အခန်း (၃၄၇)
Vol. 24 Ch. 347
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆာလောင်မြက်ကို ဝယ်ယူရန် ချင်းယန်မြို့သို့ လာခဲ့သည်။
သူ့အား အံ့အားသင့်စေသည်မှာ ထိုဆာလောင်မြက်သည် လမ်းပေါ်ရှိမည်သည့်နေရာတွင် မဆို ရှိနေသည့် ဂေါဖီထုပ်များကဲ့သို့ပင် ပေါများနေသည့် အရာ ဖြစ်နေသည်။
သူသည် ပိုက်ဆံလေးအနည်းငယ်လောက် ပေး၍ အစည်းပေါင်းထောင်ချီအား ဝယ်ယူခဲ့၏။
ဆာလောင်မြက်ဆိုသည်မှာ အလွန်တရာ ရှားပါးလှသည့် ဆေးပင်မျိုး မဟုတ်ပေ။ မည်သည့် တောလမ်းတွင်မဆို လွယ်လွယ်ကူကူ သွားရောက်ယူနိုင်သည့် အရာမျိုး ဖြစ်နေသည်။
သိုင်းပညာရှင်များသည် တောထဲတွင် သွားရောက်၍ လေ့ကျင့်သည့် အချိန် အစားအစာ ပြတ်လပ်သည့် အချိန်ကို ကြုံသည်ဆိုပါက ၎င်းတို့၏ ဆာလောင်မှုကို အာသာပြေစေရန် ဆာလောင်မြက်ပင်အား နှုတ်ကာ စားသုံးတတ်၏။
ထို့ကြောင့် ဆာလောင်မြက်ပင်အား အမည်တွင်ခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းမှာတော့ ဤဆာလောင်မြက်ပင်များသည် တိရစ္ဆာန်များကို ကျွေးမွေး၍ရသည်ဟူ တစ်စုံတစ်ယောက်က တွေ့ရှိပြီးနောက်မှာတော့ တစ်ချို့သောသူများသည် မြက်ပင်များကို နှုတ်ကာ ရောင်းချသည့် အလုပ်များကို လုပ်လာကြ၏။
ဆာလောင်မြက်ကို ဝယ်ယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်သားရဲ ဟောခန်းကို ဖွင့်၍ ဆေးလုံးအတော်များများကို သန့်စင်လိုက်တော့သည်။
သားရဲဆေးလုံးများကို သန့်စင်ရခြင်းသည် စဦးပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို သန့်စင်ရသည်ထက် ပိုမို၍ မြန်ဆန်လှ၏။
အချိန်တိုအတွင်းမှာပဲ ဒါဇင်နှင့် ချီ၍ သန့်စင်နိုင်ခဲ့သည်။
ပြောရမည်ဆိုလျှင် သူသည် မြက်ပင်များ ဝယ်ယူရန်အတွက် သူ၏ တပည့်များကို လွှတ်လိုက်လျှင်လည်း ရနိုင်၏။ အဘယ့်ကြောင့် သူကိုယ်တိုင် ရောက်ရှိလာရသနည်း။
ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ချင်းယန်မြို့သို့လာ၍ ပစ္စည်း ဝယ်ယူရန်အပြင် မြို့တော်ဝန်ရှဲ့ နှင့် တွေ့ဆုံရန်လည်း စဉ်းစားထားသောကြောင့်ပင်။
နတ်စမ်းချောင်းဂိုဏ်းနှင့် စိန်ခေါ်ယှဉ်ပြိုင်ခဲ့စဉ်က လိုက်ပါအားပေးခဲ့သော မြို့တော်ဝန်ရှဲ့အား သူ့အနေနှင့် လက်ဆောင်ပေးရမည်။
အများကြီး မဟုတ်ဘူးဆိုလျှင်တောင် အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး အနည်းငယ် ပေးစွမ်းရန်အတွက်တော့ သူ့အတွက် ပြဿနာ မဟုတ်ချေ။
ဟင်း ….။
ဧည့်ခန်းထဲတွင် ထိုင်ပြီး ဆေးလုံးကို လက်ခံရရှိသည့်နောက် မြို့တော်ဝန်ရှဲ့သည် သက်ပြင်းချလိုက်မိ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "မြို့တော်ဝန်ရှဲ ကိစ္စတစ်ခုခု ရှိလို့လား။ ဘာတွေ သက်ပြင်းချနေတာလဲ။"
"ကျုပ်သတင်းတစ်ခုရထားတယ်။"
မြို့တော်ဝန်ရှဲ့ သည် စိတ်ပူနေသောမျက်နှာဖြင့် ပြောလိုက်သည်။ "အဆင့်ခြောက် ကျန်းယန်နိုင်ငံက စစ်ပွဲစတင်နေပြီ။ကြည့်ရတာ ကျုပ်တို့ ချင်းယန်နိုင်ငံလည်း မကြာခင်မှာ စစ်ပွဲမီး တောက်လောင်တော့မယ် ထင်တယ်။"
