အခန်း (၃၆၁)
Vol. 25 Ch. 361
ဤအတောအတွင်း ချင်းယန် နိုင်ငံ၏မြို့ရှစ်မြို့တွင် မည်သည့်အရာမှာ ခေတ်စားသည့် အရာတစ်ခုဖြစ်နေသနည်း။
ဟုတ်ပေonf။
သံမဏိအရိုးဂိုဏ်း၏ တိရိစ္ဆာန်အစားစားအရောင်းဆိုင်ပင် ဖြစ်တော့သည်။
ဆေးလုံးကိုဝယ်ယူချင်သည့် လူတချို့ဆိုလျှင် အာရုံတက်ချိန်မှစ၍ ဆိုင်၏ တံခါးပေါက်ဝရှေ့တွင် တန်းစီ၍စောင့်နေကြ၏။
"ခေါင်းဆောင်"
ဟူရန်မြို့ရှိ ဆေးထားသိုရာအခန်းတစ်ခုထဲမှာတော့ အိုက်ရှန်ကီ သည်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း ရဲ့ တိရိစ္ဆာန်အစားအစာ အရောင်းဆိုင်စီးပွားရေးလုပ်ငန်းက တကယ့်ကိုကောင်းမွန်တာပဲ။”
“ဒီတိရိစ္ဆာန် အစားအစာဆေးလုံးက ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနဲ့ အကျိုးသက်ရောက်မှုနဲ့တောင် နှိုင်းယှဉ်လို့ရတယ်။ဒါကြောင့် ရောင်းကောင်းတယ်ဆိုတာ သာမာန်ပါပဲ။”
အိုက်ရှန်းရီသည် အံ့အားသင့်မှုမရှိဘဲနှင့် ပြန်ပြောလိုက်၏။
သို့ပေမဲ့ သူခဏရပ်တန့်ကာ ပြောလိုက်သည်။ “ပြီးတော့ ဒီဆေးလုံးက ဆယ်ရက်အတွင်း ကုန်သွားနိုင်တယ်လေ။”
ထင်မှတ်ထားသည့်အတိုင်းပင် များပြားလှသော ကလန်များသည် ဆေးလုံးများကို လုံလုံလောက်လောက်ဝယ်ယူပြီးသည်နောက်မှာတော့ တိရိစ္ဆာန်အစားအစာ အရောင်းဆိုင်၏ စီးပွားရေးလုပ်ငန်းသည် ပိုမို တိုးတက်လာသည်။
ရက်အနည်းငယ်အတွင်းမှာပဲ လီလိုရှုသည် စာရင်းဇယားတချို့ကို ပြုလုပ်ခဲ့၏။
မြို့ရှစ်မြို့၏ ဆိုင်ရှစ်ဆိုင်သည် တစ်နေ့လျှင်အနည်း ဆေးလုံးနှစ်သိန်းအား ရောင်းချခဲ့ရ၏။ ထို့ကြောင့် အလုံးစုံသောရောင်းချရငွေသည် ငွေဆယ်သန်းနီးပါးခန့်ရှိသည်။
ကျွင်းချောင်ရှောင်း သည် အလွန်တရာစိတ်ကျေနပ်မိနေ၏။
တနေ့လျှင် ဤမျှလောက်သော ပမာဏထိ သူ မထင်မှတ်ခဲ့ချေ။
သို့ပေမဲ့ ပိုမို၍ရောင်းချရသည်ဆိုလျှင် သူအနေဖြင့် ကျင့်ကြံရန်အချိန်မရှိဘဲ ဆေးလုံးများသာ ထိုင်၍ဖော်စပ်နေရမည်ဖြစ်သည်။
ပိုက်ဆံအတွက် ဂိုဏ်း၏ နေ့စဉ်အသုံးစာရိတ်ကို ကာမိရုံလောက် ရရှိသည်ဆိုလျှင် လုံလောက်၏။
လက်ရှိအခြေအနေတွင် အရေးကြီးသည်မှာ သူ၏အားအင်ကို ပိုမိုတိုးတက်အောင်ပြုလုပ်ရန်ပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းသည် လီလိုရှု ကိုမေးလိုက်သည်။ “သံချပ်ကာဝံပုလွေဟောခန်းရဲ့ လေ့ကျင့်မှုက အခြေအနေဘယ်လိုရှိလဲ”
