← Chapters

အခန်း (၃၅၀)

Vol. 24 Ch. 350

အခန်း (၃၅၀)

Vol. 24 Ch. 350

သံမဏိအရိုးဂိုဏ်း လာရောက်လည်ပတ်စဉ် ကတည်းက တပည့်များအား လက်ရည်စမ်းစေပြီး တစ်ယောက်စီမှ တစ်ယောက် သင်ယူစေမည်ဟု မာယွင်တန် တွေးတောထားခဲ့သည်။

ဟုတ်ပေသည်။ သံမဏိအရိုးဂိုဏ်းတပည့်များသည် အလွန်တရာ အားကောင်းလှကြောင်း သူ ကောင်းကောင်းသိသည်။ မဟုတ်လျှင် နတ်စမ်းချောင်းဂိုဏ်းသားများ ဆိုးဆိုးရွားရွားခံစားခဲ့ရမည် မဟုတ်ချေ။

သို့ပေမဲ့ လက်ရည်စမ်းပွဲ ငါးပွဲပြီးချိန်တွင် သူ၏ တပည့်များသည် နတ်စမ်းချောင်းဂိုဏ်းသားများထက်ပင် ပိုမိုဆိုးရွားသော အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း နားလည်ခဲ့မိသည်။ ပြန်လည်တိုက်ခိုက်မှုကိုပင် မပြုလုပ်နိုင်ခဲ့ချေ။

ထိုအရာသည်မှာလည်း သာမာန်သာဖြစ်သည်။

နတ်စမ်းချောင်းဂိုဏ်းဆီမှ ပြန်လာသည်မှာ တစ်လကျော် ကြာမြင့်ခဲ့ပြီ မဟုတ်လား။

ဂိုဏ်းချုပ်ကျွင်းသည် အလုပ်များနေသောကြောင့် သူ၏ ကျင့်ကြံခြင်းအပေါ် လျစ်လျူရှုထားရသော်လည်း တပည့်များမှာတော့ မဟုတ်ချေ။ နေ့စဉ်ဆိုသလို ကြိုးကြိုးစားစားကျင့်ကြံနေခဲ့ကြ၏။

ရီရှင်းချန်သည် အဆင့်ခုနှစ် သိုင်းဆရာအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ရှောင်ကျီ၊ စုရှောင်မို ၊ လီဖေး နှင့် ထျန်ချီ တို့သည် အဆင့်ခြောက် သိုင်းဆရာ များ ဖြစ်ကုန်ကြ၏။

တပည့်များသည် များုပြားလှသော အရင်းအမြစ်များကြောင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်မို့ အဆင့်သေး တစ်ခုလောက် တက်လျှင်ပင် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းရည်များ တိုးတက်လာခြင်း ဟုဆိုရမည်။

တောင်ပြာဂိုဏ်းနှင့်မို့သာ သူတို့ လျော့၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန် နတ်စမ်းချောင်းဂိုဏ်းနှင့် တိုက်ခိုက်မည် ဆိုပါက တစ်ဖက်လူများအား သူတို့ ချီးထွက်အောင် ရိုက်နှက်ပစ်နိုင်စွမ်း ရှိနေကြပြီ ဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း …”

မာယွင်တန်သည် လက်သီးဆုပ်ကာ ပြောလိုက်သည် “ခင်ဗျား တပည့်တွေက အရမ်းအားကောင်းတယ်။ ကျုပ် တကယ်ပဲ ချီးကျူးမိတယ်”

တပည့်များသည် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သည် ဆိုသော်လည်း စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်မို့ သူ့အနေဖြင့် သိပ်မခံစားရချေ။

နတ်စမ်းချောင်းဂိုဏ်းတောင်မှ ရှုံးသည်မဟုတ်လား။ သူက အဘယ့်ကြောင့် ရှုံးနိမ့်ခြင်းကြောင့် ရှက်ရွံ့ရမည်နည်း။

ကျွင်းချောင်ရှောင်း အားနာသလို ပြောလိုက်သည် “ဒါက ကံကောင်းလို့ပါပဲ”

