← Chapters

အခန်း (၃၅၃)

Vol. 24 Ch. 353

အခန်း (၃၅၃)

Vol. 24 Ch. 353

သူအရင်ကနေထိုင်ခဲ့ရာ မြေကမ္ဘာကြီးတွင် ချမ်းသာသော လူများမှာ ဖရာရီ ၊ လဘော်ဂနီ စသော ဈေးကြီးလှသော ကားများကို နှစ်နှစ်ခြိုက်ခြိုက် ဝယ်ယူတတ်ကြသည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတော့ ကားမရှိပေ။ သို့ပေမဲ့ မြင်းများရှိနေ၏။ ထို့ကြောင့် ချမ်းသာသောလူများသည် မြင်းမွေးမြူရသည်ကို နှစ်သက်ကြ၏။

ဥပမာအားဖြင့် အိုက်ရှန်းရီပင် ဖြစ်သည်။

သူ့၏အိမ်၌ အမျိုးအစားမတူသော မြင်းခြောက်မျိုးရှိ၏။ တစ်ကောင်ချင်းစီတိုင်းသည် ငွေတေးလ် တစ်သိန်းခန့်‌ ပေးရသောမြင်းမျိုးလည်း ဖြစ်၏။

ချမ်းသာသောလူများသည် ထိုကဲ့သို့ မြင်းမျိုးကို မွေး၍ စီးနင်းရသည်ကို အလွန်နှစ်သက်ကြပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခေတ်စားနေသော အလေ့အကျင့်တစ်ခုလည်း ဖြစ်သည်။

ထိုကဲ့သို့ တိရစ္ဆာန်များကို မွေးမြူရသည်ကို ကြိုက်နှစ်သက်သော သူများသည် အလွန်တရာ များပြားလှ၏။

၎င်းတို့အနေနှင့် သားရဲရိုင်းများကို ပဋိညာဉ်ရေးထိုးရသည်မှာ အလွန်တရာ ခက်ခဲလှသောကြောင့် တိရိစ္ဆာန်မွေးမြူခြင်းကိုသာ ပြုလုပ်နိုင်ကြသည်။

ချင်းယန်မြို့သို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ အိုက်ရှန်းရီသည် သူ၏ မြင်းစောင်းဆီသို့ သွားလိုက်၏။

သူ မွေးမြူထားသော မြင်းခြောက်ကောင်သည် အလွန်တရာ ခန့်ညားပြီး အားကောင်းလှ၏။ ကြည့်လိုက်သည်နှင့် တကယ့်ကို သန္ဓေကောင်းပြီး အဆင့်အတန်းမြင့်မားသည့် မြင်းမျိုးများမှ ဆင်းသက်လာသည့် မြင်းများဖြစ်ကြောင်း သိသာနေသည်။

အိုက်ရှန်းရီသည် တိရစ္ဆာန် အစားအစာ ဆေးလုံးခြောက်လုံးကို ထုတ်ကာ မြင်းစောင်းတာဝန်ခံအား လှမ်းပေးလိုက်သည်။ "ဒီနေ့မှာ ငါ အစားအစာ အသစ်တစ်မျိုးကို ယူဆောင်လာခဲ့တယ်။"

မြင်းများသည် ခေါင်းကို အသာငုံ၍ ဆေးလုံးအား နှာခေါင်းဖြင့် အနံ့ရှုလျက်ရှိသည်။ သူတို့သည် အရည်အသွေးမြင်မားသော ဆေးပင်များ၊ ကောင်းမွန်သော အစားအစာများကို စားသုံးခဲ့ရသူများ ဖြစ်သောကြောင့် ဤကဲ့သို့ ဆေးလုံးမျိုးကို စားချင်စိတ်မရှိပေ။

