အခန်း (၃၆၂)
Vol. 25 Ch. 362
တိုက်ခိုက်လိုက်သောသူသည် သွေးမီးတောက်ဂိုဏ်း၏ အကြီးအကဲ တစ်ယောက်ဖြစ်သည်။
သူသည် သိုင်စစ်သူကြီးပထမအဆင့်သို့ စတင်ဝင်ရောက်ကာစဖြစ်သည်ဆိုသော်လည်း အလွန်အဆင့်မြင့်သည့် သိုင်းပညာရှင်တစ်ယောက်ဖြစ်မှန်းတော့ ခန့်မှန်း၍ ရ၏။
လက်သီးချက်မှာတော့ အနည်းဆုံးဂျင်နှစ်သိန်းခန့်ရှိသော အားအင်များ ပါဝင်လျက်ရှိသည်။
ပွဲကို လာရောက်ကြည့်ရှုလျက်ရှိသော ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများအားလုံးသည် စကားလွန်သော သံမဏိအရိုးဂိုဏ်းတပည့်တော့ သွားပြီဟု သုံးသပ်လိုက်မိကြ၏။
အပြင်ဘက်သို့ ရောက်ချိန်တွင် သိုသိုသိပ်သိပ်နေထိုင်လို့ မရဘူးလား။ အဘယ့်ကြောင့် မိစ္ဆာဂိုဏ်းများ၏ ရှေ့တွင် တင်းတင်းမာမာ ဆက်ဆံနေရသနည်း။
ထိုအရာသည် သေခြင်းရှာခြင်းပင် ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီးသည့် နောက်မှာတော့ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ လူများအားလုံးသည် မပြုံးနိုင်တော့ချေ။
အဘယ့်ကြောင့်ဆိုသော် စုရှောင်မို၏ ရှေ့တွင် ရှောင်ကျီသည် မတ်မတ်ရပ်လျက်ရှိပြီး သူ၏ခန္ဓာကိုယ်အားအင်ကို အသုံးပြုကာ သွေးမီးတောက် ဂိုဏ်း အကြီးအကဲ ၏ တိုက်ခိုက်မှုကို ခုခံလိုက်၏။
သူသည် အလွန်အဆင်ပြေလျက်ရှိပြီး တစ်ချက်ကလေးမှ ယိုင်မသွားဘဲ မတ်မတ်ရပ်နေလျက်ရှိသည်။
"...." အားလုံးသော လူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြ၏။
၎င်း၏ခန္ဓာကိုယ်အားအင်သည် မည်မျှအားကောင်းလိုက်သနည်းဆိုသော် ဂျင်နှစ်သိန်းသောအားအင် တိုက်ခိုက်မှုကို ခံရသည်တောင်မှ မတ်မတ်ရပ်လျက်ရှိနေသည်။
သွေးမီးတောက်ဂိုဏ်းမှ အကြီးအကဲသည် အံ့အားသင့်သွားသည်။ သို့ပေမဲ့ သူသည် အားရပါးရ ထရယ်လိုက်၏။ "ကောင်လေး .. မင်း တော်တော် အားကောင်းတာပဲ။"
သွေးနှင့်မီး ဓာတ်သဘာဝများအားလုံးသည် သူ၏ ခန္ဓာကိုယ်၌ ထွက်ပေါ်လာသည်။
သွေးမီးတောက်ဂိုဏ်း၏ တပည့်များသည် အဆင့်မြင့် မိစ္ဆာနည်းစနစ်ဖြစ်သော သွေးမီးတောက် နည်းစနစ်အား အဓိကထား၍ ကျင့်ကြံကြသည်။
သွေးမိစ္ဆာနည်းစနစ်များသည် သိုင်းကျင့်ကြံသူများ၏ ကျင့်ကြံခြင်း အဆင့်အား တိုးမြှင့်ပေးနိုင်မည့် အပြင် အမြန်အဆန်ဆုံး အားကောင်းလာအောင် ထောက်ပံ့ပေး၏။
သို့ပေမဲ့ ကိစ္စတစ်ခုရှိသည်။ ထိုအရာမှာ လူ၏ သက်တမ်းနှင့်ပြန်လည်၍ လဲလှယ်ရခြင်းပင် ဖြစ်သည်။
ဟူး ဟူး။
