အခန်း (၃၅၇)
Vol. 24 Ch. 357
ကျွင်းချောင်ရှောင်းသည် အချိန်ကာလတစ်ခုအထိ ရှန်ကွမ်း မိသားစုတွင် တည်းခိုရန် စဉ်းစားလိုက်သည်။
ရှန်ကွမ်းမိသားစုသည် သူ့အား ခြံဝန်းလေးတစ်ခုရှိ လှပသော ခန်းမဆောင်လေး တစ်ခု နေရာချထားပေးထား၏။
သူ၏ စိတ်ကူးယဉ်မှုသည် အလွန်အမင်း ခရီးရောက်လျက်ရှိသည်။
ဤအဘိုးကြီးသည် သူ့အား အမှန်တကယ်ပဲ သူ၏ မြေးမလေးနှင့် လက်ဆက်ရန် စဉ်းစားထားသည်လား။
သူသည် ငယ်ရွယ်၍ အားကောင်းလှသူဖြစ်သည်။ ထို့အပြင် အကန့်အသတ်မဲ့သော ပါရမီကို ပိုင်ဆိုင်ပြီး ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်လည်း ဖြစ်နေသည်။
ဤကဲ့သို့သော အဖက်ဖက်မှ ပြည့်စုံသည့် မြေးသမက် အား မည်သည့်နေရာတွင် သွား၍ ရှာဖွေရမည်နည်း။
ကံဆိုးစွာနှင့် သူသည် သူ၏ဂိုဏ်းအား ပြိုင်စံရှား ဂိုဏ်းတစ်ခုဖြစ်အောင် ပြုလုပ်ရမည့် တာဝန်ရှိနေသေး၏။ ထို့ကြောင့် အချစ်အကြောင်းကို စဉ်းစားရန် အချိန်မရှိနေပေ။
"ဟင်း ပြဿနာပဲ။ ယောကျာ်းလေးတစ်ယောက်က အရမ်းထူးချွန်လွန်းရင်လည်း ပြဿနာရှိတယ်။"
"...."
သူ၏ အတွေးများကို နားထောင်ပြီးသည့် နောက် စနစ်သည် ပြောလိုက်သည်။ "ဒီလောက် အရှက်မဲ့တဲ့လူမျိုး ငါ မမြင်ဖူးဘူး။"
"ဂိုဏ်းချုပ်ကျွင်း"
နောက်တစ်ရက်မှာတော့ ရှန်ကွမ်းဟုန်သည် ခြံဝန်းထဲသို့ လျှောက်ဝင်လာပြီး ပြောလိုက်သည်။ "ဒီမှာနေရတာ အဆင်ပြေရဲ့လား။"
"ပြေတာပေါ့။"
ကျွင်းချောင်ရှောင်းသည် အနည်းငယ် နေရခက်လှသည် ဆိုသော်လည်း အဆင်ပြေသလို ပြောဆိုလိုက်ရသည်။ ပြီးနောက် သူ မေးလိုက်သည်။ "စီနီယာ ဘာလို့ ကျွန်တော့်ကို အိမ်မှာနေဖို့ ပြောရတာလဲ။"
ရှန်ကွမ်းဟုန် ပြုံးကာ ပြောလိုက်သည်။ "ဒါက ဂိုဏ်းချုပ်ကျွင်း အပေါ်မှာမူတည်တယ်လေ။ ဂိုဏ်းချုပ်ကျွင်းက ဘာလို့ ကျုပ်မွေးနေ့ကို ဂုဏ်ပြူလက်ဆောင် လာပေးတာလဲ။"
"အွင်း။"
ကျွင်းချောင်ရှောင်း အနည်းငယ် ရှက်ရွံ့သွားသည်။
ကြည့်ရသည်မှာ သူသည် မွေးနေ့ပွဲသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်တာဖြစ်ကြောင်း ဤစီနီယာ သိပုံပေါ်၏။ ဤသို့ ဆိုမှတော့ သူ့အနေနှင့် ပွင့်လင်းမှ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ဟန်ဆောင်တတ်တဲ့ လူမျိုး မဟုတ်ပေ။ ထို့ကြောင့် ပြောလိုက်သည်။ "အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်တော်က လက်ရှိမှာ ပြဿနာတစ်ချို့ ကြုံနေရတယ်။"
ရှန်ကွမ်းဟုန် ပြောလိုက်သည်။ "မမှားဘူးဆိုရင် ဂိုဏ်းချုပ်ကျွင်းရဲ့ ပြဿနာက နတ်စမ်းချောင်းဂိုဏ်းချုပ် ကို တိုက်ခိုက်ခဲ့တဲ့ ဓားနဲ့ ပတ်သက်နေမယ်ထင်တယ်။"