ပြီးနောက် အိုက်ရှန်းရီ ပြောလိုက်သည်။ "ဒါက ဂိုဏ်းချုပ်ကျွင်း ပြုလုပ်ထားတဲ့ ဆေးလုံးပဲ။ဒါကြောင့် အကျိုးသက်ရောက်မှု ကြီးမားလိမ့်မယ်။"

ပြန်‌လည်ကောင်းမွန်ခြင်းဆေးလုံး နှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးဟူသော ကောင်းကင်က ငြင်းပယ်ရလောက်သည့် ဆေးလုံးများကို မျက်မြင်တွေ့ရှိပြီးသောကြောင့် သူ့အနေနှင့် ကျွင်းချောင်ရှောင်း ပြုလုပ်သော ဆေးလုံးများသည် သာမန်ဆေးလုံးများ ဖြစ်မည်ဟု မည်သို့မှ မထင်ချေ။

၎င်းတို့၏ မိသားစု ခေါင်းဆောင်က ထိုကဲ့သို့ ပြောသည်ဆိုမှာတော့ မျက်နှာသာပေးရမည်ဟု မြင်းများသည် နားလည်လိုက်ကြသည်။

မြင်းတစ်ကောင်သည် ပါးစပ်ကို အသာဟ၍ လျှာနှင့် ယပ်ယူကာ ဝါးစားလိုက်တော့၏။

ချက်ချင်းဆိုသလိုပဲ သူ၏ မှေးမှိန်းနေသော မျက်လုံးများသည် တောက်ပလာပြီး လူသားများကဲ့သို့ အလွန်တရာ ပျော်ရွှင်သည့် အမူအရာမျိုးသည် မျက်နှာပေါ်တွင် ပေါ်လာတော့သည်။

သူသည် ခေါင်းကိုမော့၍ အသာဟီ လိုက်သည် "ဟီး ဟီး ဟီး ဟီ။"

သားရဲဆေးလုံးများကို စားသုံး‌လိုက်ကြသော မြင်းငါးကောင်သည်လည်း ပျော်ရွင်စွာဖြင့် ထ၍ ဟီလိုက်သည်။

လူသားများလို ကောင်းမွန်သောတစ်စုံတစ်ရာကို စားသုံးပြီးသည့်နောက်မှာတော့ ချီးကျုးသကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။

အိုက်ရှန်းရီသည် ထိုအရာကို မြင်တော့ ဆေးလုံးမှာ အလွန်အရသာရှိသည်ဖြစ်ကြောင်း နားလည်သွားမိ၏။

အရသာရှိခြင်း အဓိက မဟုတ်ပေ။ အဓိကမှာ အာဟာရဓာတ်ပေါကြွယ်ဝ လား ဆိုသည်ပင် ဖြစ်သည်။

ဆယ်ရက်လောက် အစားမစားဘဲ နေထိုင်သည်ဆိုပါက အလွန်အမင်း ပိုက်ဆံသက်သာလေသည်။ သို့ပေမဲ့ ဝမလာသလို၊ အားလည်း ကောင်းမလာဘူးဆိုပါက နေ့စဉ်နေ့တိုင်း အစာကျွေးသည်က ပို၍ ကောင်းသည် မဟုတ်လား။

“အခု ထွက်ပြီးတော့ မြင်းစီးကြရအောင်။"

အိုက်ရှန်းရီသည် မြင်းတစ်ကောင်အား အသာဆွဲယူ၍ လိုအပ်သည့် ကုန်းနှီး များကို တပ်ဆင်ကာ ကြာပွတ်ကိုကိုင်၍ အသာစီးနင်းကြည့်လိုက်တော့သည်။

ခလောက် ခလောက်။

မြင်းသည် လေကိုဆန်၍ တက်ကြွစွာဖြင့် အသော့နှင်တော့သည်။

အိုက်ရှန်းရီ တုန်လှုပ်သွားမိ၏။ "ဒီအမြန်နှုန်းနဲ့ဆိုရင် အရင်ကထက် ပိုပြီးတော့ မြန်လာတာပဲ။"

