← Chapters

အခန်း (၃၅၆)

Vol. 24 Ch. 356

အခန်း (၃၅၆)

Vol. 24 Ch. 356

ရှန်ကွမ်းဟုန်သည် ကျွင်းချောင်‌ရှောင်းနှင့် ပတ်သက်၍ မိတ်ဆက်ပေးရန် စတင်ပြောဆိုသည်ကို ကြားလိုက်ရချိန်မှာတော့ မာယွင်တန်သည် အနည်းငယ် ဆွံ့အသွားမိ၏။

များပြားလှသော ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်မိနေကြသည်။

အဘယ့်ကြောင့် ဆရာကြီး ရှန်ကွမ်းဟုန်သည် မွေးနေ့ကဲ့သို့သော နေ့ထူးနေ့မြတ်မျိုးတွင် တိရစ္ဆာန်အစားအစာရောင်းသည့် ဂိုဏ်းချုပ် တစ်ယောက်နှင့် အကြောင်းအရာ မရှိဘဲ စကား ပြောဆိုနေချင်သနည်း။

ဤအရာသည် စိတ်ပျက်ဖွယ်ရာမကောင်းလွန်းဘူးလား။

ကျွင်းချောင်းရှောင်းသည် မတ်တပ်ရပ်၍ လက်သီးကို ဆုပ်လိုက်၏။ "ဂျူနီယာ ကျွင်းချောင်ရှောင်းက စီနီယာ ရှန်ကွမ်းကို နှုတ်ဆက်ပါတယ်။"

ရှန်ကွမ်းဟုန်သည် သူ့ထက် အလွန်အမင်း အသက်အရွယ်ကြီးမြင့်လှသည်။ ထို့ကြောင့် စီနီယာဆိုသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှသူလည်း ဖြစ်၏။

ရှန်ကွမ်းဟုန်သည် သူ့အား ကြည့်ကာ ချီးကျူးလိုက်မိ၏။ "ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ပါရမီရှိတာပဲ"

"မဟုတ်ပါဘူး … မဟုတ်ပါဘူး" ကျွင်းချောင်ရှောင်းသည် နိမ့်ချစွာ ပြောလိုက်သည်။

ရှန်ကွမ်းဟုန်သည် ပြုံးကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက ချင်းယန်နိုင်ငံကို ကိုယ်စားပြုပြီး နတ်စမ်းချောင်းဂိုဏ်းကို အနိုင်ယူနိုင်ခဲ့တယ်။ ဒါက ဂုဏ်ယူလိုက်စရာပဲ။"

"ကျွန်တော် ကံကောင်းသွားတာပါ" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ရှန်ကွမ်းဟုန်သည် ပြုံးကာ ပြောလိုက်သည်။

"ချင်းယန်နိုင်ငံက တစ်လောကလုံးရဲ့ မျက်လုံးထဲမှာ အဆင့်နိမ့် နိုင်ငံတစ်ခုပဲ။ဒါကြောင့် သံမဏိအရိုးဂိုဏ်းလိုမျိုး ထွန်းတောက်လာတဲ့ ကြယ်တစ်ပွင့် ပေါ်ထွန်းလာတာကို အရမ်းပဲ စိတ်ကျေနပ်မိတယ်။"

ဆရာကြီးရှန်ကွမ်းသည် ကျွင်းချောင်ရှောင်းအား ချီးကျူးနေသည်ကို မြင်သည့် အချိန်မှာတော့ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ အားလုံးသည် ဇဝေဇဝါဖြစ်မိနေကြ၏။

ထိုအရာသည် သာမန်သာ ဖြစ်၏။

ရှန်ကွမ်းဟုန်သည် ကောင်းကင်ဘုံ‌ကျောင်းတွင် သင်ကြားပေးခဲ့သူတစ်ယောက် ဖြစ်သော်လည်း ချင်းယန်နိုင်ငံသည် သူ၏ ဇာတိဖြစ်သည်ဆိုသည်ကို မည်သည့်အခါကမှ မေ့လျောမသွားခဲ့ချေ။

