← Chapters

အခန်း (၃၆၀)

Vol. 25 Ch. 360

အခန်း (၃၆၀)

Vol. 25 Ch. 360

ရီရှင်းချန် နှင့် ရှောင်ကျီတို့သည် အသားတွေ တပုံတပင် နှင့် ပြန်လာကြသည်။ သေချာချိန်တွယ်ကြည့်လိုက်တော့ ကီလို ငါးသိန်းနီးပါးပင် ရှိနေသည်။

အိုက်မိသားစု ခေါင်းဆောင်ကလည်း ဆာလောင်မြက်များ ပို့လိုက်သောကြောင့် အဆင့်သင့် ဆေးလုံးအား သန့်စင်၍ ရပြီ ဖြစ်၏။

“သန့်စင်မယ်”

ကျွင်းချောင်ရှောင်းသည် သားရဲခန်းမဆောင်အားဖွင့်၍ သန့်စင်နိုင်သော ဆေးလုံးအရေအတွက်အား အမြင့်ဆုံးထိ တင်ကာ သန့်စင်တော့သည်။

ဒင် … ဒင်. ..။

သူ၏ နားထဲတွင် သတိပေးသံများ အဆက်မပြတ် ထွက်လျက်ရှိ၏။

တစ်ညအတွင်းမှာပဲ သူသည် ဆေးလုံး နှစ်သိန်းကို သန့်စင်ထုတ်လုပ် နိုင်ခဲ့သည်။

ကျွင်းချောင်ရှောင်းသည် မိုးဆွေဟောခန်း အဖွဲ့ဝင်များအား ခေါ်၍ ဆိုင်များသို့ ဆေးလုံးများ ပေးပို့ရန် စေခိုင်းလိုက်၏။

နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ရန်မရှိတော့ပြီမို့ သူသည် သိုင်းတပည့်အဆင့်ငါးနှင့် အထက် တပည့်များအား အပြင်ဘက် တောများထဲတွင် သွားရောက် လေ့ကျင့်ရန် နှင့် အသားများ သိမ်းဆည်းလာရန် မှာကြားလိုက်သည်။

နောက်ဆုံးမှာတော့ သိုင်းတပည့်အဆင့်ငါး နှင့် အထက် တပည့် ငါးရာကျော်တို့သည် အဖွဲ့လိုက် တောင်ပေါ်မှ တက်လိုက်၊ ဆင်းလိုက် လုပ်နေတော့သည်။

“ဂျုနီယာ ညီလေးရှောင် …”

စုရှောင်မိုသည် သွားဖြီးကာ ပြောလိုက်၏ “ငါတို့ သေမင်းတောင်ကြားဆီ ထပ်သွားရအောင်။ အဲမှာ ဝင်မရှာခဲ့ရတဲ့နေရာတွေ အများကြီး ရှိသေးတယ် မဟုတ်လား။”

“အဲတာ မလုပ်ခင် သိုလှောင်လက်စွပ်တွေ အရင်ဝယ်ရအောင်” ရှောင်ကျီ ပြောလိုက်သည်။

“ကောင်းပြီ”

စုရှောင်မိုသည် ခေါင်းကုတ်ကာ ပြောလိုက်သည် “ဒါနဲ့ ဘာလို့ ဂျုနီယာညီလေးရီ ကို မတွေ့တာလဲ”

“အင်း ဟုတ်တယ်”

လီဖေး နှင့် ထျန်းချီ တို့သည်လည်း ဇဝေဇဝါ ဖြစ်မိနေကြသည်။

သူတို့နှင့် မိုင်တစ်ရာလောက် အဝေးရှိ တောလမ်းထဲမှာတော့ ရီရှင်းချန်သည် သားရဲများနှင့် တိုက်ခိုက်နေပြီ ဖြစ်၏။

သူသည် ညသန်းခေါင်ကြီးထ၍ ဟာရီကိန်း ဝံပုလွေသားရဲအား စီးနင်းကာ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

သူသည် ရှောင်ကျီ တို့နှင့် မသွားချင်ပေ။ အဘယ့်ကြောင့် ဆိုသော် ၎င်းတို့သည် အမဲလိုက်ရန် တောထဲ ဝင်ကြခြင်း ဖြစ်၏။သူ နှင့် မတူညီပေ။

………

တပည့်များ သည် အပြင်ဘက်သို့ ထွက်၍ လေ့ကျင့်ကြသောကြောင့် လတ်တလော အနေဖြင့် အသားများ လုံလောက်လျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည် ရှားရှားပါးပါး အားလပ်နေကြသောကြောင့် သူ၏ ကျင့်ကြံခြင်းပေါ်တွင်သာ အာရုံစိုက်ထားနိုင်သည်။