"အဲလိုလား။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
သံမဏိအရိုးဂိုဏ်းတွင် သတင်းထောက်လှမ်းသည့် ဟောခန်းတစ်ခုရှိသည်ဆိုသော်လည်း သေးငယ်သည့် နေရာတစ်ခုထဲတွင်သာ ကျဉ်လည်နေသော ဟောခန်းတစ်ခုဖြစ်၏။ထို့ကြောင့် အရှေ့တောင်ရန်ကျူးတွင် စစ်ပွဲတစ်ခုရှိသည်ဆိုသည်ကို သူတို့ မသိရှိခဲ့ပေ။
များပြားလှသော အဆင့်မြင့် နိုင်ငံများသည် ဤစစ်ပွဲတွင် ပါဝင်နေကြပြီး စစ်ပွဲတွေမှာ အလွန်တရာ လှုပ်ရှားသက်ဝင်နေပြီဖြစ်သည်။
အဆင့်ကိုး ချင်းယန်နိုင်ငံလေးသည် ကြီးမားလှသော နိုင်ငံကြီးများနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်။ စစ်ပွဲများ တောက်လောင်ပါက ကျိန်းသေပေါက် ပျက်စီးသွားမှာ သေချာ၏။
ဟင်း။
မြို့တော်ဝန်ရှဲ့ ပြောလိုက်သည်။
"ဒီလောကကြီးက မငြိမ်းချမ်းဘူး။သာမန်လူတွေက ပိုပြီး ထိခိုက်ခံစားရမယ့် လူတွေပဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မြို့တော်ဝန်ရှဲ့မှာ ဒီလိုစိတ်ထားမျိုး ရှိတာပဲ။ဒါက တကယ့်ကို ချီးကျူးစရာကောင်းတယ်။"
အာဏာကို ဆုပ်ကိုင်ချင်သူများသည် တစ်ခြားသောသူများ၏ အရိုးများကို လှေကားထစ်အဖြစ် တည်ဆောက်ကာ လှမ်းတက်ချင်သူများ ဖြစ်သည်။ ထိုသူတို့ထဲမှ လူအနည်းငယ်လောက်ကသာလျှင် သာမန်လူများ၏ အခြေအနေကို ဂရုစိုက်တတ်ကြသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်တို့ သံမဏိအရိုးဂိုဏ်းကလည်း ချင်းယန်နိုင်ငံထဲကပဲလေ။ ကျူးကျော်လာတဲ့ ဘယ်သူ့ကိုမဆို ကျုပ်ရဲ့ အမိမြေအတွက် တိုက်ခိုက်ရမှာပဲ။"
"ဂိုဏ်းချုပ်ကျွင်းစကားကြောင့် ဒီရှဲ့ က စိတ်အေးချမ်းသာရတယ်။"
မြို့တော်ဝန်ရှဲ့ ပြောလိုက်သည်။
“ဟုတ်ပြီ။”
ပြီးနောက် ထပ်ပြောလိုက်သည်။ "တကယ်လို့ တောင်ပြာဂိုဏ်းကလူတွေကို ခေါ်ပြီးတော့ ချင်းယန်နိုင်ငံကို ခဏလောက် စောင့်ကြည့်ခိုင်းမယ်ဆိုရင် ကြီးကြီးမားမား ကိစ္စက တော်တော်နဲ့ ဖြစ်နိုင်မှာ မဟုတ်ဘူး။"
ကျွင်းချောင်ရှောင်း ချက်ချင်းပဲ နားလည်လိုက်မိ၏။ သံမဏိအရိုးဂိုဏ်းနဲ့ တောင်ပြာဂိုဏ်းတို့သည် မဟာမိတ်ဖြစ်နေသောကြောင့် သူ့အနေနှင့် စိတ်သက်သာရာ ရမိ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "တကယ်လို့ တစ်စုံတစ်ယောက်က ကျုပ်တို့ ချင်းယန်နိုင်ငံကို တိုက်ခိုက်ချင်တယ်ဆိုရင် တောင်ပြာဂိုဏ်းနောက်ခံရှိနေရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။"
"....." မြို့တော်ဝန်ရှဲ ငြိမ်သက်သွားမိ၏။
ကျန်းယန်နိုင်ငံအတွင်း၌ အဆင့်ငါး ဂိုဏ်းလေးခုနှင့် အဆင့်လေး ဂိုဏ်းတစ်ခု ရှိနေ၏။ တကယ်တမ်း ချင်းယန်နိုင်ငံကို ဖျက်ဆီးချင်သည်ဆိုပါက သူတို့သည် တောင်ပြာဂိုဏ်းအား အရင်ဆုံး ရှင်းလင်းပစ်ပေလိမ့်မည်။
အင်း။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "စစ်ပွဲက ရှောင်ရှားလို့ မရဘူးဆိုရင် ကျုပ်တို့ လုပ်ရမှာတစ်ခုတည်းရှိတယ်။အဲဒါ ကိုယ့်ပြည်ကို ကာကွယ်ဖို့ အတွက်ပဲ။
