အခန်း (၃၄၃)
Vol. 24 Ch. 343
အစ်ကိုချင်နှင့် ကျန်သော အဖွဲ့ငယ်လေးမှ လူအားလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် သားရဲတစ်ထောင် တောနက်တောင်ကြားထဲမှ ထွက်လာသည်။
အရင်ဆုံး ရှေ့မှ ထွက်သွားသော ကျင့်ကြံသူများသည် သတင်း ဖြန့်ပြီး ဖြစ်သောကြောင့် မည်သူမှ အဝင်ဝတွင် မနေရဲကြချေ။
သိုင်းဆရာအဆင့်များနှင့် နှိုင်းယှဉ်၍ ရသော ရိုးရိုး ဟာရီကိန်း ဝံပုလွေများသည် နယ်မြေငါးတွင် ရုတ်တရက်ပေါ်လာကြသည်။
သွေးဝံပုလွေ ကြေးစားအဖွဲ့ ရုတ်တရက် တိုက်ခိုက် သတ်ဖြတ်ခဲ့သည်ကို ကြားပြီးသည့်နောက်တွင် မည်သူက ကြောင်တောင်တောင်နှင့် တော်၏ အဝင်ဝတွင် ရပ်နေရဲတော့မည်နည်း။
"ခေါင်းဆောင်။"
ခပ်ဝဝလူက ရပ်၍ ပြောလိုက်သည်။ “ကျုပ်တို့ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ပြီ။"
“အင်း …ယုံတောင်မယုံနိုင်ဘူး။"
တစ်ခြားသော အဖွဲ့ဝင်တစ်ယောက်က စိတ်သက်သာရာ ရသလို ပြောလိုက်မိ၏။
ဝံပုလွေများသည် အနံ့ခံနိုင်စွမ်းတွင် အလွန်တရာ ထက်မြက်လှ၏။ ထို့ကြောင့် သူတို့အနေနှင့် အဆင့်ခြောက်နယ်မြေထဲတွင် ပုန်းအောင်နေသော်လည်း အသက်အန္တရာယ် မကင်းကြချေ။ ပွတ်ကာ သီကာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဟု ဆိုရမည်။
အစ်ကိုချင်သည် တီးတိုးရေရွတ်လိုက်၏။ "ပြောရမယ်ဆိရင် ထူးဆန်းတယ်။ဘာလို့ အဖြူရောင် ဝတ်စုံနဲ့ လူငယ်က ပျောက်နေတာလဲ။"
လူတစ်ယောက်က ပြောလိုက်သည်။ "ဒီလူရဲ့အသားက မွှေးလို့နေလိမ့်မယ်။ဒါ့ကြောင့် သွေးဝံပုလွေ ကြေးစားအဖွဲ့က လူတွေကို မစားပေမယ့် သူ့ရဲ့အလောင်းကိုတော့ စားသွားတာ ဖြစ်နိုင်တယ်။"
"ဒီလိုဆိုရင်"
ခပ်ဝဝလူက ပြောလိုက်သည်။ "သူက တော်တော် ကံမကောင်းတာပဲ။"
အစ်ကိုချင်သည် ခေါင်းကို ခါယမ်း၍ ပြောလိုက်သည်။ "အဆင့်မြင့်သားရဲတွေက အဆင့်နိမ့်တောထဲမှာ ပေါ်လာတယ်။ဒီတော့ အဲနေရာကို အချိန်အတိုင်းအတာ တစ်ခုအထိ မသွားတာ ကောင်းလိမ့်မယ်။"
သူသည် သူ၏ အဖွဲ့ဝင်များကို ဦးဆောင်၍ ရွာထဲသို့ ပြန်၍ ဝင်သွားလိုက်သည်။
ခရီးစဉ်တွင် သူတို့သည် အကျိုးကျေးဇူး တော်တော်များများ ရခဲ့၏။ သူတို့သည် အတိုင်းအတာတစ်ခုအတွင်း လုံလုံလောက်လောက် သုံးဖြုန်း၍ ရနိုင်သည်။ ထို့ကြောင့် သားရဲတစ်ထောင် တောင်ထဲသို့ အချိန်အတိုင်းအတာတစ်ခုအထိ ပြန်လည်မဝင်သွားရန် စဉ်းစား ဆုံးဖြတ်လိုက်ကြသည်။