သူ၏ အိမ်ဖြစ်သော ချင်းယန်နိုင်ငံတွင် အလားအလာ အလွန်ကောင်းမွန်လှသော ဂိုဏ်းသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

အဆင့်ငါး နတ်စမ်းချောင်းဂိုဏ်းကိုပင် အနိုင်ယူနိုင်ခဲ့သည်ကို ကြားသိခဲ့ပြီးသည့်နောက် ထိုဂိုဏ်းသည် ချီးကျူးရန် ထိုက်တန်လာပြီ ဖြစ်၏။

ဤလောကကြီးထဲမှာ‌တော့ လူတိုင်းသည် တစ်ဖက်သက် အမြင်သာ ရှိသော ချင်ဟောင်ရန်ကဲ့သို့ လူများ မဟုတ်ကြပေ။

'ဂိုဏ်းချုပ်ကျွင်း။" ရှန်ကွမ်းဟုန်သည် ပြောလိုက်သည်။

"ကျုပ်ရဲ့ တန်ဖိုးကြီးမားလှတဲ့ မြေးမလေးက သံမဏိအရိုးဂိုဏ်း အကြောင်းကို ကြားတဲ့ အချိန်မှာ အလွန်အမင်း ချီးကျူးနေယ်။အခု ခင်‌ဗျား ဒီရောက်နေပြီဆိုတော့ သူမက အမှောင်ထဲမှာတောင် ချောင်းပြီး ကြည့်နေလောက်တယ်။"

"ဒါက။"

ကျွင်းချောင်ရှောင်သည် အလောတကြီးပဲ သူ၏ကျောကို ခပ်မတ်မတ်ဖြစ်အောင် ပြုလုပ်လိုက်သည်။

ပြီးနောက် သူသည် အလွန်တရာ ကြည့်ကောင်းလှသည့် ဟန်ပန်မျိုးဖြစ်အောင် ဆံပင်ကို အသာသပ်တင်ကာ ထိုင်လိုက်၏။ ပြီးနောက် သူ့ကိုယ်သူ တွေးလိုက်၏။ "ဒါ အလကားပဲ။ ငါ့ကို အလကားသာ လာကြည့်တော့ … ကောင်မလေး။ စိတ်ကြိုက်သာ ကြည့်ပါ"

"တန်ဖိုးကြီးမားလှသော မြေးမလေး ဟုတ်လား။" အားလုံးသည် တုန်လှုပ်သွားမိကြ၏။

ရှန်ကွမ်းဟုန်တွင် သားလေး‌ယောက်ရှိ၏။ ၎င်းတို့သည် အရည်အချင်း ရှိသော သူများဖြစ်သည်။

၎င်းတို့၏ ကိုယ်လုပ်တော်နှင့် မိန်းမများအားလုံးသည် ရှန်ကွမ်းမိသားစုအတွက် များပြားလှသော ယောကျာ်းလေးများကိုသာ မွေးဖွားပေးခဲ့ကြ၏။

သို့ပေမဲ့ သမီးမှာတော့ တစ်ယောက်တည်းသာ ရှိသည်။

သားမရှိလျှင် ပြဿနာရှိနိုင်သည်။ ထို့အတူ သမီးမရှိလျှင်လည်း ပြဿနာဖြစ်နိုင်သည်။

ထို့ကြောင့် ရှန်ကွမ်းဟုန်သည် သူ၏ တစ်ဦးတည်းသော မြေးမလေးအား အလွန်အမင်း ချစ်ခင်သည်။

သူအနေနှင့် ချစ်မြတ်နိုးသောကြောင့် အာခံတွင်းထဲကို ငုံထားရလောက်သည်အထိ တန်ဖိုးထားရလွန်းသော မြေးမလေးပင် ဖြစ်၏။

ဆရာကြီး ရှန်ကွမ်း၏ ပြောစကားအရဆိုလျှင် ရှန်ကွမ်းမိသားစု၏ မြေးမလေးသည် မိသားစု၏ အလွန်အမင်း အရေးပါသော ပုလဲလုံးလေးတစ်လုံးလိုပင် ဖြစ်သည်။