မာယွင်တန် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ကျုပ်ဆီမှာ တောင်းဆိုစရာလေး တစ်ခုရှိတယ်”

“ကျေးဇူးပြုပြီး ပြောသာပြောပါ” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

မာယွင်တန်သည် ခဏလောက် တွန့်ဆုတ်နေသည်။ ပြီးနောက် ပြောလိုက်သည် “ကျုပ်တပည့်တွေကို ကျင့်ကြံခြင်း နဲ့ ပတ်သက်ပြီး အနည်းငယ်လောက် လမ်းညွှန်ပေးပါလား”

“ပြဿနာမရှိဘူး” ကျွင်းချောင်ရှောင်း အဆင့်သင့်ပြောလိုက်သည်။

သူသည် အဆောင်ခန်းမဆောင်မှ တဆင့် အသိအမြင်အဆောင်ပေါင်း များစွာကို သွန်းလုပ်ထားခဲ့၏။

………

ကျင့်ကြံခြင်း တည်နေရာထဲမှာတော့ စားပွဲရှည်ကြီးတစ်ခု ခင်းကျင်းထားသည်။ ကျွင်းချောင်ရှောင်းသည် ထိပ်တန်း သိုင်းပညာရှင်ကြီးတစ်ယောက်၏ ပုံစံမျိုးဖြင့် ထိပ်ဆုံးတွင် ထိုင်လျက်ရှိသည်။

တောင်ပြာဂိုဏ်းတပည့်များသည် တန်းစီလျက် ရှိနေကြပြီး ၎င်းတို့၏ မျက်လုံးထဲမှာတော့ အလွန်တရာ စိတ်လှုပ်ရှားနေသည့် အရိပ်လက္ခဏာများ တည်ရှိနေ၏။

သံမဏိအရိုးဂိုဏ်းချုပ်သည် အကြီးအကဲမာကိုပင် လမ်းညွှန်ပေးနိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် သိုင်းတာအိုတွင် အလွန်နက်နဲသော အဆင့်သို့ ရောက်ရှိနေလောက်ပြီဖြစ်၏။

“နောက်တစ်ယောက် …”

ခဏလောက်ကြာတော့ ဂိုဏ်းချုပ်ကျွင်း အော်လိုက်သည်။

လမ်းညွှန်ြ့ပသမှုကို ရရှိခဲ့သော တောင်ပြာဂိုဏ်းတပည့်သည် စိတ်အားတက်ကြွစွာဖြင့် ပြန်လှည့်လာ၏။

လမ်းညွှန်မှုကို ရရှိပြီးနောက် သူသည် လိုအပ်ချက်များအား နားလည်သွားသည်။ ထိုအရာကို ဖြေရှင်းပြီး ဖြစ်သောကြာင့် မကြာခင်မှာ သူ၏ ကျင့်ကြံခြင်းသည် ပိုမို တိုးတက်လာတော့မှာ ဖြစ်သည်။

“စီနီယာအစ်ကို ….”

မနီးမဝေးရှိ ခန်းမဆောင်ထဲမှာတော့ ထျန်းချီသည် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည် “ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းအပေါ် နားလည်မှုက တော်တော်ကို နက်နဲနေပြီပဲ။ ဘာလို့ ကျွန်တော်တို့ကို သေချာ မသင်ပေးတာလဲ”

“ဟုတ်တယ်”

လီဖေးသည် ခေါင်းကုတ်ကာ ပြောလိုက်၏ “တစ်ခါတလေး ဂိုဏ်းရဲ့ကျင့်ကြံခြင်းနည်းစနစ် နဲ့ ပတ်သက်ပြီး သွားမေးရင် စကားအနည်းငယ်ပြောပြီး မောင်းထုတ်ပစ်တယ်”

ဂိုဏ်းချုပ်ကျွင်းသည် အသိအမြင်အဆောင်အား အသုံးပြုနေချိန်တွင် တလောကလုံးရှိ ကျင့်ကြံခြင်းနည်းစနစ် များအား လမ်းညွှန်ပေးနိုင်သည် ဆိုသော်လည်း စတိုးထဲမှ သိုင်းနည်းစနစ် များအား အသိအမြင် အဆောင် အားကိုး၍ မရကြောင်း သူ၏ တပည့်များ မသိကြချေ။