လီလိုရှု ပြောလိုက်သည်။ “အတိုင်းတစ်ခုလောက်လေ့ကျင့်ပြီးတဲ့ အချိန်မှာ တပည့်တွေက ဟာရီကိန်း ဝံပလွေကို ထိန်းချုပ်နိုင်စွမ်းရှိသွားကြပြီ”
အွန်း ။
ကျွင်းချောင်ရှောင်းသည် သဘောတကျပြန်ခေါင်းညိတ်လိုက်၏။
သံချုပ်ကာဝံပလွေတပ်ကို ဖွဲ့စည်းခဲ့သည်ဆိုသည်မှာ အနာဂတ်အတွက်ပြင်ဆင်ရန်ပင်ဖြစ်တော့သည်။
မည်ကဲ့သို့ အမျိုးအစားပြင်ဆင်ခြင်းလဲ။
ဥပမာအားဖြင့် တပည့်များသည် အပြင်ဘက်တွင် ဒုက္ခရောက်နေသည်ဆိုပါက သူတို့အနေဖြင့် အချိန်မီသွား၍ ကူညီနိုင်မည်။ ထို့အပြင် စစ်ပွဲသည်ဤနေရာသို့ ပြန့်နှံ့ရောက်လာမည်ဆိုပါက သံချပ်ကာဝံပုလွေတပ်ကို အသုံးပြု၍ ချင်းယန်နိုင်ငံအား ကာကွယ်နိုင်စွမ်းရှိမည် ဖြစ်၏။
ထို့အပြင် ဟာရီကိန်းဝံပုလွေများသည် မြင်းထက်ပိုမို၍ကြီးမားလာသောကြောင့် တိုက်ပွဲစစ်မျက်နှာပြင်တွင် ကျိန်းသေပေါက် အသာစီးရနိုင်သော သက္တဝါမျိုးပင်ဖြစ်တော့သည်။
ထွက်ခွာရန်ပြင်လိုက်သော လီလိုရှုသည် ရုတ်တရက် မျက်မှောင်ကုတ်လိုက်၏။
“ဘာဖြစ်တာလဲ” ကျွင်းချောင်ရှောင်းမေးလိုက်သည်။
ခဏလောက်ကြာတော့ လီလိုရှုကပြောလိုက်၏ ။ “မြို့ထဲမှာရှိတဲ့ အဖွဲ့သားတွေဆီက သတင်းတစ်ခုလက်ခံရရှိတယ်။ ရှောင်ကျီနဲ့တခြားတပည့်တွေက သေမင်းတောင်ကြားရဲ့အပြင်ဘက်မှာ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ကလူတွေနဲ့ ပဋိပက္ခ ဖြစ်နေတယ်လို့ဆိုတယ်။”
သေမင်းတောင်ကြားသည် မြို့နှင့်အလွန်ဝေးကွာသောအရပ်တွင်ရှိသည်။ ထိုသို့သောနေရာမှ သတင်းကို မည်ကဲ့သို့ရရှိသနည်း။
အလွန်တရာရိုးရှင်းလှပေသည်။
မိုးဆွေပျေံ့နှံ့စွာရောက်ရှိနေကြ၏။ ထို့ကြောင့် သေမင်းတောင်ကြားနှင့်အနီးစပ်ဆုံးရှိသောသူသည် ဤသတင်းအချက်အလက်အားရရှိပြီးသည်နောက် အနီးစပ်ဆုံးမြို့ဆီသို့ ပြန်လည်၍အသံပို့လွှတ်ကာ သတင်းပေးခဲ့၏။
ပြီးနောက် တစ်ဆင့်ပြီးတစ်ဆင့်ဖြင့် နောက်ဆုံးတွင် သံမဏိအရိုးဂိုဏ်းသို့ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။
အနည်းငယ်နှောင့်နှေးသည်ဆိုသော်လည်း သတင်းအချက်အလက်ဖြန့်ဝေမှုနှုန်းမှာ သာမာန်ထက်တော့ပို၍ မြန်ဆန်လွန်းလှ၏။
