← Chapters

အခန်း (၃၆၃)

Vol. 25 Ch. 363

အခန်း (၃၆၃)

Vol. 25 Ch. 363

"သတိထား"

ရှောင်ကျီသည် ခြေလှမ်းကျဲကြီးများဖြင့် ရောက်ရှိလာပြီး ချက်ချင်းဆိုသလိုပဲ သံမဏိဒိုင်းကာအား ထုတ်ကာ အလွန်တရာ ပြင်းထန်လှသော ဓားမော့တိုက်ခိုက်ချက်ကို ခုခံလိုက်၏။

ဘန်း

အားအင်သည် အလွန်တရာပြင်းထန်လှ၏။ သို့ပေမဲ့ သံမဏိဒိုင်းကာအား တစ်ချက်လေးတောင် တုန်ခါမသွားစေပေ။

သွေးမီးတောက်ဂိုဏ်း အကြီးအကဲ၏ မျက်လုံးများသည် ပြူးထွက်သွားသည်။

ဤအကောင်၏ သံမဏိဒိုင်းကာသည် သာမန်ပုံစံ ရှိသည်ဆိုသော်လည်း သူ၏ အလယ်အလတ်အဆင့် လက်နက်ကိုပင် တားဆီးထားနိုင်စွမ်းရှိ၏။

သံမဏိအရိုး အရိပ်မဲ့ ခြေကန်ချက်။

ရုတ်တရက် ဆိုသလိုပဲ လီဖေး သည် လေထဲသို့ ခုန်လိုက်ပြီး အလွန်တရာ များပြားသော ခြေကန်ချက်များကို ထုတ်ဖော်ကာ သွေးမီးတောက်ဂိုဏ်းအကြီးအကဲ၏ နောက်ကျောအား ပိတ်ကန်လိုက်တော့သည်။

ရွှီ။

ဤအချိန်မှာပဲ အဝေးတစ်နေရာတွင် မတ်တပ်ရပ်ကာ ကြည့်လျက်ရှိနေသော မိုးကြိုးခန်းမဆောင်၏ အကြီးအကဲသည် သူ၏လက်ထဲတွင် အနက်ရောင် စွမ်းအင်လှိုင်းများကို ဖွဲ့စည်းလိုက်ပြီး စွမ်းအင်အလင်းတန်းလုံးများကဲ့သို့ပင် ပစ်လွှတ်လိုက်တော့သည်။

ဘန်း

လီဖေးသည် လမ်းတစ်ဝက်မှာပဲ စွမ်းအင်အလင်းတန်းလုံးနှင့် ထိမှန်ပြီး အဝေးသို့ လွင့်စင်သွားတော့သည်။ မြေပေါ်သို့ ပြန်ကျချိန်မှာတော့ သူသည် အတင်းကုန်းရုန်းထလိုက်၏။

သူ၏ မျက်နှာပေါ်တွင် အလွန်တရာ ကြမ်းတမ်း၊ တင်းမာ ခက်ထန်မှု အရိပ်အယောင်များ ပေါ်လာတော့သည်။

ကံကောင်းစွာနှင့် သူသည် ပိုးချည်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့၏။

ထို့ကြောင့် တစ်ဖက်လူ၏ အားအင်သည် အလွန်တရာ ပြင်းထန်လှသည်ဆိုသော်လည်း သူ့အနေနှင့် တစ်ချက်လေးမှပင် ထိခိုက်နာကျင်မှု မဖြစ်ခဲ့ပေ။ ပိုးချည်ချပ်ဝတ်သာ ဝတ်ဆင်မထားပါက အကြီးအကျယ် ဒဏ်ရာ ရပေလိမ့်မည်။

"ကျား"

စုရှောင်မို အော်လိုက်သည်။

ကောင်းပြီ။

ရှောင်ကျီနှင့် သူသည် သွေးမီးတောက်ဂိုဏ်းခေါင်းဆောင်အား ပစ်မှတ်ထား တိုက်ခိုက်လိုက်ပြီး လီဖေးနှင့် ထျန်းချီတို့မှာတော့ တစ်ခြားသော မိစ္ဆာဂိုဏ်း၏ အကြီးအကဲများကို ပစ်မှတ်ထား တိုက်ခိုက်တော့သည်။

