အခန်း (၃၄၆)
Vol. 24 Ch. 346
ကျွင်းချောင်ရှောင်းတွင် လက်ရှိ၌ ပဋိညာဉ်ရေးထိုးထားသော သားရဲလေးကောင်ရှိ၏။
နဂါးလေး နှင့် ကျန်သည့် သုံးကောင်ထဲမှ နှစ်ကောင်သည် သားကောင်ဖမ်း ဘောလုံးအား အသုံးပြု၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပေသည်။
တစ်ကောင်မှာတော့ မိမိကိုယ်တိုင် ပဋိညာဉ်ရေးထိုးခဲ့သော သားကောင်ဖြစ်သည်။
ရေခဲခြင်္သေ့သည် ရေခဲအမျိုးအစား သားရဲမျိုးဖြစ်ပြီး ထိုအရာနှင့် ပတ်သက်၍ သံသယဝင်စရာမလိုပေ။
နဂါးလေးနှင့် ခရမ်းရောင်လျှပ်စီး ကျားသားပေါက်လေးမှာတော့ မီးနှင့် လျှပ်စီးမိုးကြိုးကို ကိုယ်စားပြုသည်။
ထို့ကြောင့် တောဝက်ရိုင်းတစ်ကောင်သည်သာ မြေဓာတ်နည်းစနစ်နှင့် ပတ်သက်၍ နားလည်နိုင်ပေလိမ့်မည်။
စဦးသားကောင်ဖမ်းဘောလုံးကို အသုံးပြု၍ ပထမဦးဆုံး ဖမ်းဆီးခဲ့ရသော သူ၏ ပထမဦးဆုံး ပဋိညာဉ်သားရဲဖြစ်သော်လည်း ကျွင်းချောင်ရှောင်းသည် တောဝက်ရိုင်းလေးအား ထုတ်သုံးလေ့မရှိပေ။
ဤအရာသည်လည်း နားလည်လက်ခံပေးနိုင်သောအရာ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် တောဝက်ရိုင်းလေးသည် မည်သည့် တိုက်ခိုက်ရေးစွမ်းအင်မှလည်း မရှိပေ။
ခရမ်းရောင်လျှပ်စီးကျားသားပေါက် ၊ ရေခဲခြင်္သေ့နှင့် နဂါးလေးတို့ကို ကြည့်လိုက်သည်နှင့် တစ်ပြိုင်တည်း ထိုသတ္တဝါ အားလုံးသည် အလွန်အမင်းအားကောင်းသည် ဟူသော ပုံပန်းသွင်ပြင်ကို ထုတ်ဖော်လျက်ရှိသည်။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ "တောဝက်ရိုင်းလေးက မြေဓာတ်သဘာဝ သားရဲရိုင်း လား။"
"မှားတယ်။"
စနစ်မှ မှန်ကန်စွာ ပြန်ပြောလိုက်သည်။ "ဒါက မြေဓာတ်အမျိုးအစား ပုံရိပ်ယောင်သားရဲ အမျိုးအစားဖြစ်နိုင်တယ်။"
တောဝက်ရိုင်းလေးသည် မည်မျှအားနည်းသည်ဆိုဆို ပုံရိပ်ယောင်သားရဲတစ်ကောင်ဖြစ်၏။
“အခြေအနေအရ ကိုက်ညီလားဆိုတာ ငါတို့ ကြည့်ရမှာပဲ။”
ကျွင်းချောင်ရှောင်းသည် နားလည်သည်ဆိုသောခလုတ်အား ဖိရင်း စဦးသားကောင်ဖမ်းဘောလုံးအား ထုတ်ယူလိုက်သည်။
"စဦးသားကောင်ဖမ်းဘောလုံး။"
ဆွစ်။
ဝုန်း။
တောဝက်ရိုင်းလေးသည် လေ့ကျင့်ရေးကွင်းပြင်ထဲတွင် ပေါ်လာသည်။ သူသည် ပျင်းရိစွာဖြင့် မြေပေါ်တွင် လဲှလျက်ရှိပြီး အိပ်နေရာမှ နိုးထလာမည့် ပုံပင် မပေါ်ပေ။
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။