သတင်းရရှိချိန်မှာတော့ ရှောင်ကျီနှင့်တခြားသူများအားလုံးသည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှလူများနှင့် ပဋိပက္ခဖြစ်နေသည်မှာ မိနစ်အနည်းငယ်ကြာမြင့်ရုံသာ ရှိသေးသည်။ ဤအရာသည် အသံပို့လွှတ်ခြင်းနည်းစနစ်၏ စွမ်းပကားကြောင့် ပင် ဖြစ်သည်။
မိုးဆွေဟောခန်းသည်သာ ဆက်လက်၍ချဲ့ထွင်ပြီး အလုပ်ကောင်းကောင်းလုပ်နိုင်တော့မည်ဆိုလျှင် အနာဂတ်တွင် မည်သည့်သတင်းကိုမဆို ချက်ခြင်းပေးပို့နိုင်စွမ်း ရှိလိမ့်မည်။
“ချီးတဲ့မှ။”
ကျွင်းချောင်ရောင်သည် ထိုင်ခုံလက်ရန်း အား လက်ဖြင့်ရိုက်ချကာပြောလိုက်၏။ “ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ကလူတွေက အရိုက်ခံချင်လွန်းလို့ ခန္ဓာကိုယ်တစ်ခုလုံး ယားနေတဲ့ပုံပဲ။ သူတို့ဒီလိုမျိုးလုပ်ရဲတယ် ဟုတ်လား။”
“သတင်းပေးတွေရဲ့ အချက်အလက်အရဆိုလျှင် ဟွာယန်နိုင်ငံမှာရှိတဲ့ဂိုဏ်းတချို့ကလည်း ရှောင်ကျီတို့နဲ့ ပြဿနာတတ်နေတယ် ။ အခြေအနေကမကောင်းဘူး။” လီလိုရှု ပြောလိုက်၏။
“သံချပ်ကာဝံပုလွေချပ်ဝတ်အဖွဲ့သားတွေအကုန်လုံးကို စုစည်းလိုက်။ ဖြစ်နိုင်သမျှအမြန်ဆုံးကူညီပေးရမယ်။” ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ ကောင်းပါပြီ။” လီလိုရှု သည်အလျှင်အမြန်ပဲ ပြန်လည်ထွက်ခွာသွားသည်။
အာဝူး …. ဝူး … အာဝူး
မကြာခင်မှာပဲ တောင်၏ ကျောက်လှေကား၌ သေချာရွေးချယ်၍ လေ့ကျင့်ပေးကြသော တပည့်ငါးရာတို့သည် ဟာရီကိန်း ဝံပလွေများကို စီးနှင်းကာ အမြန်ဆုံးနှုန်းဖြင့် သေမင်းတောင်ကြားရှိရာသို့ ဦးတည် ထွက်ခွာလိုက်ကြ၏။
ဟုတ်ပေသည်။
ဂိုဏ်းချုပ်ကျွင်း သည်လည်းထွက်ခွာသွားခဲ့သည်။ သူသည် ဟာရီကိန်းဝံပုလွေဘုရင်အား စီးနှင်းပြီး တပည့်များ၏ အရှေ့မှ ဦးဆောင်ကာသွားလျက်ရှိတော့သည်။
နတ်စမ်းချောင်းဂိုဏ်းမှပြန်လာပြီးသည်နောက်မှာတော့ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့သည် မည်သူ့မှ သတိမထား မိလောက်အောင် သိုသိုသိပ်သိပ်နေထိုင်ခဲ့ကြသည်။
ကျွင်းချောင်ရှောင်း သည် ထိုသူတို့အား မနှောက်ယှက်ခဲ့ပေ။
သို့ပေမဲ့ ချင်းဟောင်ရန်သည် မွေးနေ့ပွဲတွင် ရောက်ရှိလာပြီး သူ့အား အရှက်ကွဲရန် ဖန်တီးခဲ့သေးသည်။ ထိုသို့သောအဖွဲ့အစည်းနှင့်လူများကို သင်ခန်းစာကောင်းကောင်းပေးမှဖြစ်ပေတော့မည်။
“ကောင်းကင်ဘုံ ….. ခုနတုန်းကတောထဲမှာ ဘာဖြတ်ပြေးသွားတာလဲ။”
“ကြည့်ရတာသားရဲအုပ်ကြီးနဲ့တူတယ်။ ဒီကောင်တွေရဲ့ အမြန်နှုန်းက အရမ်းမြန်လွန်းတယ်။”