မြို့တော်ဝန်ရှဲ့ သည် နာနာကျင်ကျင်နှင့် ပြောလိုက်သည်။ "ချင်းယန်နိုင်ငံက အရမ်းအားနည်းလွန်းတယ်။ဒီလို အဆင့်မြင့်နိုင်ငံတွေနဲ့ ဘယ်ယှဉ်လို့ ရမှာလဲ။"
သူသည် အကူအညီမဲ့သလို ခံစားမိနေ၏။
ထို့အပြင် အားအင်ကွာခြားချက်ကလည်း စကားလုံးနှင့် ဖော်ပြ၍ မရလောက်အောက်ပင် ကွာခြားနေ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အဆင့်မြင့်နိုင်ငံနဲ့ တန်းတူ တိုက်ခိုက်မှုကို ပြုလုပ်နိုင်မှာ မဟုတ်ဘူးဆိုရင်လည်း ကျုပ်တို့အနေနဲ့လည်း ကာကွယ်ဖို့ အတွက်တော့ စမ်းကြည့်ရမယ်။တစ်ခြားမျှော်လင့်ချက်လည်း မရှိဘူးလေ။"
"ဒါအမှန်ပဲ။"
မြို့တော်ဝန်ရှဲ့ ပြောလိုက်သည်။ "ဒီရှဲ့ က မြို့ကို ပိုပြီးအားကောင်းလာစေဖို့ လုပ်နေတယ်။သိုင်းပညာရှင်တွေကို ခေါ်ပြီး စစ်တပ်တစ်ခု တည်ဆောက်ဖို့ စီစဉ်ထားတယ်။စစ်ပွဲမီးတောက်လာပြီဆိုတာနဲ့ အားကုန်သုံးပြီး ကျုပ်တို့ ချင်းယန်နိုင်ငံကို ကာကွယ်မှ ဖြစ်မယ်။"
"ဒါလည်း ကောင်းတာပဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
သူ့တွင် စစ်ပွဲနှင့် ပတ်သက်၍ အလွန်တရာကောင်းမွန်လှသော အကြံအစည်လည်း မရှိပေ။ ထို့ကြောင့် မည်သည့် စစ်ဗျူဟာကိုမှ ချမှတ်မပေးနိုင်ပေ။
နှစ်ယောက်သား အတော်ကြာစကားပြောပြီးသည့်နောက်မှာ သူ ထွက်ခွာလာလိုက်သည်။
တောင်ပြာဂိုဏ်း၏အကြောင်း ပြောလာသည်နှင့် တစ်ပြိုင်နက် ကျွင်းချောင်ရှောင်းသည် စဉ်းစားလိုက်မိ၏။ "တောင်ပြာဂိုဏ်းကို သွားဖို့ အချိန်ရောက်ပြီပဲ။"
အကြီးအကဲမာသည် သူ့ဆီသို့ အရင်က လာရောက်ခဲ့ဖူး၏။
သူတို့သည် မဟာမိတ်များ ဖြစ်နေသည်ဆိုသောကြောင့် ပြန်လည်၍ သွားရောက်လည်ပတ်မှ သင့်တော်ပေလိမ့်မည်။
ထို့အပြင် အဆင့်ငါးဂိုဏ်းတစ်ခုသည် ကျိန်းသေပေါက် ပြည့်စုံသော စနစ်တစ်ခု ရှိရပေလိမ့်မည်။
ထို့ကြောင့် ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူကိုယ်တိုင် သွားရောက်လေ့လာ ဆည်းပူးသင့်သည်ဟု ထင်မှတ်မိသည်။
သံမဏိအရိုးတောင်ကို ရောက်ပြီးသည့်နောက် စဦးသားရဲဆေးလုံးများသည် သန့်စင်ပြီးသွားပြီဖြစ်သည်။
အကျိုးသက်ရောက်မှုကို စမ်းသပ်ကြည့်သည့် အနေဖြင့် ကျွင်းချောင်ရှောင်းသည် အလွန်တရာ အစားအသောက် ကြမ်းလှသော နဂါးလေးအား ဆင့်ခေါ်၍ ဆေးလုံးတစ်လုံးအား စသောက်စေသည်။
ပြောနေစရာပင် မလိုပေ။ အကျိုးသက်ရောက်မှုမှာ အလွန်တရာ ကြီးမားလှသည်။ သာမန်အားဖြင့် အလွန်တရာ အစားကြီးလှသော နဂါးလေးသည် နောက်တစ်ရက်မှာတော စားသောက်ခန်းဆီသို့ မသွားခဲ့ပေ။
ဂိုဏ်းအတွင်း၌ လမ်းသလားလျက်ရှိပြီး အလွန်အမင်း တက်ကြွလျက်ပင် ရှိနေသေးသည်။
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။ "ဒီလို စောစောထဲကသာ ရှိမှန်းသိရင် ငါ အစားအစာရှာဖို့ဆိုပြီး သားရဲတစ်ထောင်တောထဲကိုတောင် သွားစရာ မလိုတော့ဘူး။
........