သိုင်းစစ်သူကြီးအဆင့် အကြီးအကဲနှစ်ယောက်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော ကျင့်ကြံသူများ ဖြစ်သည်။

ထိုသူတို့အား အလုပ်ရှုပ်အောင် ပြုလုပ်ထားနိုင်သည်ဆိုလျှင် ကျန်သည့် သံမဏိအရိုးဂိုဏ်းတပည့်များသည် မိစ္တာဂိုဏ်းသားများအား အပြင်းအထန် တိုက်ခိုက် အနိုင်ယူနိုင်ပေလိမ့်မည်။

ကျန်သည့် မိစ္ဆာဂိုဏ်းသားများမှာ တကယ့်ကို အမှိုက်ဂိုဏ်းသားများကဲ့သို့ပင် ဖြစ်သည်။

သံမဏိအရိုးဂိုဏ်းတပည့်များမှာတော့ သိုင်းတပည့်အဆင့်သုံးမှ အဆင့်ငါးအတွင်းသို့ ရှိကြသောသူများ ဖြစ်ကြသည် ဆိုသော်လည်း သူတို့၏ အားအင်ထုတ်ဖော်နိုင်စွမ်းနှင့် တိုက်ခိုက်နိုင်စွမ်းမှာ အလွန်တရာ အားကောင်းလှသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် ပိုးချည် ချပ်ဝတ်ကို ဝတ်ဆင်ထားကြသူများလည်း ဖြစ်၏။

၎င်းတို့အားလုံး၏ စွမ်းဆောင်ရည်သည် ထူးခြားသိသာစွာ အားကောင်းလှသည်မဟုတ်သော်လည်း နတ်ဘုရားအဆင့် လက်နက်နှင့် ပစ္စည်းများက အကောင်းဆုံးသော အခြေအနေတစ်ခုသို့ ရောက်အောင် ထောက်ပံ့ကူညီလျက်ရှိနေသည်။

သံမဏိအရိုးဂိုဏ်းတပည့်များသည် တင်းတင်းကြပ်ကြပ် ဝိုင်းပိတ်တိုက်ခိုက်ခြင်းကို ခံနေရသည်ဆိုသော်လည်း တစ်ဖက်လူများသည် သူတို့၏ ခုခံကာကွယ်ထားမှု အခြေခံအား မထိုးဖောက်နိုင်ကြချေ။

သတိမထားမိပါက ပြန်လည်၍ပင် အသက်ဖြတ်ခံရပေလိမ့်မည်။

သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံသူနှစ်ယောက်၏ အခြေအနေမှာမူ ပို၍ ဆိုးရွားလာသေး၏။

သူတို့သည် သံမဏိအရိုးဂိုဏ်း၏ အတွင်းစည်းတပည့်များ တိုက်ခိုက်မှုကို ကြံကြံခံ ရင်ဆိုင်နေရသည်။

သံမဏိအရိုးဂိုဏ်း တပည့်နှစ်ယောက်နှင့် ရင်ဆိုင်သည့် အခြေအနေမှာတော့ သူတို့သည် အလွန်တရာ ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။

အထူးသဖြင့် ရှောင်ကျီနှင့် စုရှောင်မိုတို့ ပူးပေါင်းတိုက်ခိုက်မှုတွင် တစ်ယောက်သည် အလွန်တရာ ပြင်းထန်လှသော အားအင်နှင့် ခုခံခြင်းကို ပိုင်ဆိုင်ပြီး အခြားတစ်ယောက်မှာတော့ အလွန်တရာ မြန်ဆန်လှသည်။ ထို့ကြောင့် သွေးမီးတောက်ဂိုဏ်း၏ အကြီးအကဲသည် ဆိုးဆိုးရွားရွား အခြေအနေထိရောက်အောင် ကြံကြံခံ ရင်ဆိုင်နေရသည်။

လီဖေးနှင့် ထျန်းချီတို့ ရင်ဆိုင်နေရသော မိုးသက်လေပြင်း ခန်းမဆောင်၏ အကြီးအကဲမှာလည်း အလွန်တရာ ခက်ခဲသည့် အခြေအနေသို့ ရောက်နေသည်။ သူသည် တိုက်ခိုက်လေ ပို၍ ဆိုးရွားသည့် အခြေအနေသို့ ရောက်လေ ဖြစ်နေသည်။

