← Chapters

အခန်း (၃၅၈)

Vol. 25 Ch. 358

အခန်း (၃၅၈)

Vol. 25 Ch. 358

ရှန်ကွမ်းအိမ်တော်တွင် တည်းခိုမည်ဟု ဆုံးဖြတ်လိုက်ကတည်းက ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ကို ကြိုတင် ပြင်ဆင်ထားပြီးဖြစ်၏။

ဆရာကြီးရှန်ကွမ်းသာ သူ၏ မြေးမလေးနှင့် လက်ထပ်ပေးရန် စဉ်းစားမည်ဆိုပါက သူ့အတွက် ပြဿနာပင်။ သူ့အနေနှင့် ကျင့်ကြံခြင်းလမ်းစဉ်အား ပိုမိုအားစိုက်ရန် လိုသေးသည် မဟုတ်လား။ အချိန်ကာလတစ်ခုထိ သူ့အနေနှင့် ချစ်ခြင်း မေတ္တာများအကြောင်းကို စဉ်းစားရန် မသင့်သေးပေ။

ရှန်ကွမ်းဟုန်သည်လည်း ကြောင်သွားသည်။ ပြီးနောက် ချက်ချင်းဆိုသလိုပဲ ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း နားလည်မှု လွဲနေပြီ။ဒီအဘိုးကြီးဆိုလိုတာက မင်းသာ စိတ်မရှိဘူးဆိုရင် ကျုပ်ရဲ့ မြေးမလေးကို ခေါ်သွားပြီး မင်းတို ဂိုဏ်းမှာ ကျင့်ကြံစေဖို့ပါ။"

ဟမ်။

ကျွင်းချောင်ရှောင်း ကြောင်သွားမိ၏။ သူ အတွေးလွန်သွားပြီဖြစ်ကြောင်း သူ ခံစားလိုက်မိ၏။

စနစ်သည်လည်း ပြိုလဲသွားတော့ မလို ဖြစ်နေသည်။ "အခုတော့ နားလည်သွားပြီမို့လား"

“ဒါက….”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "စီနီယာရဲ့ သိုင်းပညာအပေါ် နားလည်မှုက အရမ်းကြီးကို မြှင့်မားလွန်းတယ်။‌ဒါကြောင့် မြေးမလေးကို ကျွန်တော့်ရဲ့ ဂိုဏ်းဆီကို ခေါ်သွားပြီး ကျင့်ကြံစေဖို့ဆိုတာ မလိုဘူးမဟုတ်လား။"

ရှန်ကွမ်းဟုန်သည် သက်ပြင်းချကာ ပြောလိုက်သည်။

"ဒီကောင်မလေး က အဘိုးကြီးသင်ပေးတဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေနဲ့ ပတ်သက်ပြီး အားမရဘူး။ ဒါကြောင့်အပြင်ကို ထွက်ပြီး ဆရာတစ်ယောက်ကို ရှာချင်နေတာ။"

အွင်း။

ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဆွံ့အသွားမိ၏။

ဤမျှ ကျင့်ကြံခြင်း နည်းစနစ်များနှင့် ပတ်သက်၍ ဗဟုသုတပေါကြွယ်ဝသော အဘိုးတစ်ယောက်ကို ရရှိထားသည်ဆိုသည်ကိုတောင် ဤမိန်းကလေးမှာ သဘောမတွေ့လှချေ။ ဤမြေးမလေးသည် အလွန်တရာ ချေးများလှသော သူသာ ဖြစ်ပေလိမ့်မည်။

ရှန်ကွမ်းဟုန် ပြောလိုက်သည်။ "ကျုပ်ရဲ့ မြေးမလေးက သံမဏိအရိုးဂိုဏ်းသားတစ်ယောက် ဖြစ်ချင်နေတယ်။ ကျုပ်ရဲ့ မြေးမလေးသာ သံမဏိအရိုးဂိုဏ်းသားတစ်ယောက် ဖြစ်သွားမယ်ဆိုရင် မင်းနဲ့ ကျုပ်နဲ့ ကြားမှာ ပတ်သက် ဆက်နွယ်မှုတွေ ရှိသွားပြီလေ။ ဒါဆိုရင် နတ်ဆိုးမိစ္ဆာဂိုဏ်းအနေနဲ့ ရှုပ်ရဲမှာ မဟုတ်တော့ဘူး။"