ဟူး … ဝူး။
သံမဏိအရိုးတောင်၏ တောထဲမှာတော့ ဝံပုလွေများ၏ အော်သံကို ကြားနေရ၏။
စုရှောင်မိုနှင့် လီဖေးတို့သည် ဟာရီကိန်းဝံပုလွေအား စီးနင်းကာ အားရပါးရ အပြေးနှင်လျက်ရှိကြသည်။
သူတို့သည် အမြန်နှုန်းအား အသုံးပြုကြသည့် ကျင့်ကြံသူများ ဖြစ်သောကြောင့် လေဓာတ်အမျိုးအစားသားရဲများကို စီးတော်ယဉ်အဖြစ် ရရှိချိန်မှာတော့ အလွန်တရာ ပျော်ရွင်နေကြ၏။
ကျွင်းချောင်ရှောင်းသည် စဦးသားရဲဆေးလုံးအား ဝံပုလွေ လှိုဏ်ဂူထဲတွင် တင်ကာ ပြောလိုက်သည်။ "ဒါက သူတို့တွေစားဖို့ သုံးလကနေ ငါးလလောက်အထိ လုံလောက်လိမ့်မယ်။"
ဝံပုလွေ လှိုဏ်ဂူထဲမှ ထွက်ပြီးသည့်နောက် သူသည် စုရှောင်မိုနှင့် လီဖေးတို့ တောထဲ၌ အားရပါးရ သားရဲစီးနေသည်ကို မြင်လိုက်ရ၏။
ထို့ကြောင့် သူသည် ရုတ်တရက် အကြံတစ်ခု ရသွား၏။ "ငါ သံချပ်ကာ မြင်းတပ်လိုပဲ သံချပ်ကာ ဝံပုလွေတပ်ကို ဖန်တီးလို့ မရနိုင်ဘူးလား။"
အရှေ့တောင်ရန်ကျူး၏ စစ်ပွဲသည် စတင်နေပြီဖြစ်သည်။ ထို့ကြောင့် ချင်းယန်နိုင်ငံသို့ သက်ရောက်လာပေလိမ့်မည်။
သူ့အနေနှင့် သံချပ်ကာ ဝံပုလွေတပ်ကိုသာ ပျိုးထောင်နိုင်မည်ဆိုလျှင် အလွန်တရာ အသုံးဝင်ပေလိမ့်မည်။
"အဲလိုပဲ လုပ်ရမယ်။"
ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းသို့ ပြန်ရောက်လာသည့် အချိန်တွင် တပည့်များ အားလုံးကို စုစည်းပြီး သင့်တင့်သော ကျင့်ကြံခြင်းအဆင့်ရှိ လူတစ်ရာ ကို ရွေးချယ်လိုက်လိုက်သည်။
ထိုသူများကို ဟာရီကိန်းဝံပုလွေများ စီတော်ယဉ်အဖြစ် ပေးအပ်သည့်အပြင် လှံနှင့် သံမဏိဒိုင်းကာ ပိုးမျှင် ချပ်ဝတ်တို့ကိုပါ တပ်ဆင်ပေးလိုက်သည်။
ဟုတ်ပေသည်။
ဂိုဏ်းချုပ်ကျွင်းသည် ဖြစ်ပေါ်လာမည့် စစ်ပွဲအတွက် ဖန်တီးခြင်း သက်သက် မဟုတ်ပေ။ သူ၏ ဂိုဏ်းအတွက်လည်း သံချပ်ကာ ဝံပုလွေတပ်ကို ဖန်းတီးထားရန် သင့်တော်သည် မဟုတ်လား။
အနာဂတ်တွင် တပည့်များသာ တစ်ခြားသော ဂိုဏ်းများ၏ တပည့်များနှင် ပြဿနာတတ်ပြီဆိုပါက ဤသံချပ်ကာ ဝံပုလွေတပ်အား အသုံးပြုကာ တိုက်ခိုက်နိုင်ပေလိမ့်မည်။
ရုတ်တရက် ရရှိလာသော ညဏ်အလင်းအရ သံမဏိ အရိုးဂိုဏ်းတွင် လက်ရှိ၌ သံချပ်ကာ ဝံပုလွေ ဟောခန်းဟူသည့် ဟောခန်းတစ်ခု ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ လီလျိုရှုသည် ထိုဟောခန်း၏ ခေါင်းဆောင်အဖြစ် ခဏတာ တာဝန်ယူထားရသည်။