ကျင့်ကြံခြင်းအဆင့်ကို မကြည့်နှင့် သူ့ကိုယ်သူပင် သိုင်းစစ်သူကြီးတစ်ယောက် ဟုတ်ရဲ့လားဟု သံသယဝင် နေမိ၏။

ဘုန်း … ဘုန်း

တိုက်ခိုက်ရေး တည်နေရာထဲမှာတော့ လူခြောက်ယောက်သည် အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။

ဂိုဏ်းတရာမဟာမိတ်အဖွဲ့မှ လူများသည် ထိုမြင်ကွင်းကို ကြည့်၍ တံတွေးမြိုချလိုက်မိ၏။

သူတို့၏ အမြင်တွင် သံမဏိအရိုးဂိုဏ်းမှ တပည့်များသည် အလွန်တရာပင် အားကောင်းလှ၏။ သို့ပေမဲ့ သိုင်းစစ်သူကြီးတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်သည်ဆိုသည်မှာ မယုံနိုင်ဖွယ်ရာပင် ဖြစ်တော့သည်။

ဝူး

အဝေးတစ်နေရာဆီမှ ဝံပုလွေအော်သံများ ထွက်ပေါ်လာတော့သည်။

အားလုံးသည် ခေါင်းလှည့်၍ ကြည့်လိုက်ချိန်မှာတော့ လေတိုက်လိုက်သကဲ့သို့ လှစ်ခနဲ ရောက်ရှိလာသော တစ်စုံတစ်ယောက်ကို မြင်လိုက်ရကြသည်။

"ဟားဟား …. ဂိုဏ်းချုပ်ပဲ"

သံမဏိအရိုးဂိုဏ်းတပည့်များသည် ခုခံကာကွယ်ရင်းမှ အလွန်တရာ ပျော်ရွှင်သွားကြသည်။

စုရှောင်မိုသည် တစ်ဖက်မိစ္ဆာအကြီးအကဲ အားနောက်သို့ ဆုတ်သွားအောင် အတင်းတွန်လွှတ် တိုက်ခိုက်လိုက်သည်။

ထို့နောက် ထူးမခြားနားသလို ပြောလိုက်သည်။ "ဟေ့လူကြီး …. ခင်ဗျား သေရတော့မယ့် အချိန်ရောက်ပြီ။"

"မောက်မာလိုက်တာ"

သွေးမီးတောက်ဂိုဏ်းအကြီးအကဲသည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ဝှစ်။

ပြောနေတုန်းမှာပဲ သူသည် ဓားမော့အားလက်နှစ်ဖက်နှင့် ကိုင်ဆောင်လိုက်၏။

သွေးကဲ့သို့ နီရဲနေသော အော်ရာများသည် ဓား၏ အထက်၌ ဖြစ်တည်လာပြီး ဓားမော့ကြီးတစ်ခုလုံးတွင် မီးတောက်များ ပေါ်ပေါက်လာတော့သည်။ အလွန်တရာ ကြမ်းတမ်းလှပေသည်။

သူသည် သူ၏ ဝှက်ဖဲကို အသုံးပြု၍ တိုက်ခိုက်မှ ဖြစ်ပေတော့သည်။

ဝှစ်။

သူသည် စွမ်းအင်များကို စုစည်းနေတုန်းမှာ လေပြင်းလှိုင်းတစ်ခုသည် သူ၏ ရှေ့သို့ ရောက်ရှိလာ၏။

ဝှစ်။

ဓားမော့အလင်းတန်းများသည် ဖြတ်ပြေးသွား၏။

“မကောင်းတော့ဘူး။”

သွေးမီးတောက်အကြီးအကဲသည် ထအော်လိုက်သည်။ ထိုအချိန်မှာပဲ သူ၏ နှလုံးသားထဲတွင် အလွန်တရာ အားကောင်းလှသည့် သေခြင်းတရား၏ အရှိန်အဝါများကို ခံစားလိုက်မိတော့သည်။

သူသည် လွတ်မြောက်အောင် ရှောင်တိမ်းလိုက်ချင်၏။ သို့သော်လည်း မဖြစ်နိုင်ချေ။

အစိမ်းရောင် အလင်းတန်းများသည် သူ့အား ပိုင်းဖြတ်ထားတော့သည်။

ရွှီ။

ဂိုဏ်းအော်ရာများသည် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ဖြစ်စဉ်တစ်ခုလုံးသည် လျှပ်ပြက်သကဲ့သို့ မြန်ဆန်လွန်းလှ၏။