သူသည် မြင်းတစ်ကောင်ပြီးတစ်ကောင်အား ပြောင်းလဲ၍ စီးနင်းကြည့်လိုက်၏။

ဆေးလုံးများ စားပြီးသည့်နောက်မှာတော့ မြင်းများသည် အလွန်တရာ မြန်ဆန်လှသည်သာမက သက်လုံသည်လည်း တိုးတက်လာခဲ့ကြောင်း သူ သိရှိလိုက်မိသည်။

နောက်တစ်ရက်မှာတော့ သူသည် အစေခံများကိုခေါ်၍ မြင်းများကို ထိုဆေးလုံးများ ကျွေးရန် မှာလိုက်၏။

ဆေးလုံးစားသုံးရသည့် ညနေ အချိန်အခါမျိုးတွင် မြင်းများသည် အရင်ထက် ပိုမို၍ ပျော်ရွင်နေသည်ကို သတိထားမိလိုက်သည်။

နောက်တစ်ကြိမ်ပြန်၍ စီးနင်းကြီးသည့် အချိန်မှာတော့ မြင်းများ၏ အမြန်နှုန်းများမှာ အရင်ကထက် ပို၍ ကောင်းမွန် တိုးတက်လာကြောင်း သူသတိပြုမိလိုက်၏။

"ကောင်ကင်ဘုံ။"

အိုက်ရှန်းရီသည် တုန်လှုပ်မိသွားသည်။

ဤကဲ့သို့ ဆေးများကို ကျွေးမွေးရသည်မှာ မြင်းများအတွက် အလွန်ကောင်းမွန်သော အရာ ဖြစ်ပေလိမ့်မည်။

"ဒီဆေးလုံးက မြင်းရဲ့ အမြန်နှုန်းနဲ့ သက်လုံကိုပါ တိုးမြှင့်စေတဲ့ ဆေးလုံးပဲ။ဒါကို ငွေတေလ်း တစ်ရာနဲ့ ဝယ်ယူဖို့မပြောနဲ့ ၊ ငွေတေလ်း တစ်‌ထောင်ဆိုရင်တောင် ဝယ်ယူဖို့ ထိုက်တန်တယ်။"

များပြားလှသော မိသားစုများမှ ခေါင်း‌ေဆောင်များသည်လည်း ထိုအချင်းအရာကို သိတော့ တုန်လှုပ်သွားမိကြသည်။ သူတို့သည်လည်း အိမ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် စမ်းသပ်ခဲ့ကြသူများဖြစ်သည်။

အထူးသဖြင့် ငယ်ရွယ်သော မြင်းကလေးများပင် ဖြစ်၏။

ပထမနေ့ ထိုဆေးလုံးကို စားသုံးပြီးနောက်မှာတော့ သိသိသာသာ ပိုမို၍ ကြီးထွားလာခဲ့သည်။ ကျွမ်းကျင်လှသော မြင်းမျိုးစပ်သူများ၏ အကြံအရဆိုလျှင် အနည်းဆုံး ဤကဲ့သို့သောအစာကို ငါးရက်ခြောက်ရက်လောက်သာ ကျွေးပါက တစ်ခါတည်း ကြီးထွားသွားပေလိမ့်မည်။

ဤအရာသည် ဘာကို ဆိုလိုသနည်း။

ဤဆေးလုံးသည် အဟာရဓာတ်ပြည့်ဝသည်သာ မဟုတ်၊ အလွန်အမင်း ကောင်းမွန်သော အခြား အကျိုးသက်ရောက်မှုများလည်း ရှိသည်ဟူသည့် အဓိပ္ပါယ်ပင် ဖြစ်တော့သည်။

……......