ဖူကွေးရွာ၏ လမ်းပေါ်မှာတော့ များပြားလှသော ကျင့်ကြံသူများသည် စုဝေးလျက်ရှိသည်။ လက်ရှိအချိန်တွင် သူတို့သည် နယ်မြေငါးတွင် ဖြစ်ပျက်ခဲ့သမျှကို ဆွေးနွေး နေကြ၏။
တော်တော်များများ၏ မျက်လုံး အကြည့်များသည် ထိတ်လန့်ကြောက်ရွံ့နေကြပြီး တစ်ချို့သောလူများမှာတော့ ပျော်ရွင်နေကြ၏။
ဟာရီကိန်းဝံပုလွေများသည် အဆင့်မြင့် သားရဲများဖြစ်သောကြောင့် အဆင့်နိမ့်နယ်မြေထဲတွင် ပေါ်လာသည်မှာ ကောင်းသည့် အရာ မဟုတ်ပေ။ ထို့ကြောင့် ကြောက်ရွံနေကြခြင်း ဖြစ်၏
ပျော်ရွှင်ရခြင်းမှာ သွေးဝံပုလွေ ကြေးစားအဖွဲ့မှ ခေါင်းဆောင်နှင့် အခြားသူများ သေဆုံးသွားခဲ့ရသောကြောင့် ဖြစ်သည်။ အနာဂတ်တွင် မည်သူမှ သူတို့ဆီမှ ပစ္စည်းများကို လုယူတော့မည် မဟုတ်ပေ။
ဟာရီကိန်းဝံပုလွေများသည် လူသားများအတွက် မိစ္ဆာများကို ရှင်းလင်းခဲ့သည်ဟုဆိုရမည်။
သို့ပေမဲ့ သေချာဆွေးနွေးပြီးသည့်နောက်မှာတော့ သူတို့သည် အဖြူရောင်ဝတ်စုံနှင့် လူငယ်အား ချီးကျူးမိကြ၏။
သွေးဝံပုလွေကြေးစားအဖွဲ့မှ လူများကို မသတ်ဖြတ်ခဲ့လျှင် ဟွိုင်ခွန်သည် သူ၏ လူများကို ခေါ်၍ တည်နေရာအား ပိတ်ဆို့ကာ ပြဿနာရှာမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဝံပုလွေများလည်း ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။
"ဆိုးတာပဲ။"
အစ်ကိုချင်က ပြောလိုက်သည်။ "သူရဲကောင်းနာမည်ကို ငါ မသိဘူးဆိုပေမယ့် သူ့အတွက် ဂုဏ်ပြုကျောက်တိုင်တစ်ခု လုပ်ပေးရမယ်။"
ခပ်ဝဝလူသည် ခေါင်းကုတ်ကာ ပြောလိုက်သည်။ "ခေါင်းဆောင် ကျုပ်တို့ သူ့ကို အဖြူရောင်ဝတ်စုံနဲ့ လူငယ်လို့ နာမည်ပေးလိုက်ရင်ရော မရဘူးလား။"
"ဟုတ်တာပဲ။"
အစ်ကိုချင်သည် သူ၏ လူများကို ဦးဆောင်၍ အဝတ်အစား အရောင်းဆိုင်ဆီသို့ သွားလိုက်သည်။ ပြီးနောက် အဖြူရောင် အဝတ်အစားများနှင့် ကျောက်တိုင်တစ်ခုကို ဝယ်ယူခဲ့၏။
သို့ပေမဲ့ သူတို့သည် စားသောက်ဆိုင်တစ်ခုသို ဖြတ်လျှောက်သွားသည့် အချိန်မှာတော့ အထဲကို ရည်ရွယ်ချက်မဲ့စွာဖြင့် လှမ်းကြည့်လိုက်မိကြသည်။ ရုတ်တရက်ဆိုသလိုပဲ သူတို့၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
သူတို့၏ မျက်နှာပေါ်ရှိ ကြွက်သားများ အားလုံးသည် တုန်ရင်သွားကြပြီး မျက်လုံးများသည် မယုံကြည်နိုင်ဟန်များဖြင့် ပြည့်နက်နေသည်။