သွေးမီးတောက်များ၏ အော်ရာများသည် တည်နေရာတစ်ခုလုံးသို ပျံ့နှံ့သွားသည်။
လေထဲတွင်တော့ လက်သီးလေးခုဖြင့် စုဖွဲ့လာသည်။ ထိုလက်သီးများဆီမှ အလွန်တရာ အားကောင်းလှသော အရှိန်အဝါများ ထွက်ပေါ်လျက်ရှိ၏။
"ဒါပေမဲ့"
အကြီးအကဲက အေးစက်စက် ပြောလိုက်သည်။ "မင်း ဘာလောက်ပဲ အားကောင်းတယ်ဆိုဆို မင်းက သဲအိတ်လေး တစ်အိတ်သာသာပဲ။"
ဟူး။
လက်သီးကြီး လေးခုသည် အလွန်တရာ ပြင်းထန်လှသော အားအင်နှင့်အတူ အောက်သို့ ဆင်းသက်လာခဲ့၏။
ဘန်း ဘန်း ဘန်း။
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး လေပြင်းများသည်ပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသောကြောင့် အနားပတ်ဝန်းကျင်တွင် ကြည့်ရှုနေကြသော ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် တုန်ရင်သွားကြသည်။
ဤမျှကြောက်မက်ဖွယ်ရာ ကောင်းလှသော တိုက်ခိုက်ချက်များကို ရင်ဆိုင်ရသည့် အချိန်တွင် သံမဏိအရိုးဂိုဏ်းတပည့်သည် မသေလျှင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။
သို့ပေမဲ့ သူတို့သည် တည်နေရာသို့ လှမ်းကြည့်လိုက်သည့် အချိန်မှာတော့ မူလနေရာ၌ပင် မတ်မတ်ရပ်လျက်ရှိနေသေးသည့် ရှောင်ကျီအား မြင်လိုက်ရချိန်မှာဝောာ့ ဆွံ့အသွားမိကြ၏။
လက်သီးချက် တစ်ခုချင်းစီသည် အနည်းဆုံးဂျင်နှစ်သိန်းခန့် ရှိသော အားအင်ကို ပိုင်ဆိုင်ပြီး တိုက်ခိုက်ချက်လေးချက်ကို ထုတ်ဖော်ခဲ့၏။
သံမဏိအရိုးဂိုဏ်းတပည့်အနေနှင့် ခံနိုင်ရည်ရှိသည် ဆိုလျှင်တောင်မှ အနည်းဆုံးနောက်ဘက်သို့ ခြေနှစ်လမ်းလောက်တော့ ဆုတ်ခွာသွားသင့်သည် မဟုတ်လား။
"အရမ်းအားနည်းလွန်းတယ်။"
ရှောင်ကျီသည် ထူးမခြားနားသလို ပြောလိုက်သည်။
ပိုးမျှင် ချပ်ဝတ်အပြင် သူ၏ အားကောင်းလှသော ခန္ဓာကိုယ်နှင့် ပူးပေါင်းလိုက်ချိန်မှာတော့ မိစ္ဆာဂိုဏ်းအကြီးအကဲ၏ တိုက်ခိုက်ချက်များကို ကြံကြံခံ ရင်ဆိုင်ဖို့ဆိုသည်မှာ အလွန်ပင် လွယ်ကူလွန်းသွား၏။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် သွေးမီးတောက်ဂိုဏ်းအကြီးအကဲ၏ အားအင်သည် ရှောင်ကျီထက် သာလွန်လွန်းသည်။ သို့ပေမဲ့ အဆုံးစွန်ထိ လေ့ကျင့်ထားသော ခန္ဓာကိုယ်အားအင်အပြင် ပိုးမျှင် ချပ်ဝတ်ကဲ့သိုသော အကာအကွယ်ပစ္စည်း နှင့် ပေါင်းစပ်လိုက်ချိန်မှာတော့ နှစ်ယောက်ကြားကွာခြားချက်မှာ ဘာမှ မရှိတော့ချေ။
တစ်ဖက်လူသည် လူများလွန်းသည်သာ မဟုတ်လျှင် သူသည် ဂိုဏ်းဆီသို့ သတင်းပင် ပို့မိလိမ့်မည် မဟုတ်ပေ။