သာမာန်ကျင့်ကြံသူများအဖွဲ့သည် ဆွံ့အလျှက်ရှိကြသည်။
သူတို့သည် သူတို၏့မျက်လုံးက ဘာမြင်လိုက်သည်ဆိုသည်ကိုပင် ကောင်းကောင်း မသိရှိလိုက်ကြချေ။
သံမဏိအရိုးဂိုဏ်းမှ သေမင်းတောင်ကြားဆီသို့ ခရီးထွက်ရာတွင် အနည်းဆုံး နှစ်ရက်မှသုံးရက်သို့ ကြာမြင့်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းတို့သည် လေကဲ့သို့ လျှင်မြန်လွန်းသော ဟာရီကိန်း ဝံပုလွေများကို စီးနင်းကာ အမြန်ဆန်ဆုံး သွားလျက်ရှိ၏။
လွန်ခဲ့သော ဆယ့်ငါးမိနစ်ခန့်က …… ။
သေမင်းတောင်ကြား၏အပြင်ဘက်မှာတော့ ရှောင်ကျီ ၊ စုရှောင်မို တို့ဦးဆောင်သော သံမဏိအရိုးဂိုဏ်း ၏ တပည့်စုစုပေါင်း (၁၃) ယောက်တို့သည် သေမင်းတောင်ကြား၏ အပြင်ဘက်တည်နေရာတွင် စုဝေးလျက်ရှိကြသည်။
သူတို့အား လူသုံးရာလောက်ရှိသော လူများက ဝိုင်းပတ်ကာ ပိတ်ဆို့ထားကြ၏။
ဟမ့် ..။
သက်လတ်ပိုင်းလူတစ်ယောက်သည် အေးစက်စက်ပြောလိုက်သည်။ “ဟွာယန်နိုင်ငံမှာရှိတဲ့ ငါ့ရဲ့တပည့်တွေက ဒီနေရာကို သားရဲတွေအမဲလိုက်ဖို့လာခဲ့တာ။ ဒါပေမဲ့ မင်းတို့ သံမဏိအရိုးဂိုဏ်းက ပြဿနာလာရှာတာပဲ။ ကျင့်ကြံခြင်းလောကရဲ့ ဥပဒေကို နားမလည်ဘူးထင်တယ်”
ဤလူသည် မိုးကြိုးခန်းမဆောင်၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။
ဟွာယန်နိုင်ငံတွင်း၌ သော အင်အားကြီးအဖွဲ့ခြောက်ခုထဲမှ တစ်ခုလည်းဖြစ်၏။ သူ့အပြင် တခြားအဖွဲ့များမှများပြားလှသော အကြီးအကဲများလည်း ဤနေရာတွင်ရှိနေသေး၏။
၎င်းတို့၏ အော်ရာများကိုကြည့်ရသည်မှာ မိစ္ဆာဂိုဏ်းများမှ လူများဖြစ်ကြောင်းသိသာသည်။
“ချီး …. ချီးလိုပဲ”
စုရှောင်မိုပြောလိုက်သည်။ “ခင်ဗျားတပည့်တွေက ဒီတောင်ကြားထဲမှာ သားရဲရိုင်းတွေရဲ့ သတ်ဖြတ်စားသောက်ခြင်းကို ခံရတော့မလို။ ကျုပ်တို့ရောက်လာပြီး ဒီကောင်တွေကိုသတ်ပြစ်လိုက်လို့ သူတို့ အသက်ချမ်းသာရာရခဲ့တာ။ ဘယ်လိုလုပ်ပြီး ကျုပ်တို့က ပြဿနာရှာရတဲ့သူဖြစ်ရတာလဲ။”
အခြေအနေကထိုအတိုင်းပင်ဖြစ်သည်။
ရှောင်ကျီနှင့်တခြားလူများသည် သေမင်းတောင်ကြားထဲသို့ ရောက်ရှိသည့်နောက်မှာတော့ မည်သည့်စိုးရိမ်ပူပန်မှုမှ မရှိဘဲ သားရဲများကို အမဲလိုက်လျက်ရှိ၏။