မူလအားဖြင့် ငြင်းရန် ပြင်ဆင်ထားသော ဂိုဏ်းချုပ်ကျွင်းသည် အလောတကြီးဖြင့် ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းက အရမ်းကို နိမ့်ကျတယ်လို့ စီနီယာမထင်ဘူးဆိုရင် ဂျူနီယာက မြေးမလေးကို ဂိုဏ်ထဲကို ခေါ်ဆောင်ဖို့ ဆန္ဒ ရှိပါတယ်။"

သူ၏ ဂိုဏ်းတွင် အမျိုးသမီးအရေအတွက်မှာ အမျိုးသားများထက် ပို၍ နည်းပါးနေ၏။ ထို့ကြောင့် အမျိုးသမီး တပည့်များကို လက်ခံရာတွင် မည်သည့် အကြောင်းပြချက်မှ မရှိဘဲ လက်ခံတတ်လေ့ရှိသည်။

"ရှင်းရောင်"

ရှန်ကွမ်းဟုန်သည် ပြုံးကာ ပြောလိုက်သည်။ "ထွက်လာပြီးတော့ ဂိုဏ်းချုပ်ကို လာနှုတ်ဆက်လေ။"

ကျွင်းချောင်ရှောင်းသည် အမှတ်မထင်ဆိုသလို လှည့်ကြည့်လိုက်သည့် အချိန်မှာတော့ တံခါးဝ၏ အဝင်ဝတွင် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်သည် လှမ်းဝင်လာသည်ကို မြင်လိုက်ရသည်။

ဤမိန်းကလေးသည် အသက်ဆယ့်ခုနစ် ဆယ့်ရှစ်နှစ်လောက်သာ ရှိပေလိမ့်မည်။ သူမ၏ ပါးကလေးများသည် မည်သည့် မိတ်ကပ်မှ လိမ်းချယ်ထားခြင်း မရှိဘူးဆိုသော်လည်း ကျောက်စိမ်းကဲ့သို့ ဆွတ်ဆွတ် ဖြူဖွေးလျက်ရှိနေသည်။ သူမ ၏ ရေတံခွန်ကဲ့သို့ ကျဆင်းနေသည့် ဆံပင် အနက်ရောင်များကလည်း ပျော့ပြောင်းကာ လှပလွန်း၏။

မျက်လုံးများသည် ကြယ်များကဲ့သို တောက်ပလျက်ရှိသည်။

သူမသည် ပုရိသများ ရူးခါလောက်စေသည့် အသွင်အပြင်မျိုး မရှိဘူးဆိုသော်လည်း သူမ၏ အမူအကျင့်နှင့် အမူအရာကို ကြည့်လိုက်သည်ဆိုသည်နှင့် အလွန်တရာ ပညာတက်လှပြီး လေးစားရသည့် ကြီးကျယ်မြင့်မြတ်သော အသိုင်းအဝိုင်းမှ ဆင်းသက်လာသည့် မိန်းကလေးတစ်ယောက် ဖြစ်မှန်း သိသာလှ၏။

ရှန်ကွမ်းရှင်းရောင်။

မိန်းကလေးသည် မတ်မတ်ရပ်၍ အသာရပ်၍ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ "နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ်ကျွင်း။"

သူမ၏ အသံသည် အားနည်းလွန်းသည်။ထိုအသံကို ကြားသည်နှင့် တစ်ခြားသူများသည် သူမအား သနားဂရုဏာသက်မိပေလိမ့်မည်။

မှန်ပေသည်။

သူမသည် ရှန်ကွမ်းဟုန်၏ တန်ဖိုးကြီးမားလှသော မြေးမလေးပင် ဖြစ်သည်။

သူမ၏ ပြောဆိုပုံနှင့် ကိုယ်နှုတ်အမူအရာများကို ကြည့်လိုက်သည်ဆိုသည်နှင့် ဤမိန်းကလေးသည် အလွတ်တရာ မြင့်မြတ်လှသော ပညာတတ်အသိုင်းအဝိုင်းမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်မှန်း ချက်ချင်း သဘောပေါက်စေ၏။

"ရှင်းရောင်"

ရှန်းကွမ်းဟုန် ပြောလိုက်သည်။ "နောက်က ကျွင်းဆိုတာကြီးကို ဖယ်လိုက်တော့လေ။"

ရှန်ကွမ်းရှင်းရောင်သည် ဦးညွှတ်ကာဖြင့် ထပ်၍ ပြောလိုက်သည်။

"နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ်"

"ဂိုဏ်းချုပ်ကျွင်း။"