တကယ့်ရန်သူနှင့် တိုက်ခိုက်နေသည့် သေခြင်းရှင်ခြင်း တိုက်ပွဲမျိုးတွင် အကူအညီလို၍ ဆင့်ခေါ်သည် ဆိုပါက မည်သို့ ဖြစ်သွားမည်နည်း။ သခင်တစ်ယောက်လုံး အသတ်ခံလိုက်ရသည် ကိုပင် ဒင်းက သိရှိလိမ့်မည် မဟုတ်ပေ။
ကူ့ ကူ့။
သူ တွေးနေတုန်းမှာပဲ တောဝက်ရိုင်းလေးသည် ဇဝေဇဝါ မျက်လုံးလေးများဖြင့် ဖြေးညှင်းစွာ ထရပ်လာသည်။ သူ ဆိုလိုနေသည်မှာ "သခင် ကျုပ်ကို ဘာလို့ဆင့်ခေါ်နေတာလဲ။"ဟူ၍ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် မနေနိုင်တော့ပေ။ နဂါးစိမ်းလခြမ်းဓားမော့ကို ထုတ်ယူကာ သတ်ဖြတ်၍ မီးကင် စားလိုက်ဖို့ပင် စဉ်းစားလိုက်မိသည်။
"အဲမှာရပ်မနေနဲ့။"
သူ အမိန့်ပေးလိုက်သည်။ "မင်း အခုလေးတင် သင်ယူတတ်မြောက်ထားတဲ့ စွမ်းရည်တွေကို ထုတ်ဖော်စမ်း။"
တောဝက်ရိုင်းလေးက နားလည်သွားလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ရှိသော ပျင်းရိမှုများသည် ပျောက်ကွယ်သွားသည်။ မျက်နှာပေါ်တွင် ပိုမိုလေးနက်သော အမူအရာများ ဖြစ်တည်လာသည်။ "အမှန်ပဲ။ ဒါမှ ငါ့ရဲ့ ပဋိညာဉ်သားရဲ။"
ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ဝင်စားမိနေ၏။
စဦးမြေဓာတ်နည်းစနစ်ဆိုသည်မှာ မည်ကဲ့သို့ နည်းစနစ်ဖြစ်သနည်း။ နာမည်ကို ကြည့်လိုက်သည်နှင့် အကာအကွယ် အမျိုးအစား နည်းစနစ်တစ်ခု ဖြစ်နိုင်လောက်ပေသည်။
ပူ။
ရုတ်တရက်ဆိုသလိုပဲ အသံတစ်ခု ကြားလိုက်ရ၏။
ပြီးနောက် တောဝက်ရိုင်းလေး၏ ဖင်မှ လေလှိုင်းလေးများ ထွက်ပေါ်လာသည်။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ တည်နေရာတွင် တောင့်တောင့် ဖြစ်သွား၏။
"ငါက စွမ်းရည်ထုတ်ပြဖို့ ပြောတာလေ။မင်းက ဘာကိစ္စ အီးပေါက်ရတာလဲ။"
တော်ဝင်ရိုင်းလေးမှာလည်း သူ သင်ယူတတ်မြောက်ထားသော နည်းစနစ်ကို ထုတ်ဖော်ရန် ကြိုးစားလျက်ရှိသည်။ သို့ပေမဲ့ သူ ထုတ်ဖော်လိုက်တိုင်း အီးသာ ပေါက်လျက်ရှိနေသည်။
စဦးမြေဓာတ် နည်းစနစ်သည် အသက်မဝင်နိုင်ခဲ့ချေ။
"ဂိုဏ်းချုပ် စိတ်ထိန်းပါအုံး … စိတ်ထိန်းပါအုံး ….။ဒါက ဂိုဏ်းချုပ်ရဲ့ ပဋိညာဉ်သားရဲလေ။ ဘယ်လိုဖြစ်ပြီး သတ်လို့ ရမှာလဲ။ ဓားမော့ကို ချလိုက်ပါအုံး။ စကားနဲ့ ပြောလို့ ရလောက်ပါတယ်။"
လေ့ကျင့်ရေးကွင်းမှာတော့ လီချင်းယန်နှင့် တစ်ခြားသော သူများသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ကိုင်ကာ အားရပါးရ ခုတ်ပိုင်းရန် ပြင်နေသော သူတို့၏ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းအား တင်းတင်းကြပ်ကြပ် ဖမ်းဆွဲကာ တားဆီးထားကြ၏။