ခပ်ဝဝလူနှင့် တစ်ခြားသောလူတစ်ယောက်တို့သည် အလုံးစုံ ဆွံ့အလျက်ရှိနေသည်။ သူတို့သည် သူတို့ ခေါင်းဆောင်၏ အကြည့်အတိုင်း ကြည့်ရှုလိုက်ချိန်မှာတော့ မျက်လုံးများပင် ပြူးထွက်နေကြ၏။
စားသောက်ဆိုင်၏ ထမင်းစားခန်းထဲမှာတော့ အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် အစားအစာများကို စားသောက်ပြီး ဝိုင်ကို စိတ်အေးသက်သာစွာဖြင့် သောက်လျက်ရှိသည်။
"ခေါင်းဆောင်။"
ခပ်ဝဝလူက ထပြောလိုက်သည်။ "သူ …. သူ မဟုတ်လား။"
အစ်ကိုချင်သည် သူ၏ မျက်လုံးကို ပွတ်သပ်ပြီး သူ မြင်နေရသည့်အရာသည် မှန်ကန်ရဲ့လား ဆိုသည်ကို သေချာပြန်ကြည့်လိုက်၏။ ပြီးနောက် ထိတ်လန့်စွာဖြင့် ပြောလိုက်၏ "လူတူတာလည်း ဖြစ်နိုင်တယ်။”
“ကောင်းကင်ဘုံ။"
ခပ်ဝဝလူသည် မော့မျောလှမတတ်ဖြစ်သွားသည်။ "သူအသက်ရှင်နေသေးတယ်။သူ မသေဘူးနဲ့ တူတယ်။"
ကျန်လူတစ်ယောက်၏ နှုတ်ခမ်းများသည်လည်း တုန်ရင်လျက်ရှိသည်။
"သွေးဝံပုလွေ ကြေးစားအဖွဲ့က လူတွေ အကုန်လုံး သေသွားပြီ။ သူက ဘယ်လိုဖြစ်ပြီး အသက်ရှင် ကျန်နေခဲ့တာလဲ။"
ဤလူသည် မည်သူနည်း။
ဟုတ်ပေသည်။
ထိုသူသည် ကျုပ်တို့၏ ဂိုဏ်းချုပ်ကျွင်းပင်ဖြစ်နေသည်။
ဟာရီကိန်းဝံကုလွေများ ပေါ်လာပြီးသည့်နောက် အစ်ကိုချင်နှင့် တစ်ခြားသော သူများသည် ထိတ်လန့်တကြားနှင့် ထွက်ပြေးသွားကြ၏။
ထို့ကြောင့် သူတို့သည် ထိုအဆင့်မြင့် သားရဲများမှာ ကျွင်းချောင်ရှောင်း၏ ထိန်းချုပ်မှု ၊ ဆင့်ခေါ်မှုကြောင့် ရောက်ရှိလာခဲ့သည်ဖြစ်ကြောင်း မသိရှိကြပေ။
ထိုကဲ့သို့သော အမှန်တရားကို သိရှိသူမှာ ဟွိုင်ခွန်သာ ရှိသည်။ ကံဆိုးစွာဖြင့် ဟွိုင်ခွန်သည် သေဆုံးသွားခဲ့ပြီဖြစ်သည်။
"ခေါင်းဆောင်။"
ခပ်ဝဝလူက ခန့်မှန်းလိုက်သည်။ "ဒါ လူတူတာပဲ ဖြစ်ရမယ်။"
"အဲလိုပဲ ဖြစ်လိမ့်မယ်။" အစ်ကိုချင် ပြောလိုက်သည်။
ဤများပြားလှသော ဝံပုလွေများ၏ လက်ချက်အောက်တွင် အဖြူရောင် ဝတ်စုံနှင့်လူငယ် အသက်မရှင်နိုင်သည်မှာ သေချာသည်။
ထို့ကြောင့် အထဲတွင် စိတ်အေးသက်သာစွာဖြင့် စားသောက်လျက်ရှိသောသူမှာ ရုပ်ဆင်သော လူတစ်ယောက်သာဖြစ်မည်ဟု သူတို့ထင်မှတ်မိ၏။
သေချာစဉ်းစားကြည့်လိုက်သည့် အချိန်မှာတော့ တုန်လှုပ်စရာ မဟုတ်ကြောင်း နားလည်လိုက်မိ၏။
မိမိစားသောက်စရာများကို စိတ်လိုလက်ရ စားသောက်ပြီးသည့်နောက်တွင် ကျွင်းချောင်ရှောင်းသည် ပိုက်ဆံရှင်းကာ ဖြင့် ထွက်ခွာလာသည်။
ဟမ်။
သူသည် အစ်ကိုချင်အား မြင်ချိန်မှာဝော့ာ ပြုံးလိုက်မိသည်။ "တိုက်ဆိုင်လိုက်တာ .. ထပ်တွေ့ပြန်ပြီ။"