ရှန်ကွမ်းဟုန် မေးလိုက်သည်။ "ဂိုဏ်းဝင်ခွင့် ကိစ္စကို ဘယ်အချိန်မှ စပြီး လုပ်ကြမတုန်း။"

"အခုလုပ်ကြတာပေါ့။"

ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်များအား ထုတ်၍ နာမည်အား ရေးသွင်းလိုက်၏။

ပြီးနောက် စိတ်ဝိညာဉ်အမြစ်နှင့် ကျင့်ကြံခြင်းများ အကြောင်းကို တစ်ချက်လေးမှ မမေးဘဲ ဂိုဏ်းချုပ်စည်းတံဆိပ် အား ထုနှက်လိုက်တော့သည်။

“ဒင် …..ဂိုဏ်းသား -၂၀၁၅/၅၀၀၀”

“ဒင် ….ဂိုဏ်းစုဆောင်းမှတ် - ၂၃၀၁/၅၀၀၀”

ရှန်ကွမ်းရှင်းရောင်အား တပည့်အဖြစ် လက်ခံပြီးနောက်မှာတော့ သူ ပြုံးကာ ပြောလိုက်သည်။ "စီနီယာ ကျွန်‌တော်မမှားဘူးဆိုရင် ခုနက ဖန်တီးခဲ့တယ်လို့ ပြောတဲ့ လက်ဝါးနည်းစနစ်က စီနီယာရဲ့ မြေးမလေး ဖန်တီးခဲ့တာ မဟုတ်လား။"

ရှန်ကွမ်းဟုန် ၏ မျက်နှာအိုကြီးသည် ချက်ချင်းဆိုသလိုပဲ နီရဲသွား၏။ "ဟုတ်ပါတယ်။"

ရှန်ကွမ်းရှင်းရောင်သည် ပြုံးကာ ပြောလိုက်သည်။ "ကျွန်မ ဖန်တီးခဲ့တာပါ။"

ကျွင်းချောင်ရှောင်းသည် လက်ဝါးနည်းစနစ်ကို ကြည့်လိုက်သည့် အချိန်မှာတော့ အမျိုးသမီးများ အသုံးပြုရန်အတွက် သင့်တော်သည့် အရာဖြစ်ကြောင်း နားလည်လိုက်သည်။

ရှန်ကွမ်းဟုန်သည် အိုမင်းလှ‌သည်ဆိုသော်လည်း ခန္ဓာကိုယ်မှာ အလွန်တောင့်တင်းပြီး သန်မာလှသော လူတစ်ယောက်အဖြစ် ရှိနေပေ၏။ ထို့ကြောင့် အမျိုးသမီးများ အသုံးပြုနိုင်သည့် နည်းစနစ်ကို မည်ကဲ့သို့ ဖန်တီးမည်နည်း။

ကျွင်းချောင်ရှောင်း ချီူကျူးလိုက်မိ၏။ "မင်းက အသက်ကြီးသေးတာ မဟုတ်ဘူး။ဒါပေမဲ့ ပုံမှန် တိုက်ခိုက်ရေး နည်းစနစ်ကိုတော့ ဖန်တီးနိုင်ပြီဆိုတော့ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ ပါရမီ နဲ့ နားလည်မှု က အရမ်းကို မြင့်မားလိမ့်မယ်။"

ရှန်ကွမ်းရှင်းရောင်သည် ခေါင်းငုံကာ ပြန်ပြောလိုက်သည်။ "ဂိုဏ်းချုပ်နဲ့တော့ ယှဉ်လို့ မရပါဘူး။"

သူမဖန်တီးခဲ့သော လက်ဝါးနည်းစနစ်သည် အတိုချုပ် ဖြတ်လမ်းနည်းလမ်းများ အများအပြား ပါဝင်နေသည်။

ထို့ကြောင့် ကျွင်းချောင်းရှောင်းအားပြသရန် သူမ၏ အဘိုးမှ တစ်ဆင့် ခိုင်းစေခဲ့ခြင်း ဖြစ်၏။ အနည်းငယ်သောညွှန်ပြမှုကို ရရှိမည်ဟု သူတို့ မျှော်လင့်ထား၏။

သူမ ထင်မှတ်ထားသည့် အတိုင်းပင် စိတ်မပျက်စေခဲ့ရပေ။ သူမနှင့် အသက်တူတူလောက်သာ ရှိမည်ဖြစ်သော ဂိုဏ်းချုပ်ကျွင်းသည် သိုင်းပညာနှင့် ပတ်သက်သော တာအိုတွင် သူမထက် ပိုမို၍ အားကောင်းလျက် ရှိနေသည်။