တိုက်ခိုက်ပွဲကို ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည် ဘာဖြစ်သွားကြောင်းကို သေသေချာချာ မမြင်လိုက်ကြပေ။

အားလုံးငြိမ်သက်သွားချိန်မှာတော့ သွေးမီးတောက် ဂိုဏ်း၏ အကြီးအကဲသည် မြက်ခင်းပေါ်သို့ လဲကျနေပြီဖြစ်ကြောင်း သူတို့ မြင်လိုက်ရ၏။

ထိုသူ၏ မျက်လုံးများသည် မျက်လုံးပြူးကျယ်နေပြီး ကြောက်လန့်မှုများသည် အတိုင်းသားရှိနေသည်။

အားလုံးသည် တံတွေးမြိုချလိုက်မိကြသည်။

ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။

ဘာလို့ မိစ္ဆာဂိုဏ်းအကြီးအကဲရဲ့ ခေါင်းက အကြောင်းအရင်း မရှိဘဲ လွင့်သွားဝာာလဲ။

ထိုအချိန်မှာတော့ လေပြင်းလှိုင်းများသည် ငြိမ်သက်သွားတော့သည်။

အလွန်တရာ ကြီးမားလှသာ သားရဲ ဝံပုလွေကြီးတစ်ကောင်သည် သွေးမီးတောက်ဂိုဏ်း အကြီးအကဲ ၏ ခန္ဓာကိုယ်ရှေ့တွင် ရှိနေကြောင်း အားလုံးမြင်လိုက်ရ၏။

ထိုဝံပုလွေ၏ ကျောပေါ်တွင်တော့ လူတစ်ယောက် ထိုင်လျက်ရှိနေသည်။

ထိုသူသည် ဓားကဲ့သို့ ဖြောင့်စင်းလှသော မျက်ခုံးကို ပိုင်ဆိုင်ပြီး ကြယ်တာရာကဲ့သို့ တောက်ပလွန်းသော မျက်လုံးများလည်း ရှိသည်။ သာမန်ထက်ပိုမို၍ ချောမောလွန်းလှသော်လည်း မျက်လုံးများမှာ အေးစက်လွန်း လှသည်။

သူသည် အလွန်တရာ ကြီးမားလှသော ဓားမော့ကြီးကို လက်ထဲတွင် ကိုင်ဆောင်ထားသည်။

"ဒါ …. ဒါက သံမဏိအရိုးဂိုဏ်းခေါင်းဆောင် ကျွင်းချောင်ရှောင်း မဟုတ်လား။"

လီဖေး ၊ ထျန်းချီတို့နှင့် တိုက်ခိုက်နေသော မိုးသက်လေပြင်း ခန်းမဆောင်အကြီးအကဲသည် သွေးမီးတောက် ဂိုဏ်းအကြီးအကဲ သတ်ဖြတ်ခံလိုက်ရသည်ကို မြင်လိုက်ပြီးသည့်နောက်မှာတော့ သူ၏ ကျောရိုးမကြီး တစ်ခုလုံးသည် ချမ်းစိမ့်သွား၏။

သူ၏ ကျောရိုးမကြီး တစ်ခုလုံးသည် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။

သူနှင့် အဆင့် တူညီသော သိုင်းစစ်သူကြီးတစ်ယောက်သည် တိုက်ခိုက်ချက်တစ်ချက်တည်းမှာပဲ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

ယခု‌ပေါ်လာသော သူသည် ကြောက်မက်ဖွယ်ရာ ကောင်းသော အားအင်ကို ပိုင်ဆိုင်ကြောင်း သိသာ၏။

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို အသာမြှောက်ကိုင်ကာ အေးစက်စက် ပြောလိုက်သည်။ "ကျုပ် ငါးအထိ ရေမယ်။ပြေးနိုင်သလောက်ပြေး ….. အသက်ရှင်မလားဆိုတာတော့ ခင်ဗျားရဲ့ ကံပေါ်မှာ မူတည်တယ်။"