၎င်း၏ ပိုင်ရှင်သည် ၎င်းအားသတ်ဖြတ်တော့မည့်ဖြစ်ကြောင်း တောဝက်ရိုင်းလေးသည် လုံးဝ မသိရှိချေ။ မြေပေါ်တွင် အားရပါးရ အိပ်လျက် ရှိသည်။
အား။
ကျွင်းချောင်ရှောင်း အားရပါးရ အော်လိုက်သည်။
နဂါးစိမ်း လခြမ်းဓားမော့သည် လွင့်စင်သွားပြီး တော်ဝံရိုင်းလေး၏ နှာခေါင်းအနား မြေပြင်တွင် စိုက်ဝင်လျက်ရှိသည်။
ထိုအချင်းအရာကို မြင်တော့ တောဝက်ရိုင်းလေးသည် လန့်နိုးလာပြီး သားကောင်ဖမ်း ဘောလုံးထဲသို့ ပြန်ဝင်သွားတော့၏
ကျွင်းချောင်ရှောင်းသည် သွေးအန်လုမတတ် အလွန်တရာ ဒေါသထွက်နေသည်။
အစောကတည်းက သိမည်ဆိုလျှင် သူသည် နဂါးစိမ်းလခြမ်းဓားမော့အား အသုံးပြု၍ ဤအကောင် အား မှန်အောင် ပစ်ခဲ့ပေလိမ့်မည်။
တစ်ခြားသော ပဋိညာဉ်သားရဲသုံးကောင်မှာ ရှားပါးလှသော သားရဲရိုင်းများဖြစ်ပြီး တစ်ကောင်ထက်တစ်ကောင် အားသာအောင် ကြိုးစား စွမ်းဆောင်လျက်ရှိကြသည်။
တော်ဝက်ရိုင်းလေးတစ်ကောင်မှာတော့ ကျွင်းချောင်ရှောင်းအား အလွန်တရာ စိတ်ပျက်စေ၏။
တစ်ခြားနည်းလမ်းလည်း မရှိပေ။ သူ၏ ပထမဆုံး ပဋိညာဉ်သားရဲဖြစ်သောကြောင့် သိမ်းထားမှ ဖြစ်ပေလိမ့်မည်။
တပည်များ၏ ဝိုင်းဝန်း ထိန်းသိမ်းမှုအောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြန်လည် တည်ငြိမ်လာသည်။ သူသည် သားကောင်ဖမ်းဘောလုံးအား သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ပြီးနောက် တွေးလိုက်၏။ “အနာဂတ်မှာ ငါ့ကိုယ်ငါ အရှက်ခွဲသလို မဖြစ်အောင် ဒီကောင့်ကို ထုတ်မသုံးမှ ဖြစ်မယ်။”
ဖူး။
အဓိကဟောခန်းရှိ ဂိုဏ်းချုပ်ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် သူသည် စိတ်ဝိညာဉ်သားရဲခန်းမဆောင် အား ဖွင့်လိုက်၏။
ပြီးနောက် စဦးသားရဲဆေးလုံးဆိုသည့်အရာအား ကြည့်လိုက်၏။
ပစ္စည်းအမျိုးအစား- စဦးသားရဲဆေးလုံး။
အကျိုးသက်ရောက် - အဟာရဓာတ်ပြည့်စုံခြင်း ဆေးလုံးအမျိုးအစား။ သားရဲများသည် ဆေးလုံးအား သာက်လိုက်သည် ဆိုသည်နှင့် စွမ်းအင်များသည် သန့်စင်သွားမည်ဖြစ်သည်။ ဆယ်ရက် တိတိ ဆာလောင်မှုကို ခံစားရမည် မဟုတ်ချေ။
လိုအပ်ချက်- သားရဲအသား ၊ ဆာလောင်မြက်တစ်ထုံး။
"ချီးတဲ့မှ။"
ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားသည်။ "ဒါ အရမ်းကောင်းတာပဲ။"
စနစ် “.......”