မိစ္ဆာဂိုဏ်းအကြီးအကဲ၏ အမူအရာသည် အလွန်ပင် ပျက်ရွင်းသွားသည်။
သူသည် တိုက်ခိုက်ချက်လေးချက် ကို တစ်ခါတည်း တိုက်ခိုက် ထုတ်ဖော်ခဲ့၏။ သို့ပေမဲ့ သိုင်းဆရာတစ်ယောက်ကိုတောင်မှ နောက်သို့ လှန်သွားအောင် မပြုလုပ်နိုင်ပေ။ ဤအရာမှာ အလွန်ရှက်ရွံ့ဖွယ်ရာ ကောင်းလွန်း၏။
ဟူး။
ထိုအချိန်မှာတော့ ရှောင်ကျီသည် ရှေ့သို့ လျှောက်တက်လာပြီး သူ၏ ညာလက်သီးနှင့် ထိုးချလိုက်တော့သည်။
အကြီးအကဲသည် သူ့အား မည်မျှခံနိုင်ရည် ရှိသည်ဆိုဆို သဲအိတ်တစ်ခုသာ ဖြစ်သည်ဟု ပြောဆိုခဲ့၏။ ထို့ကြောင့် သူသည် ပြန်လည်၍ တုန့်ပြန်ရပေလိမ့်မည်။
လက်သီးချက်မှာ အလွန်မြန်ဆန်၍ ရုတ်တရက်ဆန်လွန်းလှသည်။
မိစ္ဆာဂိုဏ်းအကြီးအကဲသည် အလစ်၌ တိုက်ခိုက်ချက်ကို ခံလိုက်ရသည်ဆိုသောကြောင့် ရှောင်ရှားရန် မဖြစ်နိုင်တော့ချေ။
သူ၏ မိစ္ဆာအော်ရာများ ပြည့်နှက်လျက်ရှိသော ညာလက်သီးအား ဆွဲမ၍ တိုက်ခိုက်ချက်အား ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။
ဘုန်း။
လက်သီးများသည် ထိပ်တိုက်ရင်ဆိုင်ပြီးသွားပြီးနောက် ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။
ဝှစ် ဝှ … စ်။
ပတ်ဝန်းကျင်ရှိ တည်နေရာတစ်ခုလုံးသည် စွမ်းအင်လှိုင်းများနှင့် ပြည့်နက်သွားသည်။
ထိုစွမ်းအင်လှိုင်းများမှ ဖြစ်ပေါ်လာသော အရှိန်အဝါများသည် ကြည့်ရှုနေကြသောလူများကိုပင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေ၏။
တိုက်ခိုက်ချက်အနည်းငယ် ပြန်လည်တိုက်ခိုက်ပြီးသည့် နောက်မှာတော့ မိစ္ဆာဂိုဏ်းအကြီးအကဲသည် နောက်သို့ ခြေနှစ်လမ်း ဆုတ်သွားသည်။
ရှောင်ကျီမှာတော့ ကျောက်တုံးကြီးတစ်ခုလိုပင် တည်နေရာ၌ မတ်မတ်ရပ်လျက်ရှိနေတော့သည်။
"...." အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။
ဤသံမဏိအရိုးဂိုဏ်းသား၏ ခန္ဓာကိုယ်သည် အလွန်တရာ မာကျောလွန်း၏။
ဆွစ်။
စုရှောင်မိုသည် တိမ်ခြေလှမ်းကို အသုံးပြု၍ စက်ဝိုင်းပုံစံ လှည့်ပတ်လိုက်၏။ မည်သည့် စကားမှ မဆိုဘဲ လေထဲသို့ ခုန်တက်၍ ညာခြေကို မြှောက်ကာ ကန်လိုက်တော့သည်။
ဘုန်း။
ဤကန်ချက်သည် မိစ္တာဂိုဏ်းအကြီးအကဲ၏ ဦးခေါင်းဆီသို့ တည့်တည့်ထိမှန်တော့သည်။
မိစ္ဆာဂိုဏ်းအကြီးအကဲသည် နောက်ဘက်သို့ လွင့်စင်သွားပြီး သစ်ပင်ကြီးတစ်ပင်နှင့် ဝင်တိုက်မိသည်။
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများအားလုံးသည် ဆွံ့အသွားသည်။