စုရှောင်မို ပြောလိုက်သည် “ငါတို့ရဲ့ လက်ရှိ အားအင်အရဆိုရင် ကိုယ့်ရဲ့ ကျင့်ကြံခြင်းကို ကိုယ့်ဘာသာ တိုးတက်အောင် လုပ်နိုင်နေတာပဲ မဟုတ်လား။ ဘာလို့ ဂိုဏ်းချုပ်ကို အလုပ်ရှုပ်စေမှာလဲ”

ထိုစကားသည် မှန်ကန်ပေသည်။

သိုင်းပညာကို စနစ်ကျကျက သင်ယူခြင်းသည် ကိုယ်ပိုင်နားလည်နိုင်မှုကို ပိုမို တိုးတက်စေကြောင်း သူလက်တွေ့ ကြုံပြီးသား မဟုတ်လား။

ကျွင်းချောင်ရှောင်းသည် သူတို့အား လမ်းညွှန်ပြသပေးစရာမလိုချေ။ လိုအပ်သည့် အရင်းအမြစ်များ ပြည့်စုံအောင် ထောက်ပံ့ပေးရန်သာ လိုအပ်သည်။

“နောက်တစ်ယောက် …”

“နောက်တစ်ယောက် ……”

သိုင်းနည်းပြတစ်ယောက် အသွင်ဖြစ်နေသော ဂိုဏ်းချုပ်ကျွင်းသည် တောင်ပြာဂိုဏ်းတပည့်များ၏ ပြဿနာများအား သေချာ ဖြေရှင်းကူညီပေးလျက် ရှိနေတော့၏။

ရီရှင်းချန်သည်လည်း တုန်လှုပ်မိနေသည်။

သူသည် မနီးမဝေးမှ တချိန်လုံး နားထောင်နေခြင်းဖြစ်သည်။ တော်တော်များများသည် ၎င်းတို့ ကြုံတွေ့နေရသော ပြဿနာများအား ပြောပြခဲ့သည်။ သူတောင် သေချာ နားမလည်သေးခင်မှာပဲ ဂိုဏ်းချုပ်သည် ပြဿနာအား ထောက်ပြပြီး ဖြစ်နေသည်။ နက်နဲလှသော သိုင်းတာအို သဘောတရားကို နားမလည်လျှင် ပြုလုပ်နိုင်မည့် အလုပ်မဟုတ်ကြောင်း သူ ကောင်းကောင်း နားလည်မိ၏။

သိုင်းအင်ပါယာတစ်ယောက် ပြန်လည် ဝင်စားခြင်းဖြစ်သည်မို့ သူသည်လည်း သိုင်းတာအိုအပေါ် နားလည်မှု ရှိသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းနှင့်တော့ ယှဉ်၍မရနိုင်ပေ။

ကျွင်းချောင်ရှောင်းသည် အသိအမြင် အဆောင်အား အသုံးပြု၍ ပြန်လည်မွေးဖွားလာသော သိုင်းအင်ပါယာ တစ်ယောက်ကိုပင် ထိတ်လန့်တုန်လှုပ်စေသည်။ သို့ပေမဲ့ သူ ညွှန်ပြပေးနိုင်သည်မှာ အဆင့်နိမ့် ကျင့်ကြံခြင်း နည်းစနစ်၊ သိုင်းကွက်များသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း အသုံးပြုထားသော အသိအမြင် အဆောင်သည် အဆင့်နိမ့် အသိအမြင် အဆောင် ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် အဆင့်မြင့် နည်းစနစ် များအား သုံးသပ်လျှင်တော့ ရီရှင်းချန်မှာ ပို၍ သာလွန်နေပေလိမ့်မည်။

………

ဂိုဏ်းချုပ်ကျွင်းသည် မိုးလင်းမှ နေဝင်သည်အထိ တောင်ပြာဂိုဏ်း၏တပည့်များအား လမ်းည့ွှန်ပေးခဲ့သလို အသိအမြင် အဆောင်ဆယ်ခုကိုလည်း အသုံးပြုခဲ့ရသည်