သူသည် ဟာရီကိန်းဝံပုလွေများ၏ စားနိုင်စွမ်းကို ကြည့်၍ လက်ခံသူအား ရင်နာအောင် ပြောဆိုခဲ့သည်။ ယခု ချက်ချင်းဆိုသလိုပဲ လက်ခံသူသည် အရာအားလုံး အဆင်ပြေစေမည့် ဆေးလုံးအား ရရှိခဲ့၏။ ထိုအရာသည် သူ၏ မျက်နှာအား ပိတ်ရိုက်ခြင်းနှင့်ပင် ဆင်တူနေ၏။
"ငါ့ဆီမှာ အသားတွေ တော်တော်များများ ရှိတယ်။လိုနေတာက ဆာလောင်မြက်ပဲ။"
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "မြို့ထဲကို သွားပြီးတော့ ကြည့်ရမယ်။ ချင်းယန် … "
သူပြောလိုက်သည်။ "ကျုံးရီ နဲ့ တစ်ခြားသူတွေကို ဒီကို ခေါ်လိုက်။"
ဂိုဏ်း၏ အဆောက်အအုံ အား အဆင့်ငါးသို့ တိုးပြီးသည့်နောက် လက်ခံနိုင်သည့် ဂိုဏ်းသားအရေအတွက်သည် တိုးမြှင့်သွားပြီဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ဂိုဏ်းသားသစ် ခေါ်ယူနိုင်ပြီဖြစ်သည်။
"ကောင်းပါပြီ။"
မကြာခင်မှာပဲ ကျုံးရီ နှင့် သူ၏ညီအစ်ကို ဆယ့်သုံးယောက်တို့သည် သူ၏အခန်းဆီသို့ လှမ်းဝင်လာကြသည်။
သူတို့သည် တစ်ယောက်ချင်းစီ၏ နာမည်အား ရေးသွင်းပြီးသည့်နောက် ဂိုဏ်း၏ အပြင်စည်းတပည့်များ ဖြစ်လာကြ၏။
သူတို့သည် ကျွင်းချောင်ရှောင်းအား စိတ်မပျက်စေခဲ့၏။
ကျုံးရီ သည် မိတ်ဆွေဆက်ဆံရေးနှင့် သစ္စာတရားကို တန်ဖိုးထားလှသူဖြစ်သည့်အပြင် အဆင့်ခုနစ် သိုင်းဆရာတစ်ယောက်လည်း ဖြစ်နေသေး၏။ ထို့အပြင် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကိုလည်း ပိုင်ဆိုင်သေး၏။ ထိုကဲ့သို့သော ထူးချွန်လှသည့် ပါရမီရှင်မျိုးကို ခေါ်ယူနိုင်ဖို့ဆိုသည်မှာ အလွန်တရာ ခက်ခဲလှသည်။
“ဂိုဏ်းသား - ၂၀၁၄/၅၀၀၀။”
“ဒင် …. ဂိုဏ်းစုဆောင်းမှတ် ၂၀၁၀၀/၅၀၀၀။”
"ချင်းယန်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သူတို့ကို ဂိုဏ်းဝတ်စုံနဲ့ ဂိုဏ်းစည်းမျဉ်းစည်းကမ်းတွေ ပြောပြလိုက်။ပြီးတော့ အခန်းလည်း စီစဉ်ပေးလိုက်ဦး။"
"ကောင်းပါပြီ။"
လီချင်းယန်သည် ကျုံးရီ နှင့် တစ်ခြားသောသူများကိုခေါ်ကာ ထွက်ခွာသွားတော့သည်။
ဂိုဏ်းချုပ်ကျွင်းက တီးတိုးရေရွတ်လိုက်၏။