သူသည် နတ်စမ်းချောင်းဂိုဏ်းမှ ပြန်လာပြီးသည့်နောက် သားရဲတစ်ထောင် တောထဲသို့ သွားခဲ့သည်။ ပြီးနောက် တောင်ပြာဂိုဏ်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ပြီးနောက် ဆရာကြီး ရှန်ကွမ်းဟုန် ၏ မွေးနေ့ပွဲသို့ တက်ရောက်သည်။ ထို့ကြောင့် ကျင့်ကြံရန် အချိန်မရှိခဲ့ချေ။

ထို့အပြင် သူ၏ အဆင့်သည် သိုင်းစစ်သူကြီး ဒုတိယအဆင့်၌ ပိတ်မိနေ၏။

သူသည် မကျင့်ကြံချင်၍ မဟုတ်ချေ။ ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သည်မို့ စီစဉ်ရသည့်အရာကိစ္စများမှာ များပြားလွန်းလှသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကိုပင်မနာလို ဖြစ်မိနေသည်။ အနည်းဆုံးတော့ တာဝန်ယူစိတ် အပြည့်ဖြင့် အရင်အမြစ်များအား ထောက်ပံ့ပေးနေသည့် ဂိုဏ်းချုပ်တစ်ယောက်အား ပိုင်ဆိုင်သည် မဟုတ်လား။

ဆယ့်ငါးဆ ပိုမိုအားကောင်းသော ချီစုစည်းခြင်း ဆေးလုံးကို မြိုချပြီး ချီစုစည်းခြင်း အစီအရင်ထဲတွင် ခြေချိတ်ထိုင်ကာ သူ စတင်ကျင့်ကြံလိုက်တော့၏။

သို့ပေမဲ့ သူ့အား ပိုမို၍ ရူးသွပ်စေသူမှာ ….

အကြိမ်ပေါင်းများစွာ အစီအရင်ထဲသို့ ဝင်လိုက်၊ ထွက်လိုက်ဖြင့် အမောပန်းမရှိ လာရောက် မေးမြန်းနေသော ရှန်ကွမ်းရှင်းရောင် ပင် ဖြစ်သည်။

“ဂိုဏ်းချုပ် .. ဒီကျင့်ကြံြုခင်းနည်းစနစ်က မခက်ဘူးလို့ ထင်တယ်”

“ဂိုဏ်းချုပ် ကျွန်မ ဒီလိုနားလည်ထားမယ်ဆိုရင် ပိုပြီး မြန်မြန် တတ်ကျွမ်းသွားနိုင်လား”

“ဂိုဏ်းချုပ် .. ဒီနေရာ ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အရမ်းအားကောင်းတယ်။ ဒါ စိတ်ဝိညာဉ်စွမ်းအင် အမျိုးအစား အစီအရင်လားး”

“ဂိုဏ်းချုပ် …”

ရှန်ကွမ်းရှန်းရောင် သည် လေ့ကျင့်နေရင်း ပြဿနာတစ်ခုခု ကြုံရပြီဆိုလျှင် သူ့အား လာရောက် မေးမြန်းတော့၏။

ကျွင်းချောင်ရှောင်းသည် ငိုချင်စိတ်ပင် ပေါက်မိနေသည်။

ငါ တပည့်သစ် လက်ခံလိုက်တာလား။ တညောင်ညောင် လုပ်နေတတ်သည့် ကြောင်တစ်ကောင်ကို မွေးထားမိသည်လား။

“ရှင်းရောင် …”

အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆက်၍ သည်မခံနိုင်တော့ချေ။ ထို့ကြောင့် လေးလေးနက်နက် ပြောလိုက်သည် “မင်း နားမလည်တာ ရှိရင် မမေးနဲ့။ ကိုယ့်ဘာသာ နားလည်အောင် လုပ်”

“ဒါပေမဲ့ …”

ရှန်ကွမ်ရှင်းရောင် သည် ပြောလိုက်သည် “ကျွန်မ မဖြေရှင်းနိုင်ရင် ဂိုဏ်းချုပ်ဆီလာမေးရမှာပဲ မဟုတ်လား”

ဘုတ် …။

ညအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အိပ်ရာပေါ်တွင် လှဲရင်း မျက်လုံးကို မှိတ်ကာ တနေကုန် မေးမြန်းခဲ့သော ရှန်ကွမ်းရှင်းရောင်၏ မေးခွန်းများအား ပြန်လည် စဉ်းစားနေမိသည်။ စဉ်းစားရင်း ခေါင်းပင် ကိုက်လာမိ၏။