တစ်ဖက်လူသည် သိုင်းဘုရင်တစ်ယောက်ဖြစ်သည်။ သို့ပေမဲ အဘယ့်ကြောင့် ဤမျှလွယ်လွယ်ကူကူနှင့် လွင့်စင်သွားအောင် အကန်ခံရသနည်း။
"အကြီးအကဲ"
သွေးမီးတောက်ဂိုဏ်းမှ တပည့်များအားလုံးသည် ထအော်လိုက်မိသည်။
မြေပေါ်တွင် လဲနေသော အကြီးအကဲသည် နာကျင်စွာဖြင့် သူ၏ ဦးခေါင်းကို ကိုင်ကာ ဒေါသတကြီး ထအော်လိုက်မိသည်။ "အားလုံးကို သတ်စမ်း"
"ကောင်းပါပြီ"
တပည့်များအားလုံးသည် အမိန့်ကို လိုက်နာလိုက်သည်။
သူတို့အားလုံးသည် သွေးမီးတောက် အတတ်ပညာအား အသက်သွင်းလိုက်သည်။
သွေးနှင့် မီးဓာတ်ဆီမှ ထွက်ပေါ်လာသော အော်ရာများသည် အပြင်ဘက်သို့ အရှိန်အညှီးညှီးဖြင့် ဖြစ်တည်လာ၏။
အခြားတစ်ဖက်မှာ ရှိသော မိစ္ဆာဂိုဏ်းတပည့်များအားလုံးသည်လည်း သူတို့၏ ကျင့်ကြံခြင်း နည်းစနစ်များအား အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။
ချလွမ် ချလွမ်။
သံမဏိအရိုးဂိုဏ်းဆယ့်သုံးယောက်တို့သည် သူတို့၏ အအေးဓား သို့မဟုတ် လှံများကို ဆွဲထုတ်လိုက်ကြတော့သည်။
ဂိုဏ်းချုပ်ကျွင်းသည် သူတို့ကို လေ့ကျင့်ရန် အပြင်ဘက်သို့ လွှတ်လိုက်ပြီဆိုကတည်းက လက်ဗလာနှင့် လွှတ်လိုက်သည် မဟုတ်ပေ။ ထို့ကြောင့် သူတို့တွင် လက်နက်နှင့် ပစ္စည်းပစ္စယများ ပါလာခြင်းမှာ သဘာဝပင် ဖြစ်တော့သည်။
အရေအတွက်အားဖြင့် အလွန်တရာ များပြားလှသည် ဆိုသော်လည်း သံမဏိအရိုးဂိုဏ်းတပည့်များသည် လုံးဝ နောက်ဆုတ်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်း၏ ဆောင်ပုဒ်မှာ သေသည်အထိ တိုက်ခိုက်ရမည် ဟူ၍ ဖြစ်၏။
"လာပြီ လာပြီ။ တကယ့်ပွဲကြီးစပြီ။ ဆယ့်သုံးယောက်နဲ့ လူသုံးရာ တိုက်ခိုက်တော့မယ်။"
"သံမဏိအရိုးဂိုဏ်းတပည့် ဘယ်လောက် အားကောင်းလဲဆိုဆို ဖူးရောင်နေအောင် အရိုက်ခံရမှာပဲ။"
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ လူများသည် သံမဏိအရိုးဂိုဏ်း၏ ဆိုးရွားသော အခြေအနေကို ကြည့်ရှုပြီး ရယ်လိုက်က်ကြသည်။
လက်ရှိအချိန်တွင် ချင်းယန်နိုင်ငံမှ တစ်ခြားသော တပည့်များ ရှိမည်ဆိုလျှင် ကျိန်းသေပေါက် ရှေ့သို့ တက်၍ ကူညီကြပေလိမ့်မည်။
သို့ပေမဲ့ လက်ရှိတွင် ကြည့်နေကြသော လူများမှာ ဘေးတစ်ဖက်တွင် ရပ်၍ အားရပါးရ ရယ်မောဖို့သာလျှင် စိတ်ရှိနေကြသည်။ အလွန်တရာ စိတ်ပျက်ဖွယ်ရာ ကောင်းလှ၏။
"သွား ….. တက်စမ်း"
သွေးမီးတောက်ဂိုဏ်း၏ တပည့်ခြောက်ဆယ်ကျော်တို့သည် ၎င်းတို့၏လက်နက်များကို ဆွဲထုတ်ကာ ရှေ့သို့ လှမ်းတက်လာကြသည်။