ကျွင်းချောင်ရှောင်းသည် မျက်လုံး ပြူးသွားမိ၏။

လက်ရှိအခြေအနေမှာတော့ သူသည် သီးခြား အစီအရင်၏ မနီးမဝေးတွင် ရှိနေသော ဝံပုလွေလှိုဏ်ဂူထဲတွင် ဖြစ်သည်။

လှိုဏ်ဂူထဲတွင် ရှိနေသော ဝံပုလွေသားရဲများသည် ဆေးလုံးများကို စားပြီးသည့်နောက်မှာတော့ လွန်ခဲ့သည့် ရက်အနည်းကထက်အနည်းငယ် ကြီးထွားလာခဲ့၏။

အရွယ်ရောက်ပြီးသား ဝံပုလွေများမှာတော့ ပို၍ပင် ကြီးထွားနေသည်။

သူသည် ဟာရီကိန်းဝံပုလွေတစ်ကောင်ပေါ်ကို တက်စီးပြီး တောင်အနှံ့ကို တစ်ပတ်ပတ်ကြည့်လိုက်၏။ အမြန်နှုန်းသည်မှာလည်း အရင်ကထက်ပို၍ မြန်နေကြောင်း နားလည်လိုက်မိ၏။

"ဒါက"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဘယ်လို အခြေအနေလဲ။"

စနစ်က ပြောလိုက်သည်။

"သားရဲဆေးလုံးက‌ ဆာလောင်မှုခံနိုင်ရုံမဟုတ်ဘူး။ အားအင်ကြီးထွားမှုကိုလည်း တိုးတက်စေတယ်။ ပိုပြီးတော့ ခံနိုင်ရည် မြင့်လာတယ်။ ။ဒါက ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံး အစွမ်းနဲ့လည်း တူနေတယ်မဟုတ်လား။"

"တစ်ခြားဘေးထွက် ဆိုးကျိုးတွေ ရှိသေးလား။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

"မရှိဘူး။"

"ဒါဆိုရင် အရမ်းကောင်းတာပေါ့။"

"ဟာရီကိန်းဝံပုလွေ သားပေါက်လေးတွေရဲ့ ကြီးထွားမှုက အရွယ်ရောက်ဖို့အတွက် တစ်နှစ်ကြာတယ်။ လက်ရှိအခြေအနေအရ ဒီဆေးလုံးကိုသာ သုံးမယ်ဆိုရင် နှစ်ဝက်လောက်အတွင်း တော်တော်လေး ကြီးထွားလာလိမ့်မယ်။"

"ချီးတဲ့မှ …"

ကျွင်းချောင်ရှောင်း ထအော်လိုက်မိသည်။ "ငါ့ကို ဘာလို့ စောစောက မပြောတာလဲ။"

အစမှ အဆုံးထိ သူသည် ဒီဆေးလုံးအား အဆာခံနိုင်သည့် ဆေးလုံးဟုသာ ထင်မှတ်ထားခဲ့သည်။ ဤကဲ့သို့ မြန်မြန်ဆန်ဆန်သာ ကြီးထွားနိုင်သည့် ဆေးလုံးဖြစ်မည်မှန်း သိပါက ငွေတေးလ် တစ်ရာနှင့် ရောင်းချလိမ့်မည် မဟုတ်ပေ။ အနည်းဆုံး ငွေတေးလ် ငါးရာ သို့မဟုတ် တစ်ထောင်နှင့် ရောင်းချပေလိမ့်မည်။

စနစ်မှ ပြောလိုက်သည်။ "ဟာရီကိန်းဝံပုလွေတွေရဲ့ ပြောင်းလဲမှုကို ကြည့်ပြီးတော့မှ ငါလည်း သုံးသပ်လိုက်မိတာ။ဒီဆေးလုံးရဲ့ အထူးအကျိုးသက်ရောက်မှုကို ငါလည်း အစက နားမလည်ဘူး။"

"မဟုတ်သေးဘူး မဟုတ်သေးဘူး။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါဈေးနှုန်းကို မြှင့်မှ ဖြစ်မယ်။"