နောက်ပိုင်းမှာသူတို့သည် အမှတ်မထင် နေရာတစ်ခုဆီ ဝင်ရောက်သည့်အချိန်မှာတော့ သားရဲအဖွဲ့တစ်ခု၏ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခြင်းကိုခံနေရသော ကျင့်ကြံသူနှစ်ဆယ်ကျော်တို့ကို မြင်ခဲ့ရသည်။
ထို့ကြောင့်သူတို့သည် သွားရောက်၍ကယ်တင်ခဲ့၏။
ရှောင်ကျီနှင့်တခြားသူများအားလုံးသည် သားရဲများကိုဝင်ရောက်သတ်ဖြတ်ပြီး သားရဲ၏အသားများနှင့် သလင်းအမြုတေ များကို ယူလိုက်ကြ၏။
ကယ်တင်ခံလိုက်ရသော ကျင့်ကြံသူများမှာမပျော်ရွှင်ခဲ့ကြပေ။ သူတို့ ရရှိမည့် အသားနှင့် သလင်းအမြူတေများကို တစ်ဖက်လူများက ရယူသွားကြပြီ မဟုတ်လား။
သူတို့သည် ဟွာယန်နိုင်ငံရှိ မိတ်စ္ဆာဂိုဏ်းလေးခုမှ တပည့်များ ဖြစ်ကြပြီး ဤသေမင်းတောင်ကြားထဲသို့ ဝင်ရောက်ကာ အတူတကွ လေ့ကျင့်နေကြခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် သူတို့သည် သေမင်းတောင်ကြားထဲကထွက်ခွာပြီးသည်နောက်မှာတော့ အတူတကွပူးပေါင်းကာ ဤနေရာသို့ ပိတ်ဆို၍စောင့်နေကြခြင်းပင်ဖြစ်သည်။
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ မည်သို့ပါဝင်လာကြသနည်း။
တိုက်ဆိုင်မှုသာဖြစ်၏။
မဟာမိတ်အဖွဲ့မှ တချို့သောအင်အားစုများသည် သူတို့၏တပည့်များကိုခေါ်၍ လာရောက်လေ့ကျင့်ခဲ့ကြသည်။
သံမဏိအရိုးဂိုဏ်းအား ဟွာယန်နိုင်ငံ၏အင်အားစုများ ပိတ်ဆိုထားရသည်မြင်ချိန်မှာတော့ သူတို့သည် အားရပါးရ ဖြင့် ပွဲလာကြည့်ခြင်း ဖြစ်၏။
တစ်ဖက်လူများသည် အဖွဲ့ဖွဲ့၍သူတို့အားအနိုင်ကျင့်နေသည်ဖြစ်ကြောင်း စုရှောင်မို သိရှိလိုက်သည်။ ထို့ကြောင့် အလျှင်အမြန်ပဲ အသံပို့လွှတ်ကာ အနီးစပ်ဆုံးသူများဆီသို့ သတင်းပေးခဲ့ခြင်းဖြစ်သည်။
ထိုသတင်းသည် သံမဏိအရိုးဂိုဏ်းသို့ ရောက်ရှိသွားခဲ့၏။
“ဒီမိစ္ဆာဂိုဏ်း လေးဂိုဏ်းက အဆင့်ခြောက် ဂိုဏ်းတွေပဲ။”
“သံမဏိအရိုးဂိုဏ်းတပည့်တွေကတော့ ပြဿနာတက်ပြီ။”
“ရှိနေတဲ့ အကြီးအကဲနှစ်ယောက်က သိုင်းစစ်သူကြီးအဆင့်ကိုတောင် ရောက်နေပြီ ။ပြီးတော့ တပည့်သုံးရာကျော် လည်းပါသေးတယ်။ ပြာနှမ်းနေအောင်အရိုက်ခံဖိုဆိုတာ သေချာပြီ။”
“လေ့ကျင့်ဖို့အတွက် သေမင်းတောင်ကြားထဲကိုရောက်လာခဲ့တာ။ ဒါပေမဲ့ သံမဏိအရိုးဂိုဏ်း အနိုင်ကျင့်ခံနေရတာကိုမြင်ရမယ်လို့ မထင်မိခဲ့ဘူး။ဒါက တကယ့်ကိုကြည့်လို့ကောင်းတဲ့အရာတစ်ခုပဲ။”