ရှန်ကွမ်းမိသားစု၏ ပုလဲလေးလို ချစ်မြတ်နိုးသော မြေးမလေးသည် ကျွင်းချောင်ရှောင်းအား ချီးကျူးနေ၏။

များပြားသောဂိုဏ်းများမှ ရောက်ရှိလာကြသော ပါရ‌မီရှင်များ၏ မျက်နှာအမူအရာများသည် ပျက်ရွင်းသွားကြသည်။

ဆရာကြီး ရှန်ကွမ်း၏ မြေးမလေးသည် အလွန်တရာ ချောမောလှသည်ဟု ကျော်ကြားလှသည်။

သူတို့၏ ပါရမီနှင့် ပတ်သက်၍ ထုတ်ဖော်ပြသချင်နေသောလူငယ်လေးများအားလုံးသည် ရှန်ကွမ်း မိန်းကလေး၏ နှလုံးသားကို သိမ်းပိုက်ချင်ကြသည်မှာလည်း သဘာဝပင်ဖြစ်၏။

များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည်လည်း သူတို့၏ သားနှင့် ရှန်ကွမ်းမိသားစု၏ မြေးမလေးအား လက်ဆက်ပေးရန် စိတ်ဝင်စားနေကြသည်။ ထို့ကြောင့် တစ်ချို့ဆိုလျှင် အရဲစွန့်၍ပင် ကမ်းလှမ်းကြသည်။

သို့သော် ကံဆိုးစွာဖြင့် ရှန်ကွမ်းမိသားစု၏ မြေးမလေးသည် လုံးဝ စိတ်ဝင်စားမှု မရှိချေ။

များပြားလှသော ဂိုဏ်းများ အသီးသီးသည် ရှန်ကွမ်းဟုန်အား အထပ်ထပ် တောင်းဆိုခဲ့ကြ၏။

ရှန်ကွမ်းမိသားစု၏ မြေးမလေးသည် အလွန်တရာ အဆင့်အတန်းမြင့်မားလှပြီး အိမ်ထောင်ဘက် ရွေးချယ်သည့် နေရာတွင် မိမိကိုယ်တိုင်ရွေးချယ်ခွင့်ကို လွတ်လွတ်လပ်လပ် ရရှိထားသည်ဆိုသော်လည်း မိမိ၏ အိမ်ထောင်ဘက်ကို ရွေးချယ်ရန်ပင် စိတ်ဝင်စားမှု မရှိကြောင်း ကြားမြင်ခဲ့ရသည်။

ရှန်ကွမ်းဟုန်၏ စကားကြောင့် များပြားလှသော သခင်လေးများသည် သူ့အား မနာလိုဝန်တိုစွာဖြင့် စိုက်ကြည့်နေကြသည်ကို ကျွင်းချောင်ရှောင်း မသိချေ။

ထိုသူတို့အားလုံးသည် သူ့အား အချစ်အတွက်နှင့် စိန်ခေါ်တိုက်ခိုက်ရန်ပင် မစောင့်နိုင်သလို ဖြစ်နေကြသည်။

ရှန်ကွမ်းဟုန်သည် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ "လက်ရှိအချိန်မှာ ဂိုဏ်းချုပ်ကျွင်းက ဘာစီးပွားရေးကို လုပ်နေတာလဲ။"

အားလုံး၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားကြသည်။ သူတို့သည် အားရပါးရ ရယ်ရန် စောင့်နေကြ၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "လက်ရှိမှာ ကျွန်တော်က ချင်းယန်နိုင်ငံရဲ့ မြို့ရှစ်မြို့မှာ သံမဏိအရိုးဂိုဏ်း တိရိစ္တာန်အစားအစာ အရောင်းဆိုင်ဆိုပြီး ဆိုင်အနည်းငယ် ဖွင့်ထားပါတယ်။"