တောင်ပြာဂိုဏ်း၏ တပည့်တစ်ထောင်လောက်သည် ကြီးမားသည် အကျိုးကျေးဇူးကို ရရှိခဲ့ကြသည် ဟု ဆိုရမည်။

သူတို့တင် မဟုတ်ချေ။ တစ်ချို့သောအကြီးအကဲများသည် ရောက်လာကြပြီး လမ်းည့ွှန်ပေးရန် တောင်းဆိုလာကြသေး၏။ လမ်းညွှန်ချက်ကို ရရှိပြီးနောက် အံ့အားတသင့်နှင့် ချီးကျူးလိုက်ကြသည် “ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ကျွမ်းကျင်သူပဲ”

“သိုင်းပညာလမ်းစဉ်ဆိုတာ ပင်လယ်သမုဒ္ဒရာလိုပဲ နက်ရှိုင်းလွန်းတယ်။ ဒီကျွင်း နားလည်တာက ရေအိုင်လောက်ပဲ ရှိပါတယ်”

“………..”

အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။

ကျင့်ကြံခြင်းအကြောင်း နက်နက်နဲနဲ နားလည်နေသောသူသာ ရေအိုက်လောက်ပဲ အသိရှိသည် ဆိုလျှင် သူတို့သည် ဘာဖြစ်သွားသနည်း။ ဘာတစ်ခုမှ နားမလည်သောသူများပင် ဖြစ်လို့သွားခဲ့၏။

……..

ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များသည် တောင်ပြာဂိုဏ်းတွင် ငါးရက်ကြာ နေထိုင်ခဲ့ကြသည်။ ဤအတောအတွင်း သူသည် ဂိုဏ်းကို ပိုမိုတိုးတက်လာစေရန် မာယွင်တန် ဆီမှ အကြံဉာဏ်များ ရယူခဲ့သည်။

“ဂိုဏ်းချုပ်ကျွင်း …”

အကြီးအကဲမာ ပြောလိုက်သည် “ဂိုဏ်းတစ်ခုကို ပိုပြီး အားကောင်းလာစေချင်တယ် ဆိုရင် ထူးချွန်တဲ့ တကပည့်တွေ ရှိဖို့က အရေးကြီးဆုံးပဲ။ ခင်ဗျားရဲ့ ဂိုဏ်းက ဒီအချက်မှာ ပြည့်စုံပြီးသား”

“တခြားဘာကျန်သေးလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

မာယွင်တန်သည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏ “ဒုတိယ အားဖြင့် ဝင်ငွေပဲ။ ဒါမှ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပေးနိုင်မှာလေ”

“ဘယ်လို ဝင်ငွေလဲ”

ကျွင်းချောင်ရှောင်းသည် အကြံဉာဏ်တောင်းခံချိန်မှာတော့ နိမ့်ချလွန်းသော ကျောင်းသားတစ်ယောက် ကဲ့သို့ပင် ဖြစ်နေသည်။

ထိုနေရာတွင် တခြားသော အကြီးအကဲများ ဆိုပါက အကြံဉာဏ်ပေးတတ်မည် မဟုတ်ချေ။ သို့ပေမဲ့ မာယွင်တန် သည် တောင်ပြာဂိုဏ်း၏ စီမံခန့်ခွဲရေးမှုးတစ်ယောက် ဖြစ်သည်မို့ လိုရင်းကို သေချာ ပြသပေးနိုင်၏ “မြို့ထဲမှ စီးပွားရေး တစ်ခုကို အခြေချဖို့ လိုတယ်”

“ဒါက ….”