"စိတ်ဝိညာဉ်သားရဲ ဟောခန်းက ကိုယ့်ရဲ့ပဋိညာဉ်သားရဲတွေကို စွမ်းရည်တွေ တတ်မြောက်အောင် ပြုလုပ်ပေးနိုင်တဲ့အရာ ဖြစ်နိုင်တယ်။အဲဒါက လွဲရင်အများကြီး အသုံးဝင်မယ့်ပုံလည်း မပေါ်ဘူး။"
သူပြောသော အသုံးဝင်နိုင်မှုဆိုသည်မှာ တပည့်များအား အကျိုးကျေးဇူး တစ်ခုခု ရရှိစေခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ဆေးခန်းမဆောင်နှင့် ပန်းပဲ ခန်းမဆောင်တို့သည် ဆေးလုံးနှင့် လက်နက်များအား တပည်များ အသုံးပြုနိုင်ရန် ဖန်တီးပေးနိုင်၏။
စနစ်မှ ပြောလိုက်သည်။ "စိတ်ဝိညာဉ်သားရဲခန်းက အသုံးဝင်လား အသုံးမဝင်လားဆိုတာက လက်ခံသူအနေနဲ့ စတိုးဆိုင်ထဲက ပစ္စည်းကောင်းတွေ ရနိုင်လား မရနိုင်ဘူးဆိုတဲ့ အပေါ်မှာ မူတည်နေတယ်။"
သူသည် အလယ်အလတ်အဆင့် အအေးဓားဖော်မြူလာအား ရရှိခဲသည် ဆိုသော်လည်း လုံလောက်သည် ကုန်ကြမ်း ပစ္စည်းရရှိမှသာ ပန်းပဲခန်းမဆောင်တွင် သန့်စင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆိုလိုသည်မှာ ခန်းမဆောင်တစ်ခုရှိသည်ဆိုလျှင်တောင် ကုန်ကြမ်းရှိမှ အသုံးဝင်ပေလိမ့်မည်။
"နားလည်ပြီ။"
ကျွင်းချောင်ရှောင်းသည် ဆက်၍ စောတက မတက်တော့ပေ။
ဆေးခန်းမဆောင်ဆီသို့ သွား၍ သူ၏ သိုလှောင်လက်စွပ်ထဲမှ ရင့်မှည့်ပြီးသားဆေးပင်တွေကို ထည့်၍ ဆေးများကို သန့်စင်လိုက်တော့သည်။
"ဟုတ်သားပဲ။ငါ ဘာလို့ ကျန့်ရာကို မတွေ့ရတာလဲ။"
ကျုပ်တို့၏ ကြီးမြတ်လှသော ကျန့်ရာသည် လက်ရှိအချိန်၌ စမ်းသပ်မှု မျှော်စင်ထဲသို့ ရောက်ရှိနေပြီး စားရန် အိပ်ရန်ကိုပင် မေ့လျက်ရှိကာ သူ၏ ခန္ဓာကိုယ်အား ကြံ့ခိုင်လာစေရန် ပိုမို ကျင့်ကြံလျက်ရှိသည်။
သူသည် ကြွက်သားတည်ဆောက်ခြင်းအခန်းထဲတွင် အချိန်အတော်ကြာ နေထိုင်ပြီးသည့်နောက် သူ၏ တိုးတက်မှုသည် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က စမ်းသပ်မှု မျှော်စင်သို့ သွားရောက်နိုင်ကြောင်း လီချင်းယန်က ပြောခဲ့သည်။
ထို့ကြောင့် သူစမ်းသပ်မှုမျှော်စင်ထဲသို့ သွားလိုက်သည်။ ထိုအထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် သူသည် မြေဆွဲအား ဆယ်ဆအား ခံစားမိလိုက်၏။
သူ အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။