ဟမ်။
အားလုံးသည် ထပ်မံ၍ ဆွံ့အသွားကြသည်။
ဤအမူအရာနှင့် ဤစကားသည် ရင်းနှီးနေသည့်ပုံပေါ်၏။
ဤလူငယ်သည် သားရဲတစ်ထောင် တောထဲတွင် သူတို့မြင်ခဲ့ရသော အဖြူရောင်ဝတ်စုံနှင့် လူငယ်ဖြစ်နေလေ၏။
သူသည် မသေဆုံးခဲ့ပေ။အသက်ရှင်လျက်ရှိနေသေး၏။
အစ်ကိုချင်နှင့် တစ်ခြားသူများသည် တုန်လှုပ်နေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
သူသည် ရွာ၏ အပြင်ဘက်သို့ ထွက်ခွာပြီးသည့်နောက် ဟာရီကိန်းဝံပုလွေ ဘုရင် အား ဆင့်ခေါ်ကာ ကျောပေါ်သို့ တက်၍ ချင်းယန်နိုင်ငံဆီသို့ ဦးတည်လိုက်တော့သည်။
အာဝူး။
ဟာရီကိန်းဝံပုလွေ ရာကျော်တို့သည်လည်း နောက်မှ လိုက်ပါလာကြသည်။
ထိုမြင်ကွင်းသည် ထူးခြားလှပေသည်။
ဂိုဏ်းချုပ်ကျွင်းသည် အမှန်တကယ်ပဲ သိုသိုသိပ်သိပ် နေချင်သူဖြစ်၏။ ထို့ကြောင့် ဂိုဏ်းဆီသို့ ပြန်ရာလမ်းတွင် မြို့ပေါ်ကနေမသွားဘဲ တောနက်ထဲမှ သွားရန် စဉ်းစားရွေးချယ်လိုက်သည်။
သားရဲတစ်ထောင်တောနက်ထဲသို့ လာသည့် ခရီးစဉ်တစ်ခုလုံးသည် လဝက်ခန့်လောက် ကြာမြင့်ခဲ့၏။
ကျွင်းချောင်ရှောင်း ရရှိခဲ့သော အရင်းအမြစ်များသည်လည်း သေမင်းတောင်ကြားထဲမှ ရရှိခဲ့သော အရင်းအမြစ်များ ထက်တော့ အဆမတန်ပို၍ များပြားသည်။
ဆေးပင်နှင့် ကျာက်ရိုင်းတုံးများ၏ အရေအတွက်ကို ထည့်မတွက်နှင့်ဦး။ အမြန်နှုန်းအဆောင်ပင်လျှင် ရှစ်ဆယ်ခန့် သန့်စင်နိင်ခဲ့၏။
ကြေးစားအဖွဲ့၏ ခေါင်းဆောင် ဟွိုင်ခွန်သည် အလွန်တရာ ချမ်းသာလှသူဖြစ်သည်။ ၎င်း၏ သိုလှောင်လက်စွပ်ထဲတွင် ရွှေငွေနှင့် တစ်ခြားသော ပစ္စည်းပေါင်းများစွာရှိပြီး စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာကျော်ပင် ရှိနေသေးသည်။
"ကောင်းလိုက်တာ။"
လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်း အော်လိုက်သည်။
သူ့အတွက် ပို၍ ကောင်းမွန်သည့် အရာမှာ များပြားလှသည့် အရင်းအမြစ်များကို ရရှိခဲ့ရုံသာမက ရေခဲခြင်္သေ့အား ပဋိညာဉ်ရေးထိုးနိုင်ခဲ့ပြီး ဟာရီကိန်း ဝံပုလွေ တစ်မျိုးနွယ်လုံအား ထိန်းချုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်၏။
"ရှေးလမ်းကြီးက ရှည်တယ်။အားလုံးကတော့ အလုပ်ရှုပ်တယ်။"
တောရိုင်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အားရဝမ်းသာစွာဖြင့် သီချင်းအော်ဆိုလျက်ရှိနေသည်။
……..