ကျွင်းချောင်ရှောင်း ငြိမ်သက်သွားသည်။

သူသည် အိုက်မိသားစုနှင့် လေးနက်သည့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတစ်ခု ရှိကာ ထိုက်သင့်သော ဝင်ငွေရရှိနေသည် ဆိုသော်လည်း ဂိုဏ်းပိုမို တိုးတက်လာလျှင် ငွေပိုမို ကုန်ကျနိုင်၏။

မာယွင်တန် က ပြောလိုက်သည် “သိုင်းပညာရှင်တွေကသာ လေးစားမှု ကို ရရှိတဲ့ ဒီလောကကြီးမှာ အကျိုးအမြတ် အရဆုံး စီးပွားရေးက ဆေးလုံး၊ လက်နက် ၊ စိတ်ဝိညာဉ်ကျောက်တုံး ရောင်းချမှုပဲ ။ ဂိုဏ်းချုပ်ကျွင်းသာ ဒီထဲက တစ်ခုကို ရွေးချယ်ပြီး လုပ်မယ် ဆိုရင် ပိုက်ဆံ တော်တော်ရလိမ့်မယ်။”

ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်သည် “အကြီးအကဲမာရဲ့ စကားကို နားထောင်ရတာ ဆယ်နှစ်လောက် ကိုယ့်ဘာသာ လေ့လာတာထက် အကျိုးရှိတာပဲ”

အရိုးသားဆုံးပြောရလျှင် သူသည် ချက်ချင်း မြို့ထဲ၌ စီးပွားရေး တစ်ခု အခြေချရန် စဉ်းစားထားသည်။

“ဒင် … လက်ခံသူသည် ဖုံးကွားထားသော တာဝန် [ကြီးမားစွာ နားလည်မှု] ကို ပြည့်စုံစေသည့်အတွက် ဂိုဏ်းစုဆောင်းမှတ် ၂၀၀ ကို ရရှိသည်။”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် - ၂၃၀၀ / ၅၀၀၀”

“……..”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။

တခြားသူနှင့် စီးပွားရေး ကိစ္စဆွေးနွေးပြီး နားလည်မှုတစ်ခု ရရှိခြင်းသည် ဖုံးကွယ်ထားသော တာဝန်တစ်ခုဖြစ်နေမည်ဟု သူ မထင်မှတ်မိခဲ့ချေ

…….

တောင်ပြာဂိုဏ်းတွင် နောက်နှစ်ရက် နေထိုင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များနှင့် အတူ ထွက်ခွာလာခဲ့သည်။

မသွားခင်မှာပဲ မာယွင်တန်သည် မမေ့မလျော့ သတိပေးခဲ့သည် “ဂိုဏ်းချုပ်ကျွင်း … ဆရာကြီး ရှန်ကွမ်း ရဲ့ မွေးနေ့ ရောက်ဖို့ ရှစ်ရက်ပဲ လိုတော့တယ်။ မမေ့ဘဲ သွားနော်”

ကျွင်းချောင်ရှောင်း လက်သီးဆုပ်ကာ ပြောလိုက်သည် “ကျေးဇူးပါပဲ။ နှုတ်ဆက်ပါတယ်”

ပြောပြီးသည့်နောက် သူသည် တပည့်များအား ခေါ်ဆောင်၍ ဂိုဏ်းဆီသို့ အမြန်ဆုံး ပြန်လာလိုက်သည်။

သူသည် ဂိုဏ်းသို့ ပြန်ရောက်ပြီးသည့်နောက် မည်သည့် စီးပွားရေး ပြုလုပ်ရမည်ကို စဉ်းစားလျက် ရှိနေ၏။

ဆေးလုံးလား။ မဖြစ်သေးချေ။

ဆေးခန်းမဆောင်မှ ဆေးလုံးများသည် ကောင်းကင်မှ ငြင်းပယ်ရလောက်သည့် ဆေးလုံးများ ဖြစ်သည်။ ထို့ကြောင့် ရောင်းချမည်ဆိုလျှင် ခိုးယူ၊ လုယက်ခြင်း ခံရနိုင်သည်။

လက်နက်လား။ မဖြစ်ပေ။

စဦးအအေးဓားသည်ပင် အလွန်အားကောင်းလှသည်။ ဆေးလုံးနည်း လည်ကောင်းပင်။

အဆောင်များမှာတော့ စဉ်းစားနေစရာပင် မလိုချေ

ဤလောကကြီးတွင် ရှိသော အရာမျိုးမဟုတ်သောကြောင့် ထုတ်ရောင်းပါက အကုန်ပြဿနာ တက်ကုန်ပေလိမ့်မည်။

All Chapters