သူသည် အလွန်တရာ မောက်မာလှသည်။

မိုးသက် လေပြင်း ခန်းမဆောင်၏ အကြီးအကဲသည် ‌တံတွေးမြိုချလိုက်မိ၏။ သူ၏ နှဖူးထက်တွင်တော့ အလွန်တရာ ကြီးမားလှသော ချွေးစီးလုံးကြီးများ ထွက်ပေါ်လာသည်။

ဤလူငယ်သည် သူ့အား နှောက်နေတာမဟုတ်ကြောင်း သူယုံကြည်မိ၏။

ဟမ်း။

"တစ်"

ကျွင်းချောင်ရှောင်း အော်လိုက်၏။ သူ၏ အသံသည် အေးစက်နေပြီး မျက်လုံးထဲမှာတော့ ခံစားချက်ကင်းမဲ့နေသည်။

ရွှီ။

လေပြင်းမုန်တိုင်း ခန်းမဆောင် အကြီးအကဲသည် အလွန်တရာ မြန်ဆန်သော နှုန်းဖြင့် တောထဲသို့ ထွက်ပြေးသွားတော့သည်။ သူသည် သူ၏ တပည့်များကိုပင် တစ်ချက်လေးမှ ဂရုမစိုက်တော့ပေ။

သူသည် သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်ကိုသာ ကြောက်ရွံ့နေသည် မဟုတ်။ ထိုသူစီးနင်းထားသော ဝံပုလွေသားရဲအားလည်း ကြောက်ရွံ့လျက်ရှိသည်။

အဘယ့်ကြောင့်ဆိုသော် ဟာရီကိန်း ဝံပုလွေဘုရင်သည် အားအင်အဆင့်အရဆိုလျှင် သိုင်းစစ်သူကြီးအဆင့်ကိုးနှင့်ပင် နှိုင်းယှဉ်၍ ရသော သတ္တဝါမျိုး ဖြစ်၏။

"နှစ် …. သုံး …. လေး …. ငါး"

ဝူူး ….။

‌ဟာရီကိန်း ဝံပုလွေကြီးသည် ဦးခေါင်းကို မော့ကာ အော်လိုက်တော့သည်။

သူ၏ ခြေလေးဘက်သည် အလွန်တရာ မြန်ဆန်လှသော လေအလျင်ကဲ့သို့ နှုန်းနှင့်အတူ အကြီးအကဲနောက်သို့ လိုက်တော့သည်။

သိုင်းစစ်သူကြီးနှစ်ယောက်တွင် တစ်‌ယောက်မှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး တစ်ခြားတစ်ယောက်မှာတော့ လွတ်မြောက်သွားခဲ့သည်။

မိစ္ဆာဂိုဏ်းအတွင်းစည်းတပည့်များသည် ပြန်လည်တိုက်ခိုက်ရန် စိတ်ဆန္ဒများ ပျောက်ကွယ်သွားကြပြီး ထွက်ပြေးရန်ပင် ပြင်ဆင်ကြတော့သည်။

သို့ပေမဲ့ သူတို့ ခြေတစ်လှမ်းတောင် မလှမ်းရသေးခင်မှာပဲ ကျွင်းချောင်ရှောင်းဆိုသူသည် သူ၏ ဟာရီကိန်း ဝံပုလွေကြီးကို စီးနင်းကာ ပြန်လည်ရောက်ရှိလာ၏။

သူ၏လခြမ်းဓားမော့၏ ဓားသွားထက်မှာတော့ အလွန်တရာထိတ်လန့်တုန်လှုပ်နေသော မျက်လုံးနှင့် ဦးခေါင်းပြတ်ကြီးတစ်ခု ရှိနေသည်။

"အကြီးအကဲ"

လေပြင်းမုန်တိုင်း ခန်းမဆောင်တပည့်များသည် ခြောက်ခြားစွာဖြင့် ထအော်လိုက်ကြသည်။

ပွဲကို လာရောက်ကြည့်ရှုနေကြသော ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများအားလုံးသည်လည်း လန့့်ဖြန့်သွားကြ၏။

သိုင်းစစ်သူကြီးတစ်ယောက်အား မြက်ပင်ခုတ်သလို လွယ်လွယ်ကူကူနှင့် ခုတ်ပိုင်း၍ ‌ပြန်ရောက်လာသည်။ ဤသံမဏိအရိုးဂိုဏ်းခေါင်းဆောင်သည် အလွန်တရာ ကြောက်စရာ ကောင်းလှ၏။