သံမဏိအရိုးဂိုဏ်း။
တောင်တံခါး၏ အဝမှာတော့ ကျုံးရီ နှင့် တစ်ခြားသော သူများသည် လေတဟူးဟူးတိုက်နေသည့် တည်နေရာထဲတွင် မတ်မတ်ရပ်လျက်ရှိနေခဲ့ကြသည်။
သူတို့သည် ဤနေရာသို့ ရက်အနည်းငယ်ကတည်းက ရောက်ရှိခဲကြခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင် အဘယ့်ကြောင့် အထဲကိုဝင်ပြီး စားစားသောက်သောက် မပြုလုပ်ကြသနည်း။
အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းအကာအကွယ် အစီအရင်ကြောင့် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏အကာအကွယ် အစီအရင်အား အသက်သွင်း၍ ထားခဲ့သည်ကို မေ့လျောနေခဲ့၏။
ထို့ကြောင့် ကျုံးရီ နှင့် သူ၏ ညီအစ်ကိုများသည် အထဲသို့ မဝင်နိုင်ဘဲ ဤလေဟာပြင်ထဲတွင် နေနေရခြင်း ဖြစ်သည်။
"အားလုံးပဲ။"
လီချင်းယန်သည် အစီအရင်၏ အထဲမှ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ချင်းယန်ရွာကို သွားပြီး စောင့်ကြပါလား။"
"အဆင်ပြေပါတယ်။"
ကျုံးရီ ပြောလိုက်သည်။ "ဒီမှာ စောင့်လည်း အတူတူပဲလေ။"
သူသည် မှန်ကန်၍ သမာဓိရှိသောသူဖြစ်၏။ သံမဏိအရိုးဂိုဏ်းကို ဝင်ရောက်ချင်သည်ဆိုလျှင် လေးနက်သည့် အမူအရာမျိုး ပြသရမည်ဖြစ်ကြောင်း နားလည်၏။
အာဝူး။
ရုတ်တရက်ဆိုသလိုပဲ ဝံပုလွေအူသံများသည် တောင်ခြေဆီမှ ထွက်ပေါ်လာသည်။
ကျုံးရီ၏ အမူအရာများသည် ပြောင်းလဲသွားသည်။ လှေကားရင်းဆီသို့ လှမ်းကြည့်လိုက်သည့် အချိန်တွင်တော့ ဝံပုလွေသားရဲများသည် အပေါ်သို့ ပြေးတက်လာကြောင်း သူ မြင်လိုက်ရ၏။
"ဒါ … ဒါက။"
သူ တုန်လှုပ်သွား၏။ "ဟာရီကိန်းဝံပုလွေတွေပဲ။"
ဟမ်။
တစ်ခြားသော အဖွဲ့ဝင်များ၏ အမူအရာများသည်လည်း ပြောင်းလဲသွားကြသည်။
သားရဲတစ်ထောင်တောထဲတွင် ကျင့်ကြံသွားလာနေကြသော ကျင့်ကြံသူများဖြစ်သည်မို့ သူတို့သည် အဆင့်မြင့်သားရဲများဖြစ်သော ဟာရီကိန်း ဝံပုလွေအကြောင်း ကောင်းကောင်းသိ၏။
"မြန်မြန် … မြန်မြန်"
ကျုံးရီ ပြောလိုက်သည်။ "ပုန်းကြ … ပုန်းကြ။"
သို့ပေမဲ့ တောင်ဂိတ်တံခါးသည် သိပ်ပြီး ကျယ်ဝန်းလှသည် မဟုတ်ပေ။ မည်သည့်နေရာတွင် သွား၍ ပုန်းရမည်နည်း။
သွားပြီ သွားပြီ။
ကျုံးရီ၏ နှလုံးသားထဲတွင် စိတ်ပျက်ခြင်းများ ကြီးစိုးသွားခဲ့၏။
သူ၏ အပေါင်းအဖော်များသည် သားရဲတစ်ထောင်တောထဲတွင် မသေဆုံးခဲ့ပေ။ သို့သော်လည်း ပြင်ပကမ္ဘာသို့ ရောက်ချိန်မှာ သေဆုံးရပေတော့မည်။
ဝှစ်။
ထိုအချိန်မှာပဲ အလွန်တရာ ကြီးမားလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ဟာရီကိန်းဝံပုလွေကြီးတစ်ကောင်သည် ရှေ့ဆုံးမှ ပြေးတက်လာ၏။
ပြီးနောက် သူသည် အားလုံး၏ ရှေ့သို့ ခန့်ခန့်ငြားငြား နှင့် ခုန်ဝင်လာသည်။