ကျွင်းချောင်ရှောင်း ကြောင်သွား၏။ "ဟုတ်တယ်။"
ရှောင်ကွမ်းဟုန် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်းရဲ့ ဓားက ကြည့်သလောက်ဆိုရင် လက်နက် စိတ်ဝိညာဉ် ရှိတာ ဖြစ်မယ်။ဒါကြောင့် နတ်ဘုရား လက်နက်တစ်ခု ဖြစ်မှာ ကျိန်းသေတယ်။ ယောကျာ်းတစ်ယောက်ရဲ့ ချမ်းသာမှုက သူ့ကို ပြန်ပြီး ဒုက္ခပေးတာပဲ။"
သူ ခဏရပ်ကာ ပြောလိုက်သည်။ "ဓားက မင်း ကို ပြဿနာတွေ အများကြီး ယူဆောင်လာပေးတာပဲ။"
သူသည် ကောင်းကင်ဘုံကျောင်း နည်းပြတစ်ယောက်ဖြစ်မှန်းသိသာလှသည်။ ဖြစ်နိုင်မည့်အကြောင်းအရာကို ချက်ချင်းပင် တွေးဝောာ ပြောဆိုလိုက်၏။
ဟင်း။
ကျွင်းချောင်ရှောင်း သက်ပြင်းချကာ ပြောလိုက်၏။ “စီနီယာ … စီနီယာပြောတာမှန်ပါတယ်။"
"ငါ့ကို ပြော။"
ရှန်ကွမ်းဟုန် ပြောလိုက်သည်။ "မင်းကို ပြဿနာရှာတဲ့လူက"
"နတ်ဆိုးမိစ္ဆာဂိုဏ်းပါ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ရှန်ကွမ်းဟုန် မျက်မှောင်ကုတ်လိုက်သည်။ “ဒါက တတိယအဆင့် မိစ္ဆာဂိုဏ်းတစ်ခုပဲ။သူတို့ရဲ့ ပစ်မှတ်ထားခြင်းကို ခံရရင် ပြဿနာတော့ ဝောာ်တော်ရှိတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါကြောင့်မို့လို့ ဂျူနီယာက စီနီယာရဲ့ ဂုဏ်ကျက်သရေကို အမှီပြုပြီး လျှောက်လှမ်းချင်တာကြောင့် မွေးနေ့ပွဲကို လာရောက်ဂုဏ်ပြုပေးတာပါ။ နတ်ဆိုးမိစ္တာဂိုဏ်းကို စီနီယာရဲ့ အားကိုးနဲ့ ဖြေရှင်းချင်တာပါ။"
ရှန်ကွမ်ဟုန် ပြုံးကာ ပြောလိုက်သည်။ "နတ်ဆိုးမိစ္ဆာဂိုဏ်းက ကြမ်းတမ်းတယ်ဆိုပေမဲ့ ကောင်းကင်ဘုံကျောင်းနဲ့ ယှဉ်ရင်တော့ အဝေးကြီးလိုနေသေးတယ်။"
"ဂိုဏ်းချုပ်ကျွင်း။"
သူသည် စကားလမ်းကြောင်း ပြောင်းကာ ပြောလိုက်သည်။ "မင်းက သိုင်းတာဝန်နဲ့ ပတ်သက်ပြီး တော်တော် နက်နက်နဲနဲ နားလည်တယ်လို့ ကြားထားတယ် ။ဟုတ်လား။"
ဟမ်
ကျွင်းချောင်ရှောင်းသည် ရှက်ရွံ့သလို ပြောလိုက်သည်။ "အနည်းငယ်ပဲ နားလည်တာပါ။"
ရှန်ကွမ်းဟုန်သည် အသစ်ဖန်တီးထားသော ကျမ်းတစ်ခုကို ထုတ်ယူကာ ကျောက်စားပွဲပေါ်သို့ တင်လိုက်၏။
"ဒါက ကျုပ်ဖန်တီးထားတဲ့ ကျင့်ကြံခြင်း နည်းစနစ်တစ်ခုပဲ။ဒါပေမဲ့ အလယ်ပိုင်းမှာ ပြဿနာလေးနည်းနည်း ကြုံနေရတယ်။ဒါကြောင့် ဂိုဏ်းချုပ်ကျွင်းအနေနဲ့ တစ်ချို့ တစ်လေများ ညွှန်ပြပေးနိုင်မလား သိချင်မိတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်မိသည်။
"စီနီယာက င့်ကြံခြင်းနည်းစနစ်တစ်ခုကို တောင် ဖန်တီး နိုင်တယ် ဟုတ်လား။ ကျွန်တော် ဘာမှ မကူညီပေးနိုင်မှာကို စိုးရွံ့မိတယ်။"