အားလုံး၏ အပြုံးများသည် ပိုမို၍ တောက်ပလာသည်။

"ကောင်လေး …. တရိစ္တာန်အစားအစာ ရောင်းတဲ့ဆိုင်ဖွင့်တယ်ဆိုတာက စီးပွားရေး လုပ်ငန်းကြီးတစ်ခုလို့ မင်းထင်နေတာလား။ဘယ်လိုဖြစ်ပြီး ဆရာကြီးရှန်ကွမ်းဆီမှာ ထုတ်ပြောရဲရတာလဲ ။မရှက်တော့ဘူးလား။"

ရှက်ရွံ့ရမည် ဟုတ်လား။

ကျွင်းချောင်ရှောင်း ထိုကဲ့သို့ မထင်ပေ။

သူသည် တစ်ပါးသူများ၏ ပစ္စည်းကို လုယက်သူ မဟုတ်သလို ခိုးယူသည်လည်း မဟုတ်။ ရိုးသားစွာဖြင့် စီးပွားရေး လုပ်နေခြင်းဖြစ်သည်။ အဘယ့်ကြောင့် ရှက်ရွံ့ရမည်နည်း။

ရှန်ကွမ်းဟုန်၏ အမူအရာများသည်လည်း ပြောင်းလဲသွားသည်။

ထိုအရာကို မြင်တော့ အားလုံးက ထင်မှတ်လိုက်မိ၏။

“ဆရာကြီးရှန်ကွမ်းက လေးစားရလောက်တဲ့ ဆရာတစ်ယောက်လေ။သူ့ရဲ့ မွေးနေ့ပွဲကို တရိစ္ဆာန်အစားအစာ ရောက်တဲ့သူတစ်ယောက်လာပြီးတော့ ချီးမြင့်ပေးတာကို ဘယ်လိုမှ သည်းခံပေးမှာ မဟုတ်ဘူး။"

“ဟား ဟား ဟား။”

ရုတ်တရက်ဆိုသလိုပဲ ရှန်ကွမ်းဟုန်သည် ရယ်ကာ ပြောလိုက်သည်။ "မြို့ထဲမှာ လတ်တလောကမှ ဖွင့်ထားတဲ့ သံမဏိအရိုး တိရိစ္ဆာန်အစားအစာ အရောင်းဆိုင်ဆိုတာ ဂိုဏ်းချုပ်ကျွင်းရဲ့ စီးပွားရေးလား။"

ကျွင်းချောင်ရှောင်း ကြောင်အအနှင့် ပြန်ပြောလိုက်သည်။ “စီနီယာ ရှန်ကွမ်းရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့မိပါတယ်။”

"ရှက်ရွံ့တယ်ဟုတ်လား။"

ရှန်ကွမ်းဟုန် ပြောဆိုလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း မင်းတိရစ္တာန်အစားအစာရောင်းတဲ့ ဆိုင်ဖွင့်ထားတယ်ဆိုတာနဲ့ ငါက မင်းကို အထင်သေးရမယ်လို့ ထင်နေတာလား။"

မည်သို့ဖြေရမည်ကိုပင် ကျွင်းချောင်ရှောင်း မသိတော့ချေ။

ကျွင်းချောင်ရှောင်းသည် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ "လူတွေနဲ့ အလုပ်အကိုင်တွေရဲ့ ကြားမှာ အဆင့်ကွာခြားချက် မရှိဘူး။မင်းက အသီအနှံချဉ်ဖတ်ရောင်းတဲ့လူတစ်ယောက်ဖြစ်မယ်ဆိုရင်တောင် ငါမင်းကို အထင်သေးမှာ မဟုတ်ဘူး။"

သူ၏ စကားများသည် ကောင်းပြီး အကျိုးအကြောင်း ဆီလျော်လှ၏။

အားလုံး၏ စင်မြင့်ထက်တွင် နေရာယူပြီး တည်‌ရှိနေခဲ့သော ဆရာတစ်ယောက်ဖြစ်သည်မို့ သူသည် လူပေါင်းများစွာတို့၏ ဓလေ့သဘာဝနှင့်အကျိုးအကြောင်းများကို ကောင်းကောင်းသိသည်။