အင်း။
ဟောခန်းသခင်လီသည် မှုန်ကုတ်ကုတ်ဖြင့် ပြောလိုက်သည်။ "နောက်ထပ် ဟောခန်းတစ်ခု လာပြန်ပြီ။ ကျွန်မ ကို အရမ်းအားနေတယ်လို့ ဂိုဏ်းချုပ်က ထင်နေပုံပဲ။"
"တော်တဲ့လူတွေက ပိုပြီး လုပ်နိုင်စွမ်း ရှိတယ်လေ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"...." လီလျိုရှု ဆွံ့အသွားမိ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။
"ဒီနေ့ကစပြီး ခင်ဗျားက သူတို့ရဲ့ လေ့ကျင့်မှုကို တာဝန်ယူပေးရမယ်။ဖြစ်နိုင်သမျှ အချိန်အတိုဆုံးယူပြီး ဒီဟာရီကိန်းဝံပုလွေတွေကို သူတို့တွေ စီးနင်းတဲ့နေရာမှာ ကျွမ်းကျင်ဖို့ ကြိုးစားပေးရမယ်။"
"ဂိုဏ်းချုပ်က သံချပ်ကာ ဝံပုလွေတပ်ကို ရုတ်တရက်ကြီး ဖန်တီးခဲ့တယ် ဆိုတော့ စစ်တပ်တစ်ခု ဖန်တီးပြီး တစ်လောကလုံးကို သိမ်းပိုက်ချင်လို့လား” လီလိုရှု မေးလိုက်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ငါ့ဆီမှာ တစ်လောကလုံးကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ဒါပေမဲ့ ဒီလောကကြီးက မအေးချမ်းဘူးလေ။ဒီတော့ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ထားရမယ်။အနည်းဆုံးတော့ အန္တရာယ်ကျရောက်လာပြီးဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည်မျိုးတော့ ရှိသင့်တယ် မဟုတ်လား။"
"ဒါအမှန်ပဲ။"
လီလျိုရှု ပြောလိုက်၏။
အလွန်ရှုပ်ထွေးပြီး ရက်စက်လှသော လောကကြီးတွင် နေထိုင်ပြီဖြစ်သောကြောင့် တစ်စုံတစ်ယောက်သည် သတိထားနိုင်မှ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် လက်နက်များ တပ်ဆင်ထားသော တပည့်များအား လေ့ကျင့်ပေးရန် သူမ သဘောတူလိုက်တော့သည်။
ဤသို့နှင့်ပဲ ခန်းမသခင်လီသည် မိုးဆွေဟောခန်းမ တပည့်များကို လေ့ကျင့်ပေးရုံသာမက သံချပ်ကာ ဝံပုလွေတပ်၏ တပ်သားများကိုပါ လေ့ကျင့်ပေးတော့သည်။
အလွန်တော်သော လူများသည် အလုပ်များ ပိုမို၍ လုပ်နိုင်ကြသည်။
ကျွင်းချောင်းရှောင်းအတွက်တော့ သူသည် ဟူရန်မြို့သို့ သွားရောက်၍ ဆာလောင်မြက်ပင် တော်တော်များများကို ထပ်မံဝယ်ယူလိုက်သည်။
ပြီးနောက် အိုက်မိသားစု ခေါင်းဆောင်ဆီသို့ သွားလည်လိုက်၏။ ထို့နောက် သူသည် အစီအစဉ်အတိုင်း တောင်ပြာဂိုဏ်းဆီသို့ သွားရောက်ရန် စီစဉ်ထား၏။