ကျင့်ကြံခြင်း နည်းစနစ်ကို ကိုယ်တိုင် ဖန်တီးခဲ့သည်လား။ သူသည် ကျိန်းသေပေါက် သိုင်းပညာရှင်ကြီးတစ်ယောက်ပင် ဖြစ်ရပေလိမ့်မည်။
ဤအရာသည် သူ့ကဲ့သို့ အသိအမြင်အဆောင်ကို အားကိုးပြီး လူတွင်ကျယ်လုပ်နေသော လူတစ်ယောက် နှိုင်းယှဉ်၍ ရနိုင်သည့် အရာမျိုး မဟုတ်ပေ။
ရှန်ကွမ်းဟုန် ပြောလိုက်သည်။ "ဒီအဘိုးကြီးရဲ့ အရည်အချင်းက အဲလောက်ကြီး မမြင့်မားဘူးလေ။ဘာမှ လုပ်စရာ မရှိလို့ သုတေသန လုပ်ထားတဲ့ သဘောပါပဲ။ ဂိုဏ်းချုပ်ကျွင်းက အကြီးအကဲ မာ ကို တစ်ချို့သော ညွှန်ကြားမှုတွေ လုပ်ခဲ့တယ်လို့ ကြားတယ်။ဒါကြောင့် ဒီကျမ်းကို ကြည့်ပြီး တစ်ချို့သော အမှားတွေ ထောက်ပြပေးနိုင်မလား သိချင်မိတယ်။"
ကျွင်းချောင်ရှောင်း နားလည်သွားသည်။
သူ့အား ဤနေရာတွင် နေထိုင် စေခြင်းမှာ သူ၏ မြေးမလေးနှင့် လက်ထပ်ပေးရန် မဟုတ်ချေ။ သိုင်းပညာ အကြောင်းအား ဆွေးနွေးပေးရန်ပဲ ဖြစ်ပေတော့သည်။
"ပေါက်ကရတွေ။
စနစ်မှ ပြောလိုက်သည်။ "ဒီလောက် ကြီးကျယ်မြင့်မြတ်လှတဲ့ မိသားစုကြီးက မြေးသမက်တစ်ယောက် ရဖို့ အပူတပြင်း လိုအပ်နေတာမျိူ ဖြစ်နိုင်ပါ့မလား။ ဘာလို့ ကိုယ့်ကိုကိုယ် အဲလောက်ကြီး အထင်ကြီးနေရတာလဲ။"
ကျွင်းချောင်ရှောင်းသည် စနစ်အား လှစ်လျူရှုကာ ပြောလိုက်သည်။ "ဒီလိုဆိုရင် ဒီဂျူနီယာက အရင်ဆုံး ကြည့်ပါရစေ။"
ပြောပြီးသည့်နောက် သူသည် သိစိတ်အား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်၍ အသိအမြင်အဆောင်အား ချိုးချေလိုက်တော့သည်။
နည်းစနစ်အား ကြည့်ရှုပြီးသည့်နောက်မှာတော့ လက်ဝါးနည်းစနစ်တစ်ခုဖြစ်ပြီး မန္တာန် နှင့် မရီဒန်များဆီသို့ စွမ်းအင်များ ပို့ဆောင်ရသည့် လုပ်ငန်းစဉ်သည် အလွန်အမင်း အရည်အသွေး မြင့်မားလှသည် မဟုတ်သော်လည်း အဆင့်နိမ့် စဦး နည်းစနစ်တစ်ခုဖြစ်မှန်း သိလိုက်ရ၏။
ထိုသို့ဆိုလျှင်တောင် ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ အံ့အားသင့်သွားရသည်။ မည်မျှပင် စဉီးအဆင့် သိုင်းနည်းစနစ် ဖြစ်သည်ဆိုဆို သာမန်လူများ ဖန်တီးနိုင်သည့် အရာတစ်ခု မဟုတ်ပေ။
သူသည် တတိယ စာ မျက်နှာရှိ တည်နေရာတစ်ခုအား လက်ညိုးညွှန်ကာ ပြောလိုက်သည်။ "ဒီအပိုင်းမှာရှိတဲ့ မန္တာန်တွေက မရီဒန်တွေဆီကို သွားတဲ့နေရာမှာ စွမ်းအင်တွေကို ကတောက်ကဆဖြစ်စေတယ်။ဒါကြောင့် ဒီနေရာမှာ နည်းနည်း ပြောင်းလဲလိုက်မယ်ဆိုရင် ပိုပြီး ပြည့်စုံသွားမယ် ထင်တယ်။"
ရှန်ကွမ်းဟုန် ကြောင်သွားသည်။