ဤအရာသည် ဟာရီကိန်းဝံပုလွေဘုရင်ပင် ဖြစ်တော့၏။
ကျုံးရီ၏မျက်နှာ အမူအရာသည် ပျက်ရွင်းသွားသည်။
ဟာရီကိန်းဝံပုလွေ၏ ကျောပေါ်တွင် ထိုင်နေသည့် တစ်စုံတစ်ယောက်ကို မြင်ချိန်မှာတော့ သူသည် အမှန်တကယ်ပဲ ထိတ်လန့်တုန်လှုပ်သွားမိ၏။
ထိုလူသည် ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်သည်။
ဟမ်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဘာလို့ မင်းတို့ အထဲကို မဝင်တာလဲ။ဒီနေရာမှာ ဘာလို့ မတ်တပ်ရပ်နေတာတုန်း။"
ဖတ် …။
တစ်စုံတစ်ခုကို တွေးမိပြီးနောက်မှာ သူသည် သူ့နဖူးအား ပိတ်ရိုက်လိုက်မိသည်။ "မေ့သွားတယ် … ငါမေ့သွားတယ်။ ဂိုဏ်းအကာအကွယ်အစီအရင်ကို အသက်သွင်းခဲ့တာပဲ"
အတွေးတစ်ချက်နှင့်ပင် သူသည် ဂိုဏ်းအကာအကွယ် အစီအရင်အား ခဏတာ ဖယ်ရှားလိုက်၏။
ကျုံးရီ နှင့် သူ၏ ညီအစ်ကိုများသည် ငူငူ ငေါင်ငေါင်နှင့် ဖြစ်နေတုန်းပင်။
"ဂိုဏ်းချုပ်ကျွင်းဆီမှာ ပဋိညာဉ်ရေးထိုးပြီးသား ရေခဲခြင်္သေ့သားရဲရှိတယ်မို့လား။ အဘယ့်ကြောင့် ဟာရီကိန်းဝံပုလွေ ဖြစ်သွားရတာလဲ ။ဒီကောင်ကြီးက ပိုပြီး သန်မာတယ်။"
"ဒီမှာ ရပ်မနေနဲ့။”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ငါနဲ့တူတူ လိုက်ဝင်ကြ။"
ကျုံးရီသည် အသိပြန်ဝင်လာ၏။ ပြီးနောက် သူ၏ ညီအစ်ကိုများကို ဦးဆောင်ကာ အထဲသို့ ဝင်လိုက်၏။
သူတို့အထဲကို ရောက်ချိန်မှာတော့ ဟာရီကိန်းဝံပုလွေများသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဘက်တွင် ဆောင့်ကြောင့် ထိုင်ကာ စုဝေးလျက်ရှိနေကြသည်။
"ကောင်းကင်ဘုံ။"
စုရှောင်မိုသည် ပြေးထွက်လာပြီးသည့်နောက် အဝေးတစ်နေရာရှိ ဆန်းကြယ်လှသော ဟာရီကိန်း ဝံပုလွေအုပ်လိုက်ကြီးအား ကြည့်ရှုလိုက်မိ၏။
ပြီးနောက် ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဘာတွေ ဖြစ်ကုန်တာလဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါ မင်းတို့အတွက် စီးလို့ ရမယ့် သတ္တဝါတွေ ပြင်ဆင်လာတာလေ။"
"စီးလို့ ရတဲ့ အကောင်တွေလား"
အနားမှာရှိသော တပည့်များသည် စိတ်လှုပ်ရှားသွား၏။
ဤကဲ့သို့ ဝံပုလွေမျိုးသည် ခြေထောက်တွင် လေပွေကဲ့သို့ ပုံသဏ္ဍာန်များ တည်ရှိကြပြီး အလွန်တရာ မြန်ဆန်ကြသည်။
ထိုအကောင်များကို စီးနင်းသွားမည်ဆိုပါက အလွန်ကြည့်လို့ကောင်းသည့် မြင်ကွင်းမျိုးဖြစ်ပေလိမ့်မည်။
ကျုံးရီ နှင့် သူ၏ ညီအစ်ကိုများ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ရင်သွား၏။
အဆင့်မြင့် သားရဲဖြစ်သော ဟာရီကိန်းဝံပုလွေများကို တပည့်များ စီးနင်းဖို့ ဖန်တီးပေးနိုင်သည်ဆိုတော့ မည်ကဲ့သို့သော ဂိုဏ်းချုပ် ဖြစ်လေသနည်း။