အချိန်တိုအတွင်းတွင် လက်ဝါးနည်းစနစ်တွင် ရှိနေသော ပြစ်ချက်များကို ပြန်လည်ပြုပြင်ပေးနိုင်၏။

အပွင်လင်းဆုံးပြောရမည်ဆိုလျှင် ရှန်ကွမ်းဟုန်သည် ကျွင်းချောင်ရှောင်းအား အိမ်သို့ ဖိတ်ခဲ့ခြင်းမှာ ရှန်ကွမ်းရှင်းရောင်ကြောင့် ဖြစ်သည်။

သူမသည် သံမဏိအရိုးဂိုဏ်းအကြောင်းကို ကြားခဲ့ရ၏။

တောင်ပြာဂိုဏ်းအကြီးအကဲအား သိုင်းပညာနှင့် ပတ်သက်သည့် တာအိုကို သင်ကြားပြသပေးခဲ့သည်ဟူသော သတင်းကို ကြားသိစဉ်ကတည်းက သူမသည် စိတ်ဝင်စားမိခဲ့ခြင်းဖြစ်သည်။

မည်သည့် အဆင့်သတ်မှတ်ချက်မှ မရှိသော ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် အဘယ့်ကြောင့် သိုင်းပညာတာအို၏ သဘောတရားများကို နားလည်နေရသနည်း။

ဤကဲ့သို့သော စိတ်ဝင်စားမှုများကြောင့် ရှန်ကွမ်းရှင်းရောင်သည် သံမဏိအရိုးဂိုဏ်းအား ပိုမို၍ အာရုံစိုက်မိနေသည်။

ဟောင်ချီဂိုဏ်းအား စိန်ခေါ်ခြင်း ၊ နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်ခြင်းများကို ပြုလုပ်ပြီးသည့်နောက်မှာ ကျွင်းချောင်ရှောင်းသည် ရိုးရှင်းလှသည့် လူမျိုးမဟုတ်မှန်း နောက်ဆုံး၌ သူမအတည်ပြုနိုင်ခဲ့သည်။

ဤလူသည် သူမ၏ အဘိုးထက်ပင် ပိုမို၍ အားကောင်းလှသော သိုင်းပညာတာအိုကို ပိုင်ဆိုင်ထားသူဖြစ်မှန်း သူမနားလည်လိုက်မိ၏။

မည်သို့ပင်ဆိုဆို သူမသည် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ပြီး ပိုမို အဆင့်မြင့်မားသည့် သိုင်းပညာများအကြောင်းကို လေ့လာချင်စိတ် များ ဖြစ်ပေါ်နေသည်။

"စီနီယာ"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "စီနီယာရဲ့ မြေးမလေးက ကိုယ်ပိုင် ကျင့်ကြံခြင်းကိုတောင် ဖန်တီးနိုင်နေပြီ။ သံမဏိအရိုးဂိုဏ်းကို ဝင်ရောက်တယ်ဆိုတာ သူမရဲ့ ပါရမီကို ဖြုန်းတီးသလို ဖြစ်မှာတောင် စိုးရိမ်မိတယ်။"

"ပါရမီကို ဖြုန်းတီးတာ မဟုတ်ဘူး။ ပါရမီကို တိုးတက်အောင် လုပ်တာ"

ရှန်ကွမ်းဟုန် ပြုံးလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းရဲ့ လမ်းညွှန်ပြသမှုတွေ အောက်မှာ သမီးလေး ရှင်းရောင်ရဲ့ သိုင်းပညာနဲ့ ပတ်သက်တဲ့ ပါရမီတွေက ပိုပြီး ထွန်းတောက်လာနိုင်တယ်။"

ရှန်ကွမ်းဟုန်သည် ကျွင်းချောင်ရှောင်းအား အသေးစိတ် လေ့လာခဲ့သည်။

လွန်ခဲ့သည် ရက်အနည်းငယ် ပြောဆို ဆက်သွယ်ပြီးသည့် နောက်မှာတော့ သိုင်းပညာနှင့် ပတ်သက်သည့် အပြောင်းအလဲများ ၊ သဘောထားများအကြောင်းကို ဂိုဏ်းချုပ်ကျွင်း တစ်ယောက် အလုံးစုံ နားလည်နေကြောင်း သူသတိပြုမိလိုက်သည်။

"ဂိုဏ်းချုပ်။"