ကွျှင်းချောင်ရှောင်း ရုတ်တရက် အံ့အားသင့်မိသွား၏။

ဤစီနီယာသည် တပည့်များအား မည်သို့ သင်ကြားသည်ကို သူကောင်းကောင်း သီလသမာဓိနှင့် ပြည့်စုံမှန်း သိသာလှသည်။

"ဒီကိစ္စကို နောက်မှ ပြောကြရအောင်။"

ရှန်ကွမ်းဟုန်က ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းရဲ့ တိရစ္တာန်အစားအစာ ဆေးလုံးက အရမ်းကောင်းတာပဲ။"

ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်။ "စီနီယာ ရှန်ကွမ်းကလည်း ကျန်တော်တို့ တိရစ္တာန်အစားအစာ အရောင်းဆိုင်က ဆေးလုံးကို ဝယ်ယူခဲ့သေးတာလား။"

"ဟုတ်တာပေါ့။"

ရှန်ကွမ်းဟုန် ပြောဆိုလိုက်သည်။ "ငါ ကောင်းကင်ဘုံကျောင်းကနေ အနားယူပြီးတဲ့ အချိန်မှာ အကောင်းဆုံးလုပ်တဲ့ အလုပ်ဆိုလို့ တိရိစ္ဆာန်တွေကို မွေးမြူတဲ့ အလုပ်ပဲ ရှိတယ်။"

"...." အားလုံးသော လူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

သူတို့အနေနှင့် ကျွင်းချောင်ရှောင်းအား အဖက်မတန်သလို ဆက်ဆံသည်ကို မြင်ချင်လှ၏။ သို့ပေမဲ့ ဆရာကြီး ရှန်ကွမ်းသည် ကျွင်းချောင်ရှောင်း၏ ဆိုင်ဆီမှ ဖောက်သည်တစ်ယောက်ပင် ဖြစ်လို့နေ၏။

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ "စီနီယာ ရှန်ကွမ်း ကျွန်တော့်ဆိုင်က ရောင်းတဲ့ တိရစ္ဆာန်အစားအစာနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု ရှိရဲ့လား။"

"ရှိတာပေါ့"

ရှန်ကွမ်းဟုန်ပြောလိုက်သည်။ "အရမ်းကို စိတ်ကျေနပ်တာပေါ့"

မကြာခင်သေးခင်ကမှ ဖွင့်လှစ်ထားသော သံမဏိအရိုး တိရစ္ဆာန်အစားအစာဆိုသည်ကို ကြားလိုက်သည်နှင့် သူသည် တစ်စုံတစ်ယောက်ကို လွှတ်၍ ဆေးလုံးများကို ဝယ်ခိုင်းခဲ့၏။

ထိုအချိန်တုန်းက သူသည် စမ်းသပ်ချင်ရုံသာ ဖြစ်သည်။

သို့ပေမဲ့ သူမွေးမြူထားခဲ့သော မြင်း အနည်းငယ်သည် စားခြင်းသောက်ခြင်းကို စိတ်မဝင်စားဘဲ ရောဂါတစ်ခုခု စွဲကပ်သလို ဖြစ်နေသည်။ သို့ပေမဲ့ ဆေးလုံးများ ကျွေးခဲ့ပြီးနောက်တွင် အလွန်အမင်း တက်ကြွသွားခဲ့သလို အမြန်နှုန်း အရာတွင်သာ မက သက်လုံပိုင်းတွင်လည်း အားကောင်းလာသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရ၏။

ထူးဆန်းလှချေသည်။

သူ့အနေနှင့် မွေးနေ့ပြီးသည်နှင့် တစ်ပြိုင်နက် ဆေးလုံးများကို ထပ်မံဝယ်ယူရန် စီစဉ်ထားခဲ့၏။