အဆင့်နိမ့်သားရဲဆေးလုံး၏ အစွမ်းသက်ရောက်မှုကို စစ်ဆေးပြီးနောက်မှာတော့ မိသားစုခေါင်းဆောင် တော်တော်များများသည် သူ့ဆီသို့ ရောက်လာပြီး အရေအတွက် များများ ဝယ်ယူလိမ့်မည်။

သေချာပေသည်။

တတိယနေ့သို့ ရောက်သည့် အချိန်မှာတော့ မိသားစု ခေါင်းဆောင် တော်တော်များများသည် သားရဲအစားအစာ ဆေးလုံး၏ အစွမ်းကို သိရှိသွားပြီဖြစ်သောကြောင့် မိုင်တစ်ထောင် အဝေးဆီမှပင် အလုအယက်နှင့် ရောက်ရှိလာကြတော့သည်။

တော်တော်များများသည် မြင်းခြံများကို ပိုင်ဆိုင်ကြပြီး မြင်းကောင်ရေ ထောင်ကျော်မွေးမြူထားကြသူများလည်း ဖြစ်ကြ၏။

သူတို့သာ များပြားလှသည့် ဆေးလုံးများကို ဝယ်ယူနိုင်မည် ဆိုပါက အစားအစာ ကျွေးမွေးရာတွင် ပိုက်ဆံကုန်ကျသက်သာမည်ဖြစ်သလို မြင်းများ၏ ကြီးထွားမှုသည်လည်း ပိုမို မြန်ဆန်လာပေလိမ့်မည်။

ဤအရာမှာ ခဲတစ်တုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပင် ဖြစ်သည်။

"ဘာလို့ မိသားစုခေါင်းဆောင်တွေ ထပ်ပြီး ရောက်လာတာလဲ။”

“သူတို့ တိရစ္ဆာန် အစားအစာဆေးလုံးကို ထပ်ပြီး လာဝယ်တာလို့ ကြားတာပဲ။”

“မဟုတ်သေးပါဘူး။ဒီအရာက အဲ့လောက်တောင် အစွမ်းထက်လိုလား။လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကမှ ဝယ်ထားတာ အခုထပ်ပြီး လာဝယ်သေးတာလား။"

မြို့ထဲမှာ ရှိသော သိုင်းပညာရှင်များသည် ဆွံ့အသွားမိသွားကြ၏

သံမဏိအရိုး တိရစ္ဆာန်အစားအစာ အရောင်းဆိုင်‌တွင် ရှိလျက်ရှိသော ကျွင်းချောင်ရှောင်းသည် သတင်းကို ရပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။ "ဆေးလုံးတစ်လုံးကို ငွေငါးရာတေးလ်ပဲ။ဈေးလုံးဝ မလျော့ဘူး။"

မိသားစုခေါင်းဆောင်များသည် ထိုဈေးနှုန်းကို ကြားတော့ ပြိုလဲလုမတတ်ပင် ဖြစ်သွားတော့သည်။

"လွန်ခဲ့တာ သုံးရက်ကနေ ငွေတေလ်း တစ်ရာနဲ့ ရောင်းတာလေ။ဘယ်လိုဖြစ်ပြီး ဒီလောက်ကြီး ဈေးကြီးသွားရတာလဲ။"

ဆိုင်တာဝန်ခံက ရှင်းပြလိုက်၏။ "လွန်ခဲ့တဲ့ သုံးရက်တုန်းက ဆိုင်က စစဖွင့်တယ်လေ။ ဒါကြောင့် အားလုံးကို စဦးဈေးနဲ့ ထုတ်လုပ်ပေးတာ။အခု အဲ အစီအစဉ်တွေက ပြီးသွားပြီ။ဈေးနှုန်းတွေက သာမန်အခြေအနေကို ပြန်ရောက်သွားပြီ..."

အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။

သို့ပေမဲ့ တိရစ္ဆာန်များ၏ အစာစားသောက်မှုကို လျော့ချပေးနိုင်သည့်အပြင် ကြီးထွားမှုကိုလည်း ပိုမိုထောက်ပံ့ပေးနိုင်သောကြောင့် ဆေးလုံးတစ်လုံးကို ငွေငါးရာတေးလ် ဆိုရင်တောင် လက်ခံနိုင်သေး၏။

ထို့ကြောင့် သံမဏိအရိုး တိရစ္ဆာန်အရောင်းဆိုင်သည် နောက်ထပ် ဆေးလုံးပေါင်း ၅၀၀၀ကျော်ကို ရောင်းချလိုက်ပြီး ငွေ ၂.၅သန်းကို ရရှိခဲ့၏။ အမြတ်ငွေမှာ ၂.၄ သန်းပင် ဖြစ်သည်။

ဤအရာမှာ အစပင် ရှိသေး၏။

ဆေးလုံး၏ အစွမ်းသည် ချင်းယန်နိုင်ငံတစ်ခုလုံးသို ပျံ့နှံ့သွားမည်ဆိုပါက သူ၏ ဆိုင်သည် ကြိတ်ကြိတ်တိုး စည်ကားတော့မှာ ဖြစ်သည်

"မဟုတ်သေးဘူး။"

သူသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ငါ့အထင် ဆိုင်ခွဲတွေ ဖွင့်မှ ဖြစ်မယ်။"

ကျွင်းချောင်ရှောင်းသည် ဟူရန်မြို့ဆီသို့ သွားလိုက်သည်။

အိုက်မိသားစုခေါင်းဆောင်ဆီမှတစ်ဆင့် စည်ကားသော ဆိုင်တစ်ဆိုင်ကို ဝယ်ယူလိုက်တော့သည်။ အခြားသော မြို့ခြောက်မြို့တွင်လည်း သူသည် ဆိုင်ခန်းတစ်ခန်းပြီး တစ်ခန်း ဝယ်ယူခဲ့သည်။

အလွန်‌ ကောင်းမွန်လှသောရက်ရာဇာနေ့ကို ရွေးချယ်ပြီးနောက်မှာတော့ သံမဏိအရိုးဂိုဏ်းသည် ချင်းယန်နိုင်ငံ၏ မြို့ကြီးခုနစ်မြို့တွင် သံမဏိအရိုး တိရစ္ဆာန် အစားအစာ ‌အရောင်းဆိုင်အား တပြိုင်နက်တည်း ဖွင့်လှစ်တော့သည်။

မြင်းများသည် သယ်ယူပို့ဆောင်ရေးအတွက် အလွန်တရာ အသုံးဝင်သော အရာများလည်း ဖြစ်သည်။ မြန်ဆန်သော မြင်းများသည် ပိုမို၍ အသုံးဝင်သည်ဟု ဆိုရမည်။

မြင်းများအနေဖြင့် ခရီးထွက်ခွာနိုင်သလို သတင်းစကားများ ပေးပို့၍ စာပေးပို့ခြင်း လုပ်ငန်းတွင်လည်း အသုံးဝင်သည်။ ထို့အပြင် သေခြင်းရှင်ခြင်းအရာတွင်လည်း မြင်းကိုသာ အသုံးပြုရသည်။

သိုင်းစစ်သူကြီးတစ်ယောက်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရမည်ဆိုလျှင်ပင် စိုးရိမ်စရာ မလိုပေ။ အဘယ့်ကြောင့်ဆိုသော် မြင်းသာမြန်ဆန်သည်ဆိုပါက လွတ်အောင် ပြေးနိုင်သည် မဟုတ်လား။

တိရစ္ဆာန်အစားအစာ ဆေးလုံး၏ ကျော်ကြားလာမှုနှင့်အတူ သံမဏိအရိုးဂိုဏ်း၏ စီးပွားရေးသည်လည်း မကြာခင်မှာ တောင့်တင်း ခိုင်မာလာတော့သည်။

All Chapters