ဘုန်း ဘုန်း။
ရှောင်ကျီ သည် ရှေ့သို့ လှမ်းတက်ပြီး သူ၏ လက်သီးများကို ဝှေ့ယမ်းကာ မိစ္ဆာဂိုဏ်းသားနှစ်ယောက်အား ချက်ချင်းပဲ လွင့်စင်အောင် တိုက်ခိုက်လိုက်ကြတော့သည်။
အခြားတစ်ဖက်တွင်ရှိသော စုရှောင်မိုနှင့် လီဖေးတို့မှာလည်း သူတို့၏ လျင်မြန်သည့် ခြေလှမ်းကွက်များအား သုံး၍ ကန်ကြောက်လျက်ရှိ၏။
ဤမြင်ကွင်းမှာ အလွန်တရာ ကျွမ်းကျင်လှသော သိုင်းပညာရှင်တစ်ယောက်အား ရေတွက်၍မရအောင် များပြားသော သိုင်းပညာရှင်များက ဝိုင်းဝန်းတိုက်ခိုက်နေသည့် ရုပ်သံ အစီအစဉ် များမှ မြင်ကွင်း နှင့်ပင်ဆင်တူနေသည်။ ရှေ့ကိုကန်လိုက် ၊ ဘေးကိုကန်လိုက်၊ နောက်ကိုကန်လိုက်နှင့် အားလုံးက ရှုပ်ရှက်ခက်နေကြသည်။
ထျန်းချီမှာ သူ၏ စီနီယာအစ်ကိုများကဲ့သို့ ခြေလှမ်းကွက်ကို အသုံးမပြုပေ။ သူသည် လက်ထဲတွင် အအေးဓားကို ကိုင်ပြီး သူ့အားတိုက်ခိုက်နေကြသော လူများကို အညှာအတာကင်းမဲ့စွာဖြင့် သတ်ဖြတ်လျက်ရှိသည်။
သက်ညှာထောက်ထား သနားခြင်းဆိုသည်မှာ ကောင်းမွန်သော လူများနှင့်သာ ထိုက်တန်၏။ ဤကဲ့သို့သော မိစ္တာကျင့်ကြံသူများအတွက် လုပ်ရမည့် လုပ်ငန်းစဉ်မှာ တစ်ခုတည်းသာရှိသည်။
သတ်ပစ်ရန်သာ။
ရွှီ …. ရွှီ။
ကျန်သည့် သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည်လည်း စတင်၍ တိုက်ခိုက်နေကြပြီဖြစ်သည်။
တော်တော်များများသည်လည်း ထိုကဲ့သို့သော တိုက်ပွဲမျိုးကို အရင်က အတွေ့အကြုံ မရှိခဲ့ပေ။ သို့ပေမဲ့ စီနီယာအစ်ကိုများ၏ ကြမ်းတမ်းလှသော စွမ်းဆောင်ရည် နှင့်အတူ တိုက်ခိုက်သတ်ဖြတ်ချက်များကို မြင်ရချိန်မှာတော့ သူတို့အားလုံးသည် သူတို့၏ ကိုယ်၌ ရှိသော ကျင့်ကြံခြင်း နည်းစနစ်များကို အစွမ်းကုန် ထုတ်သုံးကာ စတင်၍ ရူးရူးမူးမူး သတ်ဖြတ်ကြတော့၏။
အချိန်တိုအတွင်းမှာပဲ သွေးမီးတောက် ဂိုဏ်းမှ တပည့်နှစ်ဆယ်ကျော်တို့သည် သေဆုံးသွားကြပြီဖြစ်သည်။
မြေပေါ်၌ မတ်တပ်ရပ်လာနိုင်ပြီဖြစ်သော သွေးမီးတောက်ဂိုဏ်းအကြီးအကဲ၏ မျက်လုံးထဲမှာတော့ အလွန်တရာ ကြီးမားလှသော သတ်ဖြတ်လိုခြင်း ဆန္ဒများပြည့်နက်လျက်ရှိသည်။
သူသည် သူ၏ ဓားမော့ကို ဆင့်ခေါ်ကာ ရှေ့သို့ လှမ်းတက်လာ၏။
တစ်ချိန်တည်းမှာပဲ ဟွာယန် နိုင်ငံတွင်ရှိသော တစ်ခြားမိစ္တာဂိုဏ်းသုံးခုသည် လည်း ငြိမ်၍ ထိုင်မကြည့်ကြတော့ချေ။ သူတို့၏ သိုင်းနည်းစနစ်များကို ထုတ်ဖော်ကာ ရှေ့သို့ ချီတက်လာသည်။