အာဝူး ဝူး။

ဤအချိန်မှာပဲ ဝံပုလွေအူသံများသည် နောက်ကွယ်ဆီမှ ထွက်ပေါ်လာတော့သည်။

သံချပ်ကာ ဝံပုလွေတပ်သားများသည် ဟာရီကိန်းဝံပုလွေများကို စီးနင်း၍ တောနက်ထဲမှ ထွက်ပေါ်လာ၏။

ဤအချိန်မှာတော့ ထွက်ပြေးရန် ပြင်ဆင်နေကြသော မိစ္တာဂိုဏ်းသားများအားလုံးသည် ထိုတပည့်များ၏ ဝိုင်းပတ် တားဆီးထားခြင်းကို ခံလိုက်ရသည်။

သူတို့၏ ကိုယ်အောက်၌ရှိသော ဟာရီကိန်းဝံပုလွေများသည် ဦးခေါင်းကိုမော့ကာ အလွန်တရာ စူးရှပြီး ကြမ်းတမ်းလှသော မျက်လုံးများဖြင့် စိုက်ကြည့်လျက်ရှိနေကြ၏။

ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ လူများသည် မျက်လုံးပြူးသွားရုံသာမက ဇောချွေးများပင် ပြန်လာကြသည်။

ထိုသူတို့ ဝတ်ဆင်ထားသော ဂိုဏ်းဝတ်စုံများကို ကြည့်သည်ဆိုသည်နှင့် သံမဏိအရိုးဂိုဏ်းတပည့်များ ဖြစ်သည်ဟု ပြောဆိုနိုင်သည်။ သို့ပေမဲ့ အဘယ့်ကြောင့် ဟာရီကိန်းဝံပုလွေများအား စီးနင်းနေရသနည်း။

မဟုတ်သေးဘူး။

ချလွမ်။

ကျွင်းချောင်ရှောင်းသည် သူ၏ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို မြေပေါ်သို့ ထိုးစိုက်လိုက်၏။

မိုးသက် လေပြင်းဟောခန်းခေါင်းဆောင်၏အကြီးအကဲသည် မြေပေါ်သို့ လိမ့်ဆင်းသွားတော့သည်။

ပြီးနောက် သူသည် တီးတိုး ပြောလိုက်သည်။ "အားလုံးကို သတ်ပစ်လိုက်တော့"

"ကောင်းပါပြီ"

သံချပ်ကာ ဝံပုလွေတပ်သားများ အားလုံးသည် သူတို့၏ လှံများကို ဆွဲထုတ်လိုက်ကြ‌တော့သည်။

မိစ္ဆာဂိုဏ်းသားသုံးရာကျော်တို့၏ မျက်လုံးထဲမှာတော့ အလွန်တရာ ကြောက်လန့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာကြသည်။ သူတို့သည် အသက်ရှင်သန်ရန် မျှော်လင့်ချက်မရှိကြတော့ပေ။

အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းတပည့်များ စီးနင်းထားကြသော ဝံပုလွေများအားလုံးသည် သူတို့ထက်ပို၍ အလွန်တရာ အားကောင်းလွန်းနေ၏။ ထို့ကြောင့် သူတို့အနေနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်သတ်ဖြတ်ခြင်းကို စောင့်မျှော်နေရန်သာ ရှိတော့သည်။

လေနှင့်အတူ ဓားခုတ်ပိုင်းမှုကြောင့် ထွက်ပေါ်လာသည့် အသံများသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဖြစ်ပေါ်နေပြီး လေထုထဲမှာတော့ သွေးညှီနံ့များနှင့် ပြည့်နက်သွား၏။

အချိန်အတိုင်းအတာတစ်ခုတည်းမှာပဲ မိစ္ဆာဂိုဏ်းသားလေးဦးသည် မြေပေါ်သို့ လဲကျသွားကြသည်။

ထိုသူတို့၏ ခန္ဓာကိုယ်ဆီမှ သွေးများသည် ချောင်းကဲ့သို့ စီးဆင်းလျက်ရှိပြီး တည်နေရာတစ်ခုလုံးသည် သားသတ်ရုံကြီးကဲ့သို့ သွေးတွေအလိမ်းလိမ်းဖြင့် ဖြစ်တည်နေတော့၏။

All Chapters