ရှန်ကွမ်းရှင်းရောင်သည် ပြောလိုက်သည်။ "ဂိုဏ်းကို ဘယ်တော့ ပြန်ကြမလဲ။"

"မိသားစုနဲ့ အတူ နေလိုက်ပါအုံး။‌နှစ်ရက်လောက်နေပြီးရင် သွားကြတာပေါ့။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"မလိုပါဘူး။"

ရှန်ကွမ်းရှင်းရောင်သည် ပြုံးကာ ပြောလိုက်သည်။ "အခုကို သွားလို့ ရပါပြီ။"

"...." ရှန်ကွမ်းဟုန်၏ နှုတ်ခမ်းများသည် တဆက်ဆက်နှင် တုန်ရင်သွားသည်။

သူမသည် ယခုမှ သံမဏိအရိုးဂိုဏ်းအား ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမ၏ မိသားစု ကို မေ့ပစ်လိုက်ပြီဖြစ်၏။

သေချာပေသည်။

အရွယ်ရောက်ပြီးသားမိန်းကလေးများကို အိမ်၌ ထိန်းသိမ်းရန်ဆိုသည်မှာ မည်သို့မှ ဖြစ်နိုင်သည့် ကိစ္စမဟုတ်‌ချေ။

"ကောင်းပြီ"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အဝတ်အစားတွေ ထုတ်တော့လေ။အခုပဲ သွားကြတာပေါ့။"

........

ရှန်ကွမ်းရှင်း‌ရောင် ထွက်ခွာသည့် အချိန်မှာတော့ ရှန်ကွမ်းဟုန်နှင့် ရှန်ကွမ်းမိသားစုမှ အကြီးအကဲများသည် သူတို့၏ သမီးလေးအား ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ၍ ပို့ဆောင်တော့သည်။

"အဖေ"

ရှန်ကွမ်းရှင်းရောင်၏ အဖေသည် နာကျင်သော မျက်နှာဖြင့် ပြောလိုက်သည်။ "သမီးကို အဆင့်ခုနစ်ဂိုဏ်းတစ်ခုထဲကို ဝင်ခိုင်းတယ်ဆိုတာ သင့်တော်ရဲ့လား။"

ဒုတိယအစ်ကိုက ပြောလိုက်သည်။ "အဖေ့ရဲ့ ဂုဏ်သိက္ခာအရဆိုရင် ရှင်းရောင်က ဂိုဏ်းကြီးတစ်ခုခုဆီ သင်ယူဖို့ လွှတ်လိုက်မယ်ဆိုရင်တောင် ငြင်းပယ်ခံရမယ့် လူမျိ မဟုတ်ဘူး။ဘာလို့ သံမဏိအရိဂိုဏ်းကိုမှ ဝင်ရောက်ခိုင်းရတာလဲ"

တတိယအစ်ကိုက ပြောလိုက်သည်။ "ရှင်းရောင်က သိုင်းပညာနဲ့ပတ်သက်ပြီးထူးချွန်တဲ့ ပါရမီနဲ့ မွေးဖွားလာတာလေ။ကျွင်းချောင်ရှောင်းက အခု သူမနဲ့မှ အသက်တူတူလောက် ရှိအုံးမယ်။သူမကို သင်ကြားဖို့အတွက် အရည်အချင်း မပြည့်မီမှာ စိုးရိမ်မိတယ်။"

ညီအစ်ကို သုံးယောက်လုံးသည် ရှန်ကွမ်းရှင်းရောင်တစ်ယောက် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ခြင်းနှင် ပတ်သက်၍ သဘောမတွေ့ကြချေ။

"မင်းတို့ ဘာမှ မသိပါဘူး။မင်းတို့ ခေါင်းထဲမှာ ချီးပဲ ရှိတယ်။"

ရှန်ကွမ်းဟုန်သည် သူ၏ သားများကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းချုပ်ရဲ့ သိုင်းပညာအပေါ်နားလည်တဲ့တတ်မြောက်မှုက အရမ်းကို အားကောင်းလွန်းတယ်။ ငါတောင်ယှဉ်လို့ မရဘူး။ ရှင်းရောင်သာ သူ့ရဲ့ ဂိုဏ်းမှာ လေ့ကျင့်မယ်ဆိုရင် သူမရဲ့ အနာဂတ်က ခန့်မှန်းလို့ မရအောင် ကြီးထွားလာလိမ့်မယ်။"