ဤအချိန်မှာတော့ သူတို့ ကောင်းကောင်းမြင်ရသည်မှာ သံမဏိအရိုးဂိုဏ်းတပည့်များသည် ကျင့်ကြံခြင်းအဆင့် မြင့်မားလှသည် မဟုတ်ပေ။ သို့ပေမဲ့ လက်နက်များမှာ အလွန်တရာအားကောင်းလှ၏။
အရှိန်အဟုန် ကောင်းကောင်း ၊ လူအင်အား ကောင်းကောင်းဖြင့် တစ်ခါတည်းဝင်ရောက်တိုက်ခိုက်ပြီး အဆုံးသတ်မှသာ ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူတို့အနေနှင့် အနိုင်ယူရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ တစ်ဖက်လူ၏ ပစ္စည်းများကို လုယူချင်ခြင်းသာ ဖြစ်တော့သည်။ ထို့ကြောင့် တစ်ဖက်လူများ၏ ပစ္စည်းများအား လိုချင်သည် ဆိုလျှင် သတ်ဖြတ်ပစ်မှ ဖြစ်မည်။
ဘန်း … ဘန်း။
တည်နေရာအကျယ်ကြီးထဲမှာတော့ မိစ္ဆာကျင့်ကြံသူတစ်ရာကျော်တို့သည် ဒီရေလှိုင်းများကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း တိုးကာ ရှေ့တို့တက်လာတော့သည်။
သို့ပေမဲ့ အခြေအနေမှာ သူတို့အတွက် အခွင့်အရေးလည်း မသာပေ။
သံမဏိအရိုးဂိုဏ်းတပည့်များသည် အတူတကွ စုစည်းပြီး တစ်ချက်ကလေးမှ ကြောက်ရွံ့ဟန်မပြဘဲ ပြန်လည်တိုက်ခိုက်နေသည်။
ရန်သူများသည် သံမဏိအရိုးဂိုဏ်းတပည့်များအား ချုပ်နှောင်မိရန် ကြိုးစားကြ၏။
ဤအချိန်မှာပဲ မိစ္ဆာကျင့်ကြံသူများသည် သူတို့၏ လက်ကောက်ဝတ် ၌ရှိသော လက်နက်ပုန်းများကို ထုတ်ယူကာ တစ်ခါတည်း တိုက်ခိုက်လိုက်ကြတော့သည်။
ဤလူများသည် မည်သို့ ကောင်းကောင်းမွန်မွန်နှင့် တိုက်ခိုက်ရမည်ကို မသိကြသူများ ဖြစ်သည်မို့ သူတို့အနေနှင့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ချင်သည်ဆိုလျှင် နည်းလမ်းမျိုးစုံကို အသုံးပြု၍ သတ်ဖြတ်သည်မှာ သဘာဝ ကျသည်။
ဒင် … ဒင် … ဒင် … ဒင်။
သံမဏိအရိုးဂိုဏ်းတပည့်များသည် ရှေ့တွင် မတ်မတ်ရပ်နေကြပြီး ဘေးသို့ ရှောင်ရှားမသွားကြချေ။ သူတို့သည် သံမဏိဒိုင်းကာအား ထုတ်ယူ၍ လက်နက်ပုန်း တိုက်ခိုက်မှုများကို ကာကွယ်လိုက်ကြသည်။
"သေစမ်"
စုရှောင်မိုသည် နောက်ဘက်ဆီမှ ခုန်ထွက်လာပြီးသည့်နောက် လက်ထဲရှိ အအေးဓားမှ အလင်းတန်းများ ဖြတ်ပြေးသွားတော့သည်။
သူ၏ ဓားရောင်စဉ်များအားလုံးသည် မိစ္ဆာကျင့်ကြံသူ လေးယောက်တို့၏ ဦးခေါင်းများကို ယူဆောင်သွားကြသည်။
ဝှစ်။
တိုက်ခိုက်လို့ပြီးပြီးချင်းမှာပဲ သူ၏ ဘေးတဖက်ဆီမှ လေတိုးသံတစ်ခု ပေါ်လာသည် ကို သတိပြုမိလိုက်သည်။
မိစ္တာဂိုဏ်းအကြီးအကဲသည် ဒေါသတကြီးဖြင့် သူ၏ ဓားမော့ကြီးကို မြှောက်ကိုင်ကာ ခုန်ဝင်လာခြင်းပင် ဖြစ်လေ၏။