………

ရှန်ကွမ်းရှင်းရောင်၏ သုံးရက်တိတိ မေးမြန်းမှုကို ခံရပြီးချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အသက်ရှင်ချင်စိတ် ပင် ပျောက်မိလာသည်။

ဤတပည့်သစ်သည် အမှန်ပင် ပညာသားပါပါ ဖြင့် နှိပ်စက်တတ်လေ၏။

သို့ပေမဲ့ သူမ၏ မေးခွန်းများအား ဖြေဆိုရသည်မှာ ခက်ခဲလွန်းလှသော်လည်း သူကိုယ်တိုင် မတွေးထားသော ဘက်မှ ပြန်လည် တွေးတောတတ်လာသည်။

စနစ်က ပြောလိုက်သည် “ဒီမိန်းကလေးရဲ့ ဦးနှောက်က လက်ခံသူထက် ကြီးမားတယ်။ သူမကို သေချာလေ့ကျင်ပေးမယ်ဆိုရင် ကျင့်ကြံခြင်းဥပဒေသတွေ ကို ထုံးလိုကြေ ၊ ရေလိုနှောက် နားလည်သွားလိမ့်မယ်။”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည် “သူမသာ အဲလိုဖြစ်လာမယ် ဆိုရင် ငါ အသက်မရှိနိုင်တော့ဘူး။”

အဘယ့်ကြောင့်နည်း။

မေးခွန်းများ ဖြေဆိုရလွန်းသောကြောင့် ဦးနှောက်ခြောက်ကာ သေဆုံးသွားခဲ့ပေလိမ့်မည်။

……….

မူလကတည်းက တာအိုသဘာဝကို နားလည်ပြီဖြစ်သော ရှန်ကွမ်းရှင်းရောင်သည် ရီကျင့်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံပြီးချိန်မှာတော့ မရီဒန်ဖွင့်ခြင်း အဆင့်တစ်ဆယ်ကနေ အဆင့်ဆယ့်တစ်ထိ ရောက်ရှိသွားခဲ့သည်။

မြန်ဆန်သည်ဟုဆိုရမည်။ သို့ပေမဲ့ ကျင့်ကြံခြင်းတစ်ခုလုံးအား အောက်ခြေထိ ထဲထဲဝင်ဝင် လေ့လာနေခြင်းကြောင့်သာ ဤမျှကြာနေခြင်း ဖြစ်၏။ မဟုတ်ပါက ယခုထက် ပို၍ မြန်ဆန်ပေလိမ့်မည်။

အစောကတည်းက ဂိုဏ်းသားဖြစ်ခဲ့သော တပည့်များကတော့ ပိုမို၍ တိုးတက်လာနေသည်။ လက်ရှိအချိန်မှာတော့ တပည့်ငါးရာတို့သည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်သို့ ရောက်ရှိသွားကြပြီ ဖြစ်၏။ ဂိုဏ်းအဆင့်အား တရားဝင် တိုးမြင့်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ၏ ကျင့်ကြံခြင်းအပေါ်မှာသာ ဆက်လက်၍ အာရုံစိုက်ထား၏။

သူ့တွင် လုံလောက်သည့်အရင်းအမြစ်များ ရှိနေသည် ဆိုလျှင်တောင်မှ အနည်းဆုံး အဆင့် နှစ် မှ အဆင့်သုံး သို့ ရောက်ရှိရန် နှစ်လ မှ သုံးလလောက် ကြာမြင့်နိုင်သေးသည်။

အဆင့်မြင့်လာလေ ကျင့်ကြံခြင်းက နှေးကွေးလာလေ ဖြစ်၏။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အလျှင်စလိုချေ။ ဖြည်းဖြည်းချင်းသာ ကျင့်ကြံနေသည်။

အကြီးအကဲကျန့်သည် စမ်းသပ်မှုမျှော်စင်ထဲတွင် အားရပါးရ လေ့ကျင့်လျက်ရှိ၏။ သို့ပေမဲ့ တပည့်များ၏ မှတ်တမ်းကိုတော့ မကျော်ဖြတ်နိုင်သေးချေ။ ထိုအရာကလည်း သူ့အား မခံချိ မခံသာဖြစ်နေစေ၏။

ကျန့်ရာ၏ လေ့ကျင့်မှုသည် အဆင့်မတက်လာခဲ့ဘူး ဆိုလျှင်တောင်မှ အားအင်သည် အလွန်တိုးတက်လျက် ရှိသည်။ သူ၏ အားအင်သည် ဂျင်နှစ်သန်းနီးပါး ရှိနေပြီ ဖြစ်သည်။