အဘိုးအိုသည် ပြင်ပလူများအား ချီးကျူးခဲလှ၏။ သို့ပေမဲ့ သူ့သားများ၏ ပြောစကားများကို ကြားပြီးသည့်နောက်မှာတော့ နားလည်မှု ရှိစေရန် ဆူငေါက်ခဲ့ရ၏။

သူ့တို့အဖေ၏ ဆူငေါက်မှုကို ခံရပြီးနောက်မှာတော့ သူတို့ ညီအစ်ကို သုံးယောက်လုံးသည် မြန်မြန်ဆန်ဆန်ပဲ ပါးစပ်ကို ပိတ်ထားလိုက်မိကြသည်။

"ထားလိုက်တော့ ထားလိုက်တော့။အိမ်မှာ ငါတို့က စကားပြောခွင့် မရှိဘူး။အဖေက လုပ်ချင်တယ်ဆိုရင် လုပ်ခိုင်းရမှာပဲ။"

.......

"ဟမ် ကြည့်ပါအုံး …. ။ဒါက ဆရာကြီး ရှန်ကွမ်းရဲ့ မြေးမလေး မဟုတ်လား။သူမက ဘာလို့ ဂိုဏ်းချုပ်ကျွင်းနောက်ကို လိုက်နေရတာတာလဲ။”

“ငါကြားတာက အဘိုးကြီးရှန်ကွမ်းက ဂိုဏ်းချုပ်ကျွင်းကို အိမ်တော်မှာနေဖို့ တောင်းဆိုခဲ့တယ်လို ပြောတယ်။ကြည့်ရတာ ဂိုဏ်းချုပ်ကျွင်းကို နှစ်သက်လို့ သူ့ရဲ့မြေးမလေးနဲ့များ အောင်သွယ်လုပ်ပေးမလား မသိဘူး။”

“ကောင်းကင်ဘုံ။ဒါက သတင်းကြီးတစ်ခုပဲ။"

လမ်းပေါ်မှာတော့ များပြားလှသောလူများသည် ကျွင်းချောင်ရှောင်းနှင့် ရှန်ကွမ်းရှင်း‌ရောင်တို့ အတူတူ လျှောက်လှမ်းလာသည်ကို မြင်ချိန်မှာဝော့ာ အားရပါးရ ပြောဆိုလျက် ရှိနေကြသည်။

"ဂိုဏ်းချုပ်"

ရှန်ကွမ်းရှင်းရောင်သည် နီရဲသောမျက်နှာဖြင့် ပြောလိုက်သည်။ "သူတို့ နားလည်မှု လွှဲနေပြီထင်တယ်။"

"ပါးစပ်က သူတို့ဆီမှာ ရှိတာလေ။ အဲတော့ သူတို့ပြောချင်တာ ပြောလိမ့်မယ်။" ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာပြောလိုက်သည်။

ရှန်ကွမ်းရှင်းရောင် ပြောလိုက်သည်။

"ဘာလို့ ရထားလုံးတစ်စီးမငှားတာလဲ။ ရထားလုံးတစ်စီးငှားပြီး ချင်းယန်မြို့ကိုသွားကြရအောင်။"

"မလိုပါဘူး။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "င့ါမှာ စီးတော်ယာဉ်ရှိတယ်။"

"စီးတော်ယာဉ် ဟုတ်လား။"

ရှန်ကွမ်းရှင်းရောင်သည် တောနက်ထဲသို့ ရောက်ရှိချိန်မှာဝောာ့ အလွန်တရာခန့်ညားလှသော သားရဲကြီးတစ်ကောင်သည် သူမရှေ့သို့ ခုန်ဝင်လာကြောင်းကို မြင်လိုက်ရ၏။ သူမသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဒါက ဟာရီကိန်းဝံပုလွေဘုရင်မဟုတ်လား"

သူမသည် အပြင်ဘက်သို့ ထွက်ခဲလှသည် ဆိုသော်လည်း ငယ်ရွယ်စဉ်ကတည်းက စာအုပ်အများအပြားကို ဖတ်ရှုခဲ့သောကြောင့် သားရဲများ၏ အကြောင်းကို ကောင်းကောင်းသိနေ၏။

"ဒီပေါ်တက်ထိုင်လိုက်" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ရှန်ကွမ်းရှင်းရောင်၏ ပါးများသည် နီရဲသွား၏။

ပြီးနောက် တီးတိုး ပြောလိုက်သည်။ "တပည့်က ဒီမှာထိုင်ရင် ဂိုဏ်းချုပ်က ဘယ်မှာထိုင်မှာလဲ။"

All Chapters