"ကျွန်တော့်ဆိုင်က အခုမှ ဖွင့်တာလေ။ဒါကြောင့် လူတော်တော်များများရဲ့ ယုံကြည်မှုကို မရသေးဘူး။ စီနီယာရှန်ကွမ်းရဲ့ အားပေးမှုကို ရရှိတယ်ဆိုတာ ဂုဏ်ယူစရာပါပဲ။"

ရှန်ကွမ်းဟုန် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းရဲ့ ဆေးလုံးတွေက တကယ့်ကို အံ့အားသင့်စရာ အရည်အသွေးရှိတယ်။ ဈေးကွက်ဖွင့်လိုက်ပြီဆိုတာနဲ့ စီးပွားရေးက နေလို လလို ထွန်းတောက်လာမှာ သေချာတယ်။"

သူပြောလိုက်သည်နှင့် ချင်းယန်နိုင်ငံထဲမှာရှိသော လူတာ်တော်များများတို့သည် အဘိုးကြီး ရှန်ကွမ်း၏ ချီးကျုးမှုကို ရရှိ‌ထားသော တိရစ္ဆာန်ဆေးလုံးမှာ သာမန်မဟုတ်ကြောင်းကို နားလည်လိုက်ကြသည်။ သူတို့အနေနှင့် အချိန်ရောက်လာသည်နှင့် စမ်းသပ်၍ ဝယ်ယူရန်စဉ်စားထား၏။

တစ်ခြားနိုင်ငံရှိ လူများမှာတော့ ထိုကိစ္စကို မစဉ်းစားကြသေးချေ။ သူတို့စဉ်းစားနေသည်မှာ ရှန်ကွမ်းဟုန်နှင့်ကျွင်းချောင်ရှောင်းတို့ ပျော်ရွင်စွာ စကားပြောဆိုခြင်း ကိုပင်။ ဤအရာသည် နှစ်ယောက်သား ဆက်ဆံရေး ကောင်းမွန်သည်ဟူသော သက်သေပင် ဖြစ်တော့သည်။

ရှန်ကွမ်းဟုန် ပြောလိုက်သည်။ "အားလုံးကလည်း အဝေးကလာကြတာလေ။ဒီတော့ အရမ်းကို ကျေးဇူးတင်တယ်။"

ပြောပြီးသည့်နောက် သူသည် အဝေးတစ်နေရာရှိ ကျေးကျွန်များကို လှမ်း၍ ကြည့်လိုက်သည်။

မကြာခင်မှာပဲ များပြားလှသော ကျေးကျွန်များ သည် ဟင်းပွဲများ ပြင်ဆင်ပြီး ရောက်ရှိလာကြ၏။

မွေးနေ့စားပွဲသည် တရားဝင်စတင်ခဲ့ပြီး ဖြစ်သည်။

အစားအ‌သောက်များနှင့် ဝိုင်များကို တည်ခင်းကျွေးမွေးပြီး နောက်မှာတော့ များပြားလှသော မိသားစုကြီးဆီမှ ဆရာကြီးများသည် သူတို့၏ လက်ထဲရှိ ဝိုင်ခွက်များကို မြှောက်၍ ရှန်ကွမ်းဟုန်အား ချီးကျူးစကားပြောဆို၍ ဂုဏ်ပြုပေးခဲ့ကြသည်။

"ဂိုဏ်းချုပ်ကျွင်း။"

ထိုအချိန်မှာပဲ ရှန်ကွမ်းဟုန်သည် မတ်တပ်ထရပ်၍ ဝိုင်ခွက်ကို မြှောက်၍ ပြုံးကာ ပြောလိုက်သည်။

"မင်းနဲ့ ငါက နောက်ကျမှ တွေ့ဆုံခဲ့ရတယ်ဆိုပေမဲ့ ဒီမှာ ရက်အနည်းငယ်လောက် ဆက်ပြီး နေပါလားလို့ တောင်းဆိုချင်တယ်"

