတစ်ဖက်ဆီမှ ပြင်းထန်လှသော လေပြင်းများ တိုက်ခတ်လာသည်။ အားလုံး၏ ကျောပြင်သည် အေးစိမ့်လာသည်။

အမြန်အဆန်ပဲ လှည့်ကြည့်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲနှင့် ပြုလုပ်ထားသလို ဖြစ်နေသော ရေခဲ ခြင်္သေ့သားရဲတစ်ကောင်ကို မြင်လိုက်ကြ၏။

ထိုခြင်္သေ့ သည် တောနက်ထဲမှ အသာလျှောက်လှမ်း၍ ထွက်လာသည်။

"ဒါ …. ဒါက"

ဟွိုင်ခွန်သည် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ရေခဲ ခြင်္သေ့ပဲ။"

ဟူး။

‌သူ၏နောက်လိုက်များအားလုံးသည် သက်မချလိုက်မိကြ၏။

ဘယ်ဘက်ခြမ်းတွင်တော့ ဟာရီကိန်း ဝံပုလွေအုပ်ကြီးရှိပြီး ညာဘက်ခြမ်း‌တွင်တော့ ရေခဲခြင်္သေ့ရှိလို့နေ၏။ ဤအခြေ‌အနေသည် သူတို့အတွက် အလွန်တရာ ဆိုးရွားလှသော အခြေအနေတစ်ခု ဖြစ်သည်။

"အားလုံးပဲ။"

ကျွင်းချောင်ရှောင်းသည် လက်ကို မြှောက်ကာပြောလိုက်သည်။ "သက်တောင့်သက်သာနဲ့ သူတို့စားတာကို ခံကြပါတော့။"

ဖျောက်။

သူသည် လက်ဖျောက်တီးလိုက်၏။

All Chapters