ကျွင်းချောင်ရှောင်းသည် စာရွက်အား အနည်းငယ်လောက် လှန်ကြည့်ပြီးနောက်မှာတော့ ချက်ချင်းဆိုသလိုပဲ ပစ်ချက်အား ထုတ်ဖော် ပြသနိုင်ခဲ့၏။
သေချာပေသည်။
ကောလဟာလများက ကြားခဲ့သလိုပဲ ဤကလေးသည် သိုင်းတာအို နှင့် ပတ်သက်၍ အလွန်တရာ နက်နဲ မြင့်မားလှသော နားလည်မှုကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေလိမ့်မည်။
"ကျူပ် ဒီထက်ပိုပြီးတော့ ကြားချင်သေးတယ်။"
လေးလေးနက်နက် ပြောလိုက်သည်။
အသိအမြင်အဆောင်၏ အကူအညီဖြင့် ကျွင်းချောင်ရှောင်းသည် သေသေချာချာ လက်ဝါးနည်းစနစ်အား သုံးသပ်၍ ကြည့်ရှုလျက်ရှိသည်။ ထို့နောက် အတွင်း၌ရှိသော ပြဿနာများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြောကြားလိုက်၏။
ရှန်ကွမ်းဟုန်သည် နားထောင်ကြည့်လေ ပို၍ မယုံကြည်နိုင်လာလေဖြစ်သည်။ "မယုံကြည်နိုင်စရာပဲ။"
ဆယ်မိနစ်လောက် ရှင်းပြပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ရှင်းပြချက်များကို အနှစ်ချုပ်လိုက်မိ၏။
ပြီးနောက် ပီပီပြင်ပြင်ပဲ ပြောလိုက်သည်။ "ဒါက ဂျူနီယာရဲ့ နိမ့်ကျတဲ့ အတွေးအမြင်သက်သက် တစ်ခုပါပဲ။စီနီယာ့ အနေနဲံ့ ဒီထဲမှာ တစ်ခုခု မှားယွင်းတာများ ပါတယ်လို့ ထင်ရင် ဂရုစိုက်စရာမလိုပါဘူး။"
ဤသို့ ပြောလိုက်သည်ဆိုသော်လည်း သူသည် နှလုံးသားထဲမှာတော့ ယုံကြည်နေသည်။
သူပြောဆိုသည့် အတိုင်း ပြုပြင်ပြောင်းလဲပြီးသည်နှင့် ဤလက်ဝါးနည်းစနစ်သည် ပိုမိုပြည့်စုံသည့် လက်ဝါးနည်းစနစ်တစ်ခု ဖြစ်လာလိမ့်မည်ဆိုသည်ကို သူ ကောင်းကောင်းသိနေ၏။
ရှန်ကွမ်းဟုန်သည် စဉ်းစားလျက်ရှိနေ၏။ ခဏလောက်ကြာတော့ အလွန်တရာ လေးနက်လှသော အမူအရာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းရဲ့ သိုင်းပညာအပေါ်နားလည်မှုက တကယ့်ကို အထက်တန်းကျပါပေတယ်။"
ပြန်လည်ပြုပြင်ပြီးသည့် နောက်တွင် ရှိနေသော ပြသနာနှင့် ပစ်ချက်များအားလုံးသည် ပျောက်ကွယ်သွားပြီး တကယ့်ကျင့်ကြံ၍ ရသော သိုင်းပညာရပ်တစ်ခု ဖြစ်သွားခဲ့ပြီဖြစ်ကြောင်း သူသည် နားလည်လိုက်မိ၏။
ကောင်းကင်ဘုံကျောင်း၌ သင်ကြားပြသမှုကို ပြုလုပ်ခဲ့သော နည်းပြတစ်ယောက်ဖြစ်သည်မို့ သူသည် တစ်ချက်ပြောလိုက်သည်ဆိုသည်နှင့် ပြင်ဆင်သင့်သည့် အရာများကို စိတ်ကူးထဲတွင် ပြင်ဆင်၍ စမ်းသပ်ကြည့်ပြီးဖြစ်သည်။
"ဂျူနီယာရဲ့ သိုင်းတာအို စီနီယာရဲ့ ချီးကျူးမှုကို ခံရဖို့ မထိုက်တန်ပါဘူး။"
ကျွင်းချောင်ရှောင်းတွင် အသိအမြင်အဆောင်ရှိသည်။ ထို့ကြောင့် သူသည် သိုင်းပညာကျမ်းထဲတွင် ရှိသော ပြစ်ချက်များကို မြန်မြန်ဆန်ဆန်ပဲ ရှာဖွေတွေ့ရှိကာ သုံးသပ်နိုင်စွမ်းရှိနေ၏။