အားလုံး ဆွံ့အသွားမိခဲ့ကြသည်။

သူတို့သည် မွေးနေ့ပွဲသို့ ပထမဦးဆုံး ရောက်ရှိလာခြင်း မဟုတ်ပေ။ အားလုံးသည် မွေးနေ့ပွဲပြီးလျှင် စား၍ ထပြန်သွားရသည်သာ ဖြစ်သည်။ မည်သူကမှ အဘိုးကြီး ရှန်ကွမ်း၏ ယဉ်ယဉ်ကျေးကျေးဖြင့် ခေတ္တ တည်းခိုရန် တောင်းဆိုခြင်းကို ခံခဲ့သူများ မဟုတ်ေ။

အဝေးတစ်နေရာတွင် ထိုင်လျက်ရှိသော ချင်ဟောင်ရန်သည်လည်း အလွန်အမင်း ဒေါသထွက် နေသည်။

ဤ‌အကောင်သည် မည်ကဲ့သို့သော ကံကောင်းခြင်းကို ပိုင်ဆိုင်ထားသောကြောင့် အိုက်မိသားစု ၊ တောင်ပြာဂိုဏ်းတို၏ ထောက်ပံ့မှုကို ရရှိသည့် အပြင် ယခု လူတိုင်း၏ လေးစားမှုကို ရရှိထေား သာ အဘိုးကြီးရှန်ကွမ်း၏ ချစ်ခင်မှုကိုပါ ရရှိနေရသနည်း။

"ဒါက"

ကျွင်းချောင်ရှောင်းသည် ခဏလောက် တွေးကာ ပြောလိုက်သည်။ "ငြင်းလို့ ဘယ်ကောင်းမလဲ တစ်ခါတည်း လက်ခံရမှာပေါ့။”

“လာခဲ့"

နှစ်ယောက်သားသည် ဝိုင်ခွက်ကို မြှောက်၍ တစ်ခါတည်း သောက်လိုက်ကြတော့သည်။

မွေးနေ့စားပွဲသည် တစ်နာရီ ကျော်လောက် ကြာမြင့် ပြီးသည့်နောက်မှာတော့ ပြီးဆုံးသွားခဲ့သည်။

များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ကြ၏။

မာယုံတန်သည် လည်း ထွက်ခွာသွား၏။ သို့ပေမဲ့ မထွက်ခွာခင်မှာပဲ သူသည် တီးတိုး မှာကြားခဲ့သည်။ "ဂိုဏ်းချုပ်ကျွင်း … အဘိုးကြီး ရှန်ကွမ်းက ခင်ဗျားကို အရမ်းချီးကျုးနေတယ်။ဒါက အခွင့်အရေးပဲ။‌ အခွင့်အရေးကို အရယူပါ။"

ကျွင်းချောင်ရှောင်းလည်း စိတ်ပူပန်လျက်ရှိသည်။

စီနီယာ ရှန်ကွမ်းသည်သာ သူ၏ လှ‌ပ‌လှသော မြေးမလေးနှင့် လက်ထပ်ပေးရန် သို့မဟုတ် စေ့စပ်ပေးရန် စီစဉ်လာသည်ဆိုပါက သူ့အနေနှင့် ငြင်း၍ မရဘဲ လက်ခံရတော့မည်လား။

သူ ငြင်းရမလား ၊ လက်သင့်ခံရမလား ဝေခွဲမရပေ။

မဖြစ်သေးဘူး။ငါ ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရဦးမယ်။ဘယ်လိုလုပ် အချစ်အကြောင်းတွေကို စဉ်းစားလို့ ရဦးမှာလဲ။

စနစ်သည် ဆွံ့အလျက်ရှိသည်။

ဤအကောင်သည် အဘိုကြီး ရှန်ကွမ်းဟုန်၏ နတ်သမီးလို လှပလွန်းသော မြေးမလေးက သူ့အား အတင်းလိုချင်သည့် ပုံစံမျိုးဖြင့် စိတ်ကူးယဉ်လျက်ရှိသည်။ သောက်ကျိုးနည်းလှချေ၏။

“ဒီလို အရှက်မဲ့တဲ့ လူမျိုးကို ငါ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး။”

All Chapters