ကြွက်သားတည်ဆောက်ခြင်းအခန်းတစ်ခုဆိုသည်မှာ ကျင့်ကြံသည့်နေရာတွင် ကလေးကစား စရာ တစ်ခုသာဖြစ်ပြီး ထိုထက်ပိုမိုအားကောင်းတဲ့အရာတစ်ခု ဂိုဏ်းထဲတွင် ရှိနေကြောင်း သူ သိရှိခဲ့ရ၏။
တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်နှင့် လိုက်လျောညီစွာ ဆယ်ဆပိုမိုအားကောင်းသည့် မြေဆွဲအားကို ကြုံဆုံရသည့် အချိန်မှာတော့ သူသည် အစပိုင်း၌ လေးနာရီလောက်သာ ခံနိုင်ခဲ့သည်။
လက်ရှိအချိန်တွင်တော့ ကျန့်ရာသည် စမ်းသပ်မှုမျှော်စင်ထဲတွင် တစ်နေ့လျှင် နှစ်ဆယ့်လေးနာရီ နေချင်စိတ်ဖြစ်နေ၏။ ထို့ကြောင့် အားရပါးရ ကြိုးစားလျက်ရှိ၏။
ကျုံးရီ နှင့် တစ်ခြားသူများသည် သူတို့၏ ရပိုင်ခွင့်ပစ္စည်းများအား ရရှိပြီး ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးများကို သောက်သုံးပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်အားအင်တိုးတက်သွားသည်ကို ခံစားလိုက်မိသည်။
အားလုံးသည် ဆွံ့အသွားမိ၏။
"အစ်ကိုကြီး။"
တစ်ယောက်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒီဆေးလုံးက ဟူရန်မြို့ရဲ့ အိုက်မိသားစုသန့်စင်တဲ့ ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးတွေလား။"
ကျုံးရီ သည် သူ၏ တုန်လှုပ်မှုကို ဖိနှိပ်လျက်ပြောလိုက်သည်။ "ဒီဆေးကို သောက်ပြီးသွားရင် တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်အားအင်က ပိုပြီး တိုးလာတယ်လို့ ဆိုတယ်။ငါတို့ စားခဲ့တာက အဲ့ဒါ ဖြစ်နိုင်တယ်။”
“ကောင်းကင်ဘုံ"
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "ဒီလိုဆေးလုံးမျိုးကို ဝယ်ဖို့အတွက် ဂိုဏ်းကြီး မိသားစုကြီးများဝောာင် မတတ်နိုင်ဘူး။ဒါပေမဲ့ ကျုပ်တို့က တစ်ယောက်ကိုတစ်လုံးစီစားနိုင်ခဲ့တာပဲ။"
အပြင်ဘက်တွင် ဝယ်ယူရန် ခက်ခဲလှသော ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးများသည် ကျွင်းချောင်ရှောင်း၏ လက်ထဲတွင်တော့ ရေတွက်၍ မရအောင် ရှိနေသည်ဖြစ်ကြောင်း သူတို့ မသိရှိခဲ့ပေ။ ထို့ကြောင့် မည်သည့် ပြဿနာမှ မရှိဘဲ တပည့်များအား သကြားလုံးစားသလို လွတ်လွတ်လပ်လပ် စားနိုင်ရန် ဖန်တီးပေးထားခြင်းပင် ဖြစ်တော့သည်။