သို့ပေမဲ့ သိုင်းနည်းစနစ်တစ်ခုကို ဖန်တီးရန်တော့ သူ့အတွက်လုံးဝ မဖြစ်နိုင်ချေ။
ရှန်ကွမ်းဟုန် ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းရဲ့ အရည်အချင်းအရဆိုလျှင် ကောင်းကင်ဘုံကျောင်းမှာ ရှိတဲ့ ရေတွက်လို့ မရတဲ့ ကျောင်းသားတွေရဲ့ ချီးကျူးမှုမျိုးကို ရနိုင်တဲ့ အရည်အချင်းမျိုးပဲ။ ငါ နားလည်ပြီ။ဘာလို့ သံမဏိအရိုးဂိုဏ်းက တပည့်တွေက နတ်စမ်းချောင်းဂိုဏ်းကတပည့်တွေကို အနိုင်ယူနိုင်စွမ်း ရှိလဲ ဆိုတာကိုလေ။"
အဘယ့်ကြောင့်နည်း။
ဤကဲ့သို့ သင်ကြားပြသမှုတွင် အားကောင်းလှသည့် ဂိုဏ်းချုပ်တစ်ယောက် ရှိနေသည်ဆိုမှတော့ အရှုံးသမားတစ်ယောက်ပင်လျှင် တကယ့်ကို အောင်ပွဲခံနိုင်သည့် ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်ပေလိမ့်မည်။
ရှန်ကွမ်းဟုန်သည် သူ၏ ဘဝတော်တော်များများကို နည်းပြလုပ်ရင်းနှင့် ကုန်ဆုံးခဲ့သူဖြစ်သည်။
ထို့ကြောင့် သိုင်းတာအို နှင့် ပတ်သက်၍ အလွန်တရာနက်နဲလှသော လူတစ်ယောက်နှင့်တွေ့ဆုံမိချိန်မှာတော့ အလွန်တရာ သဘောကျစွာဖြင့် စကားပြောဆိုနေမိတော့၏။
သူတို့ ပြောဆိုခဲ့သော စကားများမှာ အစဉ်အမြဲဆိုသလို သိုင်းနည်းစနစ်နှင့် ကျင့်ကြံခြင်း အကြောင်းများပင် ဖြစ်သည်။
ဂိုဏ်းချုပ်ကျွင်းသည် အသိအမြင်အဆောင်၏ အားကိုးဖြင့် မည်သည့်စွမ်းရည်မှ မရှိသော်လည်း ဆရာကြီး ရှန်ကွမ်း၏ စကားလုံးများကို နားလည်ပေးနိုင်၏။
ညစာစားသည့် အချိန်မှာတော့ နှစ်ယောက်သားသည် ခြံဝန်းထဲရှိ စားပွဲတစ်လုံးတွင် ထိုင်၍ အားရပါးရ စားသုံးလျက်ရှိသည်။
နှစ်ရက်တိတိ ကြာမြင့် ပြီးနောက်မှာတော့ ရှန်ကွမ်းဟုန်သည် အားလပ်သည့် အချိန်တိုင်း သူ့ဆီသို့ ရောက်ရှိလာပြီး သိုင်းပညာနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောဆိုတတ်၏။
ရံဖန်ရံခါဆိုသလို တိရစ္ဆာန်အစားအစာ ဆေးလုံးများနှင့် မြင်းများအကြောင်းကိုလည်း ပြောဆိုတတ်သည်။
ထိုသို့သော အချိန်မျိုးတွင် အဘိုးကြီးရှန်ကွမ်းသည် ပိုမို၍ စိတ်အားတတ်ကြွနေသည်ကို သူ သတိထားမိ၏။
ကျွင်းချောင်ရှောင်းမှာတော့ စိတ်ပူလျက်ရှိ၏။
သူသည် ဆရာကြီးရှန်ကွမ်း၏ အဆက်အသွယ်၊ အာဏာကို အသုံးပြု၍ နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် ပြေလည်အောင် ဖြေရှင်းပြီးနိုင်မည်ဟုသော အကြံဖြင့် မွေးနေ့စားပွဲသို့ တက်ရောက်လာခြင်း ဖြစ်သည်။
လေးရက်မြောက်နေ့ရောက်မှာတော့ …..