ထိုအားအင်သည် အထူးအဆင့် သိုင်းဘုရင်တစ်ယောက်၏ အားအင်နှင့်ပင် တူညီ၏။

“မယုံနိုင်စရာပဲ”

“ဒီလောက်ကောင်းတဲ့ အရင်းအမြစ်တွေနဲ့ ဆိုရင် ငါ ကျိန်းသေပေါက် သိုင်းအုပ်စိုးသူ အဆင့်ကို ရောက်နိုင်တယ်။” ကျန့်ရာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

သူသည် သိုင်းအုပ်စိုးသူ ဖြစ်ချင်သည်။ အဘယ့်ကြောင့်ဆိုသော် ပျံသန်းနိုင်သောကြောင့် သူ၏ အစ်မကြီးအား လွတ်လွတ်လပ်လပ် နှောင့်နှေးမှု မရှိဘဲ ရှာဖွေနိုင်သည် မဟုတ်လား။

ကျန့်ရာ၏ ရည်မှန်းချက်များသည် ထင်ထင်ရှားရှား ရုပ်လုံးပေါ်လာတော့သည်။ လက်ရှိအချိန်တွင် သူ့၌ ရှိနေသော အမိန့်ပေးအဆောင်၏ အစွမ်း ပျောက်ကွယ်သွားလျှင်တောင်မှ သူ သံမဏိအရိုးဂိုဏ်းမှာပဲ နေထိုင်တော့မှာ ဖြစ်သည်။

“အကြီးအကဲကျန့် ….”

စားသောက်ခန်းမှာတော့ လျှိုဝမ်ရှစ် ပြောလိုက်သည် “ထမင်းကြော် ရပါပြီ”

အသက်ကို ပြင်းပြင်းရှုပြီး ကျန့်ရာ ချီးကျူးလိုက်၏ “မွှေးလိုက်တာ”

သူသည် သံမဏိအရိုးဂိုဏ်းသားဖြစ်ပြီးသည့်နောက် ရည်မှန်ချက်များ၊ စိတ်ထားများပြောင်းလဲလာသည်။

သူတင်မကပေ။ သံမဏိအရိုးဂိုဏ်းသား တော်တော်များများသည်လည်း ထို့အတူပင်။

ဥပမာအားဖြင့် လီချင်းယန်ဖြစ်သည်။

သူသည် ပိုမို၍ အားကောင်းလာချင်သည်။ သူ့အား စွန့့်ခွာကာ ထွက်သွားတော့ မိန်းကလေးအား ကမ္ဘာမြေ အဆုံးထိ ရှာဖွေရမည်။ သူနှင့် မထိုက်တန်သူ ဟူ၍ မရှိဘဲ။ သူမ နှင့် ထိုက်တန်သူ ဖြစ်အောင် သူမည်သို့ ကြိုးစားခဲ့ရကြောင်း တလောကလုံးသိအောင် ပြုလုပ်မည်ဟု သံဓိဋ္ဌာန် ချမှတ်ထား၏။

ဥပမာအားဖြင့် ဆက်ပြောရမည် ဆိုလျှင် ရှောင်ကျီ။

သူသည် အလွန်အားကောင်းအောင်ပြုလုပ်ပြီး လိုင်လီနတ်ဂိုဏ်းသို့ သွားရောက် စိန်ခေါ်ကာ သူ ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ပြန်လည်ယူဆောင်မည်။

ဥပမာ အားဖြင့် ရီရှင်းချန် …။

သူသည် အရင်ဘဝက တည်ရှိခဲ့သော ကျင့်ကြံခြင်းအဆင့်သို့ ပြန်လည်ရောက်ရှိအောင် ပြုလုပ်ပြီး သူ့အား ဒုက္ခပေးခဲ့သော တစ်ဦးတည်းသော ဧကရီမအား ပုလ္လင်နန်းထက်မှ ဆွဲချမည်။

လုချင်းချင်း …။

သူမ အတွက်ကတော့ ပြောရန် ခက်လှသည်။

အတိုချုပ် ပြောရမည် ဆိုလျှင် တပည့်များသည် ကိုယ်ပိုင်နောက်ကြောင်းနှင့် ရောက်ရှိလာကြခြင်း ဖြစ်ပြီး ဂိုဏ်းချုပ်ဖြစ်သော ကျွင်းချောင်ရှောင်းသည် ထိုသို့သောသူများ၏ ဂိုဏ်းချုပ်ဖြစ်သည်မို့ အလွန်တရာ အားကောင်းနေဖို့ လိုအပ်နေလေ၏။

All Chapters