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ခေါင်းဆောင်တစ်ချို့သည် အပြုံးများနှင့်ရှိနေကြ၏။
သူတို့သည် အသံပို့လွှတ်သည့်နည်းစနစ်များရှိသည်ဆိုပါက ချက်ခြင်းဆိုသလိုပဲ ချင်ဟောင်ရန်နှင့် တခြားသူများဆီသို့ သတင်းပို့ကာ ပွဲလာကြည့်ရန် ဖိတ်ခေါ်မိပေလိမ့်မည်။
“ပေါက်ကရတွေပြောမနေနဲ့”
မိစ္ဆာဂိုဏ်းအကြီးအကဲတွေထဲမှ တစ်ယောက်က အေးစက်စက်ပြောလိုက်သည်။
“မင်းတို့ယူထားတဲ့၊ ရထားတဲ့အရာတွေအားလုံးငါ့ကိုပေး။ မဟုတ်ရင် မင်းဒီနေရာက အသက်ရှင်လျက် ထွက်သွားဖို့ စဉ်းတောင်မစဉ်းစားနဲ့။”
စုရှောင်မိုသည် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “ဒီတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလျှင် ခင်ဗျားတို့က ကျုပ်တို့ဆီက လုယက်ချင်တာလား။”
“ဟား ဟား ဟား “
အကြီးအကဲသည် အားရပါးရရယ်ကာပြောလိုက်သည်။ “ဒီဟာနဲ့ပက်သက်ပြီးမင်းက မကျေနပ်လို့လား။”
သူသည် သံမဏိအရိုးဂိုဏ်း၏ အကြောင်းကိုကြားခဲ့ဖူးသည်။ သို့ပေမဲ့ စိတ်ထဲတွင် သိပ်၍မထားပေ။ နတ်စမ်းချောင်းဂိုဏ်းအား အနိုင်ယူခဲ့သည်ဆိုတော့လည်း ဘာဖြစ်လဲ။ သူ့အနေနှင့် ဂရုမစိုက်ချေ။
ထွီ
စုရှောင်မိုသည် တံတွေးထွေးကာပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းဆီက လုယက်ချင်တယ်ဆိုတော့ ခင်ဗျားဆီမှာအရည်အချင်းရှိလားဆိုတာ ကြည့်အုံးမယ်။”
“အရည်အချင်းဟုတ်လား။”
အကြီးအကဲ၏အကြည့်များသည် အေးစက်သွားသည်။ သူသည်မြန်ဆန်စွာဖြင့် ဝိညာဉ်တစ်ကောင်ကဲ့သို့ အရှေ့၌ ပေါ်လာခဲ့သည်။
ဟူး …. ဟူး….။
သူ၏လက်ဝေ့ယမ်းမှု နှင့်အတူ အနီရောင် သွေးနီလှိုင်းများသည် လက်သီးတစ်ခုအဖြစ်သို့ ဖြစ်တည်လာပြီး ကောင်းကင်ပေါ်မှကျဆင်းလာတော့သည်။
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများအားလုံး ထိုမြင်ကွင်းကိုမြင်တော့ အရမ်းကိုစိတ်လှုပ်ရှားသွားကြ၏။
ဂျိမ်း
ထိုအချိန်မှာတော့ ကျယ်လောင်သည့်အသံတစ်ခုကို ကြားလိုက်ရ၏။
ဟူး ဟူး …..
လေလှိုင်းတွေတိုက်ခိုက်လာပြီး ပတ်ဝန်းကျင်ရှိ မြက်ပင်နှင့်သစ်ပင်များမှ သစ်ရွက်များအားလုံးသည် လေနှင့်အတူ ကြွေကျလာသည်။
သို့ပေမဲ့ အားရပါးရကြည့်ရှုရန်ပြင်နေကြသော ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူအားလုံး၏ မျက်နှာအမူအရာများမှာတော့ အေးခဲသွားကြ၏။