ကျင့်ကြံခြင်း တာအို အကြောင်းအရာ များကို ပြောဆိုနေရင်းမှ ရှန်ကွမ်းဟုန်သည် ရုတ်တရက် ရပ်တန့်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း …. ငါ့ရဲ့ အားအင်အရဆိုလျှင် နတ်ဆိုးမိစ္ဆာဂိုဏ်းကိစ္စကို ဖြေရှင်းပေးနိုင်တယ်ဆိုပေမယ့် မင်းနဲ့ ငါရဲ့ ကြားမှာ ဘာမှ ရင်းနှီး ပတ်သက်မှုမှ မရှိဘူးလေ။ဒါကြောင့် သူတို့ အနေနဲ့ ရပ်တန့်သွားမှာ မဟုတ်ဘူး။"
"ဒါက ……" ကျွင်းချောင်ရှောင်း ငြိမ်သက်သွားသည်။
ဟုတ်ပေသည်။
သူသည် ရှန်ကွမ်းဟုန်နှင့် ဘာမှ ပတ်သက်လှသူ မဟုတ်ပေ။ ထို့ကြောင့် နတ်ဆိုးမိစ္ဆာဂိုဏ်းသည် ဂရုစိုက်လှမည် မဟုတ်ချေ။ ထို့ကြောင့် လုပ်စရာရှိသည်များကိုသာ ဆက်လက်၍ လုပ်ပေလိမ့်မည်။
"ဟုတ်တယ်။
ရှန်ကွမ်းဟုန် ပြောလိုက်သည်။ "ဒီတော့ ကျုပ်တို့ ရင်းနှီး ပတ်သက်မှုရှိအောင် လုပ်မှ ဖြစ်မယ်။"
"ကျေးဇူးပြုပြီး ပြောပြပေးပါ။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။
ရှန်ကွမ်းဟုန်သည် ခဏလောက် ရပ်တန့် လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "ကျုပ်ဆီမှာ ကလေးတွေနဲ့ မြေးတွေ အများကြီး ရှိတယ်ဆိုပေမဲ့ မြေးမလေးက ကျုပ်ရဲ့ အချစ်ဆုံး ကလေးမပဲ"
ထိုအရာကို ကြားတော့ ကျွင်းချောင်ရှောင်း ငြိမ်သက်သွားမိ၏။ ထင်တားတဲ့ အတိုင်းပဲ သူက ငါ့ကို မြေးသမက်အဖြစ် လိုချင်နေတာကိုး။
"...." စနစ်သည် ဆွံ့အသွားမိ၏။
အဓိက ဇာတ်ကောင်တစ်ယောက်၏ အော်ရာများသည် ဤမျှအားကောင်းလေသည်လား။ ခန့်မှန်းထားသည့် အတိုင်း ဖြစ်လာသည်ဆိုသည်က လွန်လွန်းလှသည်။
"ဂိုဏ်းချုပ်ကျွင်း။"
ရှန်ကွမ်းဟုန် ပြောလိုက်သည်။ "တကယ်လို့ စိတ်မရှိဘူးဆိုရင် …."
"စီနီယာ …."
ကျွင်းချောင်ရှောင်းသည် အလောတကြီး ဖြင့် ဖြတ်ပြောလိုက်သည်။ "ဒီဂျူနီယာက ဂိုဏ်းဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့ နေရာမှာပဲ အာရုံစိုက်ထားသေးတယ်။ဒါကြောင့် အချိန်ကာလတစ်ခုအထိ ချစ်ခြင်းမေတ္တာတွေအကြောင်းကို မစဉ်းစားဖြစ